Main menu

Background

Tuesday, 5 Jul 2016

ဇွန်လတွင် မိုးရွာသွန်းမှုနည်းသဖြင့် တိရစ္ဆာန်အစားအစာအတွက် အဓိက ကုန်ကြမ်းဖြစ်တဲ့ ပြောင်းဈေးမြင့်တက် လာဖွယ်ရှိတာကို ထိန်းကျောင်းနိုင်ရန်အလို့ငှာ အိန္ဒိယ ဗဟိုအစိုးရအနေနဲ့ ပြည်ပမှ တန်ချိန် ၅ သိန်းကို  ကိုတာနှုန်းထားTariff Rate Quota-TRQ)  အောက်နဲ့ တင်သွင်းသွားရန် အကြံပြုပြောကြားပါတယ်။

Monday, 4 Jul 2016

(၂၉) ကြိမ်မြောက် ဟောင်ကောင် ကျောက်မျက်ရတနာပြပွဲကို ဇွန်လ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ ဟောင်ကောင် မြို့Hong Kong Convention and Exhibition Centre  တွင်ပြသခဲ့ရာ လာရောက်ကြည့်ရှုသူနည်းပါး ခဲ့ကြောင်း သိရသည်၊အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ အပါအဝင် အမေရိကန်၊ ဥရောပ၊ အာရှ ပစိဖိတ်သမုဒ္ဒရာကျွန်းစုမှနိုင်ငံများ၊ အာဖရိကနှင့်အရှေ့အလယ်ပိုင်းဒေသ ရှိ နိုင်ငံပေါင်း ၄၁ နိုင်ငံကျော်မှ ကုမ္ပဏီ များက ပြခန်းပေါင်း ၂၂၀၀ ကျော်လာ ရောက်ပြသခဲ့ကြကြောင်း သိရသည်။ မြန်မာနိုင်ငံမှလည်း ကုမ္ပဏီ ပေါင်း ၁၀ ခုလာရောက်ပြသခဲ့ကြသည်။

Monday, 4 Jul 2016

ထိုင်းနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခုနှစ်အတွင်း ကျဆင်းခဲ့ပြီးနောက်CLMV နိုင်ငံများသို့ ၁၃ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့နိုင်ရန် မျှော်မှန်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ ဒေသတွင်းCLMV  နိုင်ငံများနှင့် ထိုင်း နိုင်ငံတို့သည် ချိတ်ဆက်ဆောင်ရွက်ရန် လွယ်ကူခြင်း၊ကမ္ဘာ့ အချက်အခြာနေရာ ဖြစ်လာရန်ရှိ ခြင်း၊ ကမ္ဘာ့ခရီးသွားများ အာရုံစိုက်သည့် နေရာဖြစ်လာခြင်းတို့ ကြောင့် အာရှ တိုက်တွင် အလျင်အမြန်ဖွံ့ဖြိုးတိုးတက် ရန်အလားအလာ အကောင်းဆုံးဒေသသစ်တစ်ခုဖြစ်ကြောင်း ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Apiradi Tantraporn က ပြော ကြားခဲ့ပါသည်။ထိုင်းနိုင်ငံမှ CLMV  နိုင်ငံများ သိ

Monday, 4 Jul 2016

အိန္ဒိယဗဟိုအစိုးရက လာမည့် သုံးနှစ်အတွင်း ဆိပ်ကမ်းနှင့်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂူဂျရတ် ပြည်နယ်သို့ ဘဏ္ဍာငွေရူပီးကုဋေနှစ် သိန်းအား ခွဲဝေချထားပေးလိမ့်မည်ဖြစ် ကြောင်း၊ ကုန်းလမ်းသယ်ယူ ပို့ဆောင် ရေး၊ အဝေးပြေးလမ်းမနဲ့ ရေကြောင်း တင်ပို့ရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး နီတင်ဂက်ကာရီက မေ ၃၀ ရက် မှာ ပြောကြားခဲ့ကြောင်း သိရပါသည်။နီတင်ဂက်ကာရီသည် ဆမ်နတ် မြို့နှင့်ဘာနာဂါမြို့တို့ကို ဆက် သွယ် ပေးမည့် ၂၅၆ ကီလိုမီတာရှည်လျား သည့် လေးလမ်းသွားကားလမ်းမကြီး စတင်တည်ဆောက်မည့် အုတ်မြစ်ချ အခမ်းအနားသို့ တက်ရောက်ခဲ့ ကြောင်း၊ အဆိုပါလမ်းမကြီးအားNational Highway  Authority of India  မှ တာဝန်ယူဆောင်ရွက်မည်ဖြစ် ပြ

Friday, 1 Jul 2016

 ရှမ်းပြည်နယ်၏  အရှေ့မြောက်ဘက်ချင်းရွှေဟော်  ကုန်သွယ် ရေးစခန်းနှင့်  ကပ်လျက်ရှိသော  တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ်၊ လင် ချန်းနယ်စပ်စီးပွားရေး ပူးပေါင်းမှုဇုန်၊ မိန်းတိန် တရုတ်-မြန်မာ နယ် စပ်စီးပွားရေးဇုန်၊  ချင်းရွှေဟော်နယ်စပ်  စစ်ဆေးရေး  ဂိတ်အား တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယလေးနိုင်ငံ  စီးပွားရေး လမ်း ကြောင်းအတွက် ရည်ရွယ်တည်ဆောက်နေခြင်း ဖြစ်ပါသည်။ တရုတ် နိုင်ငံ အနောက်တောင် ဘက်ခြမ်း မှ တောင်အာရှနှင့် အရှေ့တောင် အာရှသို့  ဖြာထွက်မှုဗဟိုအဖြစ်  သတ်မှတ်ရွေးချယ်ထားပါသည်။ အကောင်အထည်ဖော်   ဆောင်ရွက်မည့်   လုပ်ငန်းများ   အနေဖြင့် ကူမင်း-ချင်းရွှေဟော်-ကျောက်ဖြူ  ရထားလမ်း၊  တာလိ-လင်ချန်း အမြန်လမ်း

