Main menu

Background

Sunday, 9 Jan 2011

World Gold Price                      January 2011 (USD/OZ)Date       NY         London          Zurich3          1417          1419            14215          1372          1374            13756          1372          1375            13747          1363          1364            1365Domestic Gold Price                                 Kyats(Thousand)Date             Yangon              Mandalay1-1-2011          652.00              651.003-1-2011          643.50              652.806-1-2011          629.00              628.807-1-2011          631.00              630.70

Sunday, 9 Jan 2011

 ၂ဝ၁၁ ခုနှစ်မှာ အိန္ဒိယက ရွှေပိုမိုတင်သွင်းမည်                 ရွှေဝယ်ယူသူတွေနဲ့ ငွေဖောင်းပွမှု ကနေ အကာအကွယ်ယူလိုတဲ့ ရင်းနှီး မြူပ်နံှသူတွေကြောင့်၂ဝ၁၁ခုနှစ်အတွင်း မှာ အိန္ဒိယကတင်သွင်းမှုဟာ မြင့်တက် လာနိုင်တယ်လို့ ရွှေအကျိုးဆောင်လုပ် ငန်း Nirmal Bang Commodities Pvt  ကုမ္ပဏီက ပြောကြားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရွှေတင်သွင်းမှုဟာ ၂ဝ၁ဝ ပြည့်နှစ်က မက်ထရစ်တန်ချိန် ၇ဝဝ မှ ၇၂ဝ ထိရှိခဲ့ရာမှ ယခုနှစ်မှာ မက်ထရစ်တန်ချိန် ၇၇ဝ က ၈၁ဝ ထိ ရှိမယ်လို့ အကျိုးဆောင်လုပ်ငန်းရဲ့ ကုန်စည်သုတေသနမှူး ကူနာရှားက ပြောကြားပါတယ်။                        ရွှေဈေးနှုန်းဟာ ဒီဇင်ဘာ ၇ ရက် ကတစ်အောင်စကို ၁၄၃၁ ဒသမ ၂၅ ဒေါ်လာထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်ကထက် ၃ဝ ရာခိုင်နှုန်းပိုမို ခဲ့ပါတယ်။ နှစ်အလိုက် တိုးတက်မှုရှိခဲ့ တာ (၁ဝ)ကြိမ်မြောက် ဖြစ်ပါတယ်။ စက်တင်ဘာ ၃ဝ ရက်မှာ ကုန်ဆုံးတဲ့ ကိုးလအတွင်း အိန္ဒိယရဲ့ရွှေဝယ်လိုအား က ၇၉ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့ ကမ္ဘာ့ရွှေကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။                     ဈေးနှုန်းတွေ မြင့်တက်နေပေမဲ့ ဝယ်လိုအားက ကောင်းနေပါတယ်။ ၂ဝ၁၁ ခုနှစ်မှာလည်း ၂ဝ၁ဝ လိုပဲ ဈေး ကောင်းနေဦးမှာပဲလို့ National Spot Exchange Ltd  ရဲ့ အမှုဆောင် အရာရှိခုျပ် အန်ဂျာနီဆင်ဟာက ပြော ပါတယ်။                   လက်ဝတ်ရတနာသုံးတဲ့ ရွှေဝယ်လိုအားက အိန္ဒိယမှာ စက်တင်ဘာမှာ ကုန်ဆုံးတဲ့ ကိုးလအတွင်း ၇၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ရွှေကောင်စီက ပြောပါတယ်။ ှSource:bloomberg.net,    UNT 

