Main menu

Background

Tuesday, 3 Jan 2012

    အိန္ဒိယနိုင်ငံမှာ စီးပွားရေးကျဆင်းတဲ့အပြင် ထုတ်လုပ်မှုပါ ကျဆင်းခဲ့တာကြောင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ နှစ်စကခန့်မှန်းထားတာထက် ရော်ဘာဝယ်လိုအား ကျဆင်းနိုင်ကြောင်းရော်ဘာအသင်း ဥက္ကဌက ပြောကြားခဲ့ပါတယ်။ ယခုနှစ် ပထမရှစ်လမှာ သုံးစွဲမှုက မူလခန့်မှန်းခြေအောက်လျော့ကျခဲ့ပြီး လစဉ်ပျမ်းမျှ သုံးစွဲမှု ၇၉၀၇၆ တန်ရှိကာ မူလလျာထားချက်က ၈၁၄၁၆ တန်ရှိကြောင်းသိရပါတယ်။

Sunday, 1 Jan 2012

    အိန္ဒိယက ကြက်သွန်နီပို့ကုန်အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ချက်ကို တစ်တန်မှာ ကန်ဒေါ်လာ ၂၅၀ ကို လျှော့ချပေးလိုက် ပေမဲ့လည်း အပြည်ပြည်ဆိုင်ရာဈေးကွက်မှာ တရုတ်နဲ့ အီဂျစ်က တစ်တန်ကို ကန်ဒေါ်လာ ၂၀၀ အောက်နဲ့ ရောင်းချလျက် ရှိတာကြောင့် အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှုကျဆင်းသွားကြောင်း သတင်းရရှိပါတယ်။ ယခုနှစ် နိုဝင်ဘာလအတွက် အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှုက ယခင်နှစ်အလားတူ ကာလနဲ့ နှိုင်းယှဉ်ရာမှာ ၃၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း လယ်ယာသမဝါယမ NAFED  ရဲ့ ရင်းမြစ်တွေအရ သိရှိရပါတယ်။

Sunday, 1 Jan 2012

    အိန္ဒိယနနွင်း လက်ငင်းဈေးကွက်များမှာ ဒေလီမှ အမှာအော်ဒါများရရှိတာကြောင့် နနွင်းဈေးမြင့်တက်ခဲ့ ပါတယ်။ အထူးသဖြင့် အရည်အသွေးအလွန်ကောင်းမွန်တဲ့ စပ်မျိုးနနွင်းများကို ကုန်သည်များအမှာအော်ဒါ  များများရရှိတယ်လို့ အီရော့နနွင်းကုန်သည်များအသင်းဥက္ကဌ မစ္စတာအာကေဗွီ ရာဗီရှန်ကာကပြောကြားပါတယ်။

Sunday, 1 Jan 2012

    အိန္ဒိယဈေးကွက်တွေမှာ ပဲအထွက်ပိုမိုမယ့် သတင်းများအရ လှောင်လက်များ ထုတ်ရောင်းချမှုများခြင်းကြောင့် ကာဘူလီကုလားပဲဈေး ကျဆင်းခဲ့ပါတယ်။ လက်ရှိ ပဲပင်အခြေအနေအရ ကာနာတာကာမှာ ကုလားပဲထုတ်လုပ်မှု တန်ချိန် ၂ ဒသမ ၅ သိန်းဝန်းကျင်ရှိနိုင်ပြီး စုစုပေါင်း တန်ချိန် ၇ သိန်းကျော်ထွက်မယ်လို့ ခန့်မှန်း ထားပါတယ်။

Sunday, 1 Jan 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေဖြစ်တဲ့ ဒေလီ၊ မဒ္ဒရာပရာဒေ့ရှ်နဲ့ ဥတ္တရာပရာဒေ့ရှ်ရှိ စက်သမားများမှ အဝယ်တက်လာ တာကြောင့် ပဲတီစိမ်းဈေး အနည်းငယ်တိုးလာပါတယ်။ ဝင်ရောက်မှုအနေနဲ့ တစ်ရက်ကို အိတ် ၁၅၀၀၀-၂၀၀၀၀ ဝန်းကျင်သာရှိ တယ်လို့ သိရပါတယ်။

