Main menu

Background

Monday, 14 May 2012

        ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်  FOB ဈေးကွက်မှာ သြင်္ကန်အပြီး ယခုတစ်ပတ်အတွင်း ပဲတီစိမ်း၊ ပဲတီရွှေဝါ ရောင်းဝယ်မှု ပိုမိုလာကြောင်း သိရပါတယ်။ သြင်္ကန်မတိုင်မီ ဧပြီလ ၂ ရက်မှ ၉ ရက်အတွင်း တန်ချိန် ၆၀၀၀ ကျော်သာ အရောင်းအဝယ်စာချုပ်ခဲ့ရာမှ ဧပြီလ ၂၃ ရက်မှ ၂၇ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၀၀၀ ခန့် ရောင်း ဝယ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။     ယခုတစ်ပတ် ရောင်းဝယ်မှုဖြစ်တဲ့ ပဲများထဲမှာ ပဲတီစိမ်းပါဝင်မှုမရှိဘဲ ပဲတီရွှေဝါများကိုသာ ရောင်းဝယ်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပဲတီစိမ်းအညာ၊ ပခုက္ကူဈေးမှာ တစ်တန် ကန်ဒေါ်လာ ၆၅၀-၆၇၀ နဲ့ ပြောင်းလဲမှု မရှိပေမဲ့ ရွှေဝါအကြီးမှာ ဧပြီလ ၂၃ ရက်မှာ ကန်ဒေါ်လာ ၈၆၀-၈၈၀ ရှိရာမှ ဧပြီလ ၂၇ ရက်မှာ ကန်ဒေါ်လာ ၉၀၀-၉၂၀ ကို မြင့်တက်လာကြောင်း သိရပါတယ်။                                                       MIRT - MAPT                                           

Monday, 14 May 2012

    ဧပြီလ ၁၈ ရက်မှ  ၂၄ ရက်ထိ ကာလဟာ သြင်္ကန်ပွဲတော်ကာလအလွန်မှာ  ကုန်သည်လုပ်ငန်းရှင်များလည်း ကုန်သွယ်မှု လုပ်ငန်းများပြန်လည်လုပ်ဆောင်လာကြပြီဖြစ်တာနဲ့အညီ ယခုအပတ်မှာ ပဲတီစိမ်းအပို့ပို လာတာတွေ့ရပါတယ်။ ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ  ကန်ဒေါ်လာ သုည ဒသမ ၀၈၃ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၁၂ တန် ဝန်းကျင်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၂ သန်း တန်ဖိုးရှိ ပဲတီစိမ်းအခွံချွတ် ၁၂ ဒသမ ၇၅ တန်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခင် အပတ်ကထက် ပဲတီစိမ်းလုံးပြည့် ၇၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံဈေးပြောင်းလဲမှုမရှိသော်လည်း မိမိဘက် မြေပြင်ဈေးကျပ် ၆၇၆၀၀ ကျော် ပိုမိုမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်မြေပြင်ဈေးမှာ ကျပ် ၆၆၀၄၀၀ ဖြစ်ပြီး တစ်ဘက်နိုင်ငံဈေးမှာ ၈၂၆ဒေါ်လာပေါက်လျက်ရှိပါတယ်။ မိမိဘက်မြေပြင်ဈေးမှာ ယခင်အပတ်များထက် ၁၁ ရာခိုင်နှုန်း ပိုမိုခဲ့ပါ တယ်။                                                                                                                                                                                                                                                                   MIRT(DOBT)

Monday, 14 May 2012

    ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ပါကစ္စတန်တို့ကို အဓိကတင်ပို့တဲ့ ကုလားပဲ၊ ကုလားပဲဖြူလုံးကြီးဟာ ဧပြီလ ပထမပတ်အတွင်း တန်ချိန် ၃၂၀၀ ကျော်အထိ တင်ပို့မှု ရှိခဲ့လို့ မတ်လနောက်ဆုံးပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၂၈၀၀ ကျော်ထက် ပိုမိုခဲ့ပါတယ်။ ဧပြီလ ၂ ရက်မှ ၂၀ ရက်အထိ စုစုပေါင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၄၀၀၀ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် တစ်ထောင်ကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

Monday, 14 May 2012

    ယခုရက်အတွင်းမှာ ပြည်ပဲ ဈေး ကွက်ကို ပဲလွန်းဖြူ အဝင်အနည်းငယ် ရှိလာခဲ့ပါတယ်။ ရွှေတောင်၊ ကျီးသဲ၊ ညောင်စာရေးဘက်မှ တစ်နေ့ကို အိတ် ၄၀ - ၅၀ ခန့် အဝင်ရှိပါတယ်။ လက်လီ သမားများနဲ့ ရန်ကုန်ဝယ်လက် လည်း အနည်းငယ်အဝယ်ရှိပြီး၊ ပဲတစ်တင်း ၁၂၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါ တယ်။မိမိအေး