Sunday, 9 Jan 2011

 အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂ဝဝဝ ဝန်းကျင် အတက်အကျဖြင့် သွားနေ                 ရန်ကုန် ရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားအပေါ်၂ဝဝဝ ကျပ်ဝန်းကျင် အတက်အကျဖြင့် သွား နေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များအသင်းက သိရသည်။                 ''တစ်ပတ်လုံးမှာ ရွှေဈေးက ၂ဝဝဝ ကျပ်မှ ၂၅ဝဝ ကျပ် အတက်အကျနဲ့ သွားနေတယ်။ အရပ်ဝယ်လက်တွေလဲ ရွှေပြန်ထုတ်ရောင်းတဲ့ အခြေအနေ ရှိ တယ်။ လက်ကြီးသမားတွေက တရုတ် ငွေဈေး၊ ဒေါ်လာဈေး အေးနေတဲ့ အတွက် ငြိမ်နေတယ်။ ၂ဝ၁ဝ ခုနှစ်ရဲ့ နောက်ဆုံးပတ်ဆိုတဲ့ အနေအထား ကြောင့် လက်ကြီးသမားတွေက အလုပ် တွေနားပြီး အေးအေးဆေးဆေး နေကြ တဲ့သဘောရှိပြီး နှစ်သစ်ကျမှ အလုပ် ပြန်စမဲ့သူတွေ များတယ်။ နေ့စဉ် အရောင်းအဝယ်ဖြစ်နေတဲ့ နှုန်းကတော့ ကျမသွားဘူး။ ၅ ပိဿာခန့်တော့ ပုံမှန် သွားနေတယ်။ ငွေဈေးအေးတဲ့အတွက် ရွှေဈေးကနာလန်မထူတဲ့ အနေအထား မှာရှိပါတယ်''ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                    ဇန်နဝါရီလ ၇ရက်တွင် အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၃ဝဝဝဝ- ၆၃၃၅ဝဝ ဖြစ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၃၇ဝ-၁၃၆ဝ ဒေါ်လာ၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၂၉ဝဝဝ-၆၃ဝ၅ဝဝ ဖြစ်ခဲ့ပြီး ကမ္ဘာ့ရွှေ ဈေးမှာ တစ်အောင်စလျှင် ၁၃၇၂- ၁၃၇၅ဒေါ်လာ ဖြစ်ခဲ့သည်ဟုဆုသည်။ ခင်မျိုးသွယ်

Sunday, 2 Jan 2011

Energy NYMEX                                                                       31-12-2010                                                   Price                Change                Change %Brent Crude Futr (USD/bbl)           92.900                -0.190                    -0.20Gas Oil Fut (ICE) (USD/MT)            773.250               2.250                     0.29Gasoline Rbob Fut (Cent/gal)          247.960              -0.580                    -0.23Heating Oil Futr (Cent/gal)             4.309                  -0.029                     -0.67Natural Gas Futr (USD/MMBtu)        239.180               0.140                      0.06WTI Crude Future (USD/bbl.)        89.580                 -0.260                     -0.29

Sunday, 2 Jan 2011

World Gold Price           December 2010 (USD/OZ)Date    NY      London      Zurich27     1381      1384       138428     1384      1384       138429     1403      1386       138730     1408      1383       138431     1404      1406       1406Domestic Gold Price                               Kyats(Thousand)Date                Yangon          Mandalay27-12-2010        652.80         652.5028-12-2010        652.80         652.4029-12-2010        653.90          654.5030-12-2010        655.00          655.0031-12-2010         651.30          649.90

Sunday, 2 Jan 2011

မန်းကျောက်မျက်ရတနာဆိုင်များထက် ရန်ကုန်ကျောက်မျက်ရတနာဆိုင်များက ပြည်ပထိတွေ့မှုပိုများ              ပြည်ပထိတွေ့မှုမှာ မန္တလေးကျောက်မျက်ရတနာ ဆိုင်များထက် ရန်ကုန် ကျောက်မျက်ရတနာဆိုင်များ တွင်ပိုများနိုင်ကြောင်း ရန်ကုန်နဲ့မန္တလေး မြို့တို့တွင် ဖွင့်လှစ်ထားသည့် P . Precious  မှ သိရပါတယ်။                   P . Precious မှ ဒေါ်သင်းသင်းဝင်းက ''ရန်ကုန်ဆိုင်မှာတော့ မန္တလေး ဆိုင်ထက် ပြည်ပထိတွေ့မှု ပိုတယ်။ ပြည်ပမှာ ဥရောပနိုင်ငံတွေက မိုးကုတ် ကျောက်၊တရုတ်က ကျောက်စိမ်းကြိုက် တော့ တရုတ်များတဲ့နိုင်ငံက ကျောက် စိမ်းပိုဝယ်တယ်။ ပြည်တွင်းအနေနဲ့ မန္တလေးဘက်မှာ စိန်အများဆုံး ရောင်း ရတယ်။ အော်ဒါမှာယူမှုမှာတော့ ကျောက်တွေပဲ။ မန္တလေးမှာ အရင်က စိန်ခေတ်စားတာ၊ အခုနောက်ပိုင်း ကျောက်တွေပါ ဝတ်ဆင်လာကြတယ်။ စိန်က ပိုက်ဆံရှိရင် ဝယ်လို့ရတယ်။ ခုချိန်မှာ ပတ္တမြားတစ်ပွင့် လိုချင်လို့ လိုက်ရှာရင် ရှာယူရမယ်။ ပစ္စည်းတစ်ခု တန်ဖိုးက ရှားရင်ရှာယူရမယ်။ ပေါရင် ဈေးကျမယ်။ ဒါကြောင့် ကျောက်ကို ဝယ်ယူလာကြတယ်။ အရင်တုန်းက ကျောက်ကို ရွှေနဲ့ပဲလုပ်ကြတာ။ ဒီ ဘက်ခေတ်မှာ ဒီဇိုင်းဆန်းဆန်း ဝတ်ချင် လာကြတဲ့အတွက် ဒီဇိုင်းစုံထုတ်လာ တယ်။ ၁ဝစုနှစ် ဒီဘက်မှာ ဒီဇိုင်းနောက် လိုက်လာကြတယ်။ ကျောက်ကို ရွှေနဲ့ ရော ငွေနဲ့ရော လုပ်လာကြတယ်။ ငွေနဲ့ အဖိုးတန်တာကြီး မသုံးဘူး။ ငွေထည် ပေမယ့် ကာလာအလိုက် လက်ရာ ကြမ်းထုတ်ကာ နိုင်ငံခြားမှာ သွားပြမယ့် ပွဲတွေမှာလည်း ငွေထည်နဲ့ ကျောက် အစုံကို ဒီဇိုင်းစုံထုတ်သွားမယ်''လို့ ပြော ပါတယ်။ ယခုနှစ်တွင် ပြည်ပဧည့်ပို့များလို့ ကျောက်မျက်ရတနာဆိုင်များကို ဧည့် အဝင်ပိုကြောင်း မန္တလေး Gem Centers  မှ သိရပါတယ်။ ပြည်ပဧည့်သည် များမှာ ကျောက်မျက်လက်ဝတ်ရတနာ များကို ဒေါ်လာ ၁ဝဝ တန် အဝယ် များလို့ တန်ဖိုးရှိကျောက်ဝယ်ယူပါက ဒေါ်လာ ၅ဝဝ တန်ထိ ဝယ်ယူမှုရှိ ကြောင်း သိရပါတယ်။ ဇူးဇူး 

