Main menu

Background

Friday, 1 Feb 2013

အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် မြန်မာမတ်ပဲကို ပဲခွဲစက်နဲ့ ကုန်သည်များက အဝယ်လိုက်လို့ ဈေးမြင့်တက် လာပြီး ပဲစင်းငုံနီကို အဝယ်အေးသဖြင့် ဈေးအပြောင်းအလဲမရှိ ကြောင်း၊ ပဲတီစိမ်းနဲ့ ကုလားပဲမှာ ဈေးအနည်းငယ် ကျဆင်း ခဲ့ကြောင်း သိရပါတယ်။ အတ္တာပရာဒက်ရှ်ပြည်နယ်ရှိ ကန်ပါ ဈေးကွက်၊ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ပီပါရီယ ဈေး ကွက်၊ မဒ္ဒရာပရာဒက်ရှ်ပြည်နယ်ရှိ ဂန်းဘိုဆိုဒါ ဈေးကွက်တွေမှာ ပဲအဝင်နည်း၊ ဝယ်အားကောင်း တဲ့အတွက် ကုလားပဲ၊ စား တော်ပဲ၊ မတ်ပဲ၊ ပဲစင်းငုံနဲ့ Masoor ပဲတွေ ဈေးတက်ခဲ့ပါ တယ်။ မဟာရှ်တရာပြည်နယ်ရှိ  အမရာဗာတီ ဈေးကွက်မှာ တော့ ကုလားပဲတွေ အဝင်များတဲ့အတွက် ဈေးကျခဲ့ပါတယ်။

Monday, 21 Jan 2013

ဇန်နဝါရီလ ၁၁ ရက်နေ့က ကမ္ဘာ့ရော်ဘာဈေးနှုန်းများ ဟာ ၉ လအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့တယ်လို့ သိရ တယ်။ ဂျပန်နိုင်ငံ တိုကျိုကုန်စည်ရောင်းဝယ်ရေး (TOCOM) မှာ ဇွန်လအရောက်ပို့စာချုပ်ဈေးနှုန်းက တစ်ကီလိုကို ၃၂၀ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၃၅၉၆ ဝန်းကျင်)အထိ ရောက်ရှိခဲ့ရာ ဧပြီလ နောက်ပိုင်း အမြင့်ဆုံးဖြစ်တယ်လို့ သိရ တယ်။ ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းလာခြင်း၊ တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုဆိုင်ရာစာရင်းဇယားများအရ ဒီဇင်ဘာလ အတွင်း ပို့ကုန်တိုးတက်မှုရှိလာခြင်း၊ ရေနံစိမ်းဈေးနှုန်းများအားကောင်း နေခြင်း၊ ရော်ဘာတင်ပို့မှု အများဆုံးနိုင်ငံတွေရဲ့ ရော်ဘာ တင်ပို့မှု ပမာဏလျှော့ချနေတဲ့ ကာလဖြစ်ခြင်း တို့ကြောင့် ကမ္ဘာ့ရော်ဘာဈေးနှုန်းများ အားကောင်းလာခြင်းဖြစ်တယ်။

Monday, 21 Jan 2013

အိန္ဒိယအစိုးရသည် ပြည်တွင်းစက်မှု လုပ်ငန်းများကို  အကာအကွယ်ပေးရန် တရုတ်နိုင်ငံမှတင်သွင်းသော သံမဏိ ပစ္စည်းအချို့အပေါ် သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်း စတင်ကောက်ခံသွားမည်ဟု ဇန်နဝါရီလလဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့ ပါသည်။

Monday, 21 Jan 2013

ထိုင်းနိုင်ငံတွင်ထပ်မံတည်လိုက်သော သကြားစက် (၄) ခုကြောင့် ဇန်နဝါရီ လလည်အတွင်းမှာ နေ့စဉ် သကြားထုတ်လုပ်မှုဟာ သိသိသာသာ မြင့်တက်လာ လျက် ရှိပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့စာရင်းအရ ထိုင်းနိုင်ငံရှိ သကြားစက်အလုံး ၅၀ ဟာ ကြံတန်ချိန် ၉၆၃၀၀၀ ကိုကြိတ်ဝါးနိုင်ခဲ့ပြီး ယမန်နှစ်ကကြိတ်ဝါးမှု တန် ချိန်မှာ ၈၆၀၀၀၀ သာရှိခဲ့ပါတယ်။ နေ့စဉ်သကြားတန်ချိန် ၉၇၂၂၂ တန်ထွက်ရှိပြီး ယမန်နှစ်က ၉၄၆၃၉ တန်ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ သကာနဲ့တင်လဲထွက်ရှိမှု ကတော့ ၄၁၄၄၀ တန်ဖြစ်ပြီး ယမန်နှစ်က ၃၇၄၀၀ တန်သာထွက်ရှိခဲ့တာဖြစ်ပါ တယ်လို့ အင်တာနက်သတင်းအရ သိရှိရပါတယ်။CMK

Monday, 21 Jan 2013

ဇန်နဝါရီလ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ ကန်ဒေါ်လာ သုည ဒသမ ၁၆၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၆၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့မှုရှိခဲ့ပါတယ်။ ယခုအပတ်မှာ ဖိလစ်ပိုင်အပြင် မလေးရှားနိုင်ငံသို့ ကန်ဒေါ်လာ ၂၄၀၀ တန်ဖိုးရှိ ပြောင်းဖူးစေ့ ၆ တန်လည်း တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ဖိလစ်ပိုင်သို့ ၈၂၅ တန်နဲ့ အိန္ဒိယသို့ ၅၀၄ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ် ပင်လယ်ရေကြောင်း မှ ပြောင်းတင်ပို့မှုမှာ ၁၃၂၉ တန်ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ၇၂၃ တန်အပို့လျော့ခဲ့ပါတယ်။ ယခု အပတ်ပြောင်း FOB ပေါက်ဈေး တစ်တန်လျှင် ဒေါ်လာ ၂၉၀ ဖြစ်ပြီး ယခင် အပတ်ထက် ဈေးအနည်းငယ်တက်လျက်ရှိပါကြောင်း သိရပါတယ်။MIRT (DOBT)

Monday, 21 Jan 2013

မြန်မာ-အိန္ဒိယနယ်စပ်မှ ဇန်နဝါရီလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၂၃ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၃၀၇ တန်ခန့်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ရိဒ်နယ်စပ်ကုန်သွယ်ရေးမှ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၅၃ သန်းဖိုးရှိကွမ်းသီး ၁၄၆ တန်နဲ့ တမူးနယ်စပ်ကုန်သွယ်ရေးသွယ်ရေးမှ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၇၀ သန်းခန့်ရှိ ကွမ်းသီး ၁၆၁ တန်ကိုအသီးသီးတင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်အပတ်က ကန်ဒေါ်လာ သုည ဒသမ ၃၅၄ သန်းခန့်တန်ဖိုးရှိ ကွမ်းသီးခြောက် ၃၃၇ တန်ကိုတင်ပို့ နိုင်ခဲ့တဲ့အတွက် ယခုအပတ် မှာ တန် ၃၀ ခန့်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ ကွမ်းသီးများကို အိန္ဒိယဘက်မှအဝယ်နည်းနေပြီး အိန္ဒိယဘက်မှာ လမ်းပိတ်နေတာကြောင့် တင်ပို့မှုလျော့နည်းရခြင်းဖြစ်တယ်လို့ တမူးနယ်စပ်မှ ကုန်သည် တစ်ဦးထံမှ သိရပါတယ်။              MIRT (DOBT)

Wednesday, 16 Jan 2013

အိန္ဒိယအနေနဲ့ သကြားတင်သွင်းမှုအပေါ် သွင်းကုန်ခွန် ချက်ချင်းကြီး တိုးမြှင့်ကောက်ခံသွားရန် အစီအစဉ်မရှိကြောင်း သိရပါတယ်။

