Main menu

Background

Sunday, 13 Jan 2013

ပြည်ပကို သီတင်းတစ်ပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ၅ ရက်နေ့ တာကာလအတွင်း နနွင်း ၁၂၄ တန်ကို တင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံကို ၅ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၁၁၉ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ ဒီဇင်ဘာလ အတွင်း နနွင်းတင်ပို့ခဲ့တဲ့ နိုင်ငံများက ပါကစ္စတန်၊ မလေးရှား၊ အိန္ဒိယနဲ့ အာရပ်စော်  ဘွား များ ပြည်ထောင် စုနိုင်ငံတို့ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်း နနွင်း ၁၅၄ တန် ကျော်တင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ရှစ်သောင်းကျော်ဖြစ်ပါတယ်။ ကာလတူ ကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလရဲ့ နနွင်း ၄၃ ဒသမ ၅ တန်တင်ပို့ မှုမှရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ခြောက် သောင်းကျော်သာရရှိခဲ့တာကြောင့် ယခုနှစ် ဒီဇင်ဘာလမှာ နနွင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ နှစ်သောင်း နီးပါးရရှိခဲ့တယ်လို့ သိရပါတယ်။                                  MIRT (DOT)

Sunday, 13 Jan 2013

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ကန် ဒေါ်လာ သုည ဒသမ ၀၁၇ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၃၀ နဲ့ စစ်တွေနယ်စပ်ကုန် သွယ်ရေးမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ မတ်ပဲ ၄ တန်ကို ဇန်နဝါရီလ ၂ ရက်မှ ၈ ရက်မှာ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က စစ်တွေမှ ၁ တန်နဲ့တမူးမှ ၈ တန်ခွဲသာ တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန် ၃၀ နီးပါး ပိုမိုတင်ပို့ နိုင်ခဲ့တာ တွေ့ရပါတယ်။                                MIRT (DOBT)

Sunday, 13 Jan 2013

အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲခွဲစက်များနဲ့ ကုန်သည် များ အဝယ်အေးတဲ့အတွက် မြန်မာပဲစင်းငုံနီနဲ့ မတ်ပဲဈေး ကျဆင်း လာခဲ့ပါတယ်။ ကုလားပဲကတော့ ကန်ပါ ဈေးကွက် မှာဝယ်လိုအားကောင်းနေပြီး လာမယ့် နေ့တွေမှာ မဒ္ဒရာပရာ ဒေ့ရှ်နဲ့ အတ္တာရာပရာဒေ့ရှ်ပြည်နယ် အများစုက ဝယ်အား ကောင်းလာမယ်လို့ ခန့်မှန်းထား ပါတယ်။

Sunday, 6 Jan 2013

အိန္ဒိယရော်ဘာလုပ်ငန်းများသည် ရော်ဘာကုန်ကြမ်း တင်သွင်းခွန် လျှော့ချပေးရန် တောင်းဆိုလျက် ရှိကြပါ တယ်။ ဗျူတိုင်း ရော်ဘာနဲ့ နည်းပညာမြင့်ရော်ဘာတုစတဲ့ ရော်ဘာ ကုန်ကြမ်းအဆင့်များ တင်သွင်းခြင်း အတွက် တောင်းဆို နေကြခြင်းဖြစ်ပါတယ်။ အိန္ဒိယရော်ဘာကုန်ထုတ်လုပ်ငန်း အသင်း (All India Rubber Industries Association-AIRIA) က ရော်ဘာလုပ်ငန်းများအတွက် အဓိကကျလျက် ရှိတဲ့ သဘာ၀ ရော်ဘာအပေါ် အကောက်ခွန်မှ ဂျူတီ စည်း ကြပ်မှုကို ၂၀ ရာခိုင်နှုန်း လျှော့ချပေးရန် တောင်းဆိုခဲ့ကြပါ တယ်။

