Background
ပဲကြီး(ရွှေကျွန်း)ထက် (ကမ်းနား)ပဲများ ပြည်ဈေးကွက်မှာ အရောင်းသွက် ဧပြီလပထမပတ်မှာ ပြည်ပဲကြီး သီးနှံ ဈေးနှုန်းများ တစ်တင်း ၂၀၀၀ ကျပ် ကျော်ခန့် ဈေးမြင့်တက်ခဲ့ပါတယ်။ အခြားတိုင်းကို တင်ပို့မှုမရှိသေးသော် လည်း ဒေသတွင်း ပဲကြော်လုပ်ငန်းနဲ့ လှောင်သမားများမှ ဝယ်ယူသိုလှောင်နေကြတဲ့အတွက်
ဧပြီနောက်ဆုံးပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲသီးနှံသာ ဈေးဆက်မြင့်ခဲ့ပြီး အခြားပဲများ ဈေးလျော့ အရောင်း အဝယ်ဖြစ ဧပြီလကုန်ပတ်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းများ အေးနေခဲ့ပြီး၊ မတ်ပဲ သီးနှံ တစ်မျိုး သာဈေးမြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။ ပဲစင်းငုံသီးနှံမှာ ပဲအဝင်မရှိတော့ဘဲ
မုံရွာကုန်စည်ဒိုင် ဧပြီလကုန်ပတ် ပဲဈေးကွက်မှာပြည်တွင်းသုံးပဲတွေ ဈေးအး အရောင်းအဝယ်လေးနေခဲ့ပြီး၊ တရုတ် Export ဝယ်လက် ဝယ်လိုအား ကောင်းတဲ့ ပဲတီစိမ်းကြီးအသစ်တွေ ဈေးကွက်စတင်ဝင်ရောက်လာကာ ဝင်သလောက် အဝယ် သွက်ခဲ့တယ်လို့
ဖူလုံအေးဆေး အညာဆန်ဈေး တစ်ရက်ကသောက်နေကျ လက်ဖက်ရည်ဆိုင်မှာ ဆန်သမားများနဲ့တွေ့ပါတယ်။ ဘယ်လိုလဲ .. အရောင်းအဝယ်အခြေအနေလေး ပြောပါဦးဆိုတော့ဆန်သမား တော်တော်များများ ငြီးကြပါတယ်။ မရောင်းရလို့လားဆိုတော့
ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့လက်ကားဆန်ဈေးမှာမေလ ၂ ရက်နေ့ ဈေးနှုန်းများအရ ပေါ်ဆန်း ဖျာပုံလတ်စတစ်အိတ်ကို ၂၆၅၀၀ ကျပ် ဖြစ်ခဲ့သဖြင့် သြင်္ကန်မတိုင်မီ ဧပြီလ ၁၁ ရက်နေ့ ဈေးနှုန်းများထက် တစ်အိတ် ကို၂၀၀၀ ကျပ်၊ထို့အတူ ပေါ်ဆန်းနယ်စုံထိပ်စတစ်အိတ်ကို ၂၇၅၀၀ ကျပ်ဖြစ်ခဲ့လို့
မူဆယ်ဆန်ဈေးကွက်မှာ ဧပြီလ ၂၉ ရက်က ဧည့်မထ ၂၅ ရာခိုင်နှုန်း ၅၀ ကီလိုတစ်အိတ်ကို ၁၃၀ ယွမ် - ၁၃၂ ယွမ်၊ ငစိန် ၂၅ ရာခိုင်နှုန်း တစ် အိတ်ကို ၁၂၅ ယွမ် - ၁၂၉ ယွမ်ဖြစ် ပြီး၊ ဧပြီ လဆန်းပတ်မှာ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်အိတ် ၁၂၇ ယွမ် - ၁၂၉ ယွမ်၊ ငစိန် ၂၅ ရာခိုင်နှုန်း တစ်အိတ် ၁၂၄ ယွမ် -၁၂၇ ယွမ် ဖြစ်တာကြောင့်ဈေးကောင်းရနေပါတယ်။
သြင်္ကန်ပြီးကာလ ပဲခူးတိုင်းဒေသ ကြီး၊ ပြည်ပဲဈေးကွက်ကို မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးများ ပြန်လည် ဝင် ရောက်လာခဲ့ပြီး၊ ကုလားပဲသီးနှံနဲ့ ပဲကြီး များ အများဆုံး ဝင်ရောက်ခဲ့ပါ တယ်။ကုလားပဲမှာ တစ်ရက် အိတ် ၅၀၀ ကျော်ထိ ပန်းတောင်း၊ အောင်လံ နဲ့ ပြည်ကြားရှိ မြို့နယ်များမှ ဝင်ရောက် ခဲ့ခြင်းဖြစ်ပါတယ်။ လှောင် သမားများမှ ဝယ်ယူသိုလှောင်နေကြသလို ခွဲစက် သမား များလည်း အဝယ်လိုက်ခဲ့တာ ကြောင့် အိတ် ၄၀၀ -၅၀၀ ခန့် နေ့စဉ် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ပဲ ဈေးကတော့ယခင်နှစ်က ဈေးကို မမီဘဲ တစ်တင်း ၁၅၄၀၀ ကျပ်နဲ့ သာ ဈေး အေး နေခဲ့တယ်လို့ သိရပါတယ်။