Sunday, 1 Jan 2012

    အိန္ဒိယဈေးကွက်တချို့ကို ပဲအသစ်များဝင်ရောက်မှု ရှိပေမဲ့ ဝယ်လိုအားနည်း တာကြောင့်ဈေးကျဆင်းခဲ့ရာမှ အရောင်းအဝယ်အသင့်အတင့်ပြန်ဖြစ်ခဲ့လို့ ဈေးပြန် မာလာခဲ့ပါတယ်။ အမ်ရာဝါတီ ပဲစင်းငုံများ စတင်ရိတ်သိမ်း နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒေလီဈေးကွက်ကိုတော့ ထရပ်ကားတစ်စီးသာ အဝင်ရှိခဲ့တယ်လို့ သိရပါ တယ်။

Sunday, 1 Jan 2012

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း ပုံမှန် တင်ပို့နေပါတယ်။ အိန္ဒိယဝယ်လက်တွေ အဝယ်ဆက်ရှိနေတဲ့အတွက် မှန်မှန်တင်ပို့ မှုရှိနေပြီး ဒီဇင်ဘာလ ၁၉ ရက်မှ ၂၃ ရက်အတွင်း တန်ချိန် ၆၉၀၀ ခန့်တင်ပို့ခဲ့ပါ တယ်။

Sunday, 1 Jan 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တချို့ကို မတ်ပဲဝင်ရောက်မှု ဆက်လက်ရှိနေပြီး ဝယ်လိုအားပါးနေတဲ့အတွက် ယခုတစ်ပတ်မှာလည်း ဈေးဆက်လက်ကျဆင်းနေပါ တယ်။ ဒါ့အပြင် ဒေလီဈေးကွက်မှာ မတ်ပဲအိတ် ၂ သိန်း ဝန်းကျင် သိုလှောင် ထားရှိပြီး လှောင်လက်များမှ ထုတ်ရောင်းနေတဲ့အတွက် ဈေးကျဆင်းနေခြင်းဖြစ် တယ်လို့ သိရပါတယ်။

Monday, 26 Dec 2011

    လွန်ခဲ့တဲ့ ဒီဇင်ဘာလ အိန္ဒိယမှာ ပြည်တွင်းကြက်သွန်နီ ဈေးကြီးမြင့်ခဲ့တဲ့အတွက် စားသုံးသူတွေကို အကာအကွယ်ပေးဖို့ ဈေးကွက်တွေမှာ အစိုးရရဲ့ ကြားဖြတ်ဆောင်ရွက်မှုတွေလုပ်ပေးခဲ့ပြီး၊ ယခုနှစ်မှာတော့ ထွက်ရှိမှု များတဲ့အတွက် ဈေးနှုန်းနိမ့်ကျ နေတဲ့ တောင်သူတွေကို ကယ်တင်ဖို့ အစိုးရက ကြိုးစားနေရပြန်ပါတယ်။ ကြက်သွန်နီအများဆုံး စိုက်ပျိုးတဲ့ မဟာရှပ်ရှတရာမှာ တစ်ကီလို ၅ ရူပီး(ကန်ဒေါ်လာ သုညဒသမ ၀၉၅)အောက်ကိုကျဆင်းခဲ့လို့ ၄နှစ်အတွင်းပထမဆုံးအနေနဲ့ ဈေးကျဆင်းခဲ့ပါတယ်။

Monday, 26 Dec 2011

    အိန္ဒိယနနွင်းဈေးကွက်များမှာ ပြည်တွင်းအမှာအော်ဒါများကို ဖြည့်ဆည်းဖို့ အဝယ်ရှိလို့ ဒီဇင်ဘာ ၂၂ ရက် နနွင်းဈေး အနည်းငယ်တိုးလာပါတယ်။ ပြည်တွင်းနနွင်းမှုန့်ကုန်သည်များနဲ့ မဆလာပြုလုပ်သူများမှ အမှာများများရရှိတဲ့အတွက် ကုန်သည် များဟာ ဈေးပိုပေးဝယ်ယူကြခြင်းဖြစ်တယ်လို့ အီရော့နနွင်းကုန်သည်များ အသင်း ဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာက ပြောကြားပါတယ်။

Pages