Main menu

Background

Friday, 23 Mar 2012

    နိုင်ငံတော်တော်များများက ဝယ် လိုအားရှိနေတဲ့ ပဲလွန်းဖြူကို ယခုတစ် ပတ်လည်း အရောင်းအဝယ် သွက်ပြီး တင်ပို့မှုပိုနေတာ တွေ့ရပါတယ်။ ယခင် တစ်ပတ်က ပင်လယ်ရေကြောင်း တင်ပို့ မှု တန် ၁၄၀၀ ကျော်ရှိပြီး ယခုတစ်ပတ် (မတ်လ ၅-၉) အတွင်းမှာ တန်ချိန် ၁၈၀၀ ကျော်ထိ တင်ပို့ခဲ့တာ တွေ့ရပါ တယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံများ မှာ ဗီယက်နမ်၊ အိန္ဒိယ၊ စင်ကာပူ၊ ကိုရီး ယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ် ပိုင်နဲ့ ထိုင်းနိုင်ငံတို့ဖြစ်ပြီး ပမာဏများ များ တင်ပို့တာတော့ စင်ကာပူ၊ ဗီယက် နမ်နဲ့ အိန္ဒိယတို့ ဖြစ်ပါတယ်။

Friday, 23 Mar 2012

    မုံရွာကုန်စည်ဒိုင် မတ်လ လဝက် ပဲစင်းငုံနီဈေးကွက်မှာ ရန်ကုန်ဝယ်လက်တွေ အဝင်အေးလို့ ဈေးကျကာ အရောင်းအဝယ်အေးနေတယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ ရန်ကုန်ဝယ်လက်အများစုက ပေါက်ဈေးချင်း တူရင် သယ်ယူစရိတ် သက်သာမဲ့ ပခုက္ကူနဲ့ မန္တလေးကုန်သည်တွေဆီကသာ ဝယ်ယူနေကြလို့ မုံရွာ ဈေးကွက်မှာ အခုလို

Friday, 23 Mar 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှု ယခင်တစ်ပတ်ထက် ပိုလာပါတယ်။ မတ်လ ၁၀-၁၅ ရက် အတွင်းပဲစင်းငုံ ဖြူနီ၊ အနီနဲ့ ခွဲခြမ်း စုစုပေါင်း တန်ချိန် ၁၂၅၀၀ ကျော်ထိ အရောင်း အဝယ်စာချုပ်နိုင်တာတွေ့ရပါတယ်

Friday, 23 Mar 2012

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ဆက်လက်ကျဆင်းနေရာ ယခု တစ်ပတ် (မတ်လ ၅-၉ ၇က်) အတွင်းမှာ တန်ချိန် ၆၂၀၀ ခန့်သာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ ပဲစင်းငုံတင်ပို့မှုမှာ ၃ ပတ်ဆက်တိုက် ကျဆင်းလာတာဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် မတ်လ ၉ ရက်အထိ ပဲစင်းငုံတင်ပို့မှု စုစုပေါင်း တန်ချိန် ၂၉၇၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ

Friday, 23 Mar 2012

    ဟင်္သာတပဲဈေးကွက်ကို ခရိုင်အတွင်းရှိ မြို့နယ်များ၊ မြို့နယ်အနီးအနားရှိ ကျေးရွာများမှ မတ်ပဲအသစ်များ တစ်ရက်ကို အိတ် ၄၀၀၀ ခန့် အရောင်းအဝယ် သွက်နေကြောင်း သိရပါတယ်။ မတ်ပဲဈေးနှုန်းမှာ ယခင်တစ်ပတ်က တစ်တင်း ၁၁၇၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၂၈၀၀ ကျပ် ဈေးနဲ့ ယခင်တစ်ပတ်ထက် ပိုပြီးဈေးမြင့်လာပါတယ်။ ရန်ကုန် ဘုရင့်နောင် ဈေးကွက်ကိုလည်း နေ့စဉ် ပျမ်းမျှအိတ် ၁၈၀၀ ခန့် တင်ပို့နိုင်ကြောင်း သိရပါတယ်။အေးအေးခိုင်

