Background
၂၀၁၂-၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ပြောင်းထုတ်လုပ်မှု ပြန်လည်မြင့်တက်လာနိုင် ဖို့ခန့်မှန်းထားပြီး ချီကာဂိုကုန်သွယ်ရေးအသင်း IGC ကလည်း တရုတ်ကို တင် ပို့မှုဆက်လက်မြင့်မားနိုင်တယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။
အိန္ဒိယကြက်သွန်နီတင်ပို့သူများဟာ ပြည်ပဝယ်လက်များမှ အရည်အသွေးပြဿနာများနဲ့ ပတ်သက်လို့ ပြောကြားမှု တွေကြောင့်၎င်းင်းတို့ပို့ကုန်များ ပြန်လည်သိမ်းယူမှုစတင်ရတယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့မှု ၁၀ ခုအနက် ၆-၇ ခုနဲ့ ပတ်သက် လို့ အရည်အသွေးပြဿနာစောဒကတက်ခြင်းခံရတယ်လို့ ကြက်သွန်နီတင်ပို့တဲ့ United Pacific Agro ကုမ္ပဏီမှ ဒါရိုက်တာ Mr Rupesh Jaju မှ ပြောကြားပါတယ်။
အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ပြည်ပအဝယ်မှာယူမှုအသစ်မရှိခြင်း၊ ထုတ်လုပ်မှုမြင့်တက်ခြင်းနဲ့ လက်ကျန် များနေခြင်းများကြောင့် နနွင်းဈေး ဆက်လက်ကျဆင်းနေပါတယ်။ လက်ငင်းဈေးကျဆင်းခြင်းနဲ့အတူ ကြိုပွိုင့်ဈေးလည်း လျော့ကျ တယ်လို့သိရပါတယ်။ ဈေးနှုန်းနေ့စဉ်ကျဆင်းနေတာကြောင့် နနွင်းစိုက်ပျိုးသူများနဲ့ ကုန်သည်များ အခက်အခဲဖြစ်နေ တယ်လို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။
ယခင်တစ်ပတ်က အိန္ဒိယပြည်တွင်းကုလားပဲဈေးမာခဲ့ရာမှ ယခုတစ်ပတ် အတွင်းမှာ ယင်းဈေးအမြင့်နဲ့ တည်ငြိမ်နေတာ တွေ့ရပါတယ်။ ကြိုပွိုင့်ဈေးကွက်မှာ တော့ ဈေးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာ ကုလားပဲဈေး ကွက်တွေ ဖြစ်တဲ့ သြစတြေးလျမှာ အစောပိုင်းစိုက် ကုလားပဲအထွက် လျော့ကျဖွယ်ရှိတဲ့အပြင် ပါကစ္စတန်မှာလည်း ပဲအထွက်သိသိ သာသာကျဆင်းပြီး ဥပုသ်လရာသီဝယ်လိုအား မြင့်တက်တာကြောင့် ကုလားပဲ ဈေးကောင်းနေပါတယ်။
အိန္ဒိယနိုင်ငံမှာဆောင်းနဲ့မိုးသီးနှံကာလအကြား နွေပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုဟာ ယခင်နှစ်ထက် ၁၀ ဆနီးပါး ပိုမို မြင့် တက်ပြီး၊ ယခုရာသီမှာတန်ချိန် တစ်သန်းဝန်းကျင်ထိ ထွက်ရှိနိုင်တယ်လို့ သိရပါတယ်။ ၂၀၁၀-၁၁ မှာ ပဲမျိုးစုံ စုစုပေါင်း တန် ချိန်၁၈ သန်း ထုတ်လုပ်ခဲ့ပါတယ်။ တောင်သူအများစုဟာ မိုးရာသီစိုက်ပျိုးမှု မစတင်မီ ၎င်းတို့မြေများကို ထိန်းသိမ်းထားလိုတဲ့ အတွက် နွေလများမှာ ပဲမျိုးစုံတန် တစ်သိန်းခန့် ထုတ်လုပ်လေ့ရှိပါတယ်။
