Main menu

Background

Tuesday, 9 Apr 2013

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ မတ်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ မလေးရှားနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၇၉၉ သန်းတန်ဖိုးရှိ ရော်ဘာ ၂၈၂ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ရော်ဘာများ ကတော့ RSS-3  တန် ၈၀ နဲ့MSR-20  ၂၀၂ တန်ခန့်ဖြစ်ပါတယ်။ ယခင်အပတ်က စင်္ကာပူနိုင်ငံသို့ ၂၆၅ တန်ခန့်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၁၇ တန်ခန့်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်နိုင်ငံ တကာ ရော် ဘာ ပေါက်ဈေးမှာ ယခင်အပတ်ဈေးနဲ့ကွာခြားမှုသိပ်မရှိလှဘဲ FOB ပေါက်ဈေးမှာလည်းပြောင်းလဲမှု မရှိကြောင်း မြန် မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။ ဈေးတွေကတော့ RSS-1 တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊RSS-3   နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀၊RSS-5 နဲ့MSR-50   တစ်တန်လျှင် ဒေါ်လာ ၂၆၀၀-၂၇၀၀၊ MSR-10  တစ်တန်လျှင်ဒေါ်လာ ၂၇၅၀-၂၈၅၀၊ Crepe Rubber တစ်တန်လျှင်ဒေါ်လာ ၂၅၀၀-၂၆၀၀ ဖြစ်တယ်လို့သိရှိရပါတယ်။ယဉ်ယဉ်အေး၊ MIRT (DOBT)

Monday, 8 Apr 2013

မတ်လ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စင်္ကာပူနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၇၄၁ သန်းတန်ဖိုးရှိ ရော်ဘာ  MSR-20  ၂၆၅ တန်ခန့်တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကတင်ပို့ခဲ့တဲ့ တရုတ်နိုင်ငံသို့ ယခုအပတ်မှာတင်ပို့နိုင်ခြင်းမရှိတဲ့အတွက် တန် ၂၀၀ ကျော်လျော့နည်းခဲ့ပါ တယ်။ ပြည်တွင်းရော် ဘာဈေးမြင့်တက်နေမှုကြောင့် ပြည်ပသို့တင်ပို့ရန်ခက်ခဲနေပြီး၊ လိုအပ်တဲ့ရော်ဘာ ကုန်ကြမ်းများကို တရုတ်ကုန်သည်များက ကျေးလက်ဒေသအထိ ဆင်းပြီး ကြိုက်ဈေးပေးကာတိုက်ရိုက် ဝယ်ယူလျက်ရှိနေ တာကြောင့် ပြည်ပသို့တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ နိုင်ငံတကာရော်ဘာဈေးများ မှာလည်း ထပ်မံကျဆင်းသဖြင့် မိမိတို့ရဲ့ပြည်ပပို့မဲ့ရော်ဘာများကို တစ်တန်လျှင် ဒေါ်လာ ၁၀၀ ဈေးချ၍ RSS-1 တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊ RSS-3နဲ့  MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀၊ RSS-5  နဲ့ MSR-50 တစ်တန်လျှင် ဒေါ်လာ ၂၆၀၀-၂၇၀၀၊ MSR-10 တစ်တန်လျှင်ဒေါ်လာ ၂၇၅၀-၂၈၅၀၊ Crepe Rubber   တစ်တန်လျှင်ဒေါ်လာ ၂၅၀၀-၂၆၀၀ နဲ့ဈေးနှုန်းထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရှိရပါတယ်။ယဉ်ယဉ်အေး၊MIRT (DOBT)

