Main menu

Background

Sunday, 8 Jan 2012

    လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက ရော်ဘာဈေးနှုန်းကျခဲ့တာဟာ တာယာထုတ်လုပ်ရေးတွေအတွက် မင်္ဂလာတစ်ပါး ဖြစ်နေပါတယ်။ ဒါပေမယ့် ရူပီးဈေးနှုန်း ကျဆင်းလာတာကြောင့် သွင်းကုန်ဈေးမြင့်တက်ခဲ့ပြီး ကုန်ကြမ်းဈေးကျခြင်းရဲ့ အကျိုး ရလဒ်ကလည်း အကန့်အသတ်နဲ့ဖြစ်သွားပါတယ်။

Sunday, 8 Jan 2012

    ၂၀၁၁ ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၁၂ ဇန်နဝါရီလ ၃ ရက်ထိကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၂၂၅ သန်းတန်ဖိုးရှိ RSS-3 ၈၇၁ တန်ကျော် နဲ့ MSR-50   ၄၉ ဒသမ ၂ တန် အပို့ရှိခဲ့ပါတယ်။ ယခုအပတ် စခန်းအလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ RSS-3  ၈၂၇ တန်ကျော်၊ MSR-50 ၄၉ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၄၄ တန် ဖြစ်ကြပါတယ်။ တစ်ဘက်နိုင်ငံရော်ဘာဈေးများ မပြောင်းလဲသော်လည်း မိမိဘက် မှာတော့ RSS-5 ဈေးအနည်းငယ်တက်တာ တွေ့ရပါတယ်။ RSS-3 ဈေးကတော့ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဘက် နဲ့ တစ်ထက်နိုင်ငံ ရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-                                     မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု             ယခင်    ပြောင်းလဲမှု    %    ယခု       ယခင်    ပြောင်းလဲမှု    %RSS - 3      ၂၅၉၁၉၆၂    ၂၅၉၁၉၆၂          -          -     ၃၃၂၀     ၃၃၂၀        -             -RSS - 5     ၂၃၃၆၂၇၆    ၂၆၃၉၉၉၇     ၃၀၃၇၂၁    ၁၂     ၃၀၀၄    ၃၀၀၄        -             - MIRT (DOBT)

Sunday, 8 Jan 2012

    ဒီဇင်ဘာလ ၂၅ ရက်မှ ၃၁ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၆၉၉ တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၂၇၉ သန်းကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၀၀ ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကို ၉၈ တန်၊ စင်ကာပူကို ၂၀၁ တန်နဲ့ တရုတ်ကို တန် ၄၀၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်ကတော့ တရုတ်နယ်စပ် မူဆယ်နဲ့ ချင်းရွှေဟော်တို့ကနေ တန် ၉၂၀ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3  တစ်တန်ကို (၃၁၅၀-၃၂၅၀) ဒေါ်လာနဲ့  RSS-5 တစ်တန်ကို (၃၀၅၀-၃၁၅၀)ဒေါ်လာကြား ဈေးပေါက်နေပါတယ်။K.Z.W

Sunday, 8 Jan 2012

    နနွင်းအရောင်းအဝယ်က ဈေးကွက်ထဲမှာအေးနေတဲ့အတွက် အဝင်နည်းနေပါတယ်။ အရောင်းအဝယ် အေးတဲ့အတွက် ဈေးကွက်အတွင်း စမ်းဝင်နေတဲ့သဘောပဲရှိတယ်လို့ သိရှိရပါတယ်။

Sunday, 8 Jan 2012

    ပြည်ငရုတ်ခြောက်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း နတ်မောက်ဘက်မှ ပိဿာ ၂၀ ဝင်အိတ်၁၈၀ခန့် ပုံမှန်အဝင်ရှိနေပါတယ်။ အရောင်းအဝယ်မှာ တစ်ပတ် ချင်း မှာယူတင်သွင်းသလောက်ကို ငရုတ်သီးမှုန့်လုပ်ငန်းများ၊ လက်လီလက်ကား ရောင်းဝယ်သူများနဲ့သာ ပုံမှန်ရောင်းဝယ်မှုရှိပါတယ်။

