Main menu

Background

Tuesday, 8 Nov 2011

                   ပြည်ဈေးကွက်သို့ ပဲတီစိမ်းအသစ်များ အဝင်များလာတာကိုတွေ့ရပါတယ်။ ပန်းတောင်း၊ ဥသျှစ်ပင်မြို့နယ် များမှ အဝင်ရှိလာသလို အောင်လံ၊ မင်းတုန်း၊ ကံမဘက်မှလည်း ရေလမ်းရောကုန်းလမ်းမှပါ ဝင်ရောက်မှုများ ရှိခဲ့ပါတယ်။ တစ်ရက် အိတ် ၅၀၀ ကျော်အထိ အဝင်ရှိခဲ့ပြီး ရန်ကုန်ဝယ်လက်များ အဝယ်ရှိတာကြောင့် အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ဈေးနှုန်းကတော့ တစ်တင်း ၁၆၆၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် ပြန်မြင့်လာကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Tuesday, 8 Nov 2011

              အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်သတ္တပါတ်အတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၄၂ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၇၆ ဒသမ ၅၀ တန်အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၃၇ တန်ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ရာသီဥတုပူပြင်းတဲ့အခါ ကိုယ်တွင်အေးစေရန်အတွက် ပဲတီစိမ်းပြုတ်ရည်ကို သောက်သုံးကြခြင်း၊ မုန့်များ ပြုလုပ်ရန်တို့အတွက် ပဲတီစိမ်းကို ဝယ်ယူကြခြင်းဖြစ်သော် လည်းယခုအခါ တရုတ်ဖက်တွင် ရာသီဥတုအေးနေခြင်း၊ မုန့်ပဲသားရေစာထုတ်လုပ်ရေးလုပ်ငန်းများတွင် ဓာတုဆေးဝါးသုံးစွဲမှုများ မရှိစေရန် ကြပ်မတ်စစ်ဆေးမှုဆက်လက်ပြုလုပ် နေသဖြင့် အပို့လျော့နေရတယ်လို့ သိရပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ် မြင့်တက်ပေမဲ့ တစ်ဘက်နိုင်ငံဈေးမှာတော့ လျော့ကျလျက် ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-                                         မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု           ယခင်     ပြောင်းလဲမှု   %       ယခု     ယခင်  ပြောင်းလဲမှု      %ပဲတီစိမ်း     ၅၆၉၆၅၄     ၅၆၆၄၅၆     ၃၁၉၈      ၀ .၆      ၈၅၃     ၈၆၄         ၁၁          ၁ .၃MIRT-MAPT

Tuesday, 8 Nov 2011

                     ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင်တစ်ပတ်က တန်ချိန် ၁၂၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ပဲတီစိမ်း၊ ပဲတီရွှေဝါ တန်ချိန် ၄၉၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်နေပေမဲ့ အရည်အသွေးနိမ့်ပဲများပြီး အရည်အသွေးကောင်းပဲ ရရှိမှုနည်းတယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ ပြည်တွင်းအချို့ဒေသက ပဲအသစ်များ ဈေးကွက်ထဲ ဝင်လာတော့မှာဖြစ်လို့ အရောင်းအဝယ်ပိုဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။                 ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်အတိုင်း နိုဝင်ဘာလ ၄ ရက်နေ့မှာလည်း FAQ (အညာ) တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀၊ ပခုက္ကူတစ်တန်ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ပဲတီရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀၀ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT-MAPT

Tuesday, 8 Nov 2011

                   ပုံမှန်အားဖြင့် ပဲတီစိမ်းကို ပင်လယ်ရေကြောင်းက တင်ပို့မှု တန်ချိန် ၂၀၀၀ အထက်မှာရှိနေခဲ့ရာမှ ယခုတစ်ပတ် အောက် တိုဘာနောက်ဆုံးပတ်အတွင်းမှာတော့ တန်ချိန် ၁၅၀၀ အောက်ကို လျှော့ကျတင်ပို့ ခဲ့ပါတယ်။ အိန္ဒိယပြည်တွင်းမှာ ပဲတီစိမ်းအသစ်တွေ ဝင်ရောက်နေတဲ့အပြင် အရည်အသွေးနိမ့်ပဲများလည်း လျှော့ရောင်းနေတဲ့အတွက် ပြည်ပက အဝယ် နှေးတဲ့အတွက် ယခုလအတွင်းတင်ပို့မှု လျှော့ကျနေပါတယ်။                     လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အထိ ပဲတီစိမ်းစုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၂၀၃၀၀၀ ခန့် ရှိပြီးဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၉၇ သန်းခန့် ရရှိထားပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူ အတွင်းမှာ တန်ချိန် ၁၄၈၀၀၀ ခန့်နဲ့ ကန်ဒေါ်လာ ၁၇၆ သန်းကျော်ရရှိခဲ့လို့ ယခုနှစ်မှာ တင်ပို့မှုပမာဏ ပိုမိုနေတာတွေ့ရပါတယ်။ လာမယ့် သီတင်းပတ်များ မှာလည်း ပဲတီစိမ်းတင်ပို့မှု အနည်းငယ်လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT-MAPT

