Background
မန္တလေးနဲ့ တရုတ်လိုင်းမှ ရွှေများ အပြန်အလှန် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ ရွှေအရောင်းအဝယ်ပြုလုပ် သူများထံမှ သိရပါတယ်။ ပြည်တွင်း ရွှေဈေးနှုန်း မှာ ကမ္ဘာ့ရွှေဈေးနှုန်း အပြောင်းအလဲအလိုက် ဇူလိုင်လဆန်း ပိုင်းက စပြီး၊ ဈေးမြင့်တက်ခဲ့ရာ ဇူလိုင် စတုတ္ထပတ်မှာ ရွှေတစ်ကျပ်သားကို ကျပ်၇သိန်းအထက်ထိဈေးမြင့်ခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်း အတက်ပြ လာခဲ့သည့်မြန်မာ့ရွှေဈေးသည် ပြန် လည်ကျဆင်းစပြုလာခဲ့ကြောင်း ရွှေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။မြန်မာ့ရွှေဈေးကွက်သည် ပြီးခဲ့ သည့်ရက်သတ္တပတ်အတွင်းက ကျပ် ၆၇၀၀၀၀ အထိကျဆင်းခဲ့ပြီးမှ ယခု တစ်ပတ်အတွင်းတွင် ကျပ် ၆၉၂၀၀၀ ဖြင့် အတက်ပြကာ ဈေးဖွင့်ခဲ့သည်ကို တွေ့ရသည်။
မြန်မာ့ရွှေဈေးသည် ယခုတစ် ပတ်အတွင်း အဖွင့်ဈေးမြင့်၍ ဖွင့်လှစ် ခဲ့သော်လည်း ပြန်လည်၍ ကျရိပ်ပြလာ ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။
ပြည်တွင်းကို ဇွန်လ ၁၆ ရက်မှ ၂၂ ရက်နေ့တာကာလအတွင်း ကန်ဒေါ်လာ နှစ်သိန်းငါးသောင်း ကျော်တန်ဖိုး ရှိ နို့ဆီ ၂၄၈ ဒသမ ၄၀ တန်ကို ပင်လယ်ရေကြောင်း လမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်နို့ဆီအဝင်က တန်ချိန် ငါးရာ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီတင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ နို့မှုန့်က စင်ကာပူနိုင်ငံမှ ၉ ဒသမ ၁၄ တန်နဲ့ မလေးရှားနိုင်ငံမှ သုည ဒသမ ၃၂၄ တန်တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် နို့မှုန့်တင်သွင်းမှုမှာ ၂၅ တန်နီးပါးအဝင် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် နေ့စဉ်ဆက်တိုက်ကျဆင်းနေ ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ ရွှေဈေးကျဆင်းနေသော် လည်းရွှေရောင်းလိုအားမှာပုံမှန်အတိုင်း ပင်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း က မြန်မာ့ရွှေဈေးသည် ကျပ် ၇၁၀၀၀၀ တွင် ရှိခဲ့သော်လည်း ယခုတစ်ပတ် အတွင်းတွင် ကျပ် ၆၆၈၀၀၀အထိကျဆင်းခဲ့သည်။
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် ကျပ်တစ်သောင်းကျော်ကျ ဆင်းခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ယခုတစ်ပတ်အတွင်း ငွေလဲနှုန်း များမြင့်တက်လာခဲ့ကြောင်း သိရသည်။ နေပြည်တော် တွင် ပြုလုပ်လျက်ရှိ သည့် ကျောက်မျက်ရတနာပြပွဲကြောင့် ငွေလဲ နှုန်းများ မြင့်တက်နေရကြောင်း ငွေလဲ စင်တာမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။