Monday, 8 Apr 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်၊ ချင်း ရွှေဟော် ကူးသန်းရောင်းဝယ်ရေးဇုန်နဲ့ ကန်ပိုက်တီးစခန်းများမှ မတ်လ ၁၃ ရက်မှ ၁၉ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅၄၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၉၅၁ တန်ကျော်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက် တီးစခန်းများ မှ ပြောင်းတန်ချိန် ၁၀၈၉၇ တန်ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၃၉၀၀ ကျော်လျော့နည်း ခဲ့တာ တွေ့ရပါတယ်။ အစေ့ထုတ်ပြောင်းကို မန္တလေး၊ မကွေးနဲ့စစ်ကိုင်းဒေသတွေမှာစိုက်ပျိုးကြသလို လားရှိုး၊ သီပေါ ဒေသ တစ်ဝိုက်မှာလည်း စိုက်ပျိုးကြတယ်လို့သိရပါတယ်။ နှစ်ဖက်နိုင်ငံပြောင်းဈေးများ သိသိသာသာ ပြောင်း လဲမှု မရှိတာတွေ့ရပါတယ် - မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု           ယခင်    ပြောင်းလဲမှု    %    ယခု    ယခင်    ပြောင်းလဲမှု    % ၃၀၁၃၃၁    ၂၉၈၈၁၉        ၂၅၁၂       ၁    ၃၅၄    ၃၅၃              ၁        ၀ .၃MIRT (DOBT)

Monday, 8 Apr 2013

အင်ဒိုနီးရှားမှာ မိုးများပြီး ရာသီဥတုဆိုးဝါးခဲ့မှုကြောင့် ကြက်သွန်ဖြူထွက်နှုန်း ကျဆင်းခဲ့ရာလောလော ဆယ် ပြည်တွင်းဈေးကွက်တွေမှာ ကြက်သွန်ဖြူလက်လီ ဈေးနှုန်းများ မြင့်မားနေတယ်လို့ သိရတယ်။

Monday, 8 Apr 2013

အိန္ဒိယနိုင်ငံတွင်းရှိ လက်ကားဈေးကွက်အချို့မှာ လာမယ့်သုံးလပတ်အတွင်း ပဲစင်းငုံဈေး ၁၀-၁၅ ရာခိုင်နှုန်း ကြားမြင့်တက်ပြီး တစ်တန် ရူပီး ၄၅၀၀၀-၅၀၀၀၀ အထိမြင့်တက်လာနိုင်ပါတယ်။ ပဲစင်းငုံအဓိက စိုက်ပျိုးထွက် ရှိတဲ့ ပြည်နယ်များမှာ မိုးခေါင်ခဲ့တဲ့အတွက် ယခုနှစ်မှာ ပဲစင်းငုံအထွက်လျော့ကျပြီး ဈေးတက်နိုင်တယ်လို့ ခန့်မှန်းကြ ပါ တယ်။ ပဲစင်းငုံအများဆုံးထွက်ရှိတဲ့ မဟာရာရှတ္တရာ၊ ကာနာတာကာ နဲ့ အန္ဒရာပရာဒေ့ရှ်ပြည်နယ်များမှာ ၂၀၁၂  ခုနှစ်က မိုးရာသီကာလမှာ မိုးခေါင်ပြီး စိုက်ပျိုးချိန်နောက်ကျခဲ့ရာ ပဲစင်းငုံအထွက် ၃၀ မှ ၄၀ ရာခိုင်နှုန်းကြား ကျဆင်း ခဲ့ရကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့နှစ်က တစ်တန်ကို ၃၀၀၀၀-၃၂၀၀၀ ရူပီးကြား ရှိခဲ့တဲ့ ပဲစင်းငုံဈေးဟာ ယခုအခါ ၃၀-၃၅ ရာခိုင်နှုန်းထိမြင့်တက်လျက်ရှိပါတယ်။ ရာသီအစ ဒီဇင်ဘာလမှစပြီး ပဲစင်းငုံဈေးမှာ နေ့စဉ်မြင့် တက်လျက်ရှိပါတယ်။ ကာနာတာကာပြည်နယ်ရဲ့ ရာသီအစပဲစင်းငုံဈေးဟာ တစ်တန် ရူပီး ၃၇၀၀၀ ဝန်းကျင်ရှိပြီး လွန်ခဲ့တဲ့သီတင်းပတ်က တစ်တန်ကို ရူပီး ၄၂၀၀၀ ထိမြင့်တက်ခဲ့ပါ တယ်။ ဗဟိုအစိုးရမှ ပဲစင်းငုံတစ်ကွမ် တယ်ကို ရူပီး ၃၈၅၀ အထက် သတ်မှတ်ခဲ့ပြီး ပြည်နယ်အစိုးရမှ တစ်တန်ကို ရူပီး ၆၅၀ ထပ်မံပိုပေးမယ်လို့ ကြေညာ ခဲ့တဲ့အတွက် ဈေးကွက်အတွင်း ပဲစင်းငုံဈေးများ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ကာနာတာကာပြည် နယ်ရဲ့ ပဲစင်းငုံအဓိကစိုက် ပျိုးတဲ့ ဂူလ်ဘာဂမြို့မှာလည်း မိုးခေါင်မှုကြောင့် ပဲစင်းငုံ အထွက်နှုန်း ၄၀ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပြီး တန်ချိန် ၁၈၀၀၀၀ သာထွက်ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ ပြည်နယ်စိုက်ပျိုးရေးဌာနက ယခုနှစ်အထွက်နှုန်းကို ၃၅၅၀၀၀ တန်ရှိမယ်လို့ ခန့်မှန်းပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ မဟာရာရှတ္တရာပြည်နယ် မှာလည်း မိုးခေါင်တဲ့အခြေ အနေဖြစ်ပေါ်လျက်ရှိပါတယ်။ မိုးခေါင်ရေရှားခဲ့မှု ကြောင့်ပြည်နယ်တွင်း ပဲစင်းငုံအထွက်မှာ ၃၀ ရာခိုင်နှုန်းကျဆင်း ခဲ့ပါတယ်။ တစ် နိုင်ငံလုံးပဲစင်းငုံအထွက်နှုန်းမှာ မက်ထရစ်တန်ချိန် ၂ ဒသမ ၃ သန်းရှိရာ ပုံမှန် ထွက်ရှိနေကျအောက် ၁၅ ရာခိုင်နှုန်းကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းပါတယ်။နှင်းပန်းဖြူ