Tuesday, 8 Nov 2011

                   ဟင်္သာတခရိုင်အတွင်း ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ကြံခင်း၊ အင်္ဂပူမြို့ နယ်များပါဝင်ပြီး ဆောင်းသီးနှံ ပဲလွန်းဖြူ ပဲများကို ကိုင်းမြေအချို့မှာ အဓိက ထား စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်က ပဲလွန်းဖြူ ဧက ၄၄၀၀၀ ခန့် စိုက်ပျိုးခဲ့ပြီး၊ တင်းသိန်း ပေါင်း ၅ သိန်းကျော်ထွက်ရှိခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ဟင်္သာတ ခရိုင် အတွင်း ပဲလွန်းဖြူဧက ၄၅၀၀၀ ခန့် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက် ရှိရာ အောက်တိုဘာလကုန်မှာ ပဲလွန်း ဖြူဧက ၉၀၀ စိုက်ပျိုးပြီးဖြစ် ကြောင်း သိရပါတယ်။ ဈေးကွက်အတွင်းသို့ စိုက်ပျိုးပြီးဖြစ်သော နတ်တော်ဖြူခေါ် လွန်းဖြူ ပဲများဟာ ဒီဇင်ဘာလဆန်းပိုင်းမှာ ဝင်ရောက်လာမှာဖြစ်ကြောင်း သိရပါတယ်။ အေးအေးခိုင်

Tuesday, 8 Nov 2011

                     ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၄၀၀ ကျော်ရှိခဲ့ရာမှ ယခုတစ်ပတ် မှာ တန်ချိန် ၁၈၅ တန်သာရှိပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့နိုင်ငံတွေကတော့ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယတို့ဖြစ်ပြီး ပမာဏများတာကတော့ ဖိလစ်ပိုင်ကို ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း အောက်တိုဘာ ၂၈ ရက်အထိ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၆၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅ သန်း ခန့် ရရှိပြီလို့ သိရပါတယ်။                          ရန်ကုန် FOB အရောင်းအဝယ် ဖြစ်မှုအနေနဲ့ တန်ချိန် ၁၉၀ ခန့် ရှိလို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်တဲ့ တန် ၁၂၀ ထက်အနည်းငယ်ပိုလာပါတယ်။ လက်ကျန်နည်းလာပြီး အဝယ် ပုံမှန်ရှိပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန် ဖိုး လျော့ကျတဲ့အတွက် ရန်ကုန် FOB  ဈေးလည်း လျော့လာပါတယ်။ အောက်တိုဘာလ ၂၈ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ ရှိရာမှ နိုဝင်ဘာလ ၄ ရက်မှာ FAQ တစ်တန် ၇၉၀-၈၁၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၀၀-၉၂၀ ကိုကျဆင်းခဲ့ ပါတယ်။ MIRT-MAPT

Tuesday, 8 Nov 2011

                ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေးမှာ တစ်တင်း ၁၃၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကထက် တစ်တင်း ၅၀၀ ကျပ် ဈေးလျော့နည်းသွားခဲ့ပါတယ်။ ပွဲရုံ များမှာ ပဲစင်းငုံလက်ကျန်များရှိခဲ့ပေမဲ့ အရောင်းအဝယ် အေးနေခဲ့ပါတယ်။ နေ့စဉ် အရောင်းအဝယ်မဖြစ်ခဲ့ဘဲ အရောင်းအဝယ်ဖြစ်တဲ့ရက်များမှာ တစ်ရက် အိတ် ၄၀၀ ကျော် ရောင်းဝယ် ခဲ့ကြကြောင်းသိရပါတယ်။ ဆုမွန်ဆွေ