Sunday, 8 Jan 2012

    ပြည်ကြက်သွန်နီဈေးကွက်သို့ ယခုတစ်ပတ်အတွင်း ရေနံချောင်း၊ ပခုက္ကူဘက်မှ ကြက်သွန်နီ ၃၅ ပိဿာဝင် အိတ် ၁၀၀၀ ခန့် ရက်ခြားသာအဝင်ရှိပြီး၊ အရောင်း အဝယ်မှာလည်း တစ်ရက်ကို ၂၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်သလို ပြည်ပွဲရုံများ ရှိ လက်ကျန်အဟောင်းများလည်း ရောင်းပန်းမလှတော့တဲ့အတွက် ကြက်သွန်နီ အသစ်များ ဈေးကွက်ရောက်တာနဲ့တစ်ပြိုင်တည်း လက်လီ၊ လက်ကားရောင်းဝယ် သူများမှ ဝယ်ယူလျက်ရှိပါတယ်။

Sunday, 8 Jan 2012

    အောင်ပန်းဈေးကွက်မှာတော့ ဒီတစ်ပတ်ချင်း (စို) တွေ အဝင်မရှိသလောက် ပါပဲ။ မိုးတစ်ပတ်လုံးရွာနေတာကြောင့် အဝင်နည်းနေတယ်လို့ သိရပါတယ်။ မိုး ကလည်းအဆက်မပြတ်ရွာနေတာကြောင့်အရောင်းကလည်းပါးနေပါတယ်။

Sunday, 8 Jan 2012

    ဒီတစ်ပတ်ဟိုပုံးချင်းဈေးကွက်မှာ ချင်းစိုတစ်ပိဿာ ၂၅၀ ကျပ်၊ ၃၀၀ ကျပ်ရှိပြီး၊ ချင်းခြောက်တစ်ပိဿာ ၁၈၀၀ ကျပ်ဈေးရှိပါတယ်။ ယခုအချိန်က ချင်းတူး ဖော် ချိန်ဖြစ်ပေမဲ့ တောင်သူများကဈေးမကြိုက်သေးတဲ့အတွက် သိပ်မတူးသေးဘဲ ဈေး စောင့်နေကြတယ်လို့သိရှိရပါတယ်။

Sunday, 8 Jan 2012

    ယခုတစ်ပတ်မှာ မြေထောက်ပဲ၊ ထောပတ်ပဲနဲ့ အခြားပဲများ ပြည်ပတင်ပို့မှု ပိုမိုလာသလို အရောင်းအဝယ်ဖြစ်မှုလည်း များလာခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ တစ်ပတ်အတွင်း ပြည်ပတင်ပို့မှုအနေနဲ့ မြေထောက်ပဲ တန် ၁၈၀ ကျော်ကို ထိုင်း၊ အိန္ဒိယ၊ စင်ကာပူနဲ့ ဖိလစ်ပိုင်ကို တင်ပို့ပြီး တရုတ်နိုင်ငံကို ထောပတ်ပဲ ၄၈ တန်၊ စင်ကာပူကို ပဲယင်း ၇၅ တန်၊ စင်ကာပူကို ပဲကြီး ၇၂ တန်နဲ့ တောင်ကိုရီးယားကို စွန်တာနီ ၆၃ တန် အသီးသီးတင်ပို့ခဲ့ကြောင်း သိရပါတယ်။

Sunday, 8 Jan 2012

    ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့ရဲ့ သမိုင်းဝင်ရွှေဥမင်သဘာဝလှိုင်ဂူတော်ဘုရားခြေတော်ရင်းမှ ငှက်ပျောတော ရပ်ကွက်ဟာ ရှမ်းစက္ကူ၊ ယပ်တောင်၊ စာအုပ်၊ စာအိတ်၊ အလှဆင်မီးပုံးနဲ့ စက္ကူထီးထုတ်လုပ်တဲ့ အိမ်တွင်းမှုရပ်ကွက် ကလေးဖြစ်ပါတယ်။

Pages