Background
အိန္ဒိယမှာ မိုးရွာသွန်းမှုက ပုံမှန်အောက်ရောက်နေတဲ့အတွက် ပဲစိုက်ပျိုးမှု နှေးကွေးနေပါတယ်။ ဒါ့အပြင် ဥပုသ်လအတွက် ဝယ်လိုအားတိုးနေတာကြောင့် တင်သွင်းဖို့ လိုအပ်နေခြင်းကလည်း ပဲစင်းငုံဈေးကို မြင့်တက်စေ ပါတယ်။ ဈေးကွက် တွေကို ဝင်ရောက်မှု လျော့နည်းလာခြင်း၊ ပဲခွဲစက်များနဲ့ ကုန်သည်များရဲ့ ဝယ်လို အားဆက်ရှိနေခြင်း တို့ကြောင့် ဈေးဆက် လက်မြင့်တက်နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အိန္ဒိယ ဝယ်လက် အဝယ်သွက်နေတဲ့ အတွက် ပဲစင်းငုံ အရောင်းသွက် ဈေးမြင့်တက်နေပါ တယ်။ အိန္ဒိယဈေးကွက်မှာ လက်ကျန်ရှားပါးနေပြီဖြစ်ပြီး လက်ရှိပဲစင်းငုံစိုက်ပျိုးမှုက လည်း ယခင်နှစ်ထက် လျော့ကျတဲ့အတွက် အိန္ဒိယမှ ဝယ်လိုအား ကောင်းနေခြင်း ဖြစ်ပါတယ်။ ဇွန် ၂၂ ရက်မှ ၂၈ ရက်ထိ တစ်ပတ်အတွင်း ပဲစင်းငုံတန်ချိန် ၁၄၀၀၀ နီးပါး အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယပဲစိုက်တဲ့ဒေသတွေမှာ မိုးရွာသွန်းမှု ပုံမှန်အောက်လျော့ကျခြင်းနဲ့ ဝယ်လိုအားကောင်းခြင်းတွေကြောင့် ယခုတစ်ပတ်မှာလည်း အိန္ဒိယမတ်ပဲဈေး ဆက် လက်တိုးလာပါတယ်။ ပြည်တွင်းပဲလက်ကျန်လျော့ကျလာခြင်းနဲ့ အတူ ရူပီးတန်ဖိုး ဆက်တိုက်ကျဆင်းနေတဲ့အတွက်လည်း တင်သွင်းပဲဈေးများ တိုးလာတာ ဖြစ်ပါ တယ်။ ပဲစိုက်ပျိုးတဲ့ဒေသတွေမှာမိုးနည်းပါးလို့ စိုက်ပျိုးမှုနှေးကွေးလျက်ရှိရာ အင်ဒရာ ပရာဒေ့ရှ်မှာ မတ်ပဲစိုက်ပျိုးမှုက ယခင်နှစ် ကာလတူထက် ၄၅ ဒသမ ၄၅ ရာခိုင် နှုန်း ကျဆင်းပြီး တန်ချိန် ၁၁၀၀ သာရှိပြီး ဂူဂျာရက်မှာ ဟက်တာ ၁၀၀ သာ စိုက်ပျိုးထားပြီးကြောင်း သိရပါတယ်။ ဈေးကွက်ေ တွမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်-
ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်တာကြောင့် ဇွန်အတွင်း တရုတ်ကြက်သွန်ဖြူတင်ပို့အော်ဒါများ ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် ပြည်ပတင်ပို့မှု မြှင့်တင်ဖို့အစိုးရက ဦးစားပေးမူဝါဒအချို့ကို ထုတ်ပေးနိုင်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနမှ ဇွန်လ ၂၀ ရက်မှာ ပြောကြားပါတယ်။ လတ်ဆတ်ကြက်သွန်ဖြူ တင်ပို့ဈေးက ဇွန် ၁၀ ရက်မှာ တစ်တန် ကန်ဒေါ်လာ ၁၆၈၈ ရှိလို့ ယခင် တစ်နှစ် ထက် ၇၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ပြည်တွင်းကြက်သွန်နီဈေးတည်ငြိမ်စေဖို့အတွက် ပိုမိုသင့် တော်တဲ့ တင်သွင်းချိန် ဇယားချမှတ်ခြင်းဖြင့် ကြက်သွန်နီကုန်သွယ်ရေးအစီအစဉ် များ တိုးမြင့်မယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောကြားပါတယ်။ ပြည်တွင်းဈေး ကျဆင်းဖို့ ဖိအားဖြစ်စေတဲ့ ပိုလျှံမှုမရှိရအောင် ရိတ်သိမ်းရာသီကျော်လွန်မှသာ တင်သွင်းခွင့်ပြုသွားမှာ ဖြစ်ကြောင်း၊ ဇွန် ၁၅ ရက်မှာ ပြည်တွင်းကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် Gunaryo က ပြောကြားပါတယ်။
