Background
ပြည်ပဲလွန်းဖြူ ဈေးကွက်မှာ ပဲလွန်းဖြူလက်ကျန်ပြတ်သလောက် ရှိနေပြီး၊ ယခုတစ်ပတ်မှာတော့ ရွှေတောင် ညောင်စာရေးဘက်မှ အိတ် ၄၀-၅၀ ခန့်အဝင်ရှိလာခဲ့တယ်လို့ သိရ ပါတယ်။ တစ်ခါတစ်ရံ ရန်ကုန်ဝယ် လက် ရှိသော်လည်း ယခုရက်မှာတော့ အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါ တယ်။ ပဲလွန်းဖြူဈေးမှာ လက်ကျန်နည်း လာပြီး၊ တစ်တင်း ၁၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ မိမိအေး
ယခုတစ်ပတ် ပဲလွန်းဖြူ တင်ပို့မှု ပုံမှန်ရှိနေသလို အရောင်းအဝယ်လည်း ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်(မတ်၁၉-၂၃)အတွင်းပဲလွန်းဖြူ တန်ချိန် ၁၉၀၀ ခန့် တင်ပို့မှုရှိခဲ့လို့ ယခင် တစ်ပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၂၇၀၀ ထက်လျော့ကျပေမဲ့ ပုံမှန်ပမာဏ တင်ပို့ နိုင်တာတွေ့ရပါတယ်။ ဒီတစ်ပတ်တင်ပို့ တဲ့ နိုင်ငံများကတော့ ထိုင်း၊ ကိုရီးယား၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှား၊
ဈေးနှုန်းကျဆင်းမှုကို ရပ်တန့်ဖို့နဲ့ တည်ငြိမ်စေဖို့အတွက် ကာနာတာကာအစိုးရ မှ ဗဟိုအစိုးရကို ပဲစင်းငုံ ခွဲခြမ်းတင်သွင်းတာကို ပိတ်ပင်ထားဖို့ တောင်းဆိုကြောင်း သိရပါတယ်။ နိုင်ငံတော်မှ ပဲစင်းငုံကို အနိမ့်ဆုံး ထောက်ပံ့ဈေးနဲ့ သတ်မှတ်ပြီး ဆက် လက်ဝယ်ယူမှုရှိတဲ့တိုင် ဈေးနှုန်းတည်ငြိမ်ခြင်းမရှိဘဲ ဆက်လက်ကျဆင်းနေ တယ်လို့ ကာနာတာကာစိုက်ပျိုးရေးဝန်ကြီး Umesh V Katti မှ ပြောကြားပါ တယ်။
ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု ယခင်တစ်ပတ် ထက် ပိုမိုလာပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၆၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၁၉-၂၃ ရက်)အတွင်း တန်ချိန် တစ်သောင်းကျော်ထိ တိုး တက် တင်ပို့လာနိုင်ခဲ့ပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်ရဲ့ မတ်လ ၂၃ ရက်နေ့အထိ ပြည်ပကို ပဲစင်းငုံတင်ပို့မှုမှာ တန်ချိန် ၃၁၅၀၀၀
နေပြည်တော်ခရိုင်အတွင်းရှိ တောင်သူများ မိုးစပါးရိတ်သိမ်းပြီး မတ်ပဲသီးနှံကို ဆောင်းသီးနှံအဖြစ် စိုက်ပျိုးလာကြတာ မိရိုးဖလာစိုက်ပျိုးမှုတစ်ရပ်ဖြစ်ပါတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာကစိုက်ခဲ့တဲ့ မတ်ပဲသီးနှံများဟာ မတ်လ၊ ဧပြီလများမှာ ထွက် ပေါ်လာပါပြီ။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲ အရောင်းအဝယ် ဖြစ်မှုက ယခင်တစ်ပတ်ထက်ပိုမိုတာ တွေ့ရပါ တယ်။ယခင်တစ်ပတ်က တန်ချိန် ၁၂၀၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခု တစ်ပတ် (မတ်လ ၂၃-၃၀ )အတွင်း တန်ချိန် ၂၁၀၀၀ ကျော်ထိ အရောင်းအဝယ် စာချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ FOB ဈေးမှာ
ပြည်ပကို ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုကတော့ ယခင်သီတင်းပတ် များထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က မတ်ပဲတန်ချိန် ၁၁၀၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခု (မတ်လ ၁၉ ရက်မှ ၂၃ ရက်) အတွင်းမှာ တန်ချိန် ၁၇၀၀၀ နီးပါးထိ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ၂၀၁၁-၁၂ မတ်လ ၂၃ ရက် အထိ စုစုပေါင်း
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၄ ဒသမ ၂၇၉ သန်း တန်ဖိုးရှိတဲ့ RSS-3 ၆၃၅ တန်၊RSS-4 ၁၅ တန်ခန့်၊ RSS-5 တန် ၃၀၊ MSR - 20 ၃၇၉ တန်ခန့်နဲ့ MSR - 50 ၁၂၁ တန်ကို မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာတစ်ဖက်တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၃၆၇ သန်း
မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၅၂၁ တန် တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၅၅၂ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀၀ ခန့်တင်ပို့မှု မြင့်တက်ခဲ့ ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှု တွေကတော့ မလေးရှားကို ၂၉၆ တန်၊ တရုတ်ကို တန် ၉၀၀ နဲ့ စင်္ကာပူကို ၃၂၄ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါ တယ်။ တရုတ်နယ်စပ်ကလည်း တန် ၂၀၀၀ နီးပါး တင်ပို့နေတာ တွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ အနည်းငယ် ကျဆင်းသွားပြီး RSS-3 တစ်တန်ကို (၃၅၀၀-၃၆၀၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၄၀၀-၃၅၀၀) ဒေါ်လာ အသီးသီး ဈေးပေါက်တယ်လို့ သိရပါတယ်။K.Z.W
မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၇၄၁ သန်း တန်ဖိုးရှိပြောင်းဖူးစေ့တန်ချိန် ၆၂၁၃ တန်ကျော်ကို မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၅၇၇၇ တန်၊ ချင်းရွှေဟော်မှ ၈၄