Main menu

Background

Sunday, 6 Jan 2013

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ထိကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ၂ ဒသမ ၂၈၆ သန်း တန်ဖိုးရှိ ရော်ဘာ အဆင့်စုံတန် ၈၃၀ ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ် ရော်ဘာအဆင့်စုံနဲ့ ရော်ဘာသစ်ခွဲသား တန် ၂၀၁၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာ ယခင်အပတ်က တင်ပို့မှုမရှိတဲ့ လွယ်ဂျယ်နယ်စပ်စခန်းမှ ရော်ဘာ အဆင့်စုံ တန် ၂၀ တင်ပို့နိုင်ခဲ့ပေမယ့် မူဆယ်မှတန် ၃၈၀ ကျော်၊ ချင်းရွှေဟော်မှ တန် ၆၁၂ ကျော်တင်ပို့မှုလျော့ခဲ့ပြီး မြိတ်နယ်စပ်စခန်းမှလည်း တင်ပို့မှု မရှိခဲ့တာ ကြောင့် ယခင်အပတ်ကထက် တန် ၁၁၈၀ လျော့နည်းတင်ပို့ခဲ့ တာတွေ့ရပါတယ်။ စခန်းအလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၈၀ သန်းတန်ဖိုးရှိ RSS-1၂၇ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၈၂၇ သန်းတန်ဖိုးရှိRSS-3  ၃၀၀ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၂၉၀ သန်းတန်ဖိုးရှိ MSR-20 တန် ၁၀၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၃၅ သန်းတန်ဖိုးရှိ MSR-50 ၅၁ တန်၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၈၈၅ သန်းတန်ဖိုးရှိ RSS-3  တန် ၃၂၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်းတန်ဖိုးရှိRSS-5 ၅ တန်ကျော်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ  ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်၂၀ အသီးသီး တင်ပို့ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလတစ်နှစ်တာကာလ အတွင်းမှာတော့ ကန်ဒေါ်လာ ၁၅၀ ဒသမ ၉၁၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၄၈၂၆၀ ကျော်နဲ့ ကန်ဒေါ်လာသုည ဒသမ ၅၇၅ သန်းတန်ဖိုးရှိ ရော်ဘာ သစ်ခွဲသား တန် ၁၂၆၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ရော်ဘာဈေးနှုန်းများ ပြောင်းလဲမှုမရှိတာကို တွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံမြေပြင် ပေါက်ဈေးများ ကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -
မိမိဘက်(ကျပ်/တန်)                               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)            ယခု               ယခင်    ပြောင်းလဲမှု    %      ယခု       ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၇၀၄၀၀    ၂၅၇၀၄၀၀          -           -      ၃၀၈၁    ၃၀၈၁            -            -RSS - 5    ၂၅၀၂၄၀၀    ၂၅၀၂၄၀၀          -            -     ၃၀၀၁     ၃၀၀၁           -            -MIRT (DOBT)

Sunday, 6 Jan 2013

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိကာလ အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်စခန်းမှသကြားတင်ပို့မှုဟာ ယခင် အပတ်တင်ပို့မှုထက် ယခုအပတ်မှာ ၇၈၅ တန်ကျော် သိသိသာသာပိုမိုတင်ပို့ခဲ့တယ် လို့ သတင်းရရှိပါတယ်။ ကန်ဒေါ်လာ ၁၃၃၁ ဒသမ ၉၂၃ သန်းတန်ဖိုးရှိ သကြားညို ၉၅၆ တန်ကျော်နဲ့ သကြားဖြူ ၆၁၂ တန်ကျော်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ အတွင်းမှာ မူဆယ်နဲ့ ချင်းရွှေဟော်စခန်းမှ သကြားဖြူ ၁၁၅၄ တန်ကျော်နဲ့ သကြားညို  ၂၈၈၁ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ သကြားဖြူနဲ့ သကြားညို ၂၀၈၄၁ တန်တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။                          MIRT (DOBT)

Sunday, 6 Jan 2013

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၇၅၆ သန်းတန်ဖိုးရှိ ငရုတ်သီးခြောက် ၃၇၃ တန်ခန့်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်အတွင်းမှာ တင်ပို့နိုင်ခဲ့ ပါတယ်။ ငရုတ်သီးခြောက်များကို ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးုဇုန်တစ်ခုတည်းမှတင်ပို့ခဲ့ပြီး ယခင်အပတ်က ၁၇၁ တန်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၂၀၀ ကျော် ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ ငရုတ်သီးခြောက်များကို တရုတ်ဘက်မှာ ဟင်းခတ်ရာမှာ အဓိကအသုံးပြုကြပါတယ်။ ဒီဇင်ဘာလတစ်လလုံးမှာ ၁၈၆၇ တန် တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၁၈၇ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လု့ိ သိရပါတယ်။ ခင်မိုးသူ၊ MIRT (DOBT)

