Main menu

Background

Tuesday, 23 Feb 2016

          TPP စာချုပ်ချုပ်ဆိုပြီးဖြစ်သည့်အတွက် ဂျပန်နိုင်ငံရှိ လယ်သမား များအား ကမ္ဘာ့အဆင့်နဲ့အညီယှဉ်ပြိုင်နိုင်ရန် အစိုးရကကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ပထမ အဆင့်အနေဖြင့် အစိုးရက လယ်သမား များ အား လုပ်ငန်းများချဲ့ထွင်ရန် တိုက်တွန်းထားပါသည်။ လယ်သမားများအနေဖြင့် လုပ်ငန်းများချဲ့ထွင်၍ လယ်ယာကဏ္ဍမှ ထုတ်လုပ်မှု ကဏ္ဍသို့ ပြောင်းလဲနိုင်ရန် ကြိုးစားသင့်ကြောင်းလည်း တိုက်တွန်းထားပါသည်။

Tuesday, 23 Feb 2016

           တောင်ကိုရီးယားနိုင်ငံ၏ အဓိကဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းစုတစ်ခု ဖြစ်သည့် ရှင်းဟန် စီးပွားရေး လုပ်ငန်းစု အနေဖြင့် ရှင်းဟန် အပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာ(IFC) ကို ဆိုးလ်မြို့Gwanghwamun  တွင် ဇန်နဝါရီလ ၂၉ ရက်က ဖွင့်လှစ်ခဲ့သည်။ ရှင်းဟန် အအြပြည်ပြည်ဆိုင်ရာ စီးပွားရေး စင်တာ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကိုရီးယားနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိ နေသည့် နိုင်ငံခြားသားများ ကို  စနစ်ဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရန်ဖြစ် သည်။ ကိုရီးယားနိုင်ငံ၏ ပုဂ္ဂလိက ပိုင်ဘဏ် အချို့သည် နိုင်ငံတကာ ငွေကြေးလဲလှယ်မှုနှင့်  ပြည်ပရောက် နိုင်ငံခြားသားများက ပြန်လည် ပေးပို့ ငွေများအတွ

Tuesday, 23 Feb 2016

           ရှင်းဟန်ဘဏ်သည်  ဇန်နဝါရီလ ၂၁ ရက်တွင် ရှင်းဟန်ပြည်တွင်း ပြည်ပ ငွေကြေးလဲလှယ်မှုဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းကို စတင်ခဲ့ပြီး ကိုရီးယားနိုင်ငံရှိ ပင်လယ်ရပ်ခြား စီးပွားရေး ဆောင်ရွက် နေသည့် ကုမ္ပဏီများ ကို ထောက်ပံ့ပေး နိုင်ရန်နှင့် ကိုရီးယားနိုင်ငံရောက် နိုင်ငံခြားသား အလုပ်သမားများအတွက် ငွေကြေးဆိုင်ရာလုပ်ငန်းများ တွင် ပိုမိုလွယ်ကူစွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ရှင်းဟန်ဘဏ် သည် အိန္ဒိယဈေးကွက်ကို ကမ္ဘာနှင့်လျင် မြန်စွာ ဆက်သွယ်ဆောင်ရွက်ပေးနိုင်ရန်အတွက် အိန္ဒိယရူပီးငွေလွှဲရေးဆိုင် ရာ ဝန်ဆောင်မှုလုပ်ငန်းကို ကိုရီးယား နိုင်ငံတွင် ပထမဆုံးအနေဖြင့် စတင် ဆောင်ရွက

