Main menu

Background

Tuesday, 26 Oct 2010

 ပြည်တွင်းရွှေဈေးနှုန်းများ ပြန်လည်ကျဆင်းလာ       ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်းများ ကျဆင်းလာသလို ပြီးခဲ့သည့် အပတ်အတွင်းမြင့်တက်ခဲ့သော ပြည်တွင်းရွှေဈေးနှုန်းပါ ပြန်လည်ကျဆင်းလာ ကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။           ''ပြီးခဲ့တဲ့အပတ်ကဆိုရင် ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၃၈ဝ အထိရှိခဲ့တယ်။ အခုဒီတစ်ပတ်အတွင်းမှာတော့ တစ်အောင်စကို ၁၃၄၅ ဒေါ်လာအထိ ပြန်ကျဆင်းလာတယ်။ အရောင်းအဝယ် လည်းပြန်အေးသွား တယ်။ အရောင်းအဝယ်က ပြီးခဲ့တဲ့အပတ်က ကောင်းတယ်။ အခုဝယ်လိုအားက လျော့လာတယ်။ ဒီနှစ်မင်္ဂလာဆောင်ရာသီက ခါတိုင်းနှစ်နဲ့မတူဘူး။ နည်းနည်း အေးတယ်။ ဒီရက်ပိုင်းအတွင်းမှာကို အရောင်းအဝယ်တွေ ပြန်စမယ်လို့ထင်တယ်။ ဒါကိုတော့ စောင့်ကြည့်ရမှာပဲ'' ဟု ယင်းက ပြောကြားသည်။              ပြည်တွင်းရွှေဈေးနှုန်းမှာပြီးခဲ့သည့် တစ်ပတ်အတွင်း အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ် ၆၇ဝဝဝဝ အထိ မြင့်တက်ခဲ့ပြီး ယခုတစ်ပတ်အောက်တိုဘာ ၂၁ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၅၉ဝဝဝ အထိ ကျဆင်း ခဲ့ကြောင်း သိရသည်။                                                                                                               မင်းသန့််

Tuesday, 26 Oct 2010

 စိန်ဈေးကွက် အေးနေ အော်ဒါမှာယူမှု နည်းနေသေး        ယခုလတ်တလော စိန်ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး မင်္ဂလာဆောင်ရာသီသို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း အော်ဒါမှာယူမှု နည်းနေသေးကြောင်း စီအမ်စိန်ဆိုင်ပိုင်ရှင် ဦးရွှေကြည်က ပြောကြားသည်။     ''စိန်ဈေးကွက် အရောင်းအဝယ် အေးနေတယ်၊ ဈေးကွက်အခြေအနေ က မှန်းလို့မရသေးဘူး။ အခု လူတော်တော်များများကလည်း ရွေးကောက်ပွဲ အခြေအနေကို စိတ်ဝင်စားနေတဲ့အတွက် အရောင်းအဝယ်ဘက်မလှည့် နိုင်သေးဘူး၊ မင်္ဂလာဆောင်ရာသီဖြစ် ပေမယ့် အော်ဒါလည်း မကျသေးဘူး။ အခု ဒီနှစ်က အရောင်းအဝယ် တော်တော်လေး အေးတယ်။ စိန်ဈေး ကတော့ မတက်ဘူး။ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေကျနေတဲ့အတွက် စိန်ဈေးကတော့ ငြိမ်နေတယ်''ဟု ဦးရွှေကြည်က ပြောသည်။          အဆိုပါစိန်ဈေးနှုန်းမှာ ပြည်တွင်းတွင် ဈေးငြိမ်နေသော်လည်း အိန္ဒိယနှင့် တရုတ်နိုင်ငံများတွင်ငွေကြေးခိုင်မာလာမှုကြောင့် ဈေးမြင့်တက်လာကြောင်း နှင့် တရုတ်ငွေကြေးမှာ ပို၍ခိုင်မာလာသောကြောင့် ဈေးပိုမိုမြင့်တက်လာ ကြောင်း ၎င်းက ထပ်မံပြောကြားသည်။                                                                                                                            မင်းသန့််

