တစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ
ဓာတ်မြေသြဇာ
Background
ဓာတ်မြေသြဇာ
နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း ပဲမျိုးစုံတင်ပို့မှုများ အနက်မှ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ကုန် သွယ်မှုမှာ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၂၇ဒသမ ၁၀၆ သန်းနှင့် တန်ချိန် ၂၈၆၀ဝ ကျော်ရှိကြောင်း တန်ချိန် တန်ဖိုးနှင့်အတူ ဖော်ပြလိုက်ပါသည်။
မတ်ပဲ
မတ်ပဲတင်ပို့မှုမှာ်၊ ပါကစ္စ တန်နိုင်ငံသို့ တန်ချိန် ၆၂၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၃၀ဝနှင့် မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ ထို့ပြင် မြန်မာ-ထိုင်းနယ်စပ်မှလည်း မတ်ပဲ ၆၄ တန် တင်ပို့ခဲ့ကြောင်း သိရ သည်။
ဆန်
နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၆၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၈၄၀ ကျော် တင်ပို့ခဲ့သည်။
ဓာတ်မြေသြဇာ
အောက်တိုဘာ ၁ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၈၁ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၅၃၀ဝ ကျော် တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့သော နိုင်ငံများမှာ တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၁၃၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၇၀ဝ ကျော် နှင့် မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၆၀ကျော်နှင့် ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော် တင်ပို့ခဲ့သည်။
ဆန်
အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ဆန်တန်ချိန် ၉၁၇၆၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၉၉၂ သန်း ရရှိခဲ့ သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၇၄၂၀ဝ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၅၀ဝ၀ ကျော်နှင့် အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၂၅၄၀ တင်ပို့ခဲ့သည်။
မြန်မာနိုင်ငံက ပြုပြင်ထုတ်လုပ်သည့် အေးခဲအမဲသား၊ အေးခဲဆိတ်သား၊ အေးခဲဘဲသား စသည့် အေးခဲအသားများကို တရုတ်အပါအဝင် ပြည်ပဈေးကွက်များဆီသို့ တရားဝင် တင်ပို့ရန် စီစဉ်နေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံတွင်း အေးခဲအသားထုတ်လုပ်ရန် လိုအပ်သည့် အရည်အသွေး၊ လိုက်နာရမည့် ကျင့်စဉ်များအတွက် အမိန့် ညွှန်ကြားချက်များကိုလည်း မကြာမီရက်ပိုင်းအတွင်း ထုတ် ပြန်သွားရန်ရှိကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက အောက်တိုဘာ ၁၈ ရက်တွင် ပြော သည်။
ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် လေးသိန်းခန့် တင်ပို့နိုင်ရန် ခန့်မှန်းထား ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များထံမှ သိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကလည်း လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၂၅၀ နှင့် ချင်း ရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၂၉၄ တန် တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်မှ ၁၈ ရက်အထိ စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၇၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း YSXမှ သိရသည်။ အဆိုပါကာလအတွင်း အရောင်း အဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၆၃၂၈၀ စောင်ရှိပြီး တန်ဖိုး အားဖြင့် ကျပ် ၁၇၁ ဒသမ ဝ၈ သန်းရှိခဲ့ခြင်းဖြစ်သည်။
နို့ဆီ
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၄ သန်း တန်ဖိုးရှိ နို့ဆီ တန်ချိန် ၃၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့ဆီတန်ချိန် ၂၀ဝခန့် ပိုမိုတင်သွင်းခဲ့ ကြောင်း သိရသည်။
နို့မှုန့်