Background
ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာသုည ဒသမ ၄၄၄ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၄၈၀ ကို အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့မှုတွေ ကတော့ အင်ဒို နီးရှားနိုင်ငံသို့ ပြောင်းတန်ချိန် ၂၃၀ နဲ့ ဖိလစ်ပိုင်နိုင်ငံသို့တန်ချိန် ၁၂၅၀ ဖြစ်ပါတယ်။ ယခင်အပတ်က တင်ပို့ခဲ့တဲ့ စင်္ကာပူနိုင်ငံကိုတော့ ယခုအပတ်မှာတင်ပို့မှုမရှိခဲ့ပါဘူး၊ ပင်လယ်ရေကြောင်းမှ ယခင်အပတ်ကပြောင်း တန်ချိန် ၁၉၀၀ ကျော်တင်ပို့ခဲ့တဲ့ အတွက် ယခုအပတ်မှာတန်ချိန် ၅၀၀ ခန့်တင်ပို့မှုလျော့ နည်းခဲ့ပါတယ်။ လျော့နည်းရခြင်းအကြောင်းကတော့ မြန်မာ-တရုတ်နယ်စပ်မှ တရုတ်နှစ်သစ် ကူးပွဲတော်ရှိ သဖြင့် နယ်စပ်ဘက်မှအပို့များတာကြောင့်လို့သိရပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီတစ်လလုံးမှာ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၂၄ ဒသမ ၄၅၃ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၇၅၈၀၇ တန်ကျော်ကို တင်ပို့ထားပြီးဖြစ်ပါ တယ်။ယခုအပတ်ပြောင်း FOB ပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၃၀၀ ဖြစ်တဲ့ အတွက် ယခင်အပတ်က အတိုင်း ဈေးရရှိနေတာဖြစ်ပါတယ်။ MIRT (DOBT)
ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်း မှာ မန်ကျည်း ၄၆ ဒသမ ၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက ပါကစ္စတန် နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် နှစ်ဆယ့်ငါး တန်ကျော် တင်ပို့ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နှစ်ဆယ့်တစ်တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကာလတူ ကာလ ဖြစ်တဲ့ ၂၀၁၂ ဇန်နဝါရီ ၂၀ မ ၂၆ ရက်အတွင်း မန်ကျည်းတင်ပို့မှုက တန်ချိန် နှစ်ရာ့ကိုးဆယ်ကျော်ရှိခဲ့တာကြောင့် ယခုနှစ်မှာ မန်ကျည်းတင်ပို့မှုလျော့ခဲ့တယ်လို့ ဆိုရပါမယ်။ ယခုသီတင်းပတ်အတွင်း မန်ကျည်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေက ကန် ဒေါ်လာ တစ်သောင်းခြောက်သောင်းကျော်ရှိခဲ့ပါတယ်။ MIRT (DOT)
အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် ယခုရက်ပိုင်းအတွင်း မြန်မာမတ်ပဲဈေးတည်ငြိမ်ပြီး ပဲစင်းငုံနီမှာ ဈေးအနည်းငယ် ကျဆင်းခဲ့ကြောင်း၊ကျဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်ရှိ Neemuch မှာ ကုလားပဲအသစ်များ စတင်ထွက်ရှိလာပြီး အစိုဓာတ် ၁၅ ရာ ခိုင်နှုန်းရှိကာ တစ်ကွမ်တယ်ကို ၃၁၀၀ ရူပီး (တစ်တန်ကို ဒေါ်လာ ၅၇၉ )နဲ့ ရောင်းဝယ်နေကြပါတယ်။ ကန်ပါဈေး