Monday, 18 Oct 2010

 ရွှေဈေးတက်သလို ငွေဈေးကလည်း မှတ်တမ်းဝင်      ရွှေဈေးက နယူးယောက်ဈေးကွက် မှာ တစ်အောင်စကို ကန်ဒေါ်လာ ၁၃၅ဝ စွန်းစွန်းကနေ ၁၃၈ဝ ဒေါ်လာနဲ့ ဈေးတည့် အရောင်းအဝယ်ပြုနေချိန်မှာ ငွေသတ္တုဒြပ်စင်ဈေးကလည်း နှစ် ၃ဝ တာကာလအတွင်း အံ့သြလောက်ဖွယ် ဒေါ်လာငွေကြေး အား နည်းမှုတွေ ကြောင့် မှတ်တမ်းဝင်ဈေးဖြစ်ခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က မဲလဘုန်း ဈေးကွက်မှာ ၁၃၆၄ဒသမ ၇၇ ဒေါ်လာ ကိုချဉ်းကပ်ခဲ့စဉ်က ရွှေဈေးတစ်အောင် စကို ၂၃ ဒသမ ၆၃၂၅ နဲ့ ၁ ဒသမ ၆ ရာခိုင်နှုန်း ဈေးမြင့်ခဲ့ပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့သတင်းများအရ တစ်အောင်စကို ကန်ဒေါ်လာ ၁၃၈၁ ဒေါ်လာထိ ရောက်ရှိခဲ့ ပြီး ငွေဈေးက တော့ ၁၉၈ဝခုနှစ်နောက်ပိုင်း အမြင့်ဆုံး ဈေးအဖြစ် ၂၄ ဒသမ ၇၅ ဈေးအထိ ရောက်ရှိခဲ့ ပါတယ်။ အမေရိကန်ဒေါ်လာ အပေါ် ယုံကြည်မှု လျော့နည်းလာခြင်း ကြောင့်ဖြစ်ကြောင်း ဆစ်ဒနီ ရင်းနှီးမြုပ် နံှမှုဘဏ်မှ အကြီးအကဲ Heathcote က ပြောပါတယ်။    အကြမ်းဖျင်းအားဖြင့် ရွှေနဲ့ငွေ ဈေးက ဒီနှစ်မှာ အမြင့်ဆုံးဖြစ်ခဲ့တာမို့ လာမဲ့နှစ်မှာလည်း အနိမ့်ဆုံးအဆင့် ၁၅ ရာခိုင်နှုန်း ကျော်ကျော် ပိုမိုဈေးမြင့်လာ နိုင်ကြောင်း ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်။ ရွှေအဓိက ဝယ်ယူတင်သွင်း လျက်ရှိတဲ့ အိန္ဒိယရဲ့ စက်တင်ဘာလ အတွင်း ရွှေဝယ်ယူတင်သွင်းမှုက ၃ဝ ရာခိုင်နှုန်းတိုးကာ ၃၄ ဒသမ ၈ တန် ဝယ်ယူခဲ့ပါတယ်။ သြဂုတ်လ အဝယ်က ၂၆ ဒသမ ၈ တန်သာဝယ်ခဲ့တာမို့ စက်တင်ဘာလမှာ ဈေးမြင့်နေပေမဲ့လည်း အဝယ်တိုးခဲ့ပါတယ်။ ''ပွဲတော်ကာလဖြစ်တယ်။ ဒေသစုံက အဝယ်တက် တယ်။ယခင်နှစ်အလားတူ စက်တင်ဘာ လနဲ့ယှဉ်ရင်တော့ အဝယ်နည်းပေမဲ့ သြဂုတ်လ အဝင်ထက်တော့ အဝယ်ပိုခဲ့ တယ်။ အောက်တိုဘာလမှာလဲ ဆက် လက် ဝယ်လိုအားတက်ဦးမယ်လို့ ထင် တယ်'' လို့ ဘုံဘေရွှေအသင်းမှ ကုန် သည် ှSuresh Hundia  က ပြောပါ တယ်။ှ                                                                                                         Source:commodityonline.com                                                                                                                            WWN

