Main menu

Background

Thursday, 7 Jul 2016

တရုတ်နိုင်ငံ ပေကျင်းမြို့တော်အတွင်း ဇွန်လ ၂၄ ရက်တွင် ဖြစ်ပေါ်နေတဲ့ အခြေခံစားကုန်နဲ့ စက်သုံးဆီဈေးနှုန်းများမှာ ဘာစမာတီ ဆန် တစ်ပြည်လျှင် ၇၂၇၇ ကျပ်၊ ဂျုံမှုန့်အဖြူအနု တစ်ပိသာလျှင် ၁၉၆၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၇၁၂၃ ကျပ်၊ နှမ်းဆီ တစ်ပိသာလျှင် ၁၃၇၄၆ ကျပ်၊ ပုဇွန်(အကောင်ကြီး)တစ်ပိဿသာလျှင် ၂၉၇၀၂ ကျပ်၊ ငါးမြစ်ချင်း တစ်ပိသာလျှင် ၅၀၀၃ ကျပ်၊ ကြက်သား(အကောင်လိုက်)  (ဒေသမျိုး)တစ်ပိသာလျှင် ၆၃၀၀ ကျပ်၊ ငရုတ်သီးခြောက် တစ်ပိသာလျှင် ၁၀၅၉၅ ကျပ်၊ ကြက်သွန်ဖြူ(တရုတ်) တစ်ပိသာလျှင် ၃၉၆၀ ကျပ်၊ ကြက်သွန်နီ(တရုတ်ဥ ကြီး)တစ်ပိသာလျှင် ၁၂၆၀ ကျပ်၊ နို့ဆီ ( Nestle) တစ်ဘူး ၂၅၂၀ ကျပ်၊ ကော်ဖီမစ် ( Nestle) အသေး တစ်ထုပ်လျှင် ၁၃၅ က

Wednesday, 6 Jul 2016

ဧရာဝတီတိုင်းဒေသကြီးရဲ့   ပြည်ပပို့ကုန်များအနက် တစ်ခုအပါအဝင်ဖြစ်တဲ့   ဆံပင်ဈေးကွက်မှာ လက်ရှိအချိန် လှောင်ကုန်များ၍ အရောင်းအဝယ် အေးလျက်ရှိပြီး ပွင့်လင်း ရာသီဈေးကွက်ဖွံ့ဖြိုးချိန် အရောင်းအဝယ်သွက်နိုင် မည် ဟု ခန့်မှန်းကြောင်း ဆံပင်လုပ်ငန်းရှင်များထံမှ သိရပါတယ်။ပုသိမ်မြို့ပေါ်ဈေးကွက်တွင် နွေရာသီမှာ အဝယ်ဒိုင် ၁၀ ဒိုင်ခန့်နဲ့ ရောင်းဝယ်လျက်ရှိပြီး မူဆယ်မှတစ်ဆင့် တရုတ် နိုင်ငံသို့ တင်ပို့ရောင်းချမှုရှိသော်လည်း ယခုအချိန် အချို့ဒိုင် များတွင် လှောင်ကုန်များသဖြင့် အဝယ်ရပ်နားထားကြောင်း၊ လက်ရှိမှာ အဝယ်ဒိုင် ၃-၄ ခုဖြင့်သာ ဆံပင် ကုန်ကြမ်း များကို ဝယ်ယူလျက်ရှိပြီး ဝယ်ယူရာတွင် ဆံပင် အတို/အရှည်များကို အမျိုးအ

Wednesday, 6 Jul 2016

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို)သို့ အဇာဘိုင် ဂျန်ဝင်ရောက်ရေအတွက် နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ဂျနီဗာမြို့မှာ ဇူလိုင်၂၁ရက်နဲ့  ၂၂ရက်တို့မှာ ကျင်းပဖို့ စီစဉ် ထားရာ ဒဗလျူတီအိုအဖွဲ့ဝင်နိုင်ငံများအတွက် စိတ်ဝင်စား စရာရှိကြောင်း  ထရင်း(Trend) ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြပါတယ်။အဇာဘိုင်ဂျန်က ဒေသတွင်းမှာ စီးပွားရေးအရ အကြီး မားဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ဒဗလျူတီအိုအတွက်  အရေး ပါတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒဗလျူတီအို အဖွဲ့ဝင်နိုင်ငံများအတွက်ဆွဲဆောင်မှုမြင့်မားတဲ့  နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဒဗလျူတီအိုဝင်ရောက်ရေးဌာနခွဲ  ညွှန်ကြားရေးမှူး ချီဒူး အိုဆက်ဝီကပြောပါတယ်။ စေ့စပ်ညှိနှိုင်းစဉ်ကာလအတွင်း နှစ်ဖက်အ

