မူဆယ်ရော မြဝတီမှပါ လက်ဖက်ခြောက်တင်ပို့
ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၆၉၉၅ တန်ဖိုးရှိ လက် ဖက်ခြောက် ၅၄ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၅၁တန်နဲ့ နှိုင်းယှဉ်ပါက ၃ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။အလားတူ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၃၇၈၁ တန်ဖိုးရှိ လက်ဖက်ခြောက် ၁၀ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တာချီလိတ်မှ လက်ဖက်ခြောက် တင်ပို့မှု မရှိခဲ့ပါဘူး။ဇွန်လအတွင်း မူဆယ်မှ လက်ဖက်ခြောက်တန် နှစ်ရာကျော်၊ ချင်းရွှေဟော်မှ ၃၂ တန်ကို တရုတ်နိုင်ငံသို့လည်းကောင်း၊ တာချီလိတ်မှတစ်ဆင့် ထိုင်း