Sunday, 6 Jan 2013

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နနွင်း ၄၃ တန်ကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်နေ့ အတွင်းတင်ပို့ခဲ့ပါ တယ်။ ဒီတစ်ပတ်မှာပါကစ္စတန်နိုင်ငံကို တန် ၃၀ နဲ့မလေးရှားနိုင်ငံကို ၁၃ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်အပို့ပျောက်ခဲ့တဲ့နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခင်တစ်ပတ် FOB ဈေးက ကန် ဒေါ်လာ ၅၃၀ ကျော်ရရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၀၀ ဝန်းကျင်သာရရှိခဲ့တယ် လို့သိရပါတယ်။                                                 MIRT (DOT)

Sunday, 6 Jan 2013

အိန္ဒိယလက်ငင်းဈေးကွက်တွေမှာ ကြိတ်ခွဲစက်တွေက ကုလားပဲကို ဝယ်အားကောင်းလာတဲ့အတွက် ကုလားပဲ ကြို ပွိုင့်ဈေးတွေလည်း ဗုဒ္ဓဟူးနေ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က မြင့်တက်ခဲ့ပါတယ်။ NCDEX  ကုန်စည်ဒိုင်မှာ   ဇန်နဝါရီလပစ္စည်းပို့နဲ့ကုလားပဲဈေးသုည ဒသမ ၇၇ ရာခိုင်နှုန်း မြင့်ပြီး ၁၀၀ ကီလိုဂရမ်ကို ၃၉၀၈ ရူပီးဈေး (တစ်တန် ၇၁၉ ဒေါ်လာ)ခန့် ဈေးရှိလာပါတယ်။ နယူးဒေလီ လက်ငင်းဈေး ကွက်တွေမှာလည်း ကုလားပဲ ၁၀၀ ကီလိုဂရမ်ကို ၃၇ ဒသမ ၅ ရူပီး မြင့်တက်ပြီး ၃၉၇၅ ရူပီး (တစ်တန် ကို ၇၃၁ ဒေါ်လာ)ခန့် အထိ ဈေးရှိနေပါတယ်။ ကြိတ်ခွဲစက်တွေ ဝယ် အားကောင်းလာတာကြောင့် ပြည်တွင်းမှာ ကုလားပဲအသစ် ပေါ်ထွက်လာတဲ့အထိ ဈေးခိုင်မာနေမှာဖြစ်ပါတယ်။ မွန်ဘိုင်း ဈေးကွက်မှာလည်း မတ်ပဲ၊ ပဲစင်းငုံကို ပဲခွဲစက်တွေနဲ့ ကုန်သည် တွေ ဝယ်အားရှိလာတဲ့အတွက် ဈေးတက်လာခဲ့ပါတယ်။

Monday, 31 Dec 2012

ပြည်တွင်းတွင်ပေါများစွာထွက်ရှိပြီး ပြည်ပသို့ ကုန်ကြမ်းအတိုင်း တင်ပို့လျက်ရှိသော မြန်မာ့ ရော်ဘာကုန်ကြမ်းများအား အသုံးပြုပြီး ပြည်တွင်း စက်ရုံတွင် ထုတ်လုပ်ထားသည့် Yangon Tyre (7.00-16)(12PR)တစ်လုံးလျှင်  အမေရိကန် ဒေါ်လာ ၇၅ ဖြင့် တာရာ ၃၅၀ လုံးအား မလေး ရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တင်ပို့ရန် အတွက် ကုမ္ပဏီတစ်ခုမှ ပို့ကုန်လိုင်စင်လာရောက် လျှောက်ထားခဲ့ကြောင်း သိရှိရပါတယ်။

Monday, 31 Dec 2012

အာဆီယံ-အိန္ဒိယနိုင်ငံများ ဆက်သွယ်ရေးလမ်းကြောင်းပေါ် ကားမောင်းခရီးစဉ်ကို အင်ဒိုနီးရှားနိုင်ငံမှ စတင်ထွက်ရှိခဲ့ရာ ယခုလ ၁၃ ရက်နေမှာ မန္တလေးမြို့ကိုရောက်ရှိပြီး ၁၄ ရက် နံနက်မှာ မန္တလေးမြို့မှ ထွက်ခွာမှာဖြစ်ကြောင်း သိရပါတယ်။