Thursday, 18 Feb 2016

            တောင်ကိုရီးယားနှင့် နှစ်နိုင်ငံ အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များ အကောင်အထည်ဖော်ပြီးနောက် အကောက်ခွန် လျှော့ချခြင်းနှင့်အတူ တောင်ကိုရီးယား ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုပိုမို လုပ်ကိုင်နိုင်ရန် ဗီယက်နမ်နိုင်ငံ သစ်သီးထုတ်လုပ်တင်ပို့သူများက မျှော်လင့်ကြပြီး၊ နှစ်နိုင်ငံကုန်သွယ် မှုသည်လည်း နောင်ငါးနှစ်တာကာလအတွင်း နှစ်ဆခန့်မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းကြသည်။ အဆိုပါ ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက်သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ခြင်းဖြစ်ပြီး၊ ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုပေါ်တွင် အကောက်ခွန်လျှော့ချပေးထားခြင်းဖြစ်သည်။ နှ

Thursday, 18 Feb 2016

          တောင်ကိုရီးယားအစိုးရအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် အားထုတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ၎င်းတို့၏  စီးပွားရေးလုပ်ငန်း ပြန်လည်ဖွဲ့စည်းနိုင်ရန် ကုမ္ပဏီများကို ကူညီပံ့ပိုးပေးမည်ဟု စက်မှုဝန်ကြီးဌာနဝန်ကြီး Joo Hyung-hwan ကဆိုသည်။ Samsung Electronics နှင့် ဟွန်ဒိုင်းမော်တာအပါအဝင် နိုင်ငံ၏ ထိပ်တန်း လုပ်ငန်းစုကြီး ၃၀ ၏ စီအီးအိုများနှင့်တွေ့ဆုံစဉ်က အဆိုပါ အစီအစဉ်ကို ဝန်ကြီးကထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

Thursday, 18 Feb 2016

            အားလပ်ရက်ရှည်ဖြစ်သည့် လူနာနှစ်သစ်ကူးကာလအတွင်း တရုတ်ခရီးသွားဧည့်သည် ၁၅၇၀၀၀ ကျော်ခန့် ကိုရီးယားနိုင်ငံအတွင်း လာ ရောက်လည်ပတ်မည်ဟု ခန့်မှန်းထား သည်။ ကိုရီးယား ခရီးသွားလုပ်ငန်းအဖွဲ့ ၏ အချက်အလက်များအရ ယခု နှစ်အားလပ်ရက်တွင် တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူ အရေအတွက် သည် ယမန်နှစ်ကထက် ၁၈ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရ သည်။ ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့ အနေဖြင့်လည်း ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားသား ဧည့်သည်များအတွက် ထုတ်ကုန်များကို ပိုမိုတိုးမြှင့်နိုင်ရန် အတွက်လည်း ပြပွဲများ၊ အခမ်းအနား များ ကျင်းပရန် စီစဉ်လျက်ရှိသည်။

Thursday, 18 Feb 2016

        ပြည်ပမှတင်သွင်းသည့် သစ်သီး ဝလံများ၊ ယမကာ၊ အချိုရည်များ၏ဈေးနှုန်းများသည် တောင်ကိုရီးယား နိုင်ငံတွင် အခြားနိုင်ငံများထက်လွန် စွာ မြင့်မားလျက်ရှိသည်။ ကိုရီးယား စားသုံးသူများအဖွဲ့အနေဖြင့် အဓိကကုန် သွယ်ဘက်နိုင်ငံ ၁၃ နိုင်ငံ၏ ပြည်ပမှတင်သွင်းသည့် အစားအသောက်၊ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် စုစုပေါင်း ၃၅ မျိုးကို နှိုင်းယှဉ်လေ့လာကြည့်ခဲ့ကြသည်။ ယင်းသို့စစ်တမ်းကောက်ခံမှုအရ ေ တာင်ကိုရီးယားနိုင်ငံရှိ ပြည်ပမှတင်သွင်းသည့် အစိမ်းရောင် စပျစ်သီးနှင့် ဝိုင်တို့၏   ဈေးနှုန်းများသည် အခြားနိုင်ငံများထက် လွန်စွာမြင့်မား နေကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် အမေရိကန်မှ တင်သွင်းသည