Monday, 18 Oct 2010

 ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ ရွှေထုတ်လုပ်မှု စံချိန်တင်မြင့်တက်      ၂ဝ၁ဝ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံရဲ့ ရွှေထုတ်လုပ်မှုက ယခင် နှစ်ထက် ၈ ဒသမ ၆၉ ရာခိုင်နှုန်း စံချိန်တင်မြင့်တက်ခဲ့ပြီး စုစုပေါင်းတန်ချိန် ၁၅၉ ဒသမ ၂၄ တန်ရှိကြောင်း ၊ ကမ္ဘာ ပေါ်တွင်ရွှေထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်သတ်မှတ်ခြင်းခံရ ကြောင်း၊ တရုတ် ရွှေထုတ်လုပ်သူအဖွဲ့ အစည်းမှ ထုတ်ပြန်ခဲ့ပါတယ်။ ပြည်တွင်း ရွှေထုတ်လုပ်မှုကဏ္ဍမှ ၂ဝ၁ဝ ခုနှစ် ပထမခြောက်လတွင် အသားတင်ထုတ်လုပ်မှု တန်ဖိုးက ယွမ် ၉၆ ဒသမ ၈၉ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄ဒသမ ၂၇ဘီလီယံ)ရှိရာ ၆၁ ဒသမ ၂၇ ရာခိုင် နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။       ၂ဝ၁ဝ ခုနှစ် ဇွန်လမှာ ရွှေထုတ်လုပ်မှုက စုစုပေါင်းတန်ချိန် ၃၁ ဒသမ ၉ တန်ရှိပြီး ပြီးခဲ့တဲ့ မေလထက် ၂၈ ဒသမ ၃ ရာခိုင်နှုန်းပိုမိုထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ရွှေထုတ်လုပ်တဲ့လုပ်ငန်းများမှ ပထမနှစ်ဝက်တွင်ရရှိခဲ့တဲ့ အသားတင် အမြတ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁ဘီလီယံရှိပြီး ၈၄ ဒသမ ဝ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စကို ပျမ်းမျှအမေရိကန်ဒေါ်လာ ၁၁၅၂ ဒသမ ၂၂ ရှိရာ ဝယ်လိုအားမြင့်နဲ့ ထုတ်လုပ်မှုမြင့်ခဲ့ကြောင်း၊ ၂ဝဝ၉ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စုစုပေါင်းဝယ်လို အား အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံဖိုးရှိပြီး တစ်ကမ္ဘာလုံး စုစုပေါင်းဝယ်လိုအား ရဲ့ ၁၁ ရာခိုင်နှုန်းရှိနေကြောင်း ကမ္ဘာ့ရွှေထုတ်လုပ်သူများကောင်စီမှ ထုတ်ပြန်ခဲ့ပါ တယ်။ှ                                                     Source: ပြည်ထောင်စု မြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး ဟောင်ကောင်မြို့