Wednesday, 6 Jul 2016

ဥရောပသမဂ္ဂ (အီးယူ)မှ ဗြိတိန် နိုင်ငံနုတ်ထွက်မယ့်   ဆုံးဖြတ်ချက် (ဘရက်ဇစ်) ကြောင့်    အင်ဒိုနီးရှား-အီးယူ   ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု  သဘောတူစာချုပ် (IE- CEPA) အတွက် စေ့စပ်ညှိနှိုင်းမှုေ တွ ကို နှောင့်နှေးကြန့်ကြာစေလိမ့်မယ်လို့ အင်ဒိုနီးရှား   ကုန်သွယ်ရေးဝန်ကြီး သောမတ်လမ်ဘောင်းက ပြောပါတယ်။ဘရက်ဇစ်လို့  လူသိများနေတဲ့ အီးယူမှ ဗြိတိန်နိုင်ငံထွက်ခွာမှုက ကမ္ဘာ့ စီးပွားရေးအထူးသဖြင့် ဗြိတိန်နဲ့ အီးယူ တို့ရဲ့   စီးပွားရေးကို   ထူးထူးခြားခြား ထိခိုက်စေမယ့်   အဖြစ်အပျက်တစ်ခု အဖြစ် သောမတ်ကယူဆထားပါတယ်။

Wednesday, 6 Jul 2016

စီးပွားရေးလုပ်ငန်းဝန်းကျင် တိုး တက်ကောင်းမွန်ရေးနဲ့ စီးပွားရေးလုပ် ငန်းဆောင်ရွက်လိုတဲ့   စိတ်ဓာတ်များ တိုးတက်မြင့်မားရေးအတွက် အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ယခု နှစ်အတွင်းဗီယက်နမ်နိုင်ငံ မှာ စီးပွား ရေး လုပ်ငန်းသစ်များရဲ့ အရေအတွက် က ထူးထူးခြားခြား မြင့်တက်လာကြောင်း နဲ့ ထိုသို့မြင့်တက်မှုကို ကြည့်ခြင်းအား ဖြင့်စီးပွားရေးလုပ်ငန်းအပေါ်  ယုံကြည် မှု   မြင့်မားလာတာကို   ပြသလျက်ရှိ ကြောင်း ဗီယက်နမ် နယူးစ်သတင်းမှာ   ဖော်ပြထားပါတယ်။ယခုနှစ် ပထမခြောက်လအတွင်း မှာ ဗီယက်နမ်နိုင်ငံမှာ  လုပ်ငန်းသစ် ၅၄၅၀၀ ကို   ထူထောင်ခဲ့ပြီးဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအားဖြင့် ဗီယက် နမ်   ဒေါင် ၄၂၇ ဒသမ ၇

Tuesday, 5 Jul 2016

ဇွန်နောက်ဆုံးပတ် ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယ ရော်ဘာ ဈေး တစ်ကီလိုဂရမ်လျှင်  ၁၄၃ ရူပီးအထိ  ဈေးရရှိခဲ့ ပါတယ်။ ဇွန်လအတွင်း ပေါက်ဈေးထက် ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။အကြောင်းကတော့မုတ်သုံမိုး ရွာ သွန်းလာပြီဖြစ် လို့ ရော်ဘာအစေးခြစ်လုပ်ငန်းများ ကျ ဆင်းလာတဲ့အတွက်ဖြစ်ပါတယ်။ဈေးကွက်အတွင်း ရော်ဘာရရှိမှုက နည်းလျက် ရှိပြီး၊ တာယာကုမ္ပဏီများအနေနဲ့လည်းပြည်ပမှ ရော်ဘာ တင်သွင်းရာမှာ  အခက်အခဲအချို့နဲ့   ရင်ဆိုင်နေရတဲ့ အတွက် ပြည်တွင်းရော်ဘာများနဲ့ အစားထိုးရန်လိုအပ်ချက်မြင့်တက်ခဲ့တာလိုGeofin Contrade မှဒါရိုက်တာ CP Krishnan   က ပြောကြားပါတယ်။ ရော်ဘာအများဆုံး ထုတ်လုပ်တဲ့နိုင်ငံတွေမှာ ရော်ဘာထုတ်လုပ်မှုပိုလျှံနေ သော်လ