Monday, 8 Apr 2013

ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်း ဈေးကွက်မှာ မတ်ပဲ အဝယ် လိုက်ဈေးတက်နေပြီး ပဲစင်းငုံနီ ကို ဈေးမြင့်ချိန်မှာ ပဲခွဲစက်နှင့် ကုန်သည် များက အဝယ်ပြန်အေးသွားတဲ့အတွက် ဈေးငြိမ်နေပါတယ်။ ဒဟုတ်၊ ဒေလီ၊ ဘီကနာ၊ ဝီဂျေဝါဒါနဲ့ ချန်နိုင်း ဈေးကွက် မှာလည်းဝယ်အားကောင်းလို့ ကုလားပဲ နဲ့ ပဲစင်းငုံဈေးတက်နေပါတယ်။

Tuesday, 12 Mar 2013

ဖေဖော်ဝါရီနောက်ဆုံးပတ်ဖြစ်တဲ့ ဖေဖော်ဝါရိ ၂၇ ရက်မှမတ်လ၂ ရက်အတွင်းမှာပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မန်ကျည်း ၅၇၆ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို ၇၅ တန်၊ မလေးရှား နိုင်ငံကို ၃၁၆ တန်၊ အိန္ဒိယနိုင်ငံကို ၁၆ တန်၊ စင်ကာပူနိုင်ငံကို ၁၆၉ တန်တင်ပို့ ခဲ့ပါတယ်။ တင်ပို့မှုများမှာ မလေးရှားနိုင်ငံကို အများဆုံးတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မှာ မန်ကျည်းစေ့နဲ့ အစေ့ပါ မန်ကျည်းတင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တစ်ဆကျော်လျော့နည်းခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ နှစ်သိန်း တစ်သောင်းကျော်ရှိခဲ့ပါတယ်။