Tuesday, 12 Oct 2010

 မြင့်ပြီးရင်း မြင့်ခဲ့တဲ့ ကမ္ဘာ့ရွှေ        ကမ္ဘာ့ရွှေဈေးက အောက်တိုဘာ ၇ ရက်နေ့ သတင်းများအရ မြင့်ပြီးရင်း မြင့်တက်နေကာ ဒီဇင်ဘာ အရောက်ပို့ရွှေဈေး ၁၃၆၆ ဒေါ်လာကို ရောက် ရှိခဲ့ကြောင်း သိရပါတယ်။ ဒေါ်လာတန်ဖိုး အားနည်းမှုများ ကြောင့် အမေရိကန် လက်ငင်းရွှေဈေး ကွက်မှာ တစ်အောင်စကို ကန်ဒေါ်လာ ၁၃၄၅ ဒသမ ၄ ဒေါ်လာနဲ့ ရောင်းဝယ် ဖြစ်ခဲ့ပြီး ကုန်သည်များနဲ့ သုံးသပ်သူ များရဲ့အမြင်အရ ဂျပန်ဘဏ်က အတိုး နှုန်း လျှော့ချလိုက်မှု ဖိအားကြောင့် ဒီလိုဖြစ်လာတယ်လို့ ဆိုပါတယ်။      စင်ကာပူအခြေစိုက် ကုန်သည် တစ်ဦးက ရင်းနှီးမြုပ်နံှသူအနေနဲ့ အတိုး နှုန်းထားဘက်က အရှုံးပေါ်ရင် ရွှေ အဝယ်ဘက်ကို တိုးလာမှာ အမှန်ပဲလို့ ပြောခဲ့ပါတယ်။ ဒီလိုတိုးမြင့် ဝယ်ယူရင်း နှီးကြရာမှာ တရုတ်နိုင်ငံရဲ့ ရွှေဈေးကွက် ကလည်း ဝယ်လိုအား ကျယ်ပြန့်မြင့်မား လျက်ရှိနေပါတယ်။ ဒီလို တရုတ်ဈေး ကွက်ရဲ့ အားဖြည့်တွန်းအားတွေကြောင့် တစ်အောင်စကို ၁၃၅၅ ဒေါ်လာအထိ ရောက်ခဲ့တာဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက သုံးသပ် Wang Tao  က ခန့်မှန်း ဟောကိန်းထုတ်ခဲ့ပါတယ်။      တရုတ်နိုင်ငံ ရွှေဈေးကွက်အတွင်း ရွှေတင်သွင်းမှုအတွက် အထောက်အပံ့ ဖြစ်စေတဲ့ စည်းမျဉ်းစည်းကမ်းများပြုပြင်ပေးခြင်း၊ ရင်းနှီးမြုပ်နံှလိုသူများ အနေနဲ့ စိတ်ကျေနပ်နှစ်သိမ့်မှုအပြည့် နဲ့ လွတ်လပ်စွာ ဝယ်ယူရင်းနှီးကြခြင်း တို့ကြောင့် ဒီနှစ်အတွင်း ရွှေဈေးမြင့်ခဲ့  ပေမဲ့ တရုတ်နိုင်ငံ ရွှေဈေးကွက်ဝယ် လိုအားက ယခင်နှစ်ကထက် ပိုတိုးလာ ပြီး ရာခိုင်နှုန်း ဆယ်ဂဏန်းကျော်ကျော် တိုးလာကာ အိန္ဒိယရဲ့ ဝယ်လိုအားထက် သာတယ်လို့ဆိုပါတယ်။ ''ဒီနှစ်က ကမ္ဘာ့စီးပွားရေး တိုးတက်မှု တုံ့နှေးနေတယ်။      ဒါပေမဲ့ရွှေဝယ်ယူမှုက အရှိန်ရနေတယ်။ အိန္ဒိယရဲ့ ရွှေဝယ်ယူမှုက ဒီနှစ်မှာ ကျဆင်းတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက ရွှေချောင်း အဝယ်က လက်ဝတ်ရတနာ အဝယ် ထက် အားသာလျက်ရှိနေတယ်'' လို့ NYSE Arca Gold Bag မှ တာဝန်ခံကပြောခဲ့ပါတယ်။အလားတူ ဗီယက်နမ် နိုင်ငံဘက်ကလည်း ရွှေဈေးနှုန်း မြင့် တက်မှုကို လိုက်လျောညီထွေဖြစ်ပြီး ဈေးနှုန်း တည်ငြိမ်စေဖို့ လွပ်လပ်စွာ တင် သွင်းခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ရက်သတ္တ ကိုးပတ်နီးပါးကြာ အမြင့် တန်းမှာနေခဲ့တဲ့ ရွှေဈေးကအောက်တိုဘာလ ၇ ရက်နေက အမြင့်ဆုံး ကန် ဒေါ်လာ ၁၃၆၆ကို ရောက်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံရဲ့ အလုပ်အကိုင် အစီ ရင်ခံစာ ပေါ်ထွက်လာပြီးနောက်ပိုင်းမှာ ပြန်လည်ကျဆင်းကာ ကန်ဒေါ်လာ ၁၃၃၅နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ှ                                                                                                                        Source:Reuters                                                                                                                               WWN

