Background
ဂျပန်က ဝယ်လိုအားကောင်းနေလို့ ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုကတော့ တစ်ပတ်ထက်တစ်ပတ် အရှိန်တက်လာနေပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၂၅၀ တင်ပို့မှုရှိခဲ့ပြီး ယခုသီတင်းပတ် (ဒီဇင်ဘာ ၂၆-၃၀) အတွင်းမှာတော့တန်ချိန် ၂၀၀၀ နားနီးလာခဲ့ပါတယ်။
ယခုတစ်ပတ်ဒီဇင်ဘာလ ၁၂-၁၆ရက်အတွင်း ပင်လယ် ရေကြောင်းက နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၁၀၀ ခန့်ရှိပြီး ယခင် သီတင်းပတ်က တင်ပို့တဲ့ တန်ချိန် ၇၃၀ ထက်ပိုမိုလာပါတယ်။ ယခုတစ်ပတ်မှာ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေး ရှားနဲ့ တရုတ်ကို တင်ပို့ခဲ့တာဖြစ်ပြီး ဂျပန်ကို အများဆုံးနဲ့ တန်ချိန် ၆၆၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ တည်ငြိမ်နေတာတွေ့ရပြီး၊ ဒီဇင်ဘာလ ၁၆ ရက်မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန် ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် ရိုးရိုး တစ်တန် ကန်ဒေါ် လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူမှာ ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုမှာ ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိ ကြောင်း သိရပါတယ်။ MIRT - MAPT
အောက်တိုဘာ ၁ ရက်မှာ စတင် တဲ့ ဈေးကွက်ရာသီအတွင်း တရုတ်နိုင်ငံ ပဲပုပ်တင်သွင်းမှု ၁၀ ရာခိုင်နှုန်း မြင့် တက်နိုင်တဲ့အတွက် ကမ္ဘာ့ဝယ်ယူမှုမှာ တရုတ်နိုင်ငံနဲ့ ဝေစုကလည်း ၆၀ ရာခိုင် နှုန်းထိတိုးတက်လာနေတယ်လို့ ဟမ်း ဘတ်အခြေစိုက် Oil World သုတေသနဌာနမှ ပြောကြားပါတယ်။ ယခုနှစ် အတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု ဟာ စုစုပေါင်းတန်ချိန် ၅၇ ဒသမ ၈ သန်းအထိရှိလိမ့်မယ်လို့လည်းဆိုပါတယ်။
ပင်လယ်ရေကြောင်းက နှမ်းပုံမှန်တင်ပို့မှုရှိနေရာ ယခုတစ်ပတ်မှာ ဂျပန်ကို တင်ပို့မှု အားကောင်း တာတွေ့ရပါတယ်။ ဒီဇင်လာလ ၅ ရက်မှ ၉ ရက်အတွင်း နှမ်း တန်ချိန် ၇၃၀ ပင်လယ်ရေကြောင်းက တင်ပို့ခဲ့တဲ့အနက် ဂျပန်ကို တန်ချိန် ၄၅၀ ခန့်ထိ ရှိခဲ့ပါတယ်။ ကျန်တဲ့ ပမာဏကိုတော့ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ တရုတ်တို့ကို တင်ပို့ကြောင်း သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက် FOB ဈေးများအနေနဲ့ သိပ္ပံနှမ်းနက် တစ်တန်ကန် ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုးမှာ ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူမှာ ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုမှာ ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT(MAPT)