Friday, 23 Mar 2012

    မတ်ပဲအသစ်များ ပြည်ပဲဈေးကွက်ကို ပြည်၊ အောင်လံကြား ရွာများမှ တစ်နေ့ ကို အိတ် ၅၀၀-၆၀၀ ခန့် ဝင်ရောက်တယ်လို့ သိရပါတယ်။ ပဲသစ်တစ်တင်းကို ၁၂၂၀၀ ကျပ်အဟောင်းတစ်တင်းကို ၁၁၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ယခင်တစ်ပတ်က ပဲသစ်သာ အရောင်းအဝယ်ဖြစ်ပြီး၊ ပဲဟောင်း အရာင်းအဝယ်မဖြစ်ဘဲ ယခုတစ်ပတ်မှာတော့ ပဲသစ်၊ပဲဟောင်း ၂ မျိုး စလုံးအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲသစ်ရောင်းဝယ်မှုကတော့ တစ် နေ့ကို ဝင်သလောက်အဝယ်ဖြစ်ပြီး၊ အဟောင်းကတော့တစ်နေ့အိတ် ၁၀၀၀ ခန့် အဝယ်ရှိတယ်လို့သိရပါတယ်။ ပြည်မှ ရန်ကုန်ဘုရင့်နောင်ကို တစ်နေ့ အိတ် ၂၅၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။မိမိအေး

Friday, 23 Mar 2012

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်(မတ်လ ၁၀-၁၅ ရက်) အတွင်းမတ်ပဲ ၤဗျှ များသာ အရောင်းအဝယ် ဖြစ်ပြီး စုစုပေါင်းတန်ချိန် ၁၇၆၀၀ ခန့် အရောင်းအဝယ် စာချုပ်နိုင်ကြောင်း သိရပါ တယ်။ ယခုတစ်ပတ်အတွင်း ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး တက်လာတဲ့အပြင် အိန္ဒိယတင်ဒါအလားအလာအရ ဝယ်လိုအားကောင်းတာကြောင့် မတ်ပဲဈေးမြင့် တက်လာခဲ့တာ တွေ့ရပါတယ်။ ယခင်တစ်ပတ်လုံးဈေးကျဆင်းနေခဲ့ရာမှ ယခုတစ် ပတ်မှာမတ်ပဲဈေး ပြန်ဦးမော့လာခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကို ယခင် တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                                   FAQ(အဟောင်း)    FAQ(အသစ်)      SQ(အဟောင်း)     SQ(အသစ်)၁၆-၃-၂၀၁၂    ၄၉၀-၅၁၀           ၅၃၀-၅၅၀            ၅၃၀-၅၅၀            ၅၉၀-၆၁၀၉-၃-၂၀၁၂       ၄၆၀-၄၈၀          ၅၀၀-၅၂၀            ၅၀၀-၅၂၀            ၅၅၀-၅၇၀MIRT(MAPT)

Friday, 23 Mar 2012

    ယခုတစ်ပတ်အတွင်း မတ်ပဲတင်ပို့မှု ပြန်လည်တိုးတက်လာခဲ့ပါတယ်။ ယခင် တစ်ပတ်က မတ်ပဲတန်ချိန် ၅၂၀၀ ကျော်သာ တင်ပို့မှုရှိခဲ့ရာမှ မတ်လ ၅ ရက်မှ ၉ ရက်အထိ ယခုတစ်ပတ်အတွင်းမှာတော့ တန်ချိန် တစ်သောင်းနီးပါး ပြန်လည် တင်ပို့နိုင်တာ တွေ့ရပါတယ်။

Monday, 12 Mar 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၀၁၇ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၄၃၉ တန်ခန့်ကို ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက် ထိကာလအတွင်းမှာတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၂၉၈ တန်နီးပါး အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ ၁၄၁ တန် ယခင် အပတ် ကထက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

Monday, 12 Mar 2012

    ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၃ ရက် အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၅၆၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၉၁၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့မှုကတော့ စင်ကာပူကို ၁၀၅ တန်နဲ့ မလေးရှားကို ၄၆၂ တန် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ထက် တန် ၁၀၀ ကျော်ခန့် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ တရုတ် နယ်စပ်နဲ့ ထိုင်းနယ်စပ်ကတော့ တန် ၁၄၀၀ ကျော် တင်ပို့ပြီး ယခင်ရက်သတ္တပတ်ထက် ပိုမိုဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့RSS-3 တစ်တန်ကို  ဒေါ်လာ (၃၇၀၀ - ၃၈၀၀) နဲ့ RSS-5  တစ်တန်ကို ဒေါ်လာ (၃၆၀၀ - ၃၇၀၀) ကြား ဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။K.Z.W

Pages