Monday, 14 May 2012

    ကမ္ဘာ့ ပဲဈေးကောင်းမွန်ချိန်က ထိပ်ဆုံးစာရင်းဝင် ပဲစင်းငုံနီဟာ ယခုအခါ ဈေးကွက်ရှာရောင်းနေရတဲ့ အခြေအနေထိ ဝယ်လက်ပျောက်နေလို့ မုံရွာကုန်စည် ဒိုင် နှစ်သစ်ကူးပြီး ရက်သတ္တပတ်မှာ ဈေးဆက်လက်ကျဆင်း လျက်ရှိပါတယ်။ မုံရွာကုန်စည်ဒိုင်ပေါက်ဈေးဟာ ရံဖန်ရံခါ ရန်ကုန်ပေါက်ဈေးထက် ပိုမြင့်နေပြီး၊ ရန်ကုန်အဝယ် မရှိသလို ရောင်းလက်သမားတွေ အနေနဲ့လည်း မူလဝယ်ရင်း ဈေး တောင် မမီလို့ ထုတ်မရောင်းနိုင်ကြလို့ ဈေးကွက်ပျောက်သလောက် ဖြစ်ခဲ့ရ ကြောင်း၊

Monday, 14 May 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ သြင်္ကန် မတိုင်မီ ဧပြီလ ၂ ရက်မှ ၉ ရက်အတွင်း ပဲစင်းငုံ တန်ချိန် ၈၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြင်္ကန်အပြီး ဧပြီလ ၂၃ ရက်မှ ၂၇ ရက်အထိ တစ်ပတ် အတွင်းမှာတော့ ပဲစင်းငုံဖြူနီ၊ အနီ တန်ချိန် ၁၁၅၀၀ ကျော်အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 14 May 2012

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုအနေနဲ့ သြင်္ကန်မတိုင်မီ ဧပြီလ ပထမ ပတ် (၂ ရက်မှ ၆ ရက်) အတွင်း ပြည်ပကို တန် ၅၀၀၀ ခန့်တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ မတ်လကုန်ပတ်မှာ တန်ချိန် ၄၄၀၀ တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ဧပြီလ၂ ရက်မှ ၂၀ ရက်အထိ စုစုပေါင်းတင်ပို့မှုအနေနဲ့ပဲစင်းငုံတန် ၉၀၀၀ ကျော် တင်ပို့မှုရှိခဲ့လို့ ဧပြီလ ၉ ရက်မှ သြင်္ကန်ကာလအတွင်း တန် ၄၀၀၀ ခန့် တင်ပို့နိုင်ခဲ့ ကြောင်း သိရပါတယ်။

Monday, 14 May 2012

    သြင်္ကန်အပြီးရက်များမှာ ပြည်ပဲပွဲရုံများကို ရေလမ်း၊ ကားလမ်းနဲ့ မတ်ပဲအဝင် များ လာပါတယ်။ ရွှေတောင်၊ ညောင်စာရေး၊ ဝက်ထီးကန်၊ ပေါင်းတလည်၊ ကံမ၊ မင်းတုန်း၊ ဥသျှစ်ပင်ဘက်မှ တစ်နေ့ကို အိတ် ၄၀၀-၅၀၀ ခန့် အဝင်ရှိနေပါတယ်။ ပဲလှောင်သမားများ၊ ရန်ကုန်ဝယ်လက်များလည်း အဝယ်များပြီး၊ ပဲတစ်တင်းကို ၁၂၃၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။

Monday, 14 May 2012

    ဟင်္သာတပဲဈေးကွက်မှာ မတ်ပဲဈေးမှာ သြင်္ကန်အပြီးဈေးအနည်းငယ် တက်လာရာ ယခုတစ်ပတ်မှာ မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၁၂၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခင်တစ်ပတ်ထက် အနည်းငယ်ဈေးမြင့်လာ တာတွေ့ရ ပါတယ်။ မတ်ပဲအရောင်းအဝယ်ဖြစ်မှုကတော့ သြင်္ကန်ကာလအလွန်မှာ ပိုများလာ ပြီး တစ်ရက်ကို ပျမ်းမျှ အိတ် ၄၀၀၀ ခန့် ဝင်ရောက်နေကြောင်း သိရပါတယ်။ မတ်ပဲစီးထွက်မှုအနေနဲ့ ရန်ကုန် ဘုရင့်နောင်ဈေးကွက်ကို နေ့စဉ် ပျမ်းမျှ အိတ် ၄၀၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။            အေးအေးခိုင်

Monday, 14 May 2012

    ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ရဲ့ အစပိုင်း ဧပြီလ ပထမပတ်အတွင်း ပင်လယ်ရေ ကြောင်းက မတ်ပဲတန်ချိန် ၁၃၀၀၀ ကျော်တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ သြင်္ကန်ကာလအတွင်းမှာလည်း သင်္ဘောတင်ပို့မှုအချို့ရှိခဲ့လို့ဧပြီလ ၁ ရက်မှ ၂၀ ရက်အထိ စုစုပေါင်းမတ်ပဲ တန်ချိန် ၂၅၀၀၀ နီးပါးအထိ တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ယခင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ သြင်္ကန်ကာလ တင်ပို့မှု ရပ်နားထားတဲ့အတွက် စုစုပေါင်းတန်ချိန် တစ်သောင်းကျော်သာ တင်ပို့မှုရှိခဲ့ တယ်လို့ သိရပါတယ်။    ယခုတစ်ပတ်အတွင်းမှာဖြစ်ပေါ်တဲ့ ရောင်းဝယ်မှုအခြေအနေအရ လာမယ့် သီတင်းပတ်မှာလည်း တင်ပို့မှုအားကောင်းနိုင်ကြောင်း ခန့်မှန်းရပါတယ်။MIRT - MAPT

Pages