Background
၂၀၁၁-၁၂ ခုနှစ်ထွက် အစေ့ထုတ်ပြောင်းသီးနှံအား စိုက်ပျိုးဖို့ ဧက သုံးထောင် ခန့် လျာထားခဲ့သော်လည်း အမှန်စိုက်ပျိုးပြီးစီးမှုမှာ ဧက ၂၇၀၀ ကျော် ဖြစ်ပါတယ်။ ယခုအချိန်မှာ အစေ့ထုတ်ပြောင်း သီးနှံများလည်း စတင် ထွက်ပေါ်လာပြီဖြစ်လို့ ကုန်စည်ဒိုင်ဈေးကွက်ကို ဟင်္သာတမြို့အနီးရှိ ကျေးရွာများနဲ့ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များမှတရက်ပျမ်းမျှအိတ် ၁၀၀၀ ခန့်လာရောက်ရောင်းချကြတယ်လို့ သိရ ပါ တယ်။ ရန်ကုန်ဝယ်လက် ကုန်သည်ကြီးများရဲ့ ဝယ်လိုအားကြောင့် တစ်ရက်ကို ပျမ်းမျှအိတ် ၅၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ အစေ့ ထုတ်ပြောင်းဈေးနှုန်းများ ပိဿာ ၂၀ ဝင်တစ်တင်းကို ပေါ်စအချိန်မှာ ၅၂၀၀ ကျပ်ဈေးဖြစ်ပြီး၊ ယနေ့ ဈေးနှုန်း မှာတော့ ၄၈၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ အေးအေးခိုင်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅မိုင်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းများမှကန်ဒေါ်လာ ၂ ဒသမ ၄၃၂ သန်းတန်ဖိုးရှိ ပြောင်း ၈၁၂၅ တန်ကျော်ကို မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၉၁၂ တန်ကျော် နယ်စပ်မှ ပြောင်းအပို့ ပိုခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၄၃၉၃ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၉၂၁ တန် ကျော်နဲ့ ကန်ပိုက်တီးမှ ၁၈၁၁ တန်ခန့် အသီးသီးအပို့ရှိခဲ့ပါတယ်။
မတ်လ ၁၈ ရက်မှ ၂၄ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၅၁၇ တန် တန်ဖိုး ဒေါ်လာ သုည ဒသမ ၁၄၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၁၀၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုထက်ဝက် ခန့် ကျဆင်းခဲ့ပါတယ်။ တင်ပို့တာကတော့ ဖိလစ်ပိုင်တစ်နိုင်ငံထဲကို ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တရုတ်နယ်စပ်ကနေ တန်ချိန် ၈၀၀၀ ကျော် တင်ပို့ခဲ့ တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြား ဈေးပေါက်လျက်ရှိပါတယ်။ K.Z.W
ပြည်ကြက်သွန်နီဈေးကွက်ကို မကွေးတိုင်းဒေသကြီးနဲ့ ဒေသတွင်းမြို့နယ်များဖြစ်တဲ့ ကျီးသဲ၊ မှော်ဇာတို့မှ ယခုတစ်ပတ် အတွင်း ၃၅ ပိဿာဝင်အိတ် ၄၅၀၀ ခန့် အဝင်ရှိတယ်လို့ သိရပါတယ်။ အဝင်သွက်တဲ့အတွက် ယခင်တစ်ပတ်ကထက် ဈေးကျသွားခဲ့ပြီး၊ တစ်ပိဿာကို (ကြီး) ၃၂၀ ကျပ်၊ (လတ်) ၂၇၀-၂၅၀ ကျပ်၊ အသေး ၁၆၀ ကျပ်တို့နဲ့ အရောင်းသွက်လျက်ရှိနေ ပါတယ်။ အရောင်းအဝယ်မှာ တစ်နေ့ကို အိတ် ၄၅၀ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်