ဥရောပဇုန်ကြွေးမြီး အကျပ်အတည်းအပေါ် စိုးရိမ်မှုများမြင့်တက်လာကာ၊ ကုန်စည်များရောင်းထုတ်မှုများပြီး ဈေးကျဆင်းလာခြင်းတို့ကြောင့် ဒီဇင်ဘာ ၁၅ ရက်မှာ မလေးရှားစားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးလည်း ကျဆင်းခဲ့ပါတယ်။ ဘာစာ မလေးရှား ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ စာချုပ်အခြေခံစံနှုန်းဟာ ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်း ပြီး၊ တစ်တန်ရင်းဂစ် ၂၉၇၁(ကန်ဒေါ်လာ၉၃၅)ဖြစ်ခဲ့လို့ နိုဝင် ဘာလ ၃ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။
ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ သီးနှံ အထွက်လျော့ခြင်းက တောင်အမေရိ ကမှ ရောင်းချမှုကို အပြိုင်ဝယ်လာ နိုင်တဲ့အတွက် ပဲပုပ်ဈေးနှုန်းမြင့်တက် လာနိုင်တယ်လို့ Oil World မှ ခန့်မှန်း ပြောကြားပါတယ်။
ကမ္ဘာ့အကြီးဆုံး ပဲပုပ်စားသုံးတဲ့ တရုတ်နိုင်ငံဟာ စိုက်ပျိုးထုတ်လုပ်သူများ သီးနှံရောင်းချမှုကို အကူအညီ ပေး ဖို့ ပြည်တွင်းထွက်ရှိတဲ့ ပဲပုပ်များ သိုလှောင်မယ်လို့ နိုင်ငံကောက်ပဲသီးနှံ စီမံ ခန့်ခွဲတဲ့ အေဂျင်စီမှ ပြောကြားပါတယ်။ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းပြည်နယ်များမှ တောင်သူများထံက ပဲပုပ် တစ်တန် ယွမ် ၄၀၀၀ (ကန်ဒေါ်လာ ၆၂၇) ဈေးနဲ့ နိုဝင်ဘာလ ၂၃ ရက်မှ ဧပြီလ ၃၀ ရက်အထိ အစိုးရမှ ဝယ်ယူ မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရ အနေနဲ့ သိုလှောင်ဖို့ ပမာဏကို ကန့် သတ်မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ ဝယ်ယူတဲ့ကာလရှည်တဲ့အတွက် ဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းမှု ကိုလည်း ကန့်သတ်စေမှာဖြစ် တယ်လို့ Guoxin Futures ကုမ္ပဏီမှ သုတေသနမန်နေဂျာ Cau Yanhui မှ ပြောကြားပါတယ်။ တောင်သူတွေ အနေနဲ့ သင့်တင့်တဲ့ ဈေးနဲ့ရရှိမှာဖြစ်ပြီး၊ အစိုးရ မှ တန်ချိန် ၄ သန်း - ၅ သန်းခန့် ဝယ် ယူနိုင်တယ်လို့လည်း ဆိုပါတယ်။ ချီကာဂိုမှာ ဇန်နဝါရီ ပို့ရမယ့် ပဲပုပ်ဈေးဟာ ၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တစ်ဘူရှယ်ကို ကန်ဒေါ် လာ ၁၁ ဒသမ ၂၅ (တစ်တန်ကို ၄၁၆) ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဥရောပ ဇုန်ပြဿနာကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှေးကွေးပြီး၊ ကုန်စည်ဝယ်လို အားကျဆင်းတဲ့အတွက် ပဲပုပ်ကြိုပွိုင့်ဈေးဟာ ယခုလအတွင်း ၇ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လာမယ့်နှစ် ပထမနှစ်ဝက် အတွင်း ရောင်းချသွားမယ့် ၂၀၀၈ ခုနှစ် ကသိုလှောင်ထားတဲ့ပြည်တွင်းပဲပုပ်တန် ချိန် ၄ သန်း - ၅ သန်းခန့် အစိုးရ သိုလှောင်မှုရှိနေသေးတယ်လို့သိရပါတယ်။ ယမင်းခင်၊Source: Bloomberg