Tuesday, 8 Nov 2011

                      ယခုတစ်ပတ်အတွင်း ပဲစင်းငုံဈေး ကျဆင်းနေခဲ့ရာမှ နိုဝင်ဘာလ ၄ ရက်နေ့မှာတော့ ဒေသတွင်း ခွဲစက်များအဝယ်ရှိလာလို့ ဈေးအနည်းငယ်တက်လာခဲ့ပါတယ်။ ဒေလီဈေးကွက်မှာ ပဲစင်းငုံလီမွန်အိတ် ၅၀၀-၇၀၀ ခန့်ရောင်း ထွက်ခဲ့ပါတယ်။ ပြည်တွင်းထွက် ဂူဘာကာမှ ပဲစင်းငုံများကို အမြင့်ဈေးနဲ့ ဖော်ပြ ထားတဲ့အတွက် အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။ ဟာရာနာနဲ့ ဥတ္တရာ ပရာဒေ့ရှ်က ပဲစင်းငုံအသစ် အိတ် ၄၀၀-၅၀၀ ဝန်းကျင်ဝင်ရောက်ခဲ့တဲ့အတွက် နောက်ရက်တွေမှာတော့ ပဲစင်းငုံဈေးအနည်းငယ်ကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                    ဒေါ်လာ/ တန်                        ၄-၁၁-၁၁           ၃-၁၁-၁၁       ၂-၁၁-၁၁               ၁-၁၁-၁၁မွန်ဘိုင်း           ၆၄၈-၆၈၃              ၆၃၃                 ၆၃၀                  ၆၃၃ဒေလီ               ၆၈၉-၆၉၀           ၆၇၁-၆၇၃        ၆၇၃-၆၇၅          ၆၇၂-၆၇၄ချန်နိုင်း               ၆၃၈                     ၆၁၈                ၆၂၀                   ၆၂၃MIRT-MAPT

Tuesday, 8 Nov 2011

                      ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်း အဝယ်အားအကောင်းဆုံးပဲကတော့ ပဲစင်းငုံဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပဲအသစ်ဝင်မလာမီ စပ်ကူးမတ်ကူး ကာလအတွက် အဝယ်လိုက်လာလို့ ယခုတစ်ပတ်(အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်)အတွင်းမှာ ပဲစင်းငုံဖြူနီ တန်ချိန် ၄၈၀၀၊ ငုံနီ တန် ၆၄၀၀ ခန့်နဲ့ စုစုပေါင်း တန် ၁၁၀၀၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ ပဲစင်းငုံတွေထဲမှာ လင်းခေးစက ဈေးပိုတယ်လို့ သိရပါတယ်။                         အရောင်းအဝယ်အားကောင်းနေတဲ့အတွက် ယခုတစ်ပတ်မှာ ပို့ကုန်ဝင်ငွေ တန်ဖိုးလျော့လို့ အခြားပဲဈေးများ အနည်းငယ်လျော့ကျပေမဲ့ ပဲစင်းငုံ FOB ဈေးကတော့ ငြိမ်နေပါတယ်။ နိုဝင်ဘာလ ၄ ရက်မှာ ပဲစင်းငုံနီ FAQ တစ်တန် ကန်ဒေါ်လာ ၅၆၀-၅၈၀၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၆၀-၄၈၀ နဲ့ ပဲစင်းငုံနီ အဟောင်း တစ်တန် ကန်ဒေါ်လာ ၅၅၀-၅၇၀ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT-MAPT

Tuesday, 8 Nov 2011

                      ယခင်တစ်ပတ်က ပဲစင်းငုံတန်ချိန် ၂၆၀၀ ကျော်သာတင်ပို့နိုင်ခဲ့ရာမှ ယခု တစ်ပတ် (အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်နေ့)အတွင်းမှာတော့ တန်ချိန် ၄၃၀၀ ခန့်အထိ ပိုမိုတင်ပို့လာနိုင်ပါတယ်။ အဓိကပဲများထဲမှာ ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှုက ယခင်တစ်ပတ်တွေထက် ပိုမိုနေပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၂၈ ရက်အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံတန်ချိန် ၁၃၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၈၅ သန်းကျော်ရရှိပြီဖြစ်ပါတယ်။ ယခင် ဘဏ္ဍာနှစ်ကာလတူက တန်ချိန် ၆၅၀၀၀ ခန့်နဲ့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၆၂ သန်းကျော်ရရှိလို့ တင်ပို့မှုပမာဏအားဖြင့် ယခုနှစ်မှာ တစ်ဆပိုနေပေမဲ့ ဝင်ငွေ အားဖြင့် တင်ပို့မှု ပမာဏနဲ့ယှဉ်ရင် လျော့နည်းတာတွေ့ရပါတယ်။ လတ်တလော ပဲစင်းငုံအရောင်းအဝယ်ရှိလို့ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှုပုံမှန် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။   MIRT-MAPT

Pages