ကွက် (ဥတ္တာပရာဒေ့ရှ်ပြည်နယ်) မှာ မတ်ပဲအဝင်နည်းလို့ ဈေးတက်နေပေမဲ့ ဂျိုက်ပါဈေးကွက်နဲ့ မာတမြို့(ရာဂျက် စသန်ပြည်နယ်)မှာ ဝင်အားနည်း၍ မတ်ပဲ၊ ပဲတီစိမ်း ဈေးကျ နေပါတယ်။ အာဂိုလာဈေးကွက် (မဟာရာရှ်တရာပြည်နယ်)၊ ကတ်နီ၊ အင်ဒိုရီ (မဒ္ဒရာပရာဒေ့ရှ်)၊ ဒဟော့ဈေးကွက် (ဂူဂျာ ရတ်ပြည်နယ်) တွေမှာ ဝယ်လိုအားနည်းလို့ ကုလားပဲဈေးကျ ဆင်းနေပြီး ပဲတီစိမ်းကတော့ အင်ဒိုရီဈေးကွက်မှာ အဝယ် လိုက် ဈေးတက်နေတာ တွေ့ရပါတယ်။
အိန္ဒိယ သဘာ၀ ရော်ဘာထုတ်လုပ်မှုဟာ ဒီဇင်ဘာလ မှာ ၃ ရာခိုင်နှုန်းခန့်မြင့်တက်လျက်ရှိကြောင်းနဲ့ သုံးစွဲမှု ကတော့ တိုးတက်မှုရှိမနေဘူးလို့ သိရပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာအတွင်းမှာ ပြည်ပမှ သဘာဝရော်ဘာ တင် သွင်းမှုဟာ ၂၃ ရာခိုင်နှုန်း မြင့်တက်လျက်ရှိနေပါတယ်။ ဒီ အခြေအနေတွေကိုကြည့်မယ်ဆိုလျှင်လာမဲ့လများမှာေ ရာ်ဘာ ဈေးများ ကျဆင်းနိုင်တဲ့ အရိပ်လက္ခဏာဆောင်လျက် ရှိပါ တယ်။ တာယာထုတ်လုပ်မှုမှာအသုံးပြုတဲ့ RSS-4 ရော်ဘာ ပေါက်ဈေးဟာ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ၁ ကီလိုကို ၁၆၁ ရူပီး(၂ ဒသမ ၉၅ ဒေါ်လာ)၊ ၁ တန်ကို ၂၉၅၄ ဒေါ်လာ ဈေးရှိခဲ့ပါတယ်။
ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ မူဆယ်စခန်းမှတစ်ဖက် တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၈၈၁ သန်းဖိုးရှိ သကြားညို၁၀၃၈ တန်ကျော်နဲ့ သကြားဖြူ ၄၆၅ တန်ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှု ထက် ယခုအပတ်မှာ ၃၀၂ တန်လျော့နည်းခဲ့ပါတယ်။ မန္တလေးဈေးကွက်တွင် သကြားများ စုဆောင်းပြီး မူဆယ်မှတစ်ဆင့်တင်ပို့ခြင်းဖြစ်တယ်လို့ လင်းလက်စတား ကုမ္ပဏီထံကသိရပါတယ်။
ချင်းပြန်လည်တင်ပို့လာတာ နှစ်ပတ်ရှိပြီလို့ သိရပါတယ်။ ယခင်သီတင်းပတ် မှာချင်းတန်ချိန် ရှစ်ဆယ်ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ၁၃၈ ဒသမ ၁၄ တန်တင်ပို့နိုင်ခဲ့တာကြောင့် ယခင်တစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် ငါးဆယ်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ ပါကစ္စတန်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံများကို တင်ပို့ခဲ့ပေမဲ့ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းတင်ပို့မှုက ပျမ်းမျှရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ လေးသောင်းနီးပါးရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် မြန်မာမတ်ပဲကို ပဲခွဲစက်နဲ့ ကုန်သည်များက အဝယ်လိုက်လို့ ဈေးမြင့်တက် လာပြီး ပဲစင်းငုံနီကို အဝယ်အေးသဖြင့် ဈေးအပြောင်းအလဲမရှိ ကြောင်း၊ ပဲတီစိမ်းနဲ့ ကုလားပဲမှာ ဈေးအနည်းငယ် ကျဆင်း ခဲ့ကြောင်း သိရပါတယ်။ အတ္တာပရာဒက်ရှ်ပြည်နယ်ရှိ ကန်ပါ ဈေးကွက်၊ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ပီပါရီယ ဈေး ကွက်၊ မဒ္ဒရာပရာဒက်ရှ်ပြည်နယ်ရှိ ဂန်းဘိုဆိုဒါ ဈေးကွက်တွေမှာ ပဲအဝင်နည်း၊ ဝယ်အားကောင်း တဲ့အတွက် ကုလားပဲ၊ စား တော်ပဲ၊ မတ်ပဲ၊ ပဲစင်းငုံနဲ့ Masoor ပဲတွေ ဈေးတက်ခဲ့ပါ တယ်။ မဟာရှ်တရာပြည်နယ်ရှိ အမရာဗာတီ ဈေးကွက်မှာ တော့ ကုလားပဲတွေ အဝင်များတဲ့အတွက် ဈေးကျခဲ့ပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့က ကမ္ဘာ့ရော်ဘာဈေးနှုန်းများ ဟာ ၉ လအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့တယ်လို့ သိရ တယ်။ ဂျပန်နိုင်ငံ တိုကျိုကုန်စည်ရောင်းဝယ်ရေး (TOCOM) မှာ ဇွန်လအရောက်ပို့စာချုပ်ဈေးနှုန်းက တစ်ကီလိုကို ၃၂၀ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၃၅၉၆ ဝန်းကျင်)အထိ ရောက်ရှိခဲ့ရာ ဧပြီလ နောက်ပိုင်း အမြင့်ဆုံးဖြစ်တယ်လို့ သိရ တယ်။ ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းလာခြင်း၊ တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုဆိုင်ရာစာရင်းဇယားများအရ ဒီဇင်ဘာလ အတွင်း ပို့ကုန်တိုးတက်မှုရှိလာခြင်း၊ ရေနံစိမ်းဈေးနှုန်းများအားကောင်း နေခြင်း၊ ရော်ဘာတင်ပို့မှု အများဆုံးနိုင်ငံတွေရဲ့ ရော်ဘာ တင်ပို့မှု ပမာဏလျှော့ချနေတဲ့ ကာလဖြစ်ခြင်း တို့ကြောင့် ကမ္ဘာ့ရော်ဘာဈေးနှုန်းများ အားကောင်းလာခြင်းဖြစ်တယ်။
အိန္ဒိယအစိုးရသည် ပြည်တွင်းစက်မှု လုပ်ငန်းများကို အကာအကွယ်ပေးရန် တရုတ်နိုင်ငံမှတင်သွင်းသော သံမဏိ ပစ္စည်းအချို့အပေါ် သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်း စတင်ကောက်ခံသွားမည်ဟု ဇန်နဝါရီလလဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့ ပါသည်။
ထိုင်းနိုင်ငံတွင်ထပ်မံတည်လိုက်သော သကြားစက် (၄) ခုကြောင့် ဇန်နဝါရီ လလည်အတွင်းမှာ နေ့စဉ် သကြားထုတ်လုပ်မှုဟာ သိသိသာသာ မြင့်တက်လာ လျက် ရှိပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့စာရင်းအရ ထိုင်းနိုင်ငံရှိ သကြားစက်အလုံး ၅၀ ဟာ ကြံတန်ချိန် ၉၆၃၀၀၀ ကိုကြိတ်ဝါးနိုင်ခဲ့ပြီး ယမန်နှစ်ကကြိတ်ဝါးမှု တန် ချိန်မှာ ၈၆၀၀၀၀ သာရှိခဲ့ပါတယ်။ နေ့စဉ်သကြားတန်ချိန် ၉၇၂၂၂ တန်ထွက်ရှိပြီး ယမန်နှစ်က ၉၄၆၃၉ တန်ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ သကာနဲ့တင်လဲထွက်ရှိမှု ကတော့ ၄၁၄၄၀ တန်ဖြစ်ပြီး ယမန်နှစ်က ၃၇၄၀၀ တန်သာထွက်ရှိခဲ့တာဖြစ်ပါ တယ်လို့ အင်တာနက်သတင်းအရ သိရှိရပါတယ်။CMK