Tuesday, 12 Mar 2013

အင်ဒိုနီးရှား၊ ထိုင်းနဲ့မလေးရှားအပြည်ပြည်ဆိုင်ရာ သုံး ပါတီနဲ့ဖွဲ့စည်းထား တဲ့ ရော်ဘာကောင်စီ ဟာ ရော်ဘာ ဈေး နှုန်းကိုတစ်ကီလိုဂရမ်လျှင် ၃ ဒေါ်လာနှုန်းနဲ့ဆက်လက် တင်ပို့ သွားရန်သတ်မှတ်ထားပြီး ဆက်လက် ကျဆင်းသွားနိုင်တယ် လို့ ထုတ်ပြန်ထားပါတယ်။ နိုင်ငံတကာဈေးကွက်မှာဈေးနှုန်း တည်ငြိမ်မှုရှိစေရေး အတွက် အလေးထား ဆောင်ရွက်သွား ရမယ်လို့ ရော်ဘာကောင်စီကပြောပါတယ်။

Tuesday, 12 Mar 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးနဲ့ ကန်ပိုက်တီးစခန်းများမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၅ ရက်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၀၆၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၉၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းများမှ ပြောင်းတန်ချိန် ၁၃၀၀၀ ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၄၀၀၀ လျော့နည်း ခဲ့တာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလအတွင်း ပြောင်း တန်ချိန် ၂၆၃၉၆ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် တန် ၆၀၀ ကျော်ပိုမိုခဲ့တာတွေ့ရပါတယ်။တစ်ဖက်နိုင်ငံဝယ်ဈေးကိုကြည့်ပါက ပြောင်း တစ်တန် ကို ၂၃၀၀ ယွမ်ဈေးရှိပြီး ဇန်နဝါရီလနဲ့နှိုင်းယှဉ်ပါက ယွမ် ၈၀ ခန့်ဈေးမြင့်လာ ကြောင်း၊ မန္တလေးဈေးကွက် တွင် ပြောင်းဖူးစေ့ ဃဏ ၅၄ ပိဿာဝင် ၁ အိတ်လျှင် ၂၅၅၀၀-၂၅၈၀၀ ကျပ်ဈေးရှိပြီး ပြောင်းဖူးစေ့သယ်ယူခမှာ မန္တလေး-မူဆယ် ကားခ ၁ ပိဿာကို ၈၀ ကျပ်ဈေးရှိသဖြင့် ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရပါ တယ်။ ပြောင်းဖူးစေ့အသစ်များထွက်နေပြီဖြစ်သော်လည်း တစ်ဖက်နိုင်ငံရဲ့ နှစ်သစ်ကူးပွဲမှာ အရောင်းအဝယ်တွေ ရပ်နားထားလို့ တင်ပို့မှုလျော့နည်းခဲ့တာ ပါ။ နှစ်ဖက်နိုင်ငံ ပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-
မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု          ယခင်     ပြောင်းလဲမှု    %     ယခု     ယခင်    ပြောင်းလဲမှု    % ၃၀၉၉၁၁    ၃၁၁၃၇၈       ၁၄၆၇       ၁     ၃၆၂     ၃၇၂              ၁၀      ၂MIRT (DOBT)

Wednesday, 6 Mar 2013

ယခုရက်ပိုင်းအတွင်း အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ ပဲစင်းငုံဈေးမြင့်လာပြီး မတ်ပဲဈေးငြိမ်နေပါတယ်။ ဒေလီ လက် ငင်းဈေးကွက်နဲ့ ဂျိုက်ပါဈေးကွက်တွေမှာ မတ်ပဲနဲ့ ကုလားပဲ ဝယ်အားကောင်းပြီး ဈေးမာနေပါတယ်။ ချန်နိုင်းေ ဈးကွက်နဲ့ ဂဒါဝါရ ဈေးကွက်တွေမှာ မတ်ပဲဈေးငြိမ်နေပြီး ကုလားပဲနဲ့ ပဲစင်းငုံနီကတော့ အဝင်များ ပြီး ဈေးကျနေ ပါတယ်။

Pages