Monday, 31 Dec 2012

ဗီယက်နမ်နိုင်ငံဟာ လာမယ့်နှစ်ဆန်းမှစပြီး သကြား တင်သွင်းမှုအပေါ် အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ သိရတယ်။၂၀၁၃ ခုနှစ်မှာ  ဗီယက်နမ်သကြားပိုလျှံမယ် ခန့်မှန်းပြီး ပြည်တွင်းသကြားထုတ်လုပ်တဲ့ လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့နဲ့ သွင်းကုန် အခွန်တိုးမြှင့်ကောက်ခံဖို့ စီစဉ်ရခြင်းဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားတယ်။

Wednesday, 26 Dec 2012

ခရစ္စမတ်ရာသီအတွင်းဝယ်လိုအားမြင့်တက်တာကြောင့် ပြည် တွင်း ရောင်းချမှုတိုးမြှင့်ဖို့ တရုတ်နဲ့အိန္ဒိယ ကြက်သွန်နီများ ဖိလစ်ပိုင် နိုင်ငံအတွင်း ဝင်ရောက်မှုစတင်လာပြီလို့သိရပါတယ်။ ဟင်းသီးဟင်း ရွက်တင်သွင်း  သူများနဲ့ တင်ပို့သူများအသင်း(VIEUA) မှလွန်ခဲ့တဲ့ ၂ လကျော်မှာ ဖြစ်ပွားခဲ့တဲ့ကြက်သွန်နီပြတ်လပ်မှုကို ယခုတင်သွင်းခြင်း က အကူအညီ ဖြစ်စေလိမ့်မယ်လို့ဆိုပါတယ်။ ဒီဇင်ဘာလဟာ ပုံမှန် အားဖြင့် ပိတ်ရက်များ ကြောင့် ဖိလစ်ပိုင်နိုင်ငံအတွင်း ကြက်သွန်နီ စားသုံးမှု မြင့်တက်လေ့ရှိပါတယ်။

ယင်းလအတွင်း ဖိလစ်ပိုင်ပြည်သူများဟာ ကြက်သွန်နီပျမ်းမျှ တန်ချိန် ၇၀၀၀-၈၀၀၀ ခန့်စားသုံးပါတယ်။ တင်သွင်းမှုက ရက် ၂၀ လောက်သာကောင်းမယ်။ စားသုံးသူတွေက အစောပိုင်းရိတ်သိမ်း တဲ့ ကြက်သွန်ဝင် လာမယ့်အချိန်ထိ စောင့်ပြီး ဝယ်ယူတာကြောင့်လို့ VIEUA ဥက္ကဌ Leah Cruz  မှပြောကြားပါ တယ်။တင်သွင်းမှုကို  အပင်ထုတ်လုပ်မှုဗျူရိုက (ဏြူ) အောက်တိုဘာလမှာ အတည်ပြုခဲ့ တာဖြစ်ပါတယ်။BPL မှကြက်သွန်ပြတ်လပ်တဲ့တန်ချိန်၁၂၄၀၀ ခန့် ရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဖြစ်တဲ့တရုတ်နဲ့ အိန္ဒိယကြက်သွန်နီ တန်ချိန် ၈၅၀၀ တင်သွင်းဖို့ ခွင့်ပြုထားတာဖြစ်ပါတယ်။ ကြက်သွန်ပြတ်လပ်မှု ကျန်တဲ့ပမာဏကိုတော့ ပြည်တွင်းထွက် ရှားလော့ကြက်သွန်နီနဲ့ ဖြည့်ဆည်းရ လိမ့်မယ်လို့ဆိုပါတယ်။ ပြည်ပက တင်သွင်းလာတဲ့ ကြက်သွန်ဝင်ရောက်လာတဲ့အတွက် ဈေးက တစ်ကီ လိုပီဆို ၁၃၀ (ကန်ဒေါ်လာ ၃ ဒသမ၁၇ )မှ ပီဆို ၅၀-၆၀  (ကန်ဒေါ် လာ၁ဒသမ ၂၂- ၁ ဒသမ ၄၆)  ကိုကျဆင်း ခဲ့ပါတယ်။  ကြက်သွန်နီ အဖြူကတစ်ကီလို ပီဆို ၃၅-၄၅(ကန်ဒေါ်လာ သုည ဒသမ ၈၅ - ၁ ဒသမ ၀၉)ရှိပြီး၊ရှားလော့ကြက်သွန်ကပီဆို ၃၀-၅၀(ကန် ဒေါ်လာ သုညဒသမ ၇၃ - ၁ဒသမ ၂၂) ဈေးရှိတယ်လို့ freshpalza သတင်း အရသိရပါတယ်။                                ယမင်းခင်
 