Sunday, 2 Jan 2011

တရုတ်ငွေဈေး၊ ဒေါ်လာဈေးအေး ရွှေဈေးနာလန်မထူ                တရုတ်ငွေဈေးနှင့် ဒေါ်လာဈေးအေးသဖြင့် ရွှေဈေး နာလန်မထူခြင်းဖြစ် ကြောင်း ရွှေကုန်သည်များထံက ကြားသိရသည်။ ''ခိုင်မာမှုရှိခဲ့တဲ့ ယွမ်ငွေဈေး၊ ဒေါ်လာဈေးတွေ ကျတယ်။ အေးတယ်ဆိုတဲ့ အနေအထားကြောင့် ရွှေဈေးကိုလည်း ကျနိုင်မယ်လို့ မှန်းသူတွေက ခန့်မှန်းကြတယ်။ အမြင့်ဈေးနဲ့ဆိုရင် ရွှေကိုအများကြီး ဝယ်မထားရဲဘူး။ ဆိုပါတော့ ၆ သိန်း ၅သောင်းနဲ့ ဝယ်ထားတဲ့သူက ၆ သိန်း ၆ သောင်း၊ ၆ သိန်း ၇ သောင်းဆို ပြန် ထုတ်တာပဲ။ ပြန်ထုတ်ရင် ရောင်းတဲ့ဆိုင်က ဝယ်သူနဲ့ ယုံကြည်မှုတည်ဆောက်နိုင် အောင် ၃ဝဝဝ ကျပ်၊ ၅ဝဝဝ ကျပ်ခွာပြီး ပြန်ဝယ်ရတယ်။ ဆိုလိုတာက ရွှေဈေးကို သိပ်မတက်ရဲကြဘူး။ ရောင်းထားတဲ့ရွှေပြန်ဝင်မယ်ဆိုတာသိ နေတာလည်းပါတယ်။                  လက်ရှိအခြေအနေမှာ ရွှေဈေး ၆ သိန်း ၅ သောင်းနဲ့အောက်ဆို အဝယ်များတယ်။ ၆ သိန်း ၅ သောင်းအထက်ဆို လက်ရှိစီးပွားရေး အခြေအနေနဲ့ ဝယ်လက်မလိုက် နိုင်တဲ့ ဈေးတွေဖြစ်တယ်လို့လဲ သုံးသပ်နိုင်တယ်။ အထူးသဖြင့် ကျရိပ်ရှိနေတာ ကြောင့် ဝယ်လိုအားမရှိဘူး။ရွှေဈေး နာလန်မထူဘူး''ဟု ဝါရင့်ရွှေလုပ်ငန်းရှင်တစ်ဦး က သုံးသပ်ပြောကြားသည်။                   ရွှေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နံှသူများအနေဖြင့် ယခင်နှစ်ကထက် အရေ အတွက် နည်းပါးသွားသည်ဟုဆိုသည်။ ခင်မျိုးသွယ် 