ဒီတစ်နှစ်ထွက်တဲ့ ရှမ်းနနွင်းတွေက အရည်အသွေးကောင်းလာတာကြောင့် ဈေးလည်းပြန်ကောင်းလာပါတယ်။ တရုတ် ဝယ်လက်တွေ ပြန်ဝယ်ယူခြင်းမရှိသေးပေမဲ့ ပြည်တွင်းသုံးဟင်းခတ်အမွှေးအကြိုင်နဲ့ ပရဆေးဖော်ဖို့အတွက် ဝယ်ယူနေမှု ရှိတာကြောင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့လည်းသိရပါတယ်။ နနွင်းကလည်း ဈေးကွက်မှာ လက်ကျန်သိပ်မရှိ ပါဘူး။ တောင်သူတွေက ဈေးကောင်းရမှသာ ဖော်ကြရမှာဖြစ်တာကြောင့် ဈေးကွက်မှာ သိပ်မရှိဘူးလို့ ပွဲရုံတွေကသိရပါတယ်။ ပင်လောင်းနနွင်းကတော့ အခုအချိန်ထိ အဝင်မရှိသေးပါဘူး။ ဒီတစ်ပတ် နနွင်းဈေးတွေက အောင်ပန်းဈေးကွက်မှာ တောင်ပို့ နနွင်းတစ်ပိဿာ ၇၀၀ ကျပ်၊ ၈၀၀ ကျပ်ဈေးရှိပြီး၊ ဆင်တောင်နနွင်း ၄၀၀ ကျပ်၊ ၅၀၀ ကျပ်ဈေးရှိပါတယ်။ ပင်လောင်းနနွင်း တစ်ပိဿာ ၄၀၀ ကျပ်၊ ၅၀၀ ကျပ်ဈေးသာ ရှိပါတယ်။ ဟိုပုံးနနွင်းတစ်ပိဿာ ၈၀၀ ကျပ်ဈေးရှိတယ်လို့ ဒေသခံ ပွဲရုံတွေက သိရပါတယ်။ဧဧခိုင်
ယခုနှစ်ရာသီ မန်ကျည်းတစ်လှည့် ဆီးတစ်လှည့်ရာသီမှာ မန်ကျည်းသီး၊ မန်ကျည်းနှစ်များ အထွက်ကောင်းပြီး၊ ဈေးကောင်းရလျက်ရှိတယ်လို့ သိရပါတယ်။ ကျောက်ပန်းတောင်းနယ်နဲ့ ရမည်းသင်း၊ ပျော်ဘွယ်နယ်တို့မှာ မန်ကျည်းသီး အထွက်အများဆုံးနဲ့ လှောင်လက်၊ ဝယ်လက်အများဆုံး ဒေသတွေလည်း ဖြစ်ပါ တယ်။ ကျောက်ပန်းတောင်းနယ်မှာ အမျှင်ပါမန်ကျည်းသီး တစ်ပိဿာ ၅၀၀ ကျပ်၊ အမျှင်မပါ တစ်ပိဿာ ၇၀၀ ကျပ်နဲ့ အစေ့ထုတ်ပြီး မန်ကျည်းသီး တစ်ပိဿာ ၁၃၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်သွက်နေကြောင်း သိရပါတယ်။ပြုံးရီ
ဒီသီတင်းပတ်ဖြစ်တဲ့ မတ်လ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း နနွင်း ၁၅ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဘဲဖြစ်ပါတယ်။ နှစ်ပတ်ဆက်တိုက် အပို့ ပျောက်ခဲ့ တဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်တန်ကို FOB ဈေး ပျမ်းမျှကန်ဒေါ်လာ ၇၀၀ နဲ့တင်ပို့ခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သောင်းရှစ်ရာရရှိခဲ့ပါတယ်။ MIRT (DOT)
ပြည်ပကို မတ်လ ၁၈ ရက်မှ ၂၄ ရက်တာ ကာလအတွင်း မန်ကျည်း ၂၂၈၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီသီတင်း ပတ်မှာ အင်ဒိုနီးရှားကို ၈၉၄ တန်၊ မလေးရှားကို ၄၈၈ တန်၊ ပါကစ္စတန်ကို ၅၇၅ တန်၊ စင်ကာပူနိုင်ငံကို ၃၀၀ တန်နဲ့ ဗီယက်နမ်နိုင်ငံကို ၂၅ တန်အသီးသီးတင်ပု့ိခဲ့ ပါ တယ်။
ချင်းအစိုကတော့ အောင်ပန်းဈေးကွက်မှာ အဝင်နည်းလာပါတယ်။ ချင်းပြန် စိုက်တဲ့ရာသီရောက်လာတာကြောင့် အဝင်နည်းနေတယ်လို့ဆိုပါတယ်။ စိုက်လို့ပိုတဲ့ တောင်သူတွေကသာ ပြန်ရောင်းနေတယ်လို့သိရပါတယ်။ အဝင်ကတော့ တစ်ပတ် ကို ပိဿာချိန် ၄၀၀၀ ခန့်သာအဝင်ရှိပြီး နယ်အစုံက ချင်းထိုးသမားတွေ ဝယ်ယူ နေတာကြောင့် ပုံမှန်သာအရောင်းအဝယ်ဖြစ်နေ ပါတယ်။
ယခုတစ်ပတ် ပြည်ချင်းဈေးကွက်တွင်း အရောင်းအဝယ်သွက်နေပြီး၊ အောင် ပန်းမှ ပိဿာ ၃၀ ဝင်အိတ်၊၂၅၀ ခန့်ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ တစ်ပိဿာ ကို ချင်း(ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်း(ဓါးလှီး) ၇၅၀ ကျပ်တို့နဲ့ ပုံမှန် ဈေးရှိပြီး၊ ဈေးကွက်အတွင်း နေ့စဉ် ပိဿာချိန် ၃၅၀ ခန့် ပုံမှန်အရောင်း အဝယ် ဖြစ်နေပါတယ်။ ဈေးကွက်မှ တစ်ဆင့်ရခိုင်ပြည်နယ်ကို စားသုံးမှုအဖြစ်နေ့စဉ် ပိဿာချိန် ၄၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်