Background
ယခင်နှစ်ဈေးကို မမီသေးတဲ့ပြည်ပဲကြီး ပြည်ဈေးကွက်အတွင်း ပဲကြီးဈေးနှုန်းမှာ ယခင်အပတ်ကထက် ဈေး အနည်းငယ် ကျသွားခဲ့ပါတယ်။ ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ ပဲကြီးကမ်းနားမှာ တစ်တင်း ၁၉၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိခဲ့ပါ တယ်။ ယခင်နှစ်က မတ်လအတွင်း တစ်တင်း ၃၆ဝဝဝ ကျပ်ထိဈေးကောင်းခဲ့ပြီး၊ ယခုနှစ်မှာတော့ တစ်တင်း ၂၁ဝဝဝ ကျပ်သာရှိတဲ့အတွက် ယခင်နှစ်ထက် တစ်တင်း ကျပ် ၁ဝဝဝဝ ကျော်ခန့် ဈေးလျော့နည်းခဲ့ တာကို တွေ့ရပါတယ်။ ပဲကြီးအဝင် အနေဖြင့် အိတ် ၇ဝဝ-၈ဝဝ အထိ အဝင်ရှိခဲ့ပြီး၊ ပဲလှော်ဖိုသမားများ အဝယ်ရှိတာ ကြောင့် တစ်ရက် အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။ သြင်္ကန်မတိုင်မီ လှောင်လက်သမားများ အဝယ်ရှိလာနိုင် တယ်လို့သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ထောပတ်ပဲ အဝင်များလာပြီး ဈေးကျ ပြည်ဈေးကွက်သို့ ထောပတ်ပဲသစ်များ အဝင်များလာခဲ့ပြီး၊ တစ်ရက်လျှင် အိတ် ၂ဝဝ ကျော်အထိ အဝင်ရှိလာခဲ့ပါတယ်။ ထောပတ်ပဲဈေးနှုန်းမှာ ပေါ်စအချိန်တွင် တစ်တင်း ၂ဝဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ယခုမတ်လ နောက်ဆုံးပတ်မှာ တစ်တင်း ၁၇ဝဝဝ ကျပ်ဖြင့် ဈေးကျသွားခဲ့ပါတယ်။ ပဲအသစ် များ အဝင်များလာတာကြောင့် ဈေးကျသွားခဲ့ခြင်းဖြစ်ပြီး၊ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် လက်လီသမားများနှင့် နယ်လှောင်လက်များ အဝယ်ရှိတဲ့အတွက် တစ်ရက် အိတ် ၅ဝ-၆ဝ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ယခုတစ်ပတ် မြေထောက်ပဲနဲ့ ထောပတ်ပဲ တင်ပို့မှု တိုးတက်လာ ယခင်သီတင်းပတ်က မြေထောက်ပဲနဲ့ ထောပတ်ပဲ ၂ မျိုးလုံးပြည်ပ တင်ပို့မှု လျော့ကျခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၂၅ ရက်မှ ၃ဝ ရက်) အတွင်းမှာ တော့ မြေထောက်ပဲ တန် ၂ဝဝ ကျော်နဲ့ ထောပတ်ပဲ တန် ၄၇ဝ ခန့်ထိ တိုးတက် တင်ပို့လာနိုင်တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ဂျပန်နိုင်ငံကို တင်ပို့မှုနည်းခဲ့ ပေမဲ့ ယခုသီတင်းပတ်မှာတော့ ထောပတ်ပဲရော၊ မြေထောက်ပဲပါ ဂျပန်နိုင်ငံကို ပမာဏ များများသွားတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲလှိုင်လှိုင် ဝင်နေသလို ပြည်ပအဝယ်လည်း ရှိနေတာကြောင့် ယခုတစ်ပတ်တင်ပို့မှု တက်လာ တာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဧပြီလ ၁ ရက်မှာ မြေထောက်ပဲ FAQ တစ်တန်ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဈေးနဲ့ဈေးငြိမ်နေပြီး ထောပတ်ပဲဈေးမှာ မတ်လ ၂၅ ရက်က FAQ တစ်တန်ကန်ဒေါ်လာ ၉၁ဝ-၉၃ဝ ဈေးရှိရာမှ ဧပြီလ ၁ ရက်မှာ ကန်ဒေါ်လာ ၈၅ဝ-၈၈ဝ ကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။ MIRT - MAPT