အိန္ဒိယပြည်တွင်းမှာ နွေစိုက်ပဲတီစိမ်းတွေ အသစ်ဝင်လာပြီဖြစ်လို့ ပြည်တွင်းပဲဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ပက တင်သွင်းတဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါဈေးကတော့ ငြိမ်နေပါတယ်။ နွေပဲတီစိမ်း စိုက်ပျိုးမှုက ယခင်နှစ်ထက် ပိုမိုပေမဲ့ မဒ္ဒရာပရာဒေ့ရှ်မှာတော့ ရေသွင်းဖို့ ပြဿနာရှိလို့ ပဲအထွက်က တစ်ဧကကို ကီလို ၅၀၀-၈၀၀ အတွင်းသာ ထွက် နိုင်တယ်လို့ သိရပါတယ်။
ပဲစင်းငုံစိုက်ပျိုးတဲ့ အိန္ဒိယနိုင်ငံပြည်နယ်များမှာ မိုးရွာသွန်းပြီး၊ သီးနှံထိခိုက်ခဲ့တဲ့ အတွက် ပြည်တွင်းပဲ အထွက်လျော့လာကာ လာမယ့်ကာလတွေမှာပဲစင်းငုံဈေးနှုန်း မြင့်တက်ဖွယ်ရှိနေပါတယ်။ ပြည်တွင်းဈေးကွက်များမှာ ပြည်ပတင်သွင်းပဲ အပေါ် မှီခိုရမှာဖြစ် လု့ိ ရူပီးတန်ဖိုး စံချိန်တင်ပမာဏကို ကျဆင်းနေခြင်းက တင်သွင်း ပဲဈေး တွေကြီးမြင့်လာဖို့ ဖြစ်နေပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ပဲခွဲစက်များနဲ့ ကုန် သည်များ အဝယ်အသစ် ထွက်လာတာကြောင့် ပဲစင်းငုံဈေးမြင့်တက်လာခဲ့ပါ တယ်။ ပြည်တွင်းဖြန့်ဖြူးဖို့ အဝယ်တင်ဒါရှိနေတဲ့အပြင် ရူပီးတန်ဖိုးကျဆင်းနေခြင်းတို့ကြောင့် ပဲစင်းငုံဈေး သိသိသာသာ ပိုလာခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲဈေးအေးနေပါ တယ်။ အိန္ဒိယရူပီးတန်ဖိုး ဆက်လက်ကျ ဆင်းနေခြင်းကြောင့် တင်သွင်းမတ်ပဲဈေး ကြီးမြင့်လာတဲ့အတွက် ဝယ်ယူမှုနည်းပြီး ဈေးအေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ တင်သွင်းသူများမှလည်း ဈေးနှုန်းကြီးမြင့်မှုကြောင့် တင်သွင်းမှု လျော့ကျ လာရာ မေ ၂၉ ရက်မှာ မွန်ဘိုင်းဆိပ်ကမ်းကို မြန်မာ မတ်ပဲကွန်တိန်နာ ၂၅ လုံးသာ ဝင်ရောက်တယ်လို့သိရပါတယ်။
ဗီယက်နမ်နိုင်ငံတောင်ပိုင်း Binh Phuoc ပြည်နယ်မှာ သီဟိုစေ့ဈေးနှုန်းတွေ ထိုးကျတာကြောင့် တောင်သူတွေက သည်း မခံနိုင်တော့ဘဲ သီဟိုဠ်ပင်တွေကိုခုတ်လှဲပြီး ရော်ဘာစိုက်ပျိုးဖို့ စိုင်းပြင်နေကြောင်း သိရပါတယ်။ အပင်အိုများ သာမက ပင်ပျိုများကိုပါ ပြည်နယ်တစ်ဝန်းခုတ်လှဲခံနေရကြောင်း သိရပါတယ်။ Phuoc Long ခရိုင်တွင်းရှိ Dong Xoai မြို့လမ်း တလျှောက်မှာ ၃ မီတာကျော်ရှိ သီဟိုသစ်လုံးတွေ တောင်ပုံရာပုံဖြစ်နေကြောင်း သိရပါတယ်။