Sunday, 6 Jan 2013

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ထိကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ၂ ဒသမ ၂၈၆ သန်း တန်ဖိုးရှိ ရော်ဘာ အဆင့်စုံတန် ၈၃၀ ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ် ရော်ဘာအဆင့်စုံနဲ့ ရော်ဘာသစ်ခွဲသား တန် ၂၀၁၀ ကျော်တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာ ယခင်အပတ်က တင်ပို့မှုမရှိတဲ့ လွယ်ဂျယ်နယ်စပ်စခန်းမှ ရော်ဘာ အဆင့်စုံ တန် ၂၀ တင်ပို့နိုင်ခဲ့ပေမယ့် မူဆယ်မှတန် ၃၈၀ ကျော်၊ ချင်းရွှေဟော်မှ တန် ၆၁၂ ကျော်တင်ပို့မှုလျော့ခဲ့ပြီး မြိတ်နယ်စပ်စခန်းမှလည်း တင်ပို့မှု မရှိခဲ့တာ ကြောင့် ယခင်အပတ်ကထက် တန် ၁၁၈၀ လျော့နည်းတင်ပို့ခဲ့ တာတွေ့ရပါတယ်။ စခန်းအလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၈၀ သန်းတန်ဖိုးရှိ RSS-1၂၇ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၈၂၇ သန်းတန်ဖိုးရှိRSS-3  ၃၀၀ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၂၉၀ သန်းတန်ဖိုးရှိ MSR-20 တန် ၁၀၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၃၅ သန်းတန်ဖိုးရှိ MSR-50 ၅၁ တန်၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၈၈၅ သန်းတန်ဖိုးရှိ RSS-3  တန် ၃၂၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်းတန်ဖိုးရှိRSS-5 ၅ တန်ကျော်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ  ကန်ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်၂၀ အသီးသီး တင်ပို့ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလတစ်နှစ်တာကာလ အတွင်းမှာတော့ ကန်ဒေါ်လာ ၁၅၀ ဒသမ ၉၁၉ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၄၈၂၆၀ ကျော်နဲ့ ကန်ဒေါ်လာသုည ဒသမ ၅၇၅ သန်းတန်ဖိုးရှိ ရော်ဘာ သစ်ခွဲသား တန် ၁၂၆၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ရော်ဘာဈေးနှုန်းများ ပြောင်းလဲမှုမရှိတာကို တွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံမြေပြင် ပေါက်ဈေးများ ကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -
မိမိဘက်(ကျပ်/တန်)                               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)            ယခု               ယခင်    ပြောင်းလဲမှု    %      ယခု       ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၇၀၄၀၀    ၂၅၇၀၄၀၀          -           -      ၃၀၈၁    ၃၀၈၁            -            -RSS - 5    ၂၅၀၂၄၀၀    ၂၅၀၂၄၀၀          -            -     ၃၀၀၁     ၃၀၀၁           -            -MIRT (DOBT)

Sunday, 6 Jan 2013

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိကာလ အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်စခန်းမှသကြားတင်ပို့မှုဟာ ယခင် အပတ်တင်ပို့မှုထက် ယခုအပတ်မှာ ၇၈၅ တန်ကျော် သိသိသာသာပိုမိုတင်ပို့ခဲ့တယ် လို့ သတင်းရရှိပါတယ်။ ကန်ဒေါ်လာ ၁၃၃၁ ဒသမ ၉၂၃ သန်းတန်ဖိုးရှိ သကြားညို ၉၅၆ တန်ကျော်နဲ့ သကြားဖြူ ၆၁၂ တန်ကျော်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ အတွင်းမှာ မူဆယ်နဲ့ ချင်းရွှေဟော်စခန်းမှ သကြားဖြူ ၁၁၅၄ တန်ကျော်နဲ့ သကြားညို  ၂၈၈၁ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ သကြားဖြူနဲ့ သကြားညို ၂၀၈၄၁ တန်တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။                          MIRT (DOBT)

Sunday, 6 Jan 2013

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၇၅၆ သန်းတန်ဖိုးရှိ ငရုတ်သီးခြောက် ၃၇၃ တန်ခန့်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်အတွင်းမှာ တင်ပို့နိုင်ခဲ့ ပါတယ်။ ငရုတ်သီးခြောက်များကို ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးုဇုန်တစ်ခုတည်းမှတင်ပို့ခဲ့ပြီး ယခင်အပတ်က ၁၇၁ တန်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၂၀၀ ကျော် ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ ငရုတ်သီးခြောက်များကို တရုတ်ဘက်မှာ ဟင်းခတ်ရာမှာ အဓိကအသုံးပြုကြပါတယ်။ ဒီဇင်ဘာလတစ်လလုံးမှာ ၁၈၆၇ တန် တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၁၈၇ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လု့ိ သိရပါတယ်။ ခင်မိုးသူ၊ MIRT (DOBT)

