Main menu

Background

Thursday, 13 Feb 2014

သြစတြီးယားနိုင်ငံရှိ စူပါမားကတ် များတွင် အော်ဂဲနစ်အသီးအနှံများကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းချလျက်ရှိရာ အော်ဂဲနစ်ပန်းသီးသည် နံပါတ်တစ် ဝယ်လိုအားအများဆုံးဖြစ်ကြောင်း သိရှိ ရပါသည်။

Thursday, 6 Feb 2014

၂၀၁၄ ခုနှစ်ရဲ့ ဇန်နဝါရီလ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂၃၁၈ တန်ဖိုးရှိတဲ့ စပျစ်သီး ၁၉ တန်ကို စတင်တင်ပို့ခဲ့ပါတယ်။ ဒါ့အပြင် ကန် ဒေါ်လာ ၂ ဒသမ ၈၄၆ သန်းတန်ဖိုးရှိ ဖရဲသီး ၂၁၅၅၇ တန်ခွဲ၊ ကန်ဒေါ်လာ သုည ဒသမ ၁၇၂ သန်း တန်ဖိုးရှိ သခွားမွှေး ၈၄၀ တန်ကျော်နဲ့ကန်ဒေါ် လာ သုည ဒသမ ၂၂၅ သန်းဖိုးရှိ ဆီးသီး ၁၅၈၄ တန်တို့ကိုလည်း တင်ပို့နိုင်ခဲ့ပါ တယ်။

Thursday, 6 Feb 2014

သခွားမွှေးရဲ့ မူလမျိုးဟာ တရုတ် နိုင်ငံမှဖြစ်ပြီး မူဆယ်မှတစ်ဆင့် မိမိတို့ နိုင်ငံအတွင်းကို တင်သွင်းခဲ့ခြင်း ဖြစ်ပါ တယ်။ မိမိနိုင်ငံမြေလတ်ပိုင်း ဆောင်း ရာသီနဲ့ ကိုက်ညီပြီး တရုတ်နိုင်ငံမှာ အအေးပိုလို့ မဖြစ်ထွန်းနိုင်ခြင်းကြောင့် မိမိတို့နိုင်ငံတောင်သူများအတွက်သေချာ တဲ့ဈေးကွက်၊ မြင့်မားတဲ့ဈေးနှုန်းကို ရရှိ ခြင်းကြောင့် ယခုအခါ သခွားမွှေးကို မန္တလေးတိုင်းဒေသကြီးအတွင်းကျောက် ဆည်၊ တံတားဦး၊ မြစ်သား၊ စဉ့်ကိုင် မြို့နယ်များမှာတွင်တွင်ကျယ်ကျယ်စိုက် ပျိုးနေကြပါပြီ။

Monday, 27 Jan 2014

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ပြည်ပ တင်ပို့သစ်သီးဝလံတွေထဲကအရင်းအနှီး များလှတဲ့အစေ့မဲ့ဖရဲကို တစ်စိုက်မတ် မတ်စိုက်ပျိုးထုတ်လုပ်နေတဲ့ ဘိုမြင့်သူ ကုမ္ပဏီအနေနဲ့ ယခုနှစ်ဖရဲရာသီမှာ အစေ့မဲ့ဖရဲကို မုံရွာခရိုင်အတွင်း မုံရွာ၊ ဘုတလင်၊ ချောင်းဦးမြို့တွေနဲ့ စစ်ကိုင်း ခရိုင် မြောင်မြို့နယ်တွေမှာ ဧက ၁၅၀၀ ခန့်အထိ တိုးချဲ့စိုက်ပျိုး နိုင်ခဲ့တယ်လို့ သိရပါတယ်။

Monday, 6 Jan 2014

မြန်မာ-တရုတ်နယ်စပ်စခန်းဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ကန် ဒေါ်လာ ၇ ဒသမ ၅၂၁ သန်းဖိုးရှိ ဖရဲ သီး ၅၂၂၆၆ တန်ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၁၂၄ သန်းဖိုးရှိ သခွားမွှေး ၅၅၂၁ တန်ခွဲနဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၆၇ သန်းဖိုးရှိ ဆီးသီး ၄၆၉ တန်တို့ကိုတင်ပို့နိုင်ခဲ့ပြီး၊ ကန်ဒေါ်လာ ၄ ဒသမ ၀၃၃ သန်းဖိုးရှိ ပန်းသီး၊ ပန်းသစ်တော်နဲ့ လိမ္မော်သီး ၁၁၀၄၂ တန်ခန့်ကို တင်သွင်းနိုင်ခဲ့ သလို ကန် ပိုက်တီးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၈၂ သန်းတန်ဖိုးရှိ ပန်းသီး ၂၀၉ တန်ခွဲကိုလည်း တရုတ်ပြည်က နေပုံမှန် တင်သွင်းလာတာတွေ့ရပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ်စခန်းမှ ကန်ဒေါ်လာ ၇၄၈၄၄ တန်ဖိုးရှိ လိမ္မော်သီး ၃၉၆ တန်ကို ဒီဇင်ဘာလမှာတင်ပို့မှုရှိခဲ့သလို မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်စခန်းမှလည်း ကန်ဒေါ်လာ ၁၂၅၁ တန်ဖိုးရှိတဲ့ ပန်းသီး ၅ တန်ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မော်မော်အောင် MIRT (DCCA)

