Main menu

Background

Monday, 28 May 2012

    အောင်ပန်းဈေးကွက်မှာတော့ ချင်း (စို) က အဝင်များနေပါတယ်။ ဈေးဖိတ်နေ့ တွေဆိုရင် တစ်ရက်ထဲကို ပိဿာချိန် ၂၀၀၀ မှ ၄၀၀၀ ခန့် ဝင်တယ်လို့လည်းသိရပါ တယ်။ အဝင်များပေမဲ့ အဝယ်ကသိပ်မလိုက်ပါဘူး။ ပြည်မမှာ အပူချိန်လွန်ကဲနေ တာကြောင့်ချင်း (စို) တွေက ဒီတိုင်းနွမ်းပြီးခြောက်သွေ့သွားတာကြောင့် ချင်းအဝယ် နည်း လာတယ်လို့သိရပါတယ်။ ချင်းထိုးသမားတွေက ၅ ရက်တစ်ဈေးမှာမှ ပိဿာ ချိန် ၃၀၀၀ ခန့်သာ ဝယ်ယူနေတယ် လို့လည်းသိရပါတယ်။

Monday, 28 May 2012

    မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၅ သန်းတန်ဖိုးရှိ ချင်းခြောက် ၆ တန်ကျော်ကို မေ ၁၆ ရက်မှ ၂၂ ရက် အထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ မြဝတီနယ်စပ်မှ ဒေသထွက်ချင်းများ အခြောက်ခံတင်ပို့ခြင်းဖြစ်ရာ တင်ပို့မှုပမာဏမှာအနည်းငယ်ခန့်သာရှိတာ ဖြစ်ပါ တယ်။ ယခင်အပတ်ကထက် ၄ တန်ကျော်အပို့ပိုခဲ့ပါတယ်။MIRT(DOBT)

Monday, 28 May 2012

    မေလ ၁၆ မှ ၂၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၆၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၉၈၆ တန်ကျော်ကို မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ရာယခင်အပတ်ကထက်တန် ၇၆၀ ကျော်အပို့ပိုမိုခဲ့ပါတယ်။ ပဲတီစိမ်းလုံးပြည့်များသာအပို့ရှိပြီး လုံးခြမ်း တင်ပို့နိုင်မှုတော့ မရှိဘူးလို့သိရပါတယ်။ ယခုအပတ်မှာ မိမိဘက်ရော တစ်ဖက်နိုင်ငံမြေပြင်ဈေးများ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်- 

Monday, 28 May 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲတီစိမ်းအရောင်းအဝယ် ပိုဖြစ်လာတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံကိုတင်ပို့ဖို့အရည်အသွေးကောင်းများဝယ်ယူမှုရှိလို့ ယခုတစ်ပတ် (မေလ ၁၈ ရက်-၂၄ ရက်) အတွင်းမှာ တန်ချိန် တစ်သောင်းကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ တန်ချိန် ၉၅၀၀ ခန့်ထက် ပိုမိုခဲ့ပါတယ်။

Monday, 28 May 2012

    ယခင်တစ်ပတ်က ပဲတီစိမ်း ပြည်ပတင်ပို့မှု တန်ချိန် ၁၃၀၀၀ ခန့်အထိ တင်ပို့မှုတက်ခဲ့ပြီး ယခုတစ်ပတ်(မေလ ၁၄-၁၈) အတွင်းမှာတော့ တန်ချိန် ၉၂၀၀ ခန့်သာ တင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ်ထက် လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ အစောပိုင်း အပတ်စဉ်တင်ပို့မှု ပမာဏတွေထက်တော့ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေ ၁၈ ရက်အထိ စုစု ပေါင်း ပဲတီစိမ်းတင်ပို့မှုမှာ တန်ချိန် ၅၅၀၀၀ ခန့်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၁ သန်းကျော်ရရှိခဲ့ကြောင်း သိရပါတယ်။

Monday, 28 May 2012

    ကုလားပဲရိုးရိုးနဲ့ ကုလားပဲဖြူလုံးကြီးများမှာ ရောင်းဝယ်မှုကောင်းသလို၊ တင်ပို့မှု လည်း  အားကောင်းနေပါတယ်။ မေ ၁၄ ရက်မှ ၁၈ ရက်အထိ တစ်ပတ်အတွင်း ကုလားပဲစုစုပေါင်း တန်ချိန် ၆၀၀၀ နီးပါးတင်ပို့မှုရှိခဲ့ပြီး တင်ပို့တဲ့ အဓိကနိုင်ငံတွေ ကတော့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့ဖြစ်ပါတယ်။

Monday, 28 May 2012

    နယ်စပ်ကုန်သွယ်ရေးစခန်း များ ဖြစ်တဲ့ မူဆယ်နဲ့ မြဝတီနယ်စပ်ကုန် သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၀၃၅ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၅၂ တန်ခန့်ကို မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခုအပတ်တင်ပို့မှု ထက် ၁၄ တန် လျော့နည်းတင်ပို့ခဲ့ပါ တယ်။ နယ်စပ်အလိုက် တင်ပို့မှုတွေ ကတော့မူဆယ်မှ ၃၇ တန်ခန့်နဲ့ မြဝတီ မှ ၁၅ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ မူဆယ်နဲ့ရွှေလီမြေပြင်ဈေးများ အနည်း ငယ်ကျလျက်ရှိတယ်လို့ သိရပါတယ်-

Monday, 28 May 2012

    ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် ၁၃၀၀ ခန့် တင်ပို့ခဲ့ပေမဲ့ ယခုတစ်ပတ် (မေလ ၁၄ ရက်မှ ၁၈ ရက်) အတွင်း မှာတော့ တန်ချိန် ၉၀၀ ခန့်သာတင်ပို့ နိုင်တာ တွေ့ရပါတယ်။ ယခုတစ်ပတ် တင်ပို့တဲ့ နိုင်ငံများကတော့ အီဂျစ်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ကိုဖြစ်ပါတယ်။

Monday, 28 May 2012

        ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ်လည်း ပဲစင်းငုံ အရောင်းအဝယ်ပမာဏ နည်းနေဆဲဖြစ်ပါတယ်။ အိန္ဒိယ ဝယ်လက်များ အဝယ်ထိုင်းတဲ့အတွက် မေလ ၁၈ ရက်မှ ၂၄ ရက်အတွင်း ပဲစင်းငုံ တန်ချိန် ၆၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ယခုတစ်ပတ်နှောင်းပိုင်းမှာတော့ တစ်ရက်ထက်တစ်ရက် အရောင်းအဝယ်သွက်လာခဲ့ တယ်လို့ သိရပါတယ်။

Monday, 28 May 2012

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်ထက် တစ်ဆပိုလာခဲ့ပါတယ်။ ယခင်တစ်ပတ်က ပဲစင်းငုံတန်ချိန် ၄၃၀၀ ကျော် တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၁၄-၁၈ ရက်) အတွင်းမှာ တန်ချိန် ၈၉၀၀ အထိ ပိုမိုတင်ပို့လာခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍနှစ် မေလ ၁၈ ရက်အထိ ပဲစင်းငုံ စုစုပေါင်း တင်ပို့မှု တန်ချိန် သုံးသောင်းနီးပါးရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၁၆ သန်းကျော် ရရှိကာ ယခင်ဘဏ္ဍနှစ် ကာလတူမှာ တန်ချိန် ၁၆၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၃ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။ ယခုတစ်ပတ် ရောင်းဝယ်မှု အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှုအားကောင်းဖွယ်ရှိပါတယ်။        MIRT-MAPT

Pages