Background
ကိုရီးယားသမ္မတနိုင်ငံ၏ အကြီးဆုံးတယ်လီကွန်းအော်ပရေတာ KT ၏ စောစီးစွာအငြိမ်းစားယူခြင်း အစီအ စဉ်အား ၎င်း၏ဝန်ထမ်း ၈၀၀၀ ဦးမှ လျှောက်ထားခဲ့သည်။ KT သည် ဝန်ထမ်းလျှော့ချခြင်းအစီအစဉ်ကို ၂၀၀၃ ခုနှစ် ကဆောင်ရွက်ခဲ့ရာ ယင်းကာလတွင် ၅၅၀၅ ဦးနှင့် ၂၀၀၉ ခုနှစ်တွင် ၅၉၉၂ ဦးတို့အား လျှော့ချခဲ့ဘူးသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Government Procurement Agreement ကို အမေရိကန်၊ အီးယူ၊ စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ကနေဒါ၊ နော်ဝေ၊ Iceland နှင့် Liechtenstein နိုင်ငံတို့က စာချုပ်အား Ratification ပြုလုပ်ပြီးနောက် အစ္စရေးနိုင်ငံသည် မတ်လ ၇ ရက်နေ့ တွင်ထပ်မံ အတည်ပြုခဲ့သည့်အတွက် စာချုပ် အဖွဲ့ဝင် (၃) ပုံ (၂) ပုံက အတည်ပြုနိုင်သဖြင့် (၆-၄-၂၀၁၄) မှစ၍
ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲက နယ်အဝင်မရှိဘဲ မြို့ခံလှောင်လက်ကုန်သည်တွေကသာ ထုတ်ရောင်းမှုရှိနေတယ်။ အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကလည်း ဘုရင့် နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးမြင့်လာတဲ့အပေါ် ဈေး ပေးအဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့တစ် ပိဿာ ၇၈၀ ကျပ်(တစ်တန်ကို ၄၇၇၆၆၄ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၅၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြောင်းက ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်ဝယ်လက်ကတော့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၃၉၀ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြားဖြစ်ခဲ့ကြောင်း သိရပါတယ်။
၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် ယခင်လ ထက် ၇ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၇ဒသမ ၄၉ ဘီလီယံရှိခဲ့သည်။ သွင်းကုန်တင်သွင်းမှုသည် နှစ်အလိုက် ၉ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၀ဒသမ ၄၆ ဘီလီယံရှိခဲ့ခြင်းကြောင့် စုစုပေါင်း ကုန် သွယ်မှုတန်ဖိုးသည် ယခင်လထက် ၈ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉၇ ဒသမ ၉၅ ဘီလီယံသာရှိခဲ့ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန (MOC) မှ တရားဝင်ထုတ်ပြန်ခဲ့သည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလကုန်၌ ဟောင်ကောင်ဒေသ၏ နိုင်ငံခြားအရန်ငွေ ပမာဏသည် အမေရိကန်ဒေါ်လာ ၂၇၉ ဒသမ ၄ ဘီလီယံ သို့မဟုတ် ဟောင်ကောင်ဒေါ်လာ ၂၁၇၁ ဘီလီယံကျော်ရှိ၍ လွန်ခဲ့သော သြဂုတ်လထက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ သို့မဟုတ် ဟောင်ကောင်ဒေါ်လာ ၄ ဒသမ ၆၆ ဘီလီယံ မြင့်တက်ခဲ့ကြောင်း ဟောင်ကောင်ငွေကြေးအာဏာပိုင်မှ ထုတ်ပြန်ခဲ့သည်။