Main menu

Background

Tuesday, 24 Jan 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၅၆၉ သန်း တန်ဖိုးရှိ ရော်ဘာ ၇၈၃ တန်ကျော်ကို ဇန်နဝါရီလ ၁၁ ၇က်မှ ၁၇ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ အဆင့်လိုက် တင်ပို့နိုင်မှုတွေကတော့ RSS-3 ၅၉၈ တန်၊ MSR-20  ၁၃၆ တန်ကျော်နဲ့ MSR-50 ၄၉ တန်ကျော် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်က ၃၅၉ တန်ကျော် အပို့ရှိခဲ့တာမို့ ယခုအပတ် မူဆယ်မှ ရော်ဘာအပို့ နှစ်ဆကျော်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံမှပါ ဈေးအနည်းငယ် မြင့်တက်လျက်ရှိပါတယ် -                         မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                              ယခု          ယခင်       ပြောင်းလဲမှု    %     ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၆၄၁၀၂    ၂၄၆၇၉၇၈       ၉၆၁၂၄       ၄     ၃၁၇၄    ၃၁၆၇        ၇          ၀ .၂RSS - 5     ၂၄၃၅၈၉၇    ၂၃၃၂၁၂၆    ၁၀၃၇၇၁       ၄     ၃၀၁၅    ၃၀၀၉         ၆         ၀ .၂ MIRT (DOBT)

Tuesday, 24 Jan 2012

    ဇန်နဝါရီလ ၈ ရက်မှ ၁၄ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၅၅၁ တန်၊ တန်ဖိုး ဒေါ်လာ     ၁ ဒသမ ၇၄၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ထက်ဝက်ခန့်တင်ပို့မှုကျဆင်းခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေ ကတော့ မလေးရှားကို တန် ၁၄၀၊ စင်ကာပူကို ၂၀၁ တန်နဲ့ ဗီယက်နမ်ကို ၂၁၀ တန် အသီးသီးတင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကလည်း အပို့ကျပြီး တန် ၇၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။  FOB(ရန်ကုန်) ဈေးကတော့ အနည်းငယ်မြင့်တက် သွားပြီး  RSS-3  တစ်တန်ကို (၃၁၅၀-၃၂၅၀) ဒေါ်လာနဲ့  RSS-5  တစ်တန်ကို (၃၀၅၀-၃၁၅၀) ဒေါ်လာဈေး ပေါက်လျက် ရှိပါတယ်။                                                                                         K.Z.W

Tuesday, 24 Jan 2012

    မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၉၆၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၀၅၈၇ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်ပေါက်တစ်ခုတည်းမှ ၁၁၇၈၀ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ပြောင်းအပို့ တန် ၁၂၀၀ နီးပါး လျော့ကျခဲ့တာ တွေ့ရပါတယ်။ မိမိဘက်မြေပြင်ဈေးရော တစ်ဘက်နိုင်ငံဈေးပါ အနည်းငယ် မြင့် တက်လျက် ရှိပါတယ်။ ပြောင်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက် ရပါ တယ်-                                   မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                  ယခု        ယခင်     ပြောင်းလဲမှု    %     ယခု     ယခင်    ပြောင်းလဲမှု    %ပြောင်းဖူးစေ့    ၂၅၇၈၉၈    ၂၅၄၄၉၆    ၃၄၀၂          ၁     ၃၀၁     ၂၉၈        ၃               ၃MIRT (DOBT)

Tuesday, 24 Jan 2012

    ဇန်နဝါရီလ ၈ ရက်မှ ၁၄ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၄၄၄၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂၆၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၃၇၅ တန်သာ တင်ပို့ခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေကတော့ အိန္ဒိယကို ၈၇၂ တန်၊ အင်ဒိုနီးရှားကို ၁၆၄၈ တန်၊ စင်ကာပူကို ၁၀၀၈ တန်၊ ပိုလန်ကို ၆၂၅ တန်နဲ့ ဖိလစ်ပိုင်ကို ၂၈၈ တန် အသီးသီးတင်ပို့ခဲ့တာ တွေ့ရပါတယ်။ နယ်စပ်ကတော့ ပြောင်းအပို့ကျပြီး တန် ၁ သောင်းကျော်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။   FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို (၂၇၅-၂၉၅) ဒေါ်လာ ဈေးပေါက်လျက်ရှိပါတယ်။K.Z.W

