Background
တရုတ်နိုင်ငံမှာ လယ်ယာထွက်ကုန်ဈေးနှုန်းတည်ငြိမ်အောင် သတင်းအချက်အလက်ဝန်ဆောင်မှုများနဲ့ ဖြန့်ဝေမှုပိုမိုကောင်း မွန်ရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိတဲ့အတွက် ငွေကြေးဖောင်းပွမှု အတော်အတန် ငြိမ်သက်မယ်လို့ မျှော်မှန်းထားတဲ့တိုင် လွန်ခဲ့တဲ့ ၂ ပတ်ကျော်အတွင်း ကြက်ဥနဲ့ ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်လျက် ရှိတယ်လို့ သိရပါတယ်။ လတ်ဆတ်ကြက်ဥ ပျမ်းမျှ ဈေးနှုန်းဟာ မေလ ၂၁ ရက်မှ ဇွန် ၅ ရက်အထိ ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ရာ မြန်ဆန်လွန်းစွာ မြင့်တက်မှုက စံချိန်တင်ခဲ့တယ်လို့ လယ်ယာထွက်ကုန်ဈေးနှုန်း စောင့်ကြည့်ရေးအဖွဲ့မှ နောက်ဆုံးစာရင်းတွေအရ သိရပါတယ်။
အိန္ဒိယဈေးကွက်မှာ နနွင်းဈေးက ပုံမှန်ကျဆင်းနေပါတယ်။ တမီလ်နာဒူးမှာ အီရော့ဈေးကွက်တစ်ခုသာ နနွင်း ရောင်းချမှုရှိပြီး၊ အလားတူ မြောက်ပိုင်းပြည်နယ်တွေမှာလည်း Sangli နဲ့ နီဇမ်မာဘတ်တို့မှာသာ နနွင်းရောင်း ဝယ်မှုရှိတယ်လို့ သိရပါတယ်။ နိုင်ငံအတွင်း Assam အပါအဝင် ဒေသတော်တော်များမှာနနွင်းစိုက်ပျိုးမှုတိုးလာတယ်လို့သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ကုလားပဲဝယ်လိုအားနည်းပြီး ဈေးငြိမ်နေပါတယ်။ ဈေးကွက်များ ကို ပဲဝင်ရောက်မှု တစ်ရက်အိတ် ၃၀၀၀ ခန့်နဲ့ ပုံမှန်ဝင်ရောက်မှုရှိတဲ့တိုင် ဇွန်လစာချုပ် ကြိုပွိုင့်ဈေးကျဆင်းပြီး လက်တွေ့ အရောင်းအဝယ်ထိုင်းနေခြင်းကြောင့် ဈေးငြိမ်နေခြင်းဖြစ်ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို နွေပဲတီစိမ်းသစ်များ တစ်ရက်အိတ် ၃၀၀၀ ထိ တိုးလာတဲ့တိုင် ပဲတီစိမ်းခွဲခြမ်းဈေးတော့ တည်ငြိမ်နေပါတယ်။ မိုးပဲများလည်း စိုက်ပျိုးနေပြီဖြစ်ပြီး ဂူဂျာရတ်မှ တောင်သူများမှာ ဝါဂွမ်းအစား ဈေးပိုရတဲ့ မိုးပဲများ ပြောင်းလဲ စိုက်ပျိုးလာနိုင်တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခင်တစ်ပတ်ထက် အနည်း ငယ်လျော့ကျပါတယ်။ ယခင်တစ်ပတ်က တန် ၉၀၀၀ ကျော်တင်ပို့မှုရှိပေမဲ့ မေလ ၂၈ ရက်မှ ဇွန် ၁ ရက်အထိမှာတော့ စုစုပေါင်း တန် ၈၀၀၀ ကျော်သာ လျော့ကျ တင်ပို့ခဲ့ပါတယ်။ မေလတစ်လလုံး တင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၄၃၀၀၀ ကျော်ရှိပြီး ဧပြီလအတွင်းမှာ တန်ချိန် ၂၄၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁ မေလ အတွင်းမှာတော့ တန်ချိန် နှစ်သောင်းကျော်သာ တင်ပို့နိုင်ခဲ့လို့ ယခုနှစ်မေလ ကာလတူမှာ ထက်ဝက်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ယခင်နှစ် ဆောင်းရာသီမှာ အအေးလွန်ကဲခြင်းကြောင့် ပြည်တွင်းသီးနှံများ ပျက်စီးခဲ့တဲ့အတွက် ပြည်တွင်း စားသုံးမှု ဖြည့်ဆည်းဖို့ ပဲလိုအပ်ချက်ရဲ့ ၈၀ ရာခိုင်နှုန်းခန့် တင်သွင်းရဖွယ်ရှိတယ်လို့ ဇွန်လ ၃ ရက်နေ့မှာ ပဲတင်သွင်း သူများက ပြောကြားပါတယ်။ ယခင်နှစ် ဆောင်းရာသီက အအေးလွန်ကဲပြီး၊ ပဲသီးနှံရဲ့ ၈၀ ရာခိုင်နှုန်းဝန်းကျင် ပျက်စီးခဲ့လို့ ပြည်တွင်း ဝယ်လိုအား ပြည့်မီဖို့ ယခုအခါ တင်သွင်းရမယ်လို့ ပဲတင်သွင်းသူများခေါင်းဆောင် Anis Majeed မှ ပြောကြားပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်အတွင်းမှာ ရူပီးတန်ဖိုးကျဆင်းလို့ တင်သွင်းပဲ ဈေးကြီးမြင့်တဲ့အတွက် ပဲစင်းငုံဈေးလည်း ယခုတစ်ပတ်ဆက်လက်မြင့် တက် နေပါ တယ်။ ပြည်တွင်းပဲစင်းငုံလက်ကျန်နည်းနေတာကြောင့် ပြည်ပပဲစင်းငုံများ ဆက် တိုက်တင်သွင်းလျက်ရှိရာမှာ ရူပီးတန်ဖိုးကျဆင်းနေတဲ့အတွက် တင်သွင်းပဲဈေး မြင့်တက် လာတာဖြစ်ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုတစ်ပတ် အရောင်းအဝယ်အေး တာကြောင့် မတ်ပဲဈေး ငြိမ်နေပါတယ်။ မဟာရပ်ရှတရာရှိ ဈေးကွက်အများစုမှာ ပဲခွဲစက်များနဲ့ ကုန်သည်များမှ ဝယ်လိုအားနည်းတာကြောင့် ပြည်တွင်းမတ်ပဲ ဈေး ရော တင်သွင်းပဲဈေးပါ ဒီတစ်ပတ်လုံးငြိမ်နေပါတယ်။
စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်မှု လျော့ကျဖို့ ဆန်နဲ့အခြားစားသောက်ကုန်များ တင်သွင်းရေး တန်ဇန်းနီးယား အစိုးရက တွန်းအားပေးလာနိုင်တယ်လို့ တန်ဇန်းနီးယားဘဏ် (BOT) မှ ပြောကြားပါတယ်။ စားနပ်ရိက္ခာသီးနှံ ရှားပါးခြင်းနဲ့ ရေ နံ ဈေးမြင့်တက်ခြင်းတို့ကြောင့် အာဖရိကနိုင်ငံအတွင်း ဈေးနှုန်းဖောင်းပွမှုဟာ ၂၄ ရာခိုင်နှုန်း ဝန်းကျင်ရှိနေပါတယ်။
တရုတ်နိုင်ငံအကောက်အခွန်ရဲ့ ပြင်းထန်တဲ့ တားမြစ်မှုနဲ့ ထိုင်းသကြား ပရီမီယံ မြင့်တက်မှုတွေကြောင့် တရုတ်နိုင်ငံအတွင်း ကို သကြားတရားမဝင် တင်သွင်းမှုကျဆင်းခဲ့ကြောင်း၊ ယူနန်သကြားအသင်း အထွေထွေ အတွင်းရေးမှူး Deng မှ ပြောကြား ပါတယ်။ ပထမ ၃ လအတွင်း တရားမဝင်တင်သွင်းမှု တန်ချိန် ၅ သိန်းအထိ ရှိခဲ့လို့ နှစ်ပေါင်း ၁၇ နှစ်အတွင်းမှာ အများဆုံး ဖြစ်တယ်လို့ ဧပြီလအတွင်း ကွမ်းရှီးသကြားအသင်းမှ ပြောကြားပါတယ်။ ဒါပေမယ့် ဒုတိယသုံးလအတွင်းမှာတော့ သုံးပုံနှစ်ပုံခန့် တင်သွင်းမှု ကျဆင်းနိုင်တယ်လို့ ၎င်းင်းမှ ဆိုပါတယ်။