Friday, 27 Nov 2015

ကျေးလက်ဒေသဖွံ့ဖြိုးရေး သို့မဟုတ် ဖွံ့ဖြိုးရေးကုန်ပစ္စည်းများ  (Davelopment Goods)  အဖြစ်သတ်မှတ်ထား တဲ့ကုန်ပစ္စည်းများအတွက် အခွန်လျှော့ချပေးမယ့် မူဝါဒကို ရေးဆွဲဖို့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အေပက်ေ ခါင်းေ ဆာင် များ ရက်သတ္တပတ်(APEC Economic Leaders Week-AELW) မှာတိုက်တွန်းသွားမှာဖြစ်ကြောင်း အင်တာရာ နယူးစ် သတင်းမှာ ဖော်ပြထားပါတယ်။''အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (အေပက်)ကို   တက်ရောက်လာကြမယ့်   အဖွဲ့ ဝင်၂၁ နိုင်ငံ အနက် လေးနိုင်ငံက ဖွံ့ဖြိုးရေးကုန်ပစ္စည်း  အယူအဆကို ဦး ဆောင်ဦးရွက်ပြုဆောင်ရွက်သွားမှာဖြစ်ပါတယ်။   ဒီလိုထုတ် ကုန်ပစ္စည်းများအတွက် အပြည်ပြည်ဆိုင် ရာကုန်သွယ်မ

Monday, 23 Nov 2015

စင်ကာပူ ကုန်သည်များသည် ထိုင်းနိုင်ငံပုဂ္ဂလိကကဏ္ဍမှ  ဘတ်သန်း ၇၂၀ ဖိုးရှိသော ဆန်များဝယ်ယူရန် အရောင်းအဝယ်စာချုပ်လက်မှတ်ရေး ထိုးပြီးဖြစ်ကြောင်း၊ ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားနိုင်ငံတို့သည် ဆန်ပိုမို ဝယ်ယူ ဖွယ်ရှိ  ကြောင်း သိရှိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီးMs.Apiradi ၏ ဦးဆောင်မှုဖြင့် စင်ကာပူမှ တင်သွင်းသူများသည် ပြီးခဲ့သည့် ရက်သတ္တပတ် ၌Ubon Ratchathani ပြည်နယ်၌ စပါး စိုက်ပျိုးမှုကို လေ့လာခဲ့ ကြပါသည်။ ၎င်းင်းတို့အနေဖြင့် Ubon Ratchathani ပြည်နယ် မှ ၂၀၁၅-၂၀၁၆ ရိတ်သိမ်း ရာသီတွင် ထွက်ရှိမည့် ဟုန်မာလိဆန်မွှေး တန်ချိန် ၂၂၀၀၀ ဝယ်ယူမည်ဖြစ်ကြောင်း ဝန်ကြီးMs.Apiradiင မှ ပြော

Wednesday, 18 Nov 2015

၂၀၁၄ ခုနှစ်တွင်ကိုရီးယားလူမျိုးများသည်  တစ်နှစ်လျှင် ၂ç၁၂၄ နာရီ အလုပ်လုပ်ကြ သည့်အတွက် အိုအီးစီဒီနိုင်ငံများ၏ ပျမ်းမျှစံနှုန်းအရ ဒုတိယအများဆုံး အလုပ်ချိန်ဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်သည့် စာရင်းများ အရ သိရှိရ သည်။ နိုင်ငံပေါင်း ၃၂ နိုင်ငံကို စာရင်း ကောက်ယူရာတွင် ကိုရီးယားသည် မက္ကဆီကို၏ တစ်နှစ်အလုပ်ချိန် ၂ç၂၂၈ နာရီပြီးလျှင် ဒုတိယအလုပ်ချိန် အရှည်ကြာဆုံးနိုင်ငံဖြစ်သည်။ အိုအီးစီဒီ၏ ပျမ်းမျှစံနှုန်း သည် ၁ç၇၇၀ နာရီဖြစ်ရာ ကိုရီးယားသည် ၃၅၄ နာရီပို၍ အလုပ် လုပ်သည့် သဘောဖြစ်သည်။

Pages