ယခု မတ်လ နောက်ဆုံးပတ်မှာ ပဲကြီးသီးနှံများ ဈေးငြိမ်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ရွှေတောင်၊ ကျီးသဲ၊ ပေါင်းတလည်မြို့နယ်များမှ ဝင်ရောက်ခဲ့သလို နတ်တလင်း၊ တာပွန်ဖက်မှလည်း ပြည်ဈေးကွက်ကို လာရောက် ရောင်းချတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ပဲကြီးဝင်ရောက်မှု အနေနဲ့ အိတ် ၇၀၀ ကျော် ၈၀၀ အထိ အဝင်များလာခဲ့ပါတယ်။ ဈေးနှုန်းမျာ (ရွှေကျွန်း) တစ်တင်း ၂၅၅၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၄၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး၊ ပဲကြော်ဖိုသမားများနဲ့ လှောင်လက်သမားများ ဈေးကောင်းမျှော်လျက် ဝယ်ယူသိုလှောင်နေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း-ပြည်
ယခုတစ်ပတ် ပြည်ပဲဈေးကွက်ကို မတ်ပဲသီးနှံမှာ တစ်ရက်အိတ် ၇၀၀ ကျော်- ၈၀၀ အထိ အဝင်များလာခဲ့ပြီး၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ရွှေတောင်၊ ကျီးသဲ၊ ပန်းတောင်း၊ ဥသျှစ်ပင် နဲ့ ဝက်ထီးကန်ဘက်မှ အများအပြား ဝင်ရောက်လာခဲ့ပါတယ်။ ပဲများဝင်ရောက်မှု များသလို ဝယ်လိုအားမှာလည်း လှောင်လက်ရော လိုင်းသမားများပါ အဝယ် လိုက်နေခဲ့တာကြောင့် ပဲဈေးမှာလည်း ယခင်တစ်ပတ် တစ်တင်း ၆၀၀ ကျပ်ခန့်ဈေးပိုရခဲ့ပြီး၊ တစ်တင်း ၁၉၁၀၀ ကျပ်နဲ့ ဈေးကောင်းရပြီး၊ တစ်ရက် အိတ် ၁၀၀၀ ကျော်ထိ အရောင်းအဝယ် သွက်နေခဲ့ပါတယ်။ ပဲစိုက် တောင်သူများအနေနဲပ ယခင်နှစ်ထက် ဈေးပိုရလာလို့ ထွက်ရှိသမျှ မျိူးပဲလောက်သာ ချန်ပြီး၊ ထုတ်ရောင်းချနေသလို အချို့တောင်သူများကလည်း ဈေးကောင်းမယ့် အလားအလာကို မျှော်လျက် လက်ဝယ်သိုလှောင်ထားရှိကြတယ်လို့လည်း သိရပါတယ်။ ခင်ဆွေဝင်း-ပြည်
မုံရွာကုန်စည်ဒိုင် မတ်လ လကုန်ပတ် ပဲဈေးကွက်မှာ နယ်က အဝင်နည်းတဲ့ ပဲတွေ ဝယ်လက်ဆွဲကာ ကြိုက်ဈေးသင့်လို့ အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။ အထူးအားဖြင့် ဒီနှစ် ကုလားပဲမျိူးစုံ ဈေးကွက်မှာ ပဲပေါ်ချိန် တစ်တင်း ၁၄၀၀ ကျပ် ဝန်းကျင် ဈေးရခဲ့ပြီး၊ အထွက်နှုန်းလည်း လျော့တဲ့အတွက် ပဲစိုက် တောင်သူတွေ အထိနာခဲ့တယ် လို့ ဆိုပါတယ်။ ပေါက်ဈေးအများစုဟာ လုပ်ငန်းသုံးသမားတွေဖြစ်ကြတဲ့ ပဲခွဲစက်၊ ကြာဇံစက်သများတွေကို ကုန်ကြမ်းဈေးလျော့စေလို့ အကြိုက်တွေ့အကျိူးရှိစေပြီး၊ လှောင်လက်သမားတွေရဲ့ ဝယ်ကုန်တစ်ရပ်ဖြစ်တဲ့ တာတွေ့ရပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲမျိူးစုံ ဈေးကွက်မှာတော့ ထိုင်ဝမ် တစ်တင်း ၁၄၈၀၀ ကျပ်၊ ကုလားပဲ ဖြူလုံးကြီးတစ်တင်း ၁၅၈၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၄၇၀၀ ကျပ် အသီးသီး ပေါက်ခဲ့ပြီး၊