Sunday, 6 Jan 2013

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နနွင်း ၄၃ တန်ကို ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်နေ့ အတွင်းတင်ပို့ခဲ့ပါ တယ်။ ဒီတစ်ပတ်မှာပါကစ္စတန်နိုင်ငံကို တန် ၃၀ နဲ့မလေးရှားနိုင်ငံကို ၁၃ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်အပို့ပျောက်ခဲ့တဲ့နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခင်တစ်ပတ် FOB ဈေးက ကန် ဒေါ်လာ ၅၃၀ ကျော်ရရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၀၀ ဝန်းကျင်သာရရှိခဲ့တယ် လို့သိရပါတယ်။                                                 MIRT (DOT)

Sunday, 6 Jan 2013

အိန္ဒိယလက်ငင်းဈေးကွက်တွေမှာ ကြိတ်ခွဲစက်တွေက ကုလားပဲကို ဝယ်အားကောင်းလာတဲ့အတွက် ကုလားပဲ ကြို ပွိုင့်ဈေးတွေလည်း ဗုဒ္ဓဟူးနေ့ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က မြင့်တက်ခဲ့ပါတယ်။ NCDEX  ကုန်စည်ဒိုင်မှာ   ဇန်နဝါရီလပစ္စည်းပို့နဲ့ကုလားပဲဈေးသုည ဒသမ ၇၇ ရာခိုင်နှုန်း မြင့်ပြီး ၁၀၀ ကီလိုဂရမ်ကို ၃၉၀၈ ရူပီးဈေး (တစ်တန် ၇၁၉ ဒေါ်လာ)ခန့် ဈေးရှိလာပါတယ်။ နယူးဒေလီ လက်ငင်းဈေး ကွက်တွေမှာလည်း ကုလားပဲ ၁၀၀ ကီလိုဂရမ်ကို ၃၇ ဒသမ ၅ ရူပီး မြင့်တက်ပြီး ၃၉၇၅ ရူပီး (တစ်တန် ကို ၇၃၁ ဒေါ်လာ)ခန့် အထိ ဈေးရှိနေပါတယ်။ ကြိတ်ခွဲစက်တွေ ဝယ် အားကောင်းလာတာကြောင့် ပြည်တွင်းမှာ ကုလားပဲအသစ် ပေါ်ထွက်လာတဲ့အထိ ဈေးခိုင်မာနေမှာဖြစ်ပါတယ်။ မွန်ဘိုင်း ဈေးကွက်မှာလည်း မတ်ပဲ၊ ပဲစင်းငုံကို ပဲခွဲစက်တွေနဲ့ ကုန်သည် တွေ ဝယ်အားရှိလာတဲ့အတွက် ဈေးတက်လာခဲ့ပါတယ်။

Monday, 31 Dec 2012

ပြည်တွင်းတွင်ပေါများစွာထွက်ရှိပြီး ပြည်ပသို့ ကုန်ကြမ်းအတိုင်း တင်ပို့လျက်ရှိသော မြန်မာ့ ရော်ဘာကုန်ကြမ်းများအား အသုံးပြုပြီး ပြည်တွင်း စက်ရုံတွင် ထုတ်လုပ်ထားသည့် Yangon Tyre (7.00-16)(12PR)တစ်လုံးလျှင်  အမေရိကန် ဒေါ်လာ ၇၅ ဖြင့် တာရာ ၃၅၀ လုံးအား မလေး ရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တင်ပို့ရန် အတွက် ကုမ္ပဏီတစ်ခုမှ ပို့ကုန်လိုင်စင်လာရောက် လျှောက်ထားခဲ့ကြောင်း သိရှိရပါတယ်။

Pages