Wednesday, 26 Dec 2012

ပြည်ပဝယ်လိုအား အလားအလာအရ အိန္ဒိယနနွင်း ကြိုပွိုင့်ဈေးက အများဆုံးခွင့်ပြုနိုင်တဲ့ကန့်သတ်ချက်ရဲ့ ၄ ရာ ခိုင်နှုန်းခန့် မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ လက် ငင်းဈေးမှာတော့ ဆက်ပြီး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ နနွင်းဈေးက နေ့စဉ်ဆိုသလို အကျဘက်ဆင်းနေလို့ တောင် သူတွေရော ကုန်သည်များပါ နားမလည်နိုင် ဖြစ်ကြရတယ်လို့ ဆိုပါတယ်။ နနွင်းပြည်ပတင်ပို့သူတွေက အော်ဒါအချို့လက်ခံ ရရှိထားပြီး၊ ၎င်းင်းတို့အော်ဒါတွေ ဖြည့်ဆည်းဖို့ လက်ကျန် အကန့်အသတ် ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လှောင်လက်တွေကတော့ သိုလှောင်ဖို့အတွက် စတင်နေပြီလို့ သိရပါတယ်။

ကုန်သည်တွေပြောကြားတာကတော့ ယခုလကုန်ထိ ပြည်တွင်းမှာယူမှုတွေရရှိလိမ့်မယ်လို့ဆိုပါတယ်။ နောက်ထပ် အမှာတွေကတော့ မတ်လမှသာရရှိမှာ ဖြစ်လို့ ၎င်းတို့အနေနဲ့ လက်ကျန်အကန့်အသတ်သာ ဝယ်ယူနေတယ်လို့ဆိုပါတယ်။ ရောင်းချမှုနည်းပြီး၊ ပြည်တွင်းနဲ့ပြည်ပ ဝယ်လိုအား တိုးတက် လာဖွယ်ရှိခြင်းဟာ နနွင်းကြိုပွိုင့် ဈေး ထပ်မံ မြင့်တက်လာ နိုင်တယ်လို့ Religare Commodities မှဆိုပါတယ်။ ဒါ့အပြင်နနွင်း စိုက်ပျိုးတဲ့ပြည်နယ်တွေမှာအထူးသဖြင့် ကာနာ တာကာပြည်နယ်ရဲ့ ရာသီအပေါ် စိုးရိမ်မှု တွေရှိခြင်းကလည်း ဈေးနှုန်းမြင့်တက်ဖို့ အကူအညီ ဖြစ်စေနိုင်တယ်လို့ ကုန်သည် များက ဆိုပါတယ်။ နနွင်းအသစ်ထွက်ရှိမှုက ပြီးခဲ့တဲ့နှစ်ထွက်ရှိတဲ့ အိတ် ၈၀-၉၀ သိန်းထက်လျော့ပြီး၊ အိတ် ၅၀-၆၀ သိန်း ဝန်းကျင်သာရှိ ပေမဲ့ သိုလှောင်လက်ကျန်တွေ ရရှိနိုင်မှုများတာကြောင့် လာ မယ့်နှစ်မှာ ရောင်းချမှု များလိမ့်မယ်လို့ လည်း တချို့ကခန့်မှန်း ကြပါတယ်။တောင်သူတွေက နနွင်းသစ်ဝင်ရောက်လာ တော့ မှာ ဖြစ်လို့ ၎င်း တို့လက်ကျန်နနွင်း ဟောင်းအများစုကို ရောင်း ထုတ်လိုကြတယ်လို့သိရပါတယ်။ လာမယ့်လမှာ နနွင်းသစ် ဝင်ရောက် လာတော့မှာဖြစ်လို့ ဈေးနှုန်းထပ်မံကျဆင်း နိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြ ပါတယ်။ အီရော့ နနွင်း ဈေးကွက်အသင်းဝင်းမှာ နနွင်းလက် ချောင်းတစ်တန် ရူပီး ၃၈၉၀၀-၅၄၈၉၀ (ကန်ဒေါ်လာ ၇၁၆-၁၀၁၀) ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၃၇၉၉၀-၅၀၉၉၀ (ကန် ဒေါ်လာ ၆၉၉-၉၃၉) ရှိကြောင်း business line သတင်း အရ သိရပါတယ်။                            ယမင်းခင်
 

Pages