Tuesday, 5 Jul 2016

ဇွန်လတွင် မိုးရွာသွန်းမှုနည်းသဖြင့် တိရစ္ဆာန်အစားအစာအတွက် အဓိက ကုန်ကြမ်းဖြစ်တဲ့ ပြောင်းဈေးမြင့်တက် လာဖွယ်ရှိတာကို ထိန်းကျောင်းနိုင်ရန်အလို့ငှာ အိန္ဒိယ ဗဟိုအစိုးရအနေနဲ့ ပြည်ပမှ တန်ချိန် ၅ သိန်းကို  ကိုတာနှုန်းထားTariff Rate Quota-TRQ)  အောက်နဲ့ တင်သွင်းသွားရန် အကြံပြုပြောကြားပါတယ်။

Monday, 4 Jul 2016

(၂၉) ကြိမ်မြောက် ဟောင်ကောင် ကျောက်မျက်ရတနာပြပွဲကို ဇွန်လ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ ဟောင်ကောင် မြို့Hong Kong Convention and Exhibition Centre  တွင်ပြသခဲ့ရာ လာရောက်ကြည့်ရှုသူနည်းပါး ခဲ့ကြောင်း သိရသည်၊အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ အပါအဝင် အမေရိကန်၊ ဥရောပ၊ အာရှ ပစိဖိတ်သမုဒ္ဒရာကျွန်းစုမှနိုင်ငံများ၊ အာဖရိကနှင့်အရှေ့အလယ်ပိုင်းဒေသ ရှိ နိုင်ငံပေါင်း ၄၁ နိုင်ငံကျော်မှ ကုမ္ပဏီ များက ပြခန်းပေါင်း ၂၂၀၀ ကျော်လာ ရောက်ပြသခဲ့ကြကြောင်း သိရသည်။ မြန်မာနိုင်ငံမှလည်း ကုမ္ပဏီ ပေါင်း ၁၀ ခုလာရောက်ပြသခဲ့ကြသည်။

Monday, 4 Jul 2016

ထိုင်းနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခုနှစ်အတွင်း ကျဆင်းခဲ့ပြီးနောက်CLMV နိုင်ငံများသို့ ၁၃ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့နိုင်ရန် မျှော်မှန်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ ဒေသတွင်းCLMV  နိုင်ငံများနှင့် ထိုင်း နိုင်ငံတို့သည် ချိတ်ဆက်ဆောင်ရွက်ရန် လွယ်ကူခြင်း၊ကမ္ဘာ့ အချက်အခြာနေရာ ဖြစ်လာရန်ရှိ ခြင်း၊ ကမ္ဘာ့ခရီးသွားများ အာရုံစိုက်သည့် နေရာဖြစ်လာခြင်းတို့ ကြောင့် အာရှ တိုက်တွင် အလျင်အမြန်ဖွံ့ဖြိုးတိုးတက် ရန်အလားအလာ အကောင်းဆုံးဒေသသစ်တစ်ခုဖြစ်ကြောင်း ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Apiradi Tantraporn က ပြော ကြားခဲ့ပါသည်။ထိုင်းနိုင်ငံမှ CLMV  နိုင်ငံများ သိ

Monday, 4 Jul 2016

အိန္ဒိယဗဟိုအစိုးရက လာမည့် သုံးနှစ်အတွင်း ဆိပ်ကမ်းနှင့်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂူဂျရတ် ပြည်နယ်သို့ ဘဏ္ဍာငွေရူပီးကုဋေနှစ် သိန်းအား ခွဲဝေချထားပေးလိမ့်မည်ဖြစ် ကြောင်း၊ ကုန်းလမ်းသယ်ယူ ပို့ဆောင် ရေး၊ အဝေးပြေးလမ်းမနဲ့ ရေကြောင်း တင်ပို့ရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး နီတင်ဂက်ကာရီက မေ ၃၀ ရက် မှာ ပြောကြားခဲ့ကြောင်း သိရပါသည်။နီတင်ဂက်ကာရီသည် ဆမ်နတ် မြို့နှင့်ဘာနာဂါမြို့တို့ကို ဆက် သွယ် ပေးမည့် ၂၅၆ ကီလိုမီတာရှည်လျား သည့် လေးလမ်းသွားကားလမ်းမကြီး စတင်တည်ဆောက်မည့် အုတ်မြစ်ချ အခမ်းအနားသို့ တက်ရောက်ခဲ့ ကြောင်း၊ အဆိုပါလမ်းမကြီးအားNational Highway  Authority of India  မှ တာဝန်ယူဆောင်ရွက်မည်ဖြစ် ပြ

Pages