လွယ်ဂျယ်နယ်စပ်မှ မြေထောက်ပဲ တန် ၁ဝဝ ကျော်ပို့ မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းလွယ်ဂျယ်နယ်စပ်မှ ကန်ဒေါ်လာ ၆၈၆၄ဝ တန်ဖိုးရှိ မြေထောက်ပဲ ၁ဝ၄ တန်ကျော်တစ်ဘက်နိုင်ငံ နယ်စပ်မြို့ လိုင်းရင်းသို့တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လတစ်လလုံး ၂၂၈ တန်တင်ပို့မှုရှိခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တစ်နှစ်လုံး မြေထောက်ပဲ တန် ၅၇ဝ တင်ပို့နိုင်ခဲ့တာမို့ မတ်လ တစ်လထဲတစ်နှစ်လုံး တင်ပို့မှုရဲ့ ၄ဝ ရာခိုင်နှုန်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဧပြီ၊မေ၊ ဇွန်လများမှာ သာတင်ပို့မှုရှိခဲ့ပြီး ကြားကာလများမှာ တင်ပို့နိုင်ခဲ့ခြင်းမရှိခဲ့ပဲ ယခုမတ်လမှ ပြန်လည်တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၄၆၅ဝဝဝ ကျပ်ရှိပြီး တစ်ဖက်နိုင်ငံဈေးကတော့ဒေါ်လာ ၆ဝဝ ဝန်းကျင်ပေါက်လျက် ရှိပါတယ်။ MIRT(DOBT)
နယ်အဝင်ကောင်းပေမဲ့ အရောင်းအဝယ်အေးတဲ့ ကုလားပဲ မုံရွာ ကုန်စည်ဒိုင် မတ်လ လကုန်ပတ် ကုလားပဲဈေးကွက်အနေနဲ့ နယ်ပစ္စည်းအဝင်ကောင်းမွန်နေပြီး မန္တလေး၊ ရန်ကုန်၊ ဝယ်လက်အေးကာ ဒေသတွင်း အသုံးအတွက် အဝယ်ပုံမှန်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်နေတယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က သိရပါတယ်။ ဈေးကွက်အလိုအားဖြင့် ဒေသတွင်း စက်သမားနဲ့ လှောင်လက်အဝယ်သာရှိပြီး ပစ္စည်းအဝင်လှိုင်နေတဲ့အတွက် တစ်နေ့ထက်တစ်နေ့ ကျဈေးဖြစ်ပေါ်ခဲ့ရာ ယခုတစ်ပတ်အတွင်းV2 တစ်တင်း အမြင့်ဆုံး ၁၈၂ဝဝ ကျပ်မှ ၁၇၇ဝဝ ကျပ်၊ 929 တစ်တင်း အမြင့်ဆုံး ၁၇ဝဝဝ ကျပ်မှ ၁၆၃ဝဝ ကျပ်၊ တိုင်ပေတစ်တင်း ၁၇ဝဝဝ ကျပ်မှ ၁၆ဝဝဝ ကျပ်အသီးသီးနဲ့ တစ်ပတ်အတွင်း ကုလားပဲမျိုးစုံ တင်း ၃ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ထွန်းလှိုင်
တစ်ရက်အတွင်း ဒေလီဈေးကွက်သို့ ကုလားပဲဖြူလုံးကြီး ကားအစီး ၈ဝ ဝင်ရောက် မတ်လ ၂၄ ရက် အိန္ဒိယပြည်တွင်းပဲမျိုးစုံဈေးကွက်အဖွင့်တွင် ကုလား ပဲဖြူလုံးကြီးဈေးနှုန်း ပြန်ကောင်းလာပါတယ်။ သို့သော် ကုလားပဲဖြုလုံးကြီး အသစ် တွေက ဈေးကွက်အတွင်းကို အဝင်များလာခြင်း၊ အခြားပဲမျိုးစုံ ဈေးနှုန်းအားနည်း လာခြင်း၊ ဝယ်လိုအားနည်းခြင်းတို့က ဈေးနှုန်းကို ဖိအားပေးနေတယ်လို့ သိရပါတယ်။ မြို့တော် ဒေလီဈေးကွက်အတွင်း ၎င်းနေ့ကုလားပဲဖြူလုံးကြီး ဝင်ရောက်မှုမှာ ထရပ်ကားအစီးရေ ၈ဝ ဖြစ်ပြီး တစ်ကွမ်တယ် (100 kgs) ကို ၂၃၉ဝ ရူပီးဖြစ် ကြောင်းသိရပါတယ်။ ပပ၊ Source:Business-standard.com
