Background
အိန္ဒိယဈေးကွက်ကို မဒ္ဒရာပရာဒေ့ရှ်၊ ကာနာတာကာနဲ့ မဟာရပ်ရှတရာ တို့မှ ပဲအထွက်ပိုမိုခြင်းနဲ့ လှောင်လက်များမှ ရောင်းချမှုတွေ ရှိလာတဲ့အတွက် ကုလားပဲဖြူလုံးကြီးရော၊ ရိုးရိုးကုလားပဲဈေးရော ကျဆင်းခဲ့ ပါတယ်။ ရန်ကုန် ကုလားပဲဖြူလုံးကြီး တစ်တန် ရူပီး ၄၀၀၀၀-၄၁၀၀၀ (ကန်ဒေါ်လာ ၇၉၈-၈၁၈) နဲ့ တည်ငြိမ်နိုင်ပေမဲ့ ပြည်တွင်းကုလားပဲဖြူလုံးကြီးမှာ ထပ်မံကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
မန္တလေးပဲမျိုးစုံဈေးကွက်မှာပဲတီစိမ်းဟာ တစ်နှစ်ပတ်လုံးရဲ့ ရောင်းအားအရှိဆုံးသီးနှံအဖြစ် တွေ့ရှိရပါတယ်။ လတ်တလော ဈေးကွက်မှာလည်း သူ့အရည်အသွေးနဲ့သူ အရောင်းအဝယ်ဖြစ်နေပြီး တရုတ်ဈေးကွက်ကိုလည်း ပုံမှန်တင်ပို့မှုရှိနေခဲ့ပါတယ်။ တရုတ်ဈေးကွက်ကို ပဲတီစိမ်းကုန်ကြမ်းအတိုင်း အပြင်Value Added ကုန်များအဖြစ် အခွံချွတ်အလုံးများနဲ့ ခွဲခြမ်းများကိုပါ တင်ပို့မှုရှိနေလို့ ကုန်စည်ဒိုင်မှာ အရောင်းအဝယ်မဖြစ်တဲ့နေ့ မရှိဘူးလို့ ဆိုပါတယ်။
ယခုဖြစ်ပွားနေတဲ့ H5N1အမျိုးအစား ကြက်ငှက်တုပ်ကွေးရောဂါကို ကြေညာသည်ဖြစ်စေ၊ မကြေညာသည်ဖြစ်စေ မလေးရှား လက်အိတ်လုပ်ငန်းများအတွက်ကတော့ အဆိုးဆုံးအခြေအနေကို ကျော်လွန်သွားပြီ ဖြစ်ကြောင်း OSK ကုမ္ပဏီရဲ့ သုတေသီများက ပြောကြားခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဆက်လက်ပျံ့နှံ့မယ်ဆိုရင် ၂၀၀၉ ခုနှစ်မှာ H1N1 ဗိုင်းရပ်စ် ပျံ့နှံ့ခဲ့စဉ်ကလို လက်အိတ်ကဏ္ဍရဲ့ အလားအလာ အပေါင်းလက္ခဏာဆောင်မှာ ဖြစ်ကြောင်း ၎င်းသုတေသီများက ပြောကြားပါတယ်။
တရုတ်နိုင်ငံမှာ ကြံတောင်သူတွေကို အကူအညီပေးဖို့နဲ့ ပြည်တွင်းဈေးကို ကြမ်းခင်းဈေး တစ်ခုသတ်မှတ်ဖို့ အတွက် ယခုနှစ် သကြားဖြူတန်ချိန် ၂ သန်းခန့် သိုလှောင်ဖို့ အစီအမံတစ်ခုကို စဉ်းစားနေတယ်လို့ သိရပါတယ်။ ဈေးကွက်ပိုင်းဆိုင် ရာ တာဝန်ယူရတဲ့ စီးပွားရေး၊ စီမံကိန်းအေဂျင်စီဖြစ်တဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ပြန်လည်တည်ဆောက် ရေးကော်မရှင် (NDRC)ဟာ ဗဟိုအစိုးရမှ ဝယ်ယူမယ့် တန်ချိန် ၁ သန်း၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဝယ်ယူမယ့် တန်ချိန် ၆ သိန်းနဲ့ အခြားဒေသအာဏာပိုင်များ ဝယ်ယူမယ့်တန်ချိန် ၄ သိန်းတို့နဲ့ ပတ်သက်တဲ့ အစီအမံကို စဉ်းစားနေကြောင်း လေ့လာဆန်းစစ်သူများက ဆိုပါတယ်။
အိန္ဒိယအစိုးရဟာ ကြက်သွန်နီတင်ပို့မှု ကျဆင်းနေတဲ့အတွက် တင်ပို့မှုမြှင့်တင်ဖို့ ပြည်ပတင်ပို့မှု အနိမ့်ဆုံးဈေးကို တစ်တန် ကန်ဒေါ်လာ ၁၀၀ လျှော့ချပြီး၊ တစ်တန်ကန်ဒေါ်လာ ၁၅၀ ကို သတ်မှတ်ခဲ့ပါတယ်။ ဘင်ဂလိုရီ နှင်းဆီကြက်သွန်နဲ့ ခရစ်နာ ပူရမ်ကြက်သွန်နီမှအပ အခြားကြက်သွန်နီတင်ပို့ အနိမ့်ဆုံးဈေးမှာ တစ်တန်ကန်ဒေါ်လာ ၁၅၀ ဖြစ်ကြောင်း၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် မှ သတ်မှတ်ထုတ်ပြန်ချက်ကို ပြောကြားခဲ့ပါတယ်။
အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှု အနိမ့်ဆုံးဈေး (MEP)တစ်တန်ကန်ဒေါ်လာ ၂၅၀ ထိမြင့်တက်နေလို့ ယခုဘဏ္ဍာနှစ်ရဲ့ ပထမ ၉ လအတွင်း ကြက်သွန်နီတင်ပို့မှုဟာ မနှစ်က ကာလတူနဲ့ ယှဉ်ရင် ၂၃ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။ တရုတ်နဲ့ အီဂျစ်တို့က နိုင်ငံတကာဈေးကွက်မှာ တစ်တန်ကန်ဒေါ်လာ ၂၀၀ ထက်နည်းတဲ့ ဈေးနဲ့အမြောက်အမြား ရောင်းချနေရာ ယူနေတယ်လို့ ကုန်သည်များက ဆိုပါတယ်။
ယခင်ရက်ပိုင်းအတွင်း ဈေးမြင့်တက်ခဲ့တဲ့ အိန္ဒိယနနွင်းဈေးဟာ ယခုတစ်ပတ်အတွင်းမှာတော့ ဝယ်လိုအားပါးလာလို့ ဈေးပြန်ကျလာခဲ့တာလို့သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းကို တောင်သူတွေ ရောင်းချနိုင်ခြင်းမရှိတဲ့ နနွင်းအိတ် ၁၂၀၀၀ ကျော်ထိဝင်ရောက်မှုရှိတဲ့အတွက် ဈေးကွက်မှာ လက်ကျန်သိုလှောင်မှု တွေ ပိုမိုလာစေပါတယ်။ ဒါပေမဲ့ သိုလှောင်မှုရဲ့ ၆၀ ရာခိုင်နှုန်းခန့်သာ ရောင်းချခဲ့ရတယ်လို့ဆိုပါတယ်။
အိန္ဒိယရဲ့ ဆောင်းပဲမျိုးစုံစိုက်ပျိုးမှုမှာ အဓိကအားဖြင့် ကုလားပဲဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ထိ ကုလားပဲစိုက်ပျိုးမှုဟာ ဟက်တာ ၈ ဒသမ ၆၄ သန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၉ ဒသမ ၁၈ သန်းထက် ၅ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းနေပါတယ်။ အဓိက စိုက်ဧရိယာကျဆင်းတဲ့ မဟာရပ်ရှ တရာမှာ ၂၃ ရာခိုင်နှုန်းနဲ့ ကာနာတာကာမှာ ၁၉ ရာခိုင်နှုန်းအသီးသီးကျ ဆင်းခဲ့ ပါတယ်။ စိုက်ဧရိယာ ကျဆင်းလို့ ထွက်ရှိမှုလည်း လျော့ကျနိုင်တဲ့အတွက် ကုလားပဲ ဈေး ခိုင်မာနေမယ်လို့ ခန့်မှန်းကြပါတယ်။
အိန္ဒိယပဲစင်းငုံစိုက်ပျိုးရာ မဟာရပ်ရှတရာမှ ပဲစင်းငုံပျက်စီးတဲ့ သတင်းများ ကြောင့် ပဲခွဲစက်တွေ ဝယ်လိုအားရှိလာလို့ ပဲစင်းငုံဈေး အနည်းငယ်တိုးလာခဲ့ပါ တယ်။ ဒါပေမဲ့ ဒေသတွင်းနဲ့ နိုင်ငံအထက်ပိုင်းမှ အဝယ်မရှိသေးဘူးလို့ သိရပါတယ်။ ဈေးကွက်များကို ပဲစင်းငုံအသစ် ပုံမှန်ဝင်ရောက်နေပြီး ပြည်ပက တင်သွင်းပဲတွေ ဆက်လက်ရောင်းချမှုတွေ ရှိပေမဲ့ ပဲခွဲစက်တွေနဲ့ ကုန်သည်တွေရဲ့အဝယ်တချို့ ရှိ တာကြောင့် ပဲစင်းငုံဈေးက အတော်အသင့် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-
ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်တွေ အဝယ် ပါးလို့ မတ်ပဲဈေးကျဆင်းခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်ဈေးနှုန်း ကျဆင်းတာကြောင့် လည်း ပဲအဝယ်နည်းသွားတယ်လို့ သိရပါတယ်။ ရောင်းဝယ်မှုပါးလို့ ဈေးကျဆင်း ဖွယ်ရှိပေမဲ့ စက်တင်ဘာလတိုင်အောင် ပဲအသစ်ဝင်ရောက်မှာမဟုတ်လို့ မတ်ပဲဈေး တဖန်ပြန်လည်မြင့်တက်နိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-