Wednesday, 29 Sep 2010

 အမေရိကန်၏ ရေနံသိုလှောင်ထားမှုများလာခြင်းကရေနံစိမ်းဈေးနှုန်း မြင့်မားမှုကို အဟန့်အတားဖြစ်စေ       ကမ္ဘာ့စီးပွားရေးနာလန်ထူလာမှု နှေးကွေးလာခြင်းက လောင်စာဝယ်လို အားကို လျော့ကျစေမယ်ခန့်မှန်းကြပြီး နယူးယောက်တွင် ရေနံစိမ်းဈေးနှုန်း အနည်းငယ်ကျဆင်းလာပါတယ်။ ရေနံစိမ်းဈေးနှုန်းက လွန်ခဲ့တဲ့ ၄ ရက်အတွင်း၄ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့အပြင် ကမ္ဘာ့လောင်စာသုံးစွဲမှုအများဆုံး အမေရိကန်ရဲ့ ရေနံသိုလှောင်ထားရှိ မှုက စက်တင်ဘာလတွင် ၁ဝ ရက်နေ့ အဆုံးသတ်တဲ့ ရက်သတ္တပတ်တွင် စည်ပေါင်း ၃၅၇ ဒသမ ၄ သန်းအထိ ရောက်ရှိ လာခဲ့ရာ ငါးနှစ်အတွင်းအများဆုံးပမာဏဖြစ်လာတယ်လို့ အမေရိကန် စွမ်းအင်ဌာနက ပြောကြားပါတယ်။     ယခုလိုအမေရိကန်ရဲ့ ရေနံသိုလှောင်ထားမှုများလာခြင်းက ရေနံစိမ်း ဈေးနှုန်း မြင့်မားမှုကို အဟန့်အတား ဖြစ်စေ ကြောင်း သိရပါတယ်။ ဒါကြောင့် အောက်တိုဘာလ စာချုပ်ဈေးနှုန်းမှာ တစ်စည်ကို ၇၃ ဒသမ ၃၅ ဒေါ်လာနဲ့နယူးယောက် ကုန်စည်ရောင်းဝယ်ရေးတွင် စက်တင်ဘာလ ၂ဝ ရက်နေ့က အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နိုဝင်ဘာလ ငွေချေရမဲ့ ဘရန့် အမျိုးအစား ရေနံစိမ်းမှာ တစ်စည်ကို ၇၈ ဒသမ ၆၅ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။                                                                                                    Source:bloomberg.com,ပပ

Wednesday, 29 Sep 2010

ရွှေဈေးအတက်ဘက်သို့ ဦးတည်နေသော်လည်း အရောင်းအဝယ်အေးနေ    ယခုအခါတွင် ကမ္ဘာ့ရွှေဈေးနှုန်းများ စံချိန်တင်မြင့်မားလာသောကြောင့် ပြည်တွင်းရွှေဈေးကွက်မှာအတက်ဘက် သို့ ဦးတည် နေသော်လည်း အရောင်းအဝယ်မှာ အေးနေကြောင်း ရွှေရောင်း ဝယ်သူတစ်ဦးက ပြောကြားသည်။   ''ကမ္ဘာ့ရွှေဈေးက ပြန်တက်လာ တော့ ပြည်တွင်းရွှေဈေးက အတက် ဘက်ကို ဦးတည်လာတယ်။ နိုင်ငံခြားငွေဈေးနှုန်း တွေကကျလာတော့ မြန်မာငွေကြေးက ခိုင်မာလာတယ်လို့ ပြောလို့ ရတယ်။ မြန်မာ့ငွေကြေး ခိုင်မာလာပေမယ့် ရင်းနှီး မြုပ်နံှ သူတွေက အိမ်ခြံမြေ ဘက်ကို အဓိက ဦးစားပေးကြတယ်။ ရွှေဘက်ကိုသိပ်မလှည့်ကြတော့ ရောင်းအားလည်း သိပ်မတက်ခဲ့ဘူး။ ပြည်တွင်း ရွှေဈေးကွက်က အခုလက်ရှိအရောင်း အဝယ်အေးပြီး ဈေးငြိမ်နေတယ်လို့ ပြောလို့ရတယ်။ ပွင့်လင်းရာသီ အရောင်း အဝယ် ကောင်း၊ မကောင်းကတော့ ပြောဖို့ နည်းနည်းစောသေးတယ်။ ဈေးကွက်ကို စောင့်ကြည့်နေတဲ့ အခြေအနေပဲရှိတယ်'' ဟု ၎င်းကပြောကြားသည်။    အဆိုပါ ကမ္ဘာ့ရွှေဈေးနှုန်းမှာ စက်တင်ဘာလ ၂၃ ရက်နေ့တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၉၃ အထိ စံချိန်တင်အောင် မြင့် တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၅၅ဝဝဝ ကျပ်သာရှိကြောင်းနှင့် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်တွင် ရွှေဈေးမှာတစ်ကျပ်သားလျှင် ၆၅၈ဝဝဝ ကျပ် ဖြင့်ဈေးပိတ်ခဲ့ကြောင်း သိရသည်။                                                                                                                              မင်းသန်

