Background
ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ ပမာဏလိုပဲ ယခုတစ်ပတ် မတ်လ ၃၁ ရက်မှ ဧပြီလ ၅ ရက်အတွင်းမှာလည်း တန်ချိန် ၆၈၀၀ ကျော် အရောင်းအဝယ် စာချုပ် နိုင်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအရောင်းအဝယ်ဖြစ်မှု ပိုများပြီး ဖြူနီစများ လည်း ပုံမှန်အဝယ်ရှိနေကြောင်း သိရပါတယ်။
ပဲစင်းငုံပြည်ပတင်ပို့မှုကို လေ့လာကြည့်ရင် ၂၀၁၂ မတ်လမှာ တန်ချိန် သုံး သောင်းကျော်ရှိပြီး ဖေဖော်ဝါရီလမှာတန်ချိန် ၄၇၀၀၀ ကျော်ထိတင်ပို့ခဲ့လို့ မတ်လ မှာ တန်တစ်သောင်းကျော်လျော့ကျတင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၁ မတ်လ တင်ပို့မှု တန်ချိန် ၁၉၀၀၀ ခန့်နဲ့ ယှဉ်ရင်တော့ ၂၀၁၂ မတ်လမှာ တန်တစ်သောင်းကျော် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။
ဟင်္သာတဈေးကွက်ရှိ မတ်ပဲဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂၀ ဝင် တစ်တင်းကို ၁၂၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်းကို ၁၂၁၀၀ ကျပ်ကိုဈေးအေးသွားသော်လည်း အရောင်းအဝယ် ကတော့ ပုံမှန်ဖြစ်နေပါတယ်။ အချို့တောင်သူကြီးများက ပဲဈေးအတက်ကို မျှော်မှန်းပြီး၊ ယခုပေါက်ဈေးများနဲ့ ရောင်းဝယ်ခြင်းမပြုကြဘဲ သိုလှောင်ထားခြင်း များ ပြုလုပ်ကြပါ တယ်။ ရန်ကုန်ဝယ်လက်များမှလည်း ဈေးချဝယ်ယူနေတာကြောင့် နေ့စဉ်ပျမ်းမျှ အိတ် ၃၀၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ ရောင်းဝယ်မှုကတော့ ယခင်တစ်ပတ်လိုပဲ အားကောင်းနေပါတယ်။ အများဆုံး အရောင်းအဝယ်ဖြစ်တာ FAQ များပြီး မတ်လ ၃၁ ရက်မှ ဧပြီလ ၅ ရက် အထိ စုစုပေါင်းတန်ချိန် ၂၁၀၀၀ ခန့် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
၂၀၁၂ မတ်လအတွင်း မတ်ပဲတင်ပို့မှုမှာ ယခင်လထက်ပိုမိုသလို ၂၀၁၁ မတ်လ တင်ပို့မှုထက်လည်း ပိုမိုတင်ပို့နိုင် တာတွေ့ရပါတယ်။ ၂၀၁၂ မတ်လ တစ်လ လုံးမှာတန်ချိန် ၄၈၀၀၀ကျော်ရှိပြီး ဖေဖော်ဝါရီလမှာ တန်ချိန် ၃၅၀၀၀ ခန့် တင်ပို့ ခဲ့ပါတယ်။
မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ထိုင်းနယ်စပ်ရှိ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၆၈၁ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၅၃၆ တန်ကျော် အပို့ ရှိခဲ့ ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၅၅၃ တန်ကျော်၊ ချင်းရွှေဟော်မှ ၉၃၃ တန်ခန့်နဲ့ မြိတ်နယ်စပ်မှ တန် ၅၀ အသီးသီးဖြစ်ပါတယ်။
ခြောက်လတာမျှ ပဲပုပ်ဈေးကောင်းနေပြီးနောက် အမေရိကန်ရဲ့ ထုတ်လုပ်မှု တိုးလာပြီး တောင်သူတွေလည်း ပိုမိုစိုက်ပျိုး တာကြောင့် ဈေးနှုန်းများ ကျဆင်းသွား ကြောင်းနဲ့ ပြောင်းသီးနှံလည်း အလားတူဖြစ်ကြောင်း အစိုးရရဲ့ အစီရင်ခံစာများ မှာ ဖော်ပြထားပါတယ်။
၂၀၁၁-၁၂ ခုနှစ်ထွက် အစေ့ထုတ်ပြောင်းသီးနှံအား စိုက်ပျိုးဖို့ ဧက သုံးထောင် ခန့် လျာထားခဲ့သော်လည်း အမှန်စိုက်ပျိုးပြီးစီးမှုမှာ ဧက ၂၇၀၀ ကျော် ဖြစ်ပါတယ်။ ယခုအချိန်မှာ အစေ့ထုတ်ပြောင်း သီးနှံများလည်း စတင် ထွက်ပေါ်လာပြီဖြစ်လို့ ကုန်စည်ဒိုင်ဈေးကွက်ကို ဟင်္သာတမြို့အနီးရှိ ကျေးရွာများနဲ့ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များမှတရက်ပျမ်းမျှအိတ် ၁၀၀၀ ခန့်လာရောက်ရောင်းချကြတယ်လို့ သိရ ပါ တယ်။ ရန်ကုန်ဝယ်လက် ကုန်သည်ကြီးများရဲ့ ဝယ်လိုအားကြောင့် တစ်ရက်ကို ပျမ်းမျှအိတ် ၅၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ အစေ့ ထုတ်ပြောင်းဈေးနှုန်းများ ပိဿာ ၂၀ ဝင်တစ်တင်းကို ပေါ်စအချိန်မှာ ၅၂၀၀ ကျပ်ဈေးဖြစ်ပြီး၊ ယနေ့ ဈေးနှုန်း မှာတော့ ၄၈၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ အေးအေးခိုင်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅မိုင်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းများမှကန်ဒေါ်လာ ၂ ဒသမ ၄၃၂ သန်းတန်ဖိုးရှိ ပြောင်း ၈၁၂၅ တန်ကျော်ကို မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၉၁၂ တန်ကျော် နယ်စပ်မှ ပြောင်းအပို့ ပိုခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၄၃၉၃ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၉၂၁ တန် ကျော်နဲ့ ကန်ပိုက်တီးမှ ၁၈၁၁ တန်ခန့် အသီးသီးအပို့ရှိခဲ့ပါတယ်။
မတ်လ ၁၈ ရက်မှ ၂၄ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၅၁၇ တန် တန်ဖိုး ဒေါ်လာ သုည ဒသမ ၁၄၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၁၀၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုထက်ဝက် ခန့် ကျဆင်းခဲ့ပါတယ်။ တင်ပို့တာကတော့ ဖိလစ်ပိုင်တစ်နိုင်ငံထဲကို ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တရုတ်နယ်စပ်ကနေ တန်ချိန် ၈၀၀၀ ကျော် တင်ပို့ခဲ့ တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြား ဈေးပေါက်လျက်ရှိပါတယ်။ K.Z.W