"ဒီတစ်ပတ်ထဲမှာ ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းရည်ညွှန်းကိန်းကလည်း နှစ် ရက်ဆက်တိုက် နှစ်ကြိမ်တက်တယ်။ ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းတက် ပြီဆိုမှတော့ စင်တာတွေက ငွေလဲနှုန်း လည်းတက်တော့တာပေ့ါဗျာ။ နောက် ပြီးနေပြည်တော်မှာလုပ်နေတဲ့ကျောက် မျက်ပြပွဲကြောင့်လည်း ငွေလဲနှုန်းတွေ တက်ရတာပါ။ နေပြည်တော် က ကျောက်မျက်ကုန်သည်တွေက လေလံ အောင်သွားတာနဲ့ ပစ္စည်းဖိုးတွေ ချေရ တော့ လိုတဲ့နိုင်ငံခြားငွေကို စင်တာတွေ ကနေပဲ ဝယ်ရတာဖြစ်တဲ့အတွက် ငွေ လဲနှုန်းတက်ရတာ အဲဒါလည်းတစ်ချက် အပါအဝင်ပေါ့"ဟု ပုဂ္ဂလိက ငွေလဲစင် တာမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။ပြင်ပငွေဈေးကွက်တွင်လည်း ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ပြီးခဲ့ သည့်ရက်သတ္တပတ်များက အရောင်း အဝယ်ပါးသဖြင့် အလုပ်မလုပ်ကြတော့ သည့် မှောင်ခိုသမားများမှာ မဟာဗန္ဓု လပန်းခြံတစ်ဝိုက်တွင် ပြန်လည်ကျက် စားလာခဲ့သည်။ဇွန်လ ၂၁ရက်နေ့က ပြင်ပငွေ ဈေးကွက်တွင် အမေရိ ကန်တစ်ဒေါ် လာလျှင် ရောင်းဈေး ၉၈၁ ကျပ်၊ ဝယ် ဈေး ၉၇၈ကျပ်ရှိပြီး ငွေလဲစင်တာများ တွင်မူ ရောင်းဈေး ၉၆၁ကျပ်၊ ဝယ်ဈေး ၉၅၁ကျပ်သာရှိခဲ့ သည်။ ထိုကဲ့သို့ ပြင်ပ ငွေဈေးနှင့် စင်တာများ၏ငွေဈေးနှုန်း များ လွန်စွာကွာဟနေခြင်းသည် မှောင် ခိုများကို အားပေးရာရောက်နေ ကြောင်း ငွေလဲသူတစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်း မှာ ဇွန်လ ၁၇ရက်နေ့က ၉၅၂ကျပ်ရှိခဲ့ ပြီး ဇွန်လ ၁၈ရက်နေ့တွင် ၉၅၃ကျပ် သို့ မြင့်တက်ခဲ့သည်။
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် အတက်အကျအနည်းငယ် ဖြင့်သာ ရှိနေခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေ ဈေးမြင့်တက်နေသော်လည်း မြန်မာ့ရွှေ ဈေးမှာမူ အတက်အကျအနည်းငယ် ဖြင့်သာ အရောင်းအဝယ်ရှိနေခဲ့သော် လည်း ပုံမှန်အတိုင်းသာ အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။"ဒီတစ်ပတ်ထဲမှာ ကမ္ဘာ့ရွှေဈေး က တက်လာတယ်။ ဒါပေမယ့် မြန်မာ့ ရွှေဈေးက ပုံမှန်အတိုင်းပဲ။ အတက် အကျနည်းနည်းနဲ့ပဲ အရောင်းအဝယ် ဖြစ်နေတယ်။ နွေရာသီတုန်းက ကျခဲ့ ပေမယ့်အခုအချိန်မှာတော့ တက်သွား ရင်လည်း တစ်ရက်လောက်ပဲ။ နောက် တစ်ရက်ဆို ပြန်ကျသွားတာပဲ။ ဒါက လည်း ကျတယ်လို့ ပြောလို့မရဘူး။ နည်းနည်းလေးပဲကျတာဆိုတော့ ရွှေ ဈေးကျတယ်လို့ ပြောလို့မရဘူး"ဟု ရွှေ လုပ်ငန်းလုပ်ကိုင်နေသူ ဦးစံမြင့်က ဆို သည်။ယင်းကဲ့သို့ ရွှေဈေးအတက် အကျနည်းနေခြင်းကြောင့် ရွှေဝယ် ရောင်းလုပ်ကိုင်သူများအနေဖြင့် စောင့် ကြည့်နေကြသည့်အဆင့်တွင်သာရှိနေ ကြပြီး ငွေလိုသူများသာ ထုတ်ရောင်း နေကြကြောင်း သိရသည်။မြန်မာ့ရွှေဈေးသည် ဇွန်လ ၁ ရက်နေ့က ပိတ်ခဲ့သည့်ဈေးထက် အနည်းငယ်လျော့၍ ကျပ် ၇၀၉၁၀၀ ဖြင့် ပြန်ဖွင့်ခဲ့သော်လည်း ဇွန်လ ၆ရက် နေ့တွင်မှ ကျပ် ၇၁၀၅၀၀သို့ အနည်း ငယ်သာ ပြန်လည်မြင့်တက်ခဲ့သည်။ ဇွန်လ ၇ရက်နေ့တွင်မူ ကျပ် ၇၁၁၀၀၀ သို့ မြင့်တက်ခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၁ရက် နေ့က ၁၃၈၈ ဒေါ်လာရှိခဲ့ပြီး ဇွန်လ ၃ ရက်နေ့တွင် ၁၃၉၈ဒေါ်လာသို့မြင့် တက်ခဲ့ပြီး ဇွန်လ ၇ရက်နေ့တွင် ၁၄၁၁ ဒေါ်လာရှိခဲ့သည်။
ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် ပြန်လည်၍ တက်ရိပ်ပြလာ ခဲ့ကြောင်း သိရသည်။ အတက်အကျ အနည်းငယ်ဖြင့် မငြိမ်မသက်ဖြစ်နေခဲ့ သည့် မြန်မာ့ရွှေဈေးသည် ယခုတစ် ပတ်အတွင်းတွင် ကျဆင်းနေခဲ့ရာ မှ ပြန်လည်အတက်ပြလာခဲ့ကြောင်းရွှေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ဒေါ်လာနဲ့ ငွေလဲနှုန်းမှာ ယခင် ၈၀၀ ကျော်ရှိရာမှ ၉၀၀ ကျပ်ဝန်းကျင် ထိ ဈေးမြင့်တက်လာခြင်းကြောင့် စိန် ဈေးနှုန်းမှာ ၆ လုံးစီး၊ ၄ လုံးစီး တစ် ရတီကို ၂၀၀၀၀ ကျပ်နဲ့ ၃၀၀၀၀ ကျပ် ကြား ဈေးမြင့်လာကြောင်း သိရပါ တယ်။ Mandalay Gem Center မှ ကျောက်မျက်ဆိုင်ရှင်တစ်ဦးက "သြင်္ကန် မတိုင်ခင်ကစပြီး၊ စိန်အရောင်း အဝယ် ပါးတယ်။ Order မှာတဲ့ သူလောက်ပဲ ရှိတယ်။ ဒေါ်လာဈေးတက်ပြီး၊ စိန်ဈေး လိုက်တက်တဲ့အချိန် မှာ ရွှေဈေးကွက် ဘက်ကို ပြောင်းဝယ်ကြတာ။ စိန် အရောင်းအဝယ်ပါးနေတော့ ဈေးကွက် မှာ စိန်အဝင်နည်းနေ တယ်။ ပစ္စည်းပြန် သွင်းတဲ့ သူလည်း များတယ်။ အိမ်ခြံမြေ ဈေးကလည်းအေး၊ ကားဈေးကလည်း ကျတော့ စိန်ပြန်သွင်းလာကြတယ်။ ငွေပြန်ပေါ်ချင်လို့ ပြန်ရောင်းကြတဲ့ သဘောပါ။ အမြတ်ရလို့ ပြန်ရောင်းတာ မဟုတ်ဘူး။ စိန်တစ်ရတီကိုက်၊ ၂ ရက်တီကိုက်ဆိုရင် ဈေးပိုတက်တယ်။ ပစ္စည်းကောင်းတဲ့ပေါ် မူတည်ပြီး၊ ဈေး မြင့်တာ" လို့ ပြောပါတယ်။ စိန်ဈေးနှုန်းမှာ ၁၀ လုံးစီး တစ် ရတီကို ကျပ် ၂သိန်းနဲ့ ၇ သိန်းကြား၊ အကျင် ၄၀ စီးတစ်ရတီကို ကျပ် တစ် သိန်းခွဲမှ ၆ သိန်းထိရှိပြီး၊ ပစ္စည်းရှား ကြောင်း သိရပါတယ်။ စိန်ဈေးနှုန်းမှာ ပစ္စည်းအရည်အသွေးအပြစ် အနာအဆာ ပေါ်မူ တည်ပြီး၊ဈေးနှုန်းကွာခြားကြောင်း သိရပါတယ်။ ဇူးဇူး - မန္တလေး