ယခင်တစ်ပတ်က ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု တန်ချိန် ၁၂၀၀ ကျော်ထိ ပြန်တိုးတက်ခဲ့ပေမဲ့ ယခုတစ်ပတ် (နိုဝင်ဘာ ၂၁ ရက်မှ ၂၅ ရက်) အတွင်းမှာတော့ တန် ၇၀၀ ခန့်သာရှိပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ ဂျပန်၊ ကိုရီယား၊ တရုတ်နဲ့ စင်ကာပူတို့ဖြစ်ပြီး ဂျပန်ကို တန် ၅၀၀ ခန့်နဲ့ အများဆုံးတင်ပို့ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ နိုဝင်ဘာလ ၂၅ ရက်အထိ စုစုပေါင်း နှမ်းတင်ပို့မှုမှာ တန်ချိန် ၇၅၂၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၀၅ သန်းကျော်ရှိပြီဖြစ်ကြောင်း သိရပါတယ်။ ယခင် ဘဏ္ဍာနှစ် ကာလတူအတွင်း တန်ချိန် ၅၅၄၀၀ ခန့်နဲ့ ဝင်ငွေ ကန်ဒေါ်လာ ၇၇ သန်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ FOB ဈေးများအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူမှာ ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုမှာ ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT(MAPT)
အမေရိကန်နိုင်ငံ ချီကာဂိုကုန်စည်ဒိုင်မှာ ပဲပုပ်ဆီကြိုပွိုင့်ဈေး သိသိသာသာ ကျဆင်းသလို တရုတ်နိုင်ငံ ဒေလီယံ ကုန်စည်ဒိုင်မှာလည်း စားဆီဈေးလျော့ကျခြင်း နဲ့အတူ ဥရောပဇုန်ကြွေးမြီ အကျပ်အတည်းနဲ့ပတ်သက်လို့ ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်မှုတွေဖြစ်ခဲ့တာကြောင့် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေးဟာ သီတင်းသုံးပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလစံနှုန်း စာချုပ်ဈေးဟာ တစ်တန် ရင်းဂစ် ၃၀၁၁ (ကန်ဒေါ်လာ ၉၆၃)ကို နိုဝင်ဘာလ ၁၀ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ ဥရောပဇုန်ကြွေးမြီ အကျပ်အတည်းကြောင့် စိုးရိမ်မှုတွေဖြစ်လာပြီး၊ ဝယ်လိုအားနည်းတဲ့အတွက် တစ်တန် ရင်းဂစ် ၃၀၀၀ (ကန်ဒေါ်လာ ၉၅၉)ထိ ကျဆင်း နိုင်တယ်လို့ ကွာလာလမ်ပူအခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။ ကာလတို အတွင်း စားအုန်းဆီတစ်တန်ရင်းဂစ် ၂၉၉၀ နဲ့ ၃၁၂၀ (ကန်ဒေါ်လာ ၉၅၆-၉၉၇) အတွင်းသာ ရှိနိုင်တယ်လို့လည်း ဘာလီမှာကျင်းပတဲ့ ညီလာခံတစ်ခုမှာ ဟင်းသီး ဟင်းရွက်လေ့လာဆန်းစစ်သူ အကြီးအကဲများဖြစ်တဲ့ Dorab Mistry နဲ့ James Fryတို့ကလည်း ခန့်မှန်းကြပါတယ်။ ဈေးကွက်အားပျော့လာခြင်းနဲ့အတူ ပဲပုပ်ဆီနဲ့ စားအုန်းဆီဈေး နှစ်ခုအကြား ကွာဟမှုကျဉ်းမြောင်း လာတဲ့အတွက် ပဲပုပ်ဆီကို ပိုမိုဝယ်ယူလာနိုင်ပြီး၊ စားအုန်းဆီ ဝယ်လိုအားလည်း နည်းသွားမယ်လို့ ဆိုပါတယ်။ မလေးရှား ဆိပ်ကမ်းများမှ သန့်စင်ပြီးစားအုန်းဆီဈေးဟာ အာဂျင်တီးနားမှ ပဲပုပ်ဆီကြမ်းဈေးထက် တစ်တန် ကန်ဒေါ်လာ ၃၈ သာ လျော့ကျကမ်းလှမ်းလျက်ရှိရာ ယခင်က တစ်တန် ကန် ဒေါ်လာ ၁၀၀-၁၅၀ထိ ကြီးမားစွာကွာခြားရာမှ ကွာဟမှုနည်းလာခြင်းဖြစ်ပါတယ်။ ကုန်ပစ္စည်းစစ်ဆေးတဲ့ Intertek Agri ဝန်ဆောင်မှု အေဂျင်စီရဲ့ စစ်ဆေးချက် အရ နိုဝင်ဘာလမှာ မလေးရှား စားအုန်းဆီတင်ပို့မှုဟာ ယခင်လထက် ၉ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန် ကန်ဒေါ်လာ ၁ ဒသမ ၅၃ သန်းသာ တင်ပို့ခဲ့ပါ တယ်။ ဒါပေမယ့် လာမယ့်မုတ်သုန်ရာသီမှာ လာနီညာရာသီ ဖြစ်စဉ်ဖြစ်ပေါ်လာနိုင်တဲ့အတွက် မလေးရှားနိုင်ငံမှာ မိုးပိုမိုပြင်းထန်စွာရွာသွန်းပြီး၊စားအုန်းဆီရိတ်သိမ်းမှုကိုနှောင့်နှေးစေ နိုင်သလို ဆီစက်များကို ကြိတ်ခွဲဖို့နဲ့ ဆိပ်ကမ်းများကို သယ်ယူရာမှာလည်း အဟန့်အတား ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ စားအုန်းဆီကြမ်း ရောင်းချမှု နည်းနိုင် တာကြောင့် ဒီဇင်ဘာလမှာ စားအုန်းဆီဈေးဟာ တစ်တန်ရင်းဂစ် ၃၂၀၀ (ကန်ဒေါ်လာ ၁၀၂၃)အထိ မြင့်တက်နိုင်တယ်လို့ Johor မှ စားအုန်းဆီစိုက်ပျိုးသူ တစ်ဦးက ဆိုပါတယ်။ လက်ငင်းဈေးကွက်အတွင်း ဒီဇင်ဘာလအတွက် သန့်စင်ပြီး၊ စားအုန်း ဆီဈေးဟာ ၅ ဒေါ်လာ လျော့ပြီး၊ မလေးရှား FOB ဈေး တစ်တန်ကန်ဒေါ်လာ ၁၀၆၅ ရှိပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်း ဈေးမှာ ရင်းဂစ် ၅၀ (ကန်ဒေါ်လာ ၁၅ ဒသမ ၉၈)လျော့ကျပြီး၊ တစ်တန်ရင်းဂစ် ၃၀၃၀ (ကန် ဒေါ်လာ ၉၆၉)ဈေး ဖြစ်ခဲ့ပါတယ်။ ယုဇန၊ Source: palmolihq.com
ကမ္ဘာ့ ပဲပုပ်ဝယ်ယူမှု အများဆုံး တရုတ်နိုင်ငံဟာ အစိုးရသိုလှောင်မှု မြှင့်တင်ဖို့ အမေရိကန်ပဲပုပ်တန်ချိန် ၆ သိန်းဝယ်ယူခဲ့တယ်လို့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ပြောကြားပါတယ်။ နိုင်ငံစား နပ် ရိက္ခာ အရန်သိုလှောင်မှုကို စီမံခန့်ခွဲ တဲ့ တရုတ်ကောက်ပဲသီးနှံအရန် သိုလှောင်မှုကော်ပိုရေးရှင်းဟာ နောက်နှစ် မှာ တင်ပို့ဖို့ ပဲပုပ်ဝယ်ယူထား ကြောင်း၊ ယင်းကုမ္ပဏီပြောခွင့်ရ Sheng Bingzhou ကပြောကြားခဲ့တာဖြစ်ပါတယ်။ ယခုဝယ်ယူခြင်းက ယခုလ ပထမ သီတင်းပတ်အတွင်း ပဲပုပ်ဆီ တန်ချိန် ၂၀၀၀၀ ဝယ်ယူပြီးနောက် ထပ်မံ ဝယ်ယူ မှု ပဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီကုမ္ပဏီ ဟာ အောက်တိုဘာလအစ ပိုင်းမှာလည်း ပြောင်းတန်ချိန် ၁ သန်း၊ ပဲပုပ်ဆီတန်ချိန် ၇ သိန်း-၈သိန်းနဲ့ ပဲပုပ်တန်ချိန် ၂ သန်း လည်း ဝယ်ယူထားတယ်လို့ ဆိုပါတယ်။ ချီကာကိုမှာ ဇန်နဝါရီလပို့ရမယ့် ပဲပုပ်ဈေးဟာ ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၁ ဒသမ ၈၆၅ ရှိပါတယ်။ ဆီထွက် သီးနံှရောင်းချမှု တိုးမြင့်ခြင်းနဲ့ ကမ္ဘာ့ စီးပွားရေး အားပျော့ခြင်းက ဝယ်လိုအား ကို လျော့ကျစေခြင်းတို့ကြောင့် ကြိုပွိုင့် ဈေးဟာ ယခုလမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ၂၀၁၁ -၂၀၁၂ ဈေးကွက်နှစ် အတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု ဟာ ယခင်နှစ်ကထက် ၇ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တန်ချိန် ၅၆ သန်းရှိမယ်လို့ နိုင်ငံပိုင် သုတေသနဌာန တရုတ်နိုင်ငံ တော်ကောက်ပဲသီးနှံနဲ့ဆီသတင်းအချက် အလက်စင်တာမှ ပြောကြားခဲ့ပါတယ်။ တရုတ် နိုင်ငံရဲ့ တင်သွင်းမှုဟာ အာဂျင်တီးနားနဲ့ ဘရာဇီးတို့က မြင့်တက်နေဆဲ ဖြစ်ပြီး၊ အမေရိကန်မှ အာရှနိုင်ငံများကို တင်ပို့မှု ကျဆင်းဖွယ်ရှိတယ်လို့ Oil World မှ ပြောကြားပါတယ်။ ယမင်းခင် Source: bloomberg