Wednesday, 16 Jan 2013

ဇန်နဝါရီလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ၂ ဒသမ ၈၉၇ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၁၀၄၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်အပတ်က တန်ချိန် ၈၃၀ ကျော်သာတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၂၀၀ ကျော်ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ စခန်းအလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၀ သန်းဖိုးရှိRSS-1 ၂၃ တန်ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၂၄၁ သန်းဖိုးရှိ RSS-3၄၄၈ တန် ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုး ရှိ  MSR-20 ၃၂ တန်ခန့်၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၇၃ သန်းဖိုးရှိRSS-3 ၃၉၀ တန်ခန့်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၃၁၂ သန်းဖိုးရှိ ရော်ဘာအဆင့်စုံ ၁၀၇ တန်ကျော် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံမှာပါRSS-3 ရော်ဘာဈေး အနည်းငယ်ကျနေပြီး RSS-5 ဈေး ပြောင်းလဲမှု မရှိတာကိုတွေ့ရပါတယ်။မိမိဘက်နဲ့တစ်ဖက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)            ယခု          ယခင်     ပြောင်းလဲမှု    %     ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၄၄၉၇၅    ၂၅၇၀၄၀၀    ၂၅၇၂၅        ၁    ၂၉၆၉     ၃၀၈၁        ၁၁၂         ၄RSS - 5    ၂၅၀၂၄၀၀    ၂၅၀၂၄၀၀         -            -     ၃၀၀၁    ၃၀၀၁            -           -MIRT (DOBT)

Wednesday, 16 Jan 2013

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၁၃ ခုနှစ်ဇန်နဝါရီလ ၅ ရက်အထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ မလေးရှားနဲ့ တရုတ်နိုင်ငံများသို့ ကန်ဒေါ်လာ ၁ ဒသမ ၆၄၁ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၈၁ တန်ကျော်ကို တင်ပို့ နိုင်ခဲ့ပါတယ်။ အဆိုပါ ၅၈၁ တန်ကျော်ကို နိုင်ငံအလိုက်တင်ပို့နိုင်မှုတွေကတော့ မလေးရှားနိုင်ငံသို့ RSS-3 တန် ၁၂၀ နဲ့ RSS-1 ၅၈ တန်ကျော်ဖြစ်ပြီး တရုတ်နိုင်ငံသို့ MSR-20  ၄၀၃ တန်ကျော် ဖြစ်ပါ တယ်၊ နိုင်ငံတကာရော်ဘာပေါက်ဈေးများမှာ ယခင်အပတ်ကထက် ၁ တန်လျှင်ဒေါ်လာ ၈၀ ခန့်ဈေးတက် သွားပါတယ်။မိမိတို့ FOB ရော်ဘာပေါက်ဈေးများလည်း ယခင် အပတ်ထက်ဒေါ်လာ ၅၀ ခန့်ဈေးတက်သွားပါတယ်။ ဒါကြောင့် ယခုအပတ်မှာ RSS-1 တစ်တန်လျှင်ဒေါ်လာ ၃၀၀၀-၃၁၀၀၊ MSR-10  တစ်တန်လျှင် ဒေါ်လာ ၂၉၅၀-၃၀၅၀၊RSS-3 နဲ့ MSR-20  တစ်တန်လျှင်ဒေါ်လာ ၂၉၀၀-၃၀၀၀၊RSS-5 နဲ့ MSR-50   တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊Crepe Rubber  တစ်တန်လျှင်ဒေါ်လာ ၂၇၀၀-၂၈၀၀ ဖြစ်ကြော င်း မြန်မာ နိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်း ကထုတ်ပြန်ထား ပါတယ်။MIRT (DOBT)

Wednesday, 16 Jan 2013

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၅ ရက် အထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ အိန္ဒိယနဲ့ဖိလစ်ပိုင်နိုင်ငံများသို့ ကန် ဒေါ်လာ သုည ဒသမ ၃၇၂ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၃၂၉ တန်ကိုတင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့အရေအတွက်တွေကတော့ အိန္ဒိယနိုင်ငံသို့ ၅၀၄ တန်နဲ့ ဖိလစ်ပိုင်နိုင်ငံသို့ ၈၂၅ တန်ဖြစ်ပါတယ်။ ယခင်အပတ်က ပင်လယ်ရေကြောင်း တင်ပို့မှုမရှိဘဲ ယခုအပတ်မှာတော့ တင်ပို့မှု ပြန်ေ ဆာင်ရွက်နိုင်တာ တွေ့ရပါတယ်။ ယခုအပတ်ပြောင်း FOB ပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂၈၀ ဖြစ်ပါတယ်။ MIRT (DOBT)

Pages