ကသာခရိုင်တွင် လိုင်ချီးသီး( ခေါ် ) တရုတ်ဆီးသီးများ ရောင်းအားကောင်း
ကသာခရိုင်အတွင်းရှိ ကသာ၊ ထီးချိုင့်၊ အင်းတော် မြို့နယ်များမှာ လိုင်ချီးသီးခေါ် တရုတ်ဆီးသီးများ အများ အပြား စိုက်ပျိုးကြတဲ့အနက် ကသာမြို့နယ်မှာ အများဆုံးစိုက် ပျိုးတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီမှာ ဖူးပွင့်ပြီး မေမှာမှည့် ပါတယ်။ စားသုံးမှုများလို့ ရောင်းအားကောင်းပါတယ်။ မန္တလေး၊ မုံရွာ၊ ရန်ကုန်၊ ရွှေဘိုမြို့ကြီးများသို့ တင်ပို့ရောင်းချ နေတာတွေ့ရပါတယ်။ကုန်သည်များက အပင်အောက်ဈေးနဲ့ ဝယ်ယူပါတယ်။ အလုံးတစ်ရာပါတစ်တွဲ တစ်ထောင်ကျပ်နဲ့ ရောင်းရပါတယ်။ အပင်ကြီးတစ်ပင်မှ ပုံမှန်အတွဲတစ်ရာကျော်ရပါတယ်။အခြား မြို့ကြီးဈေးကွက်မှာ တစ်တွဲကျပ် ၂၅၀၀ ၊ ၃၀၀၀ အထိ ရောင်း ရတယ်လို့ သိရပါတယ်။ လိုင်ချီးသီး(ခေါ်) တရုတ်