Monday, 23 Jan 2012

    ရှမ်းနနွင်းကတော့ အမှုန့်ကြိတ်ဖို့အတွက်သာ ရောင်း နေရ တယ်လို့သိရပါတယ်။ နနွင်းသစ်တွေပေါ်နေပေမဲ့ ဈေးကွက်မရှိ တာကြောင့် အများအပြားအရောင်းအဝယ် မဖြစ်ပါဘူး။ တောင်သူတွေကရောင်းချင်ပေမဲ့ ဈေးက မရှိ တော့ ထုတ်မရောင်းဖြစ်ကြလို့အရောင်းအဝယ်က အေးစက် စက် ဖြစ်နေပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ရိုးရိုးနနွင်း ခြောက်တွေက တစ်ပိဿာ ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ဈေးရှိပြီး၊ ဆင် တောင်နနွင်းက တစ်ပိဿာ ၁၅၀၀ ကျပ်  ဈေးရှိပါတယ်။

Monday, 23 Jan 2012

    ပြည်ငရုတ်ခြောက်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း နတ်မောက်ဘက်မှ ပိဿာ ၂၀ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်အဝင်ရှိနေပါတယ်။ အရောင်းအဝယ်မှာ တစ်ပတ်ချင်း မှာယူတင်သွင်းသလောက်ကို လက်လီလက်ကား ရောင်း ဝယ်သူများနဲ့ သာ ပုံမှန်ရောင်းဝယ်မှုရှိပါတယ်။ ပြည်ဈေးကွက်ငရုတ်ခြောက်ဈေးမှာ တစ်ပိဿာ (အရှည်)၃၄၀၀ကျပ်၊ (မိုးထောင်) ၂၈၀၀ ကျပ်၊ (အပွ) ၄၂၀၀ ကျပ်တို့ရှိပြီး ဧရာဝတီ တိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ စားသုံးမှုအဖြစ် နေ့စဉ် အိတ် ၈၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။                                 ဝင်းဝင်းခိုင်

Monday, 23 Jan 2012

    ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း မန်ကျည်းစေ့ ၇၅ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက  အင်ဒိုနီးရှားနိုင်ငံပဲ  ဖြစ်ပါတယ်။ ယခင်သီတင်းပတ် စင်ကာပူနိုင်ငံကို ၁၂၅ တန် တင်ပို့နိုင်ခဲ့လို့  ဒီတစ်ပတ်မှာ မန်ကျည်း အပို့လျော့ခဲ့တယ်လို့ ဆိုရပါမယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၇၅၀ နဲ့တင်ပို့ခဲ့လို့ စုစုပေါင်း ပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ ငါးသောင်းခြောက်ထောင်ကျော် ရရှိခဲ့ပါတယ်။MIRT (DOT)

Monday, 23 Jan 2012

    ကလောမြို့နယ် နန်းတိုင်း၊ တီကျစ်နဲ့ ပင်းတယမြို့နယ်တွေကထွက်တဲ့ ချင်းတွေ ဟာ အောင်ပန်းဈေးကွက်ကို ပုံမှန်အဝင်ရှိနေပါတယ်။ ဈေးပတ်သမားတွေ ပြန်ဝယ် နေတာကြောင့် ပုံမှန်ပြန်ရောင်းထွက်နေပါတယ်။ ချင်းခြောက်ကတော့ ချင်းဈေးပေါ် မူတည်ပြီး ဝယ်ပြုတ်ရတာကြောင့် ဈေးကွက်ကိုသိပ်မဝင်လာသေးပါဘူး။

Monday, 23 Jan 2012

    ယခုတစ်ပတ် ပြည်ချင်းဈေးမှာ ယခင်အပတ်ဈေးထက် အနည်းငယ်ကျပြီး၊ ယခင်တစ်ပတ်ကအောင်ပန်း ချင်းများ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်အဝင်ရှိပြီး၊ ယခုအပတ်မှာတော့ ၂၅၀ အိတ်ခန့် ထိ ဆက်လက် အဝင်များနေ ပါတယ်။ ပြည် ဈေးကွက်အတွင်း တစ်နေ့ပိဿာချိန် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ ရခိုင်ဘက် သို့လည်း ပြည်ဈေးကွက်မှတစ်ဆင့် တစ်ရက်ပိဿာချိန် ၂၅၀ ခန့် စားသုံးမှုအဖြစ် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ တစ်ပိဿာကိုချင်း (ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်းဓါးလှီး ၇၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိနေပါတယ်။ဝင်းဝင်းခိုင်

Monday, 23 Jan 2012

    ကုလားပဲဖြူလုံးကြီး လက်ကျန်အတော်နည်းလာပြီဖြစ်ပြီး ပဲအသစ်လည်း ထွက် ပေါ်လာခြင်းမရှိသေးလို့ လက်ကျန်အနည်းငယ်သာ အရောင်းအဝယ်နဲ့ တင်ပို့မှုရှိခဲ့ တာ တွေ့ရပါတယ်။

Pages