အားမွေးနေတဲ့ မုံရွာနွေပဲတီ မုံရွာကုန်စည်ဒိုင် မတ်ပဲ၊ ပဲတီစိမ်းဈေးကွက်မှာ ပဲဟောင်းလက်ကျန်ပြတ်နေသလို နွေပဲတီအများစု စိုက်ပျိုးဆဲဖြစ်လို့ ပစ္စည်းအဝင်မရှိဘဲ ဝယ်အားရောင်းအားပြတ်နေတာ တွေ့ရပါတယ်။ ပစ္စည်းလက်ကျန်ရှိတဲ့ ပွဲရုံတွေအနေနဲ့ နည်းပါးတဲ့ ဝယ်လိုအားကြောင့် တစ်တင်း ၂၃ဝဝဝ ကျပ် ဈေးဖြင့်ကာလကြာ ရောင်းဝယ်လျက်ရှိပြီး မုံရွာနယ်မှာ စိုက်ပျိုးလျက်ရှိတဲ့ နွေပဲတီတောင်သူတွေအနေနဲ့ အိတ်စ်ပို့ဈေးကွက်လိုအပ်ချက်အရဖြစ်ပေါ်လာမဲ့ အမြင့်ဈေးကို မျှော်လင့်ရင်း ပဲတီခင်းမှာ သွင်းအားစုပေးကာရင်းနှီးမြူပ်နံှ အားမွေးနေလျက်ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
နှစ်ကူးပိတ်ရက်နဲ့အတူ ဈေးအေးသွားတဲ့ ပဲခူး ပဲတီရွှေဝါဈေးကွက် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း ပဲခူးမြို့နယ်ရဲ့ ပဲတီရွှေဝါဈေးကွက်ကို ကဝမြို့နယ် သနပ်ပင်မြို့နယ်တို့မှ ပဲအများဆုံး ဝင်ပါတယ်။ မတ်လလယ်လောက်ကစပြီး ပိဿာ ၂ဝ ဝင်ပဲတစ်တင်းကို ၃၅ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေရာက မတ်လကုန်မှာ ပဲတစ်တင်းကို ၃ဝဝဝဝ ကျပ်ထိ ကျဆင်းသွားပါတယ်။ အချိန်အခါ မဟုတ်မိုးရွာသွန်းမှုကြောင့် ပဲများ အရည်အသွေးကျဆင်းသလို တရုတ်ဝယ်လက်မဆွဲလို့ ပဲဈေးကျဆင်းသွားရတယ်လို့ ဈေးကွက်က ဆိုပါတယ်။ တောင်သူများ ကတော့ နှစ်ကူးအပြီး ပဲဈေးကို စောင့်မျှော်နေကြတယ်လို့ သိရပါတယ်။ အေးဝင်း
ဈေးဆက်မြင့်လာတဲ့ ဟင်္သာတပဲတီစိမ်း ဟင်္သာတကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုမတ်လ စတုတ္ထပတ်အတွင်း ပဲတီစိမ်း ပိဿာ ၂ဝ ဝင်တစ်တင်းကို ၃၄၅ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်ထက် တစ်တင်းကို ၁ဝဝဝ ကျပ်ပိုများလာခဲ့ကြောင်း သိရပါတယ်။ တောင်သူများအတွက် ပဲတီစိမ်းသီးနံှဟာ ဈေးကွက်ဝင်ပြီး ဈေးကောင်းရနေပါတယ်။ အရောင်းအဝယ်ဖြစ်မှုမှာလည်း ယခင် အပတ်ထက် ကုန်စည်ဒိုင်ဈေးကွက်သို့ အနည်းငယ်ပိုလာပြီးရန်ကုန် ဘုရင့်နောင်ပွဲရုံများသို့ တစ်တင်းခွဲဝင်အိတ် ၃ဝဝဝ ခန့် ယခုတစ်ပတ်အတွင်း တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ အေးအေးခိုင်
ယခုအပတ်နယ်စပ်မှ ပဲလွန်းဖြူတန် ၁၈ဝ ကျော်တင်ပို့ မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁၆၉ဝဝဝ တန်ဖိုးရှိ ပဲလွန်းဖြူ ၁၈၇ တန်တင်ပို့နိုင်ခဲ့ပါတယ်။ယခင် အပတ်ကထက် ၅၉ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံ ဝယ်ဈေးပြောင်းလဲမှုမရှိသော်လည်း မိမိ ဘက် မြေပြင်ပေါက်ဈေးမှာကျပ် ၅၇ဝဝ ကျော်ဈေးမြင့်လျက်ရှိပါတယ်။ မတ်လ အတွင်း ပဲလွန်းဖြူ ၄၃၄ တန်တင်ပိုမှု ရှိပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း နယ်စပ်မှ ပဲလွန်းဖြူတန် ၄၃ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံပဲလွန်းဖြူပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။ မိမိ ဘက် ဈေးမြင့်တက်သော်လည်း တစ် ဘက်နိုင်ငံ ဝယ်ဈေးပြောင်းလဲမှုမရှိဘူး လို့ သိရပါတယ် မိမိဘက်(ကျပ်/တန်) ယခု ယခင် ပြောင်းလဲမှု %၈၁၄၈၆၇ ၈ဝ၉ဝ၈၄ ၅၇၈၃ ဝ .၇တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)ယခု ယခင် ပြောင်းလဲမှု %၁ဝ၁ဝ ၁ဝ၁ဝ - -MIRT(DOBT)