Monday, 27 Dec 2010

World Gold PriceDecember 2010 (USD/OZ)Date     NY     London      Zurich20       1382     1384        138421       1382     1384        138422       1385     1386        138723       1383     1383        138424       1380     1382        1383Domestic Gold Price                    Kyats(Thousand)Date           Yangon      Mandalay20-12-2010   660.00       659.7021-12-2010   659.70       659.2022-12-2010   660.20       659.5023-12-2010   658.50       657.6024-12-2010   654.80        654.20

Monday, 27 Dec 2010

 ရွှေဈေးကွက်အတွင်း ပစ္စည်းပေါပေါများများနှင့် အရောင်းအဝယ်ရှိနေ             ရန်ကုန် ရွှေဈေးကွက်အတွင်း အခေါက်ရွှေပစ္စည်း ပေါပေါများများဖြင့် အရောင်းအဝယ်ရှိနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။             ''ဒီဇင်ဘာလ တတိယပတ်အနေ အထားမှာ အခေါက်ရွှေပစ္စည်း ပေါပေါ များများနဲ့ အရောင်းအဝယ်ရှိနေတယ်။ ရောင်းတဲ့သူများပြီး ပစ္စည်းများနေတာ၊ ဒါကြောင့် မန္တလေးဘက်ကလည်း ရွှေ အဝင်မရှိသလောက်ဘဲ။ကျပ် ၆၇ဝဝဝဝ လောက်မှာ ရောင်းကြ၊ ဝယ်ကြလုပ်ခဲ့ ကြတဲ့အရပ်ဝယ်လက်တွေလဲ ၆၆ဝဝဝဝ စွန်းစွန်းမှာ ဝယ်ဖြည့်ထားခဲ့ကြတော့ ဈေးကွက်မှာ အရောင်းအဝယ်ပါးတယ်။               ကမ္ဘာ့ဈေး တက်သလောက် ပြည်တွင်း ပေါက်ဈေးက မလိုက်နိုင်ဘူး။ ခရစ္စမတ် မတိုင်မီအတွင်းမှာ ဈေးကွက်ခပ်ငြိမ်ငြိမ် သွားလိမ့်မယ် ခန့်မှန်းပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းမှ ရွှေကုန်သည်တစ်ဦးက ပြော ကြားသည်။               ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၆၅၉၆ဝဝ-၆၅၈၈ဝဝ) ကျပ် ဖြစ်ခဲ့ပြီး၊ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၃၈၆-၁၃၈၁ ဒေါ်လာ ဖြစ်ပေါ်ခဲ့ သည်ဟု ဆိုသည်။                                 ခင်မျိုးသွယ်

Monday, 27 Dec 2010

 ဥရောပကြွေးမြီပြဿနာနဲ့ ဒေါ်လာတန်ဖိုးကျဆင်းမှုက ရွှေဈေးကို တွန်းတင်              နှစ်ပတ်ကြာ ကျဆင်းသွားခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စပြီး ပြန်လည်အားကောင်းလာခဲ့ပါတယ်။ ကျဆင်းခဲ့တဲ့ဈေးနှုန်းက ရွှေဝယ်ယူသူ များနဲ့ ရင်းနှီးမြူပ်နံှသူများကို ဆွဲဆောင်နိုင်ခဲ့ပြီး ဈေးနှုန်းပြန်မြင့်ကြောင်း ဖော်ပြခဲ့ပါတယ်။                  ဒီဇင်ဘာ ၂ဝ ရက်နေ့ စင်ကာပူစံတော်ချိန် မွန်းလွဲ ၁းဝ၃ နာရီက ချက်ချင်း အရောက်ပို့ရွှေဈေးနှုန်းက တစ်အောင်စကို သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်မားကာ ၁၃၈၂ ဒသမ ၃၈ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုနှစ်အတွင်း ရွှေဈေးက ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၁ဝ နှစ်ဆက်တိုက် ဈေးမြင့်မားခြင်းဖြစ်ကြောင်း၊ ဥရောပြွေကးမြီပြဿနာနဲ့ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းမှုတို့က ရွှေဈေးကို မြင့်မားစေခဲ့ပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့က တစ်အောင်စကို ၁၄၃၁ ဒသမ ၂၅ ဒေါ်လာအထိမှတ်တမ်းတင်ဖွယ်မြင့်မားခဲ့တယ်။ ကိုရီးယား ကျွန်းဆွယ်နိုင်ငံရေးတင်းမာမှုကလည်း ရွှေဈေးနှုန်းကို တွန်းအားပေး ဖွယ်ရှိကြောင်း သိရပါတယ်။ှSource:bloomberg.com, ပပ

Pages