ပါကစ္စတန်နိုင်ငံ ကရာချိရဲ့ လက်လီလက်ကားဈေးကွက်တွေမှာ ကုလားပဲဈေးက စတင်ကျဆင်းလာပြီလို့ သိရပါတယ်။ ယခင်နှစ်က ရာသီဥတု ဆိုးဝါးတဲ့အတွက် စိုက်ပျိုးထားတဲ့ အပင်များပျက်စီးခဲ့ရပြီး၊ ပန်ဂျပ်မှာ နှစ်စဉ် အထွက်နှုန်းကျဆင်းခဲ့ကာ လွန်ခဲ့တဲ့ ၃ လအတွင်း ဈေးနှုန်းကြီးမြင့်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်များမှာ ပြည်တွင်းမှာ ပဲအမြောက်အမြားအထွက် ပိုခဲ့လို့ ဈေးနှုန်းကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ယခုနှစ်မုတ်သုံမိုးမတိုင်မီထိတော့ ပဲဈေးက မြင့်တက်နေ ခဲ့ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ကုလားပဲဝင်ရောက်မှုရှိနေပေမဲ့ အရောင်းအဝယ်ပါးတဲ့အတွက် ယခုတစ်ပတ်ဈေး အပြောင်းအလဲနည်းပါတယ်။ ကြိုပွိုင့်ဈေးလည်း လျော့ကျတယ်လို့ သိရပါတယ်။ ဈေးကွက်တွေကို စုစုပေါင်း တစ်ရက် ကုလားပဲအိတ် ၈၀၀၀၀- ၈၅၀၀၀ ခန့်ဝင်ရောက်တယ်လို့ သိရပါတယ်။ ဧပြီလ ၁၁ ရက်မှ မတ်လ ၁၂ ရက်အထိ ကုလားပဲ တန်ချိန် ၂ ဒသမ ၀၃ သိန်းတင်သွင်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ပဲစိုက်ပျိုးမှု နှေးကွေးနေတဲ့ သတင်းတွေအရ တောင်သူ များနဲ့ ကုန်သည်တချို့က ဈေးတက်မယ်မှန်းပြီး ရောင်းချမှု နည်းနေတယ်လို့ သိရပါတယ်။ ဈေးကွက်တွေ မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်လက်လီ အဝယ်တက်လာပြီး ပဲထွက်ရှိရာဒေသများမှပဲအဝင်နည်းတဲ့အတွက် ပဲတီစိမ်းဈေးတိုးလာပါတယ်။ အိန္ဒိယ ကုန်သွယ်ရေးနဲ့ စက်မှုလက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ဧပြီ ၁၁ ရက်မှ မတ် ၁၂ ရက်အထိ မတ်ပဲနဲ့ ပဲတီစိမ်းတန်ချိန် ၁ ဒသမ ၁၂ သိန်း တင်သွင်းခဲ့ ကြောင်းသိရပါတယ်။
အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံအတွက် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း တိုးမြှင့်ခြင်းက ပဲစင်းငုံဈေးနှုန်းထပ်မံ မြင့်တက်စေဖို့ဖြစ်စေတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မိုးရာသီအတွင်း ဝယ်လိုအားမြင့်တက်ဖွယ်ရှိပြီး ပြည်ပတင်သွင်းမှုအပေါ်ကို မှီခိုမှု ပိုမိုလာတဲ့အတွက် ပဲစင်းငုံဈေးနှုန်း ဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခင်တစ်ပတ်က မတ်ပဲဈေးအနည်းငယ် လျော့လာရာမှ ယခုတစ်ပတ်မှာ အဝယ်ပြန်လိုက်လာလို့ ဈေးအနည်းငယ် တိုးလာ ခဲ့ပါတယ်။ ပဲထုတ်လုပ်ရာဒေသမှ ပဲအဝင်နည်းပေမဲ့ လက်လီ ဈေးကွက်မှာ ဝယ်လို အားတက်တာကြောင့် လက်ကားဈေးများ မြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါ တယ်။