Wednesday, 29 Sep 2010

ရွှေဈေး ၁၁၂၂၉၉၄၄ ဒေါ်လာအထိရောက်ခဲ့        ပြီးခဲ့တဲ့စက်တင်ဘာ တတိယပတ်အတွင်း ရွှေဈေးကွက်မှာ ရွှေဈေးကတစ်အောင်စကို အမြင့်ဈေး ကန်ဒေါ်လာ ၁၂၉၆ ဒသမ ၃ ဒေါ်လာနဲ့ ဆဒ္ဒနီဈေးကွက်မှာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီရက်သတ္တပတ်အတွင်း ရွှေဈေးက အမြင့် ဈေးတန်းနဲ့ မှတ်တမ်း တင်အဆင့်ကိုရောက်နေပြီး အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း နည်းနည်းပြန်ငြိမ်သွားတဲ့နောက်ပိုင်းနဲ့ အမေရိကန် အိုးအိမ် အရောင်းအဝယ် ဈေးကွက် အကန့်အသတ်နဲ့ပဲ ဆောင်ရွက်နိုင်တယ်ဆိုတဲ့ သတင်းများထွက်ပေါ်ပြီး နောက်ပိုင်းကာလများမှာ တစ်အောင်စကို ကန်ဒေါ်လာ ၁၂၉၄ ဒသမ ၄ဝ နဲ့ လက်ငင်းအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ သုတေသီများရဲ့ခန့်မှန်းချက်အရ လာမဲ့နှစ်မှာ ရွှေဈေး ၁၃ဝဝဖြစ်မယ်။ထုတ်လုပ်မှုအပိုင်းကလည်း အားထည့်လုပ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။ ယခုနှစ် အတွင်း ရွှေဈေးတိုးမြင့်မှုက ၁၈ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ပြီး ငွေသတ္တုဒြပ်စင်က တော့ တစ်အောင်စကို ကန်ဒေါ်လာ ၂၁ဒသမ ၁၂၆၃နဲ့ ၂ဝဝ၈နောက်ပိုင်း အမြင့် ဈေးအဖြစ် ရှိခဲ့ပါတယ်။                                               Source:bloomberg.com, WWN