Wednesday, 29 Jun 2016

         နှစ်နိုင်ငံ  အပြန်အလှန်အကျိုး စီးပွားဖြစ်ထွန်းရေးအတွက် မလေးရှား နိုင်ငံနဲ့ ဆက်ဆံရေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ဗြိတိသျှမဟာမင်းကြီး ရုံးက အလေးပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဘာနားမားသတင်း မှာ ဖော်ပြပါတယ်။ "ဝန်ကြီးချုပ်နာဂျစ်အဗ္ဗဒူရာဇတ် ရဲ့ ကြေညာချက်ကို ကျွန်တော်တို့ ကြို ဆိုပါတယ်။ ယူနိုက်တက်ကင်းဒမ်း (ယူကေ) နဲ့  မလေးရှားနိုင်ငံတို့က အရေးပါတဲ့  မဟာမိတ်တွေဖြစ်ပြီး ဒီအခြေအနေကလည်း ပြောင်း လဲသွား မှာ မဟုတ်ပါဘူး"လို့ မလေးရှားနိုင်ငံ ဆိုင်ရာကော်မရှင်နာဗစ်ကီထရက်ဒဲလ် က ဇွန် ၂၄ ရက်က ပြောပါတယ်။

Wednesday, 29 Jun 2016

        အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ (အက်စ်အမ်အီး)ကို အထောက်အကူပေးမယ့် ဥပဒေကို ပြဋ္ဌာန်းနိုင်မယ်ဆိုရင် အခွန်ငွေအမေရိကန် ဒေါ်လာ ၁၉ ဘီလီယံအထိ  ထပ်မံရရှိလာနိုင်မယ်လို့ စီးပွားရေးကျွမ်း ကျင်ပညာရှင် လေဒိုင်ဘင်းရဲ့လေ့လာသုံးသပ်ချက်အရ သိရကြောင်း ဗီယက်နမ်နယူးစ်အေဂျင်စီ သတင်းမှာ ဖော်ပြပါတယ်။ လောလောဆယ်မှာ ဥပဒေမူကြမ်းအဆင့်မှာသာ ရှိနေပါတယ်။ ဥပဒေကို ပြဋ္ဌာန်းနိုင်မယ်ဆိုပါက ၂၀၂၀ ပြည့်နှစ်မှာ အသေးစားစီးပွားရေးလုပ်ငန်း  ဦးရေ နှစ်ဆအထိမြင့်တက်လာဖို့  ချမှတ်ထားတဲ့ အစိုးရရဲ့ ရည်မှန်းချက်ကို အကောင် အထည်ဖော်နိုင်ပြီး  ပုဂ္ဂလိကစီးပွားရေးကဏ္ဍကိုလည်း ချဲ့ထွင်နိုင်မှာဖြစ်ကြောင်း ဘင်း က ပြောပါတယ်။

Wednesday, 29 Jun 2016

         မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၆ ခုနှစ်  မေတွင် ပို့ကုန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ  ၁၀ ဒသမ ၄၅၇ သန်း၊ သွင်းကုန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ၁၃ ဒသမ  ၅၄၄ သန်းေ ဆာင်ရွက်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၄၄ သန်း ဆောင်ရွက်ခဲ့ပါတယ်။ မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အနီးစပ် ဆုံးကာလဖြစ်တဲ့ ဧပြီလနဲ့ နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ  ၁ ဒသမ ၁၆၉ သန်းပိုမိုဆောင်ရွက်ခဲ့တဲ့အပြင် ယမန် နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါကလည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄၄ သန်း ပိုမိုဆောင်ရွက်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက်  ယမန် နှစ် ကာလတူတို့ထက် ကုန်သွယ်မှုပိုမိုရ ခြင်းမှာ  ပို့ ကုန်အနေဖြင

Wednesday, 29 Jun 2016

       ကမ္ဘောဒီးယားနိုင်ငံက နွားအရှင် ၃၀၀၀ ခန့်ကို ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျနိုင်ငံမှ တင်သွင်းထားရာ ဇွန်လ တတိယပတ် သောကြာနေ့မှာ ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ Sihanoukville ဆိပ်ကမ်းသို့  ဆိုက် ရောက်ခဲ့တယ်လို့ kyodo သတင်းမှာဖော်ပြထားပါတယ်။

Wednesday, 22 Jun 2016

         ထိုင်းနိုင်ငံစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့  CLMVT  Forum ရဲ့ သုံးရက်ကြာ  အစည်းအဝေး ကို ဇူလိုင် ၁၆ ရက်က  စတင်ကျင်းပခဲ့ပါတယ်။ အစည်းအဝေးသို့ ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့မှ အစိုးရအရာရှိများနဲ့ စီးပွားရေးလုပ်ငန်းရှင်များ  ၁၀၀၀ ကျော် တက် ရောက်ခဲ့သလို ဂျပန်နဲ့ အမေရိကန်မှ ကျွမ်းကျင်သူ များလည်း တက်ရောက်ခဲ့ကြောင်း နေးရှင်းသတင်း မှာ ဖော်ပြပါတယ်။

Pages