Wednesday, 18 Dec 2013

ပြည်မြို့ရှိ ဆီးသီးအဝယ်ဒိုင်များကို ဆီးသီးများ လှိုင်လှိုင် ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ ပြည်မြို့တစ်ဖက်ကမ်း ရှိ ပန်းတောင်းနဲ့ ဆင်တဲရှိ ဆီးခြံများမှ တင်ပို့ရောင်းချနေပါတယ်။ ပြည်မြို့မှ တစ်ဆင့် သန့်စင်ပြီး ဆီးသီးများကို ရန်ကုန်ကို တင်ပို့ပါတယ်။ လက်ရှိ ပေါက်ဈေးမှာ ဆီးသီးအစို တစ်တင်း ၁၆၀၀ ကျပ်၊ ဆီးသီးခြောက် တစ်တင်း ကို ၂၀၀၀ ကျပ်၊ ဆီးစေ့ တစ်တင်း ၇၀၀၀ကျပ်နဲ့ဆီးဆန်တစ်ပိဿာ ၉၀၀၀ ကျပ်ဈေးရှိကြောင်း လက်ရှိဈေးကွက်မှာ ဆီးဆန် အရောင်းအဝယ် မရှိသေး ကြောင်း သိရပါတယ်။အိဆွေဇင် - ပြည်
 

Tuesday, 3 Sep 2013

ပြည်ဒေသရဲ့ နာမည်ကျော်သီးနှံ ထွက်ကုန်များထဲမှာ မြကျောက်သရက် ပြီးရင် ပြည်သြဇာသီးမှာလည်း နာမည် ကျော်သီးနှံထွက်ကုန်ဖြစ်ပါတယ်။ ယခင်နှစ်များက သြဂုတ်လဒုတိယပတ် ဆိုရင် ဈေးကွက်မှာ ရောင်းချနေတာ တွေ့ရပါတယ်။ ယခုနှစ်မှာတော့ သြဂုတ်လနောက်ဆုံးပတ်ရောက်မှသာ အနည်းငယ်ရောင်းချနေတာကို တွေ့ရ ပါတယ်။

Wednesday, 14 Aug 2013

မြန်မာ့ဟင်းသီးဟင်းရွက် သစ်သီးဝလံ များဟာ တောင်ကိုရီးယား၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံ တို့မှာ ဈေးကွက်အထိုက်အလျောက် ရရှိနေပြီ ဖြစ်ပါတယ်။ ဇွန်လအတွင်းမှာ တောင်ကိုရီး ယားသို့ Asia Beauty Palace ကုမ္ပဏီမှ ကြက်ဟင်းခါးသီးခြောက် ၁၅၀၀ ကီလိုဂရမ်နဲ့ ဆူးပန်းစေ့ ၅၀၀၀ ကီလိုဂရမ်၊

Wednesday, 31 Jul 2013

သရက်သီး ရာသီစက်ဝန်း ပြောင်း ပြီး ထွက်ရှိဖို့ မြန်မာ့ စိုက်ပျိုးရေးနဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပန်းမန်  စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းတို့ ပူးပေါင်းပြီး၊ အပင် ၃၀၀ ပင်အား စတင်စမ်းသပ်မှုပြုလုပ်မှာဖြစ် ကြောင်းသိရပါတယ်။

Wednesday, 31 Jul 2013

အင်းတော်မြို့နယ် မဲဇာတောင် ခြေဒေသမှာ နေထိုင်ကြတဲ့ ရှမ်း၊ ဗမာ၊ ရှမ်းကဒူး၊ ကချင် လူမျိုးများက ဥယျာဉ်ခြံသီးနှံစိုက်ပျိုးမှုဝါသနာပါကြ တဲ့အလျောက် အိမ်ခြံဝင်းတိုင်းမှာ သစ်သီးဝလံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက် ရှိပါတယ်။ မိုးတွင်းကာလ ဇွန်၊ ဇူလိုင်၊ သြဂုတ်ရောက်ပြီဆိုရင် သရက်သီး၊ နာနတ်သီး၊ ပိန္နဲသီး၊ နှင်းသီး၊ တညင်း သီးများ လှိုင်လှိုင်ပေါလျက် ရှိပါတယ်။

Pages