Wednesday, 22 Sep 2010

 ရွှေဈေး ၁၃ဝဝ ကို ချဉ်းကပ်နေပြီ        ဟောင်ကောင်ဈေးကွက်မှာ စက်တင်ဘာ ၁၇ ရက်နေ့က ရွှေတစ်အောင်စကို ကန်ဒေါ်လာ ၁၂၈ဝ အထက်မှာ မှတ်တမ်း တင် ဈေးဖွင့်ခဲ့ပါပြီ။ မွန်းလွဲပိုင်းအရောင်းအဝယ်ကနေ ဈေးမြင့်လာတာဖြစ်ပြီး ဒီသီတင်းပတ် ထဲမှာ ဆင့်ကာ ဆင့်ကာ မြင့်လာတာဖြစ်ပါတယ်။ ဥရောပတိုက်ရဲ့ စီးပွားရေးတိုးတက်မှုတွေအပေါ်မှာ စိုးရိမ်ပူပန်မှု၊ သံသယဖြစ်မှု၊ အမေရိကန် စီးပွားရေးတိုးတက်မှု တုံ့နှေးနေခြင်းများက ရွှေဈေးတက်ဖို့ အကြောင်းဖန်လာတာ ဖြစ်တယ်လို့ သုံးသပ် သူများက ပြောဆိုကြပါတယ်။     သုတေသီများကတော့ ဒီနှစ်မကုန်မီ ရွှေဈေးက ၁၃ဝဝ ဒေါ်လာကို ချဉ်းကပ်မယ်လို့ မှန်းခဲ့သလို လက်ရှိရွှေဈေး အဆင့်မှာ ရင်းနှီးမြှုပ်နံှသူများက အမြတ်ငွေရဖို့စွန့်စားစရာအဆင့်ပဲလို့ ပြောခဲ့ပါတယ်။ ရွှေဈေး ၁၃ဝဝ ကို ချဉ်းကပ်သလို ငွေသတ္တုဈေးကလည်း နှစ် ၃ဝ နီးပါးကာလတွင်း မြင့်တက်ကာ နယူးယောက်ဈေးကွက်မှာ၂ဝ ဒသမ ၉၅ ဒေါ်လာသို့ ရောက်ရှိခဲ့ ပါတယ်။ ငွေဈေးနည်းတူ ပလက်တီနမ်၊ပလေဒီယမ်ဈေးတွေလည်း မှတ်တမ်းတင်ဖွယ်မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာ့ ငွေကြေးလဲလှယ်မှုဈေးကွက်အတွင်း အဓိကငွေကြေးတစ်ခုဖြစ်တဲ့ ဂျပန်ယန်းငွေကြေးကပြီးခဲ့တဲ့ ရက်အတွင်း စံချိန် တင်တန်ဖိုး မြင့်တက်ခဲ့တဲ့အတွက်လည်း သတ္တုဒြပ်စင်များရင်းနှီးမြုပ်နံှမှုအပေါ် ပိုမိုအာရုံရောက်လာခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ Source : commodityonline WWN

Wednesday, 22 Sep 2010

 မိုးကုတ်တွင်းထွက်နှင့် ကျောက်ဆန်းများကိုစိန်နှင့်တွဲ၍ ဝတ်ဆင်သူများလာ         မန္တလေးမြို့ ကျောက်မျက်ရတနာဈေးကွက်မှာ မိုးကုတ် တွင်းထွက်ကျောက်များနဲ့ ရောင်စုံကျောက်ဆန်းများကို စိန်နဲ့ပြုလုပ်ထားတဲ့ ကပ်ထည်များ အရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်။'      ဒီလထဲမှာ ဘက္ကဒီးအစ် မတိုင်ခင်က တော်တော်ရောင်းရတယ်။ မိုးကုတ်တွင်းထွက် ကျောက်နဲ့ စိန်ကပ်ထည်လေးတွေ၊ ရောင်စုံကျောက်ဆန်းလေးနဲ့စိန်ကပ်ထည်လေးတွေ အဝတ်များလာတယ်။ နဝရတ်ကိုးပါးလုပ်ဖို့ အနီ၊အပြာ ကျောက်ကောင်းတာလည်း ဝယ်တယ်။ ခရမ်းဆွဲကျောက်နဲ့ ပုလဲပါအဝယ်ရှိတယ်။ ကပ်ထည်တွေ ဝယ်သွားကြတာများတယ်။ နားကပ်တစ်ရံကို ၂ သိန်း၊ ၃ သိန်းတန်လေးတွေဝယ်ကြတယ်။ ၁ဝ သိန်းကျော်၊ သိန်း ၂ဝကျော်တန်လည်း ဝယ်ကြတယ်' လို့ Mandalay Gems Center မှ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။ကျောက်မျက်ရတနာ ဈေးကွက်ရဲ့စိန်နဲ့ကျောက်မျက်ရတနာ ဈေးနှုန်းမှာယခုလတွင် ဈေးနှုန်း အတက်အကျမရှိဘဲ ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီးပုံမှန်ဈေးဖြင့် ရောင်းချလျက် ရှိကြောင်းသိရပါတယ်။ တွင်းထွက် ကျောက်များတွင် ခရမ်းဆွဲ၊ ကျောက်စိမ်း၊ နီလာ၊ပတ္တမြား၊ စလင်းညိုနဲ့ ဂေါ်မိတ်ကျောက် များ လူကြိုက်များပြီး ကျောက်ဆန်းတွင်  Blue Topaz နှင့် ရွှေတွင်းဝါကျောက်များကို ဝတ်ဆင်သူများ လာကြောင်းသိရပါတယ်။                                                                                                             ဇူးဇူး 

Pages