Main menu

Background

Wednesday, 5 Jan 2011

 ကြက်သွန်နီဈေးကျသည်ဖြစ်စေ တက်သည်ဖြစ်စေ တောင်သူတွေနဲ့ ကုမ္ပဏီတွေကတော့ ဆက်လက်စိုက်ပျိုးနေ                  ကြက်သွန်နီဈေးကျလို့ မိုးကြက်သွန်နီတွေမစိုက်တော့ဘူး၊ ကျောက်ဆည်၊ မြစ်သားဘက်မှာ ကြက်သွန်ခင်းတွေ ရေဝင်ပျက်စီးဆိုတာတွေ ဂျာနယ်တွေ မှာတွေ့လိုက်ပါတယ်။ ဟုတ်မဟုတ် စပ်စုကြည့်တော့ မိုးကြက်သွန်နီကို မြင်းခြံ ဘက်မှာ ဧက(၅၆ဝဝ) ကျော်၊ မကွေး ဘက်မှာဧက (၄၂၅ဝ) ကျော်နဲ့ စစ်ကိုင်း ဘက်မှာ ဧက (၁၉၈ဝ) ကျော် စုစုပေါင်း (၁၁၈၃ဝ) ဧကကျော်စိုက်ပြီးပြီလို့ သိရ ပါတယ်။ မကွေးနဲ့ စစ်ကိုင်းဘက်မှာတော့ ယခင်နှစ်အတိုင်းစိုက်ကြပြီး မြင်းခြံဘက် မှာတော့ အရင်နှစ်ထက် ဧက ၂ဝဝ လောက် လျော့စိုက်တယ်လို့ သိရပါတယ်။မြင်းခြံဘက်မှာ အရင်နှစ်ကမိုး ကြက်သွန်နီမိုျးတစ်ပိဿာ ၃ဝဝိ/- အခုနှစ်မှာ ၁၅ဝိ/- ဆိုတော့ထက်ဝက် သက်သာတယ်။ တစ်ဧကကုန်ကျစရိတ် ၂ ဒသမ ၂ သိန်းကျော်၊ အထွက်နှုန်း ၁၂ဝဝ ပိဿာနဲ့ဆို တစ်ပိဿာ ၁၈၃ိ/- လောက်ကျ မယ်မှန်းတယ်။ မြင်းခြံမြို့ ဘက်က မိုးကြက်သွန်နီဒီဇင်ဘာလဆန်း မှာစထွက်ပြီး၊ အခုချိန်မှာတော့ လှိုင်လှိုင် ပေါ်နေပြီ၊ မြင်းခြံဈေးကွက်ကို တစ်ပိ ဿာအကြီး ၈ဝဝိ/- ၊ အလတ် ၇ဝဝိ/-၊ အသေး ၆ဝဝိ/-နဲ့ အရင်အပတ်က တစ်ရက်ပိဿာ ၃ သောင်း၊ မနေ့ကပိဿာ ၅ သောင်းကျော်ဝင်တယ်လို့ဆိုပါတယ်။ တစ်ပိဿာပျမ်းမျှဈေး ၇ဝဝိ/- နဲ့ ရောင်းရတော့ စောစောစိုက်တဲ့တောင်သူတွေ အကိုျးအမြတ်ခံစားရပြီး မစိုက်တော့ဘူး ဆိုသူတွေ မခံစားရဘူးပေါ့။                     ဂီရိမုန်တိုင်းကြောင့် အောက်တိုဘာလမှာ မိုးအဆက်မပြတ်ရွာသွန်းမှုရှိ ခဲ့လို့ မြင်းခြံဘက်မှာ ပျက်စီးမှုမရှိပေမဲ့ မြစ်သားမြို့နယ် ရွာမုန်းကြီးဘက်မှာ တော့ ဆောင်းကြက်သွန်နီ ၁၅ ဧက စိုက်မဲ့ ပိုျးခင်းထဲ ရေဝင်ပျက်စီးသွားတယ်လို့ သိရပါတယ်။ မြစ်သား ကြက်သွန်နီ ပင်လေးစိုက်တာ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ စိုက်ပြီး ဖေဖော်ဝါရီလမှာထွက်လေ့ရှိပါတယ်။ မိုးကြက်သွန်နီကုန်ခါနီးနဲ့ ဆောင်း ကြက်သွန်နီ မထွက်မီအကြားမှာ ထွက်လို့ ဈေးကောင်းရလေ့ရှိပါတယ်။ ကျောက်ဆည်ခရိုင်မှာ ပင်လေး စိုက်ကြက်သွန်နီဟာ ၂ဝ၄၃ဝ ဧကကျော် စိုက်ပျိုးပြီးတဲ့အတွက် အရင်နှစ်ထက် ဧက ၄၆ဝ ကျော်ပိုစိုက်ပါတယ်။ မနှစ် ကထက် ပိုကိုက်မယ်ထင်လို့နဲ့ တူပါတယ်။ ဒီနှစ်ထဲမှာ ကုမ္ပဏီ ၁၁ ခုက မိုးကြက်သွန်နီ ၇၇၆ ဧကနဲ့ ဆောင်းကြက်သွန်နီ ၁၅၄၂ ဧက စိုက်ဖို့ လျာထားစီစဉ်ခဲ့ရာမှာ ဒီ နေ့ထိ မိုးနဲ့ ဆောင်းကြက်သွန် ဧက ၁ဝဝဝ နီးပါး စိုက်ထားပြီးပြီလို့ သိရပါတယ်။ ဈေးကစားချင်တဲ့ ကုန်သည်အချို့က ဂျာနယ်တွေကနေ တစ်ဆင့် ကြက်သွန် နီနဲ့ပတ်သက်လို့ ဖော်ပြကြတော့ ကြက်သွန်နီဈေးနှုန်း ဘယ်လိုဖြစ်လာမလဲလို့ စိတ်ဝင်စားသူတွေလည်း ရှိပါတယ်။ လက်ရှိကြက်သွန်နီလက်ကျန်ဟာ နောက်ထပ် လဝက်ကျော်စားသုံးနိုင်ပြီး မိုးကြက်သွန်နီလည်း လှိုင်လှိုင်ပေါ်၊ မြစ်သား ကြက်သွန်နီ ကလည်း ဖေဖော်ဝါရီလလောက်မှာ ဆက်တိုက်ထွက်တော့မှာမို့ စားသုံးသူတွေ အနေနဲ့ ကြက်သွန်နီပြတ်လပ်မှုနဲ့ ဈေးမြင့်တက်မှု မရှိနိုင်တော့ပါဘူး။ အဲဒါကြောင့် ကြက်သွန်နီဈေးကျသည်ဖြစ်စေ၊ ဈေးတက်သည်ဖြစ်စေ တောင်သူတွေနဲ့ ကုမ္ပဏီတွေကတော့ ပုံမှန်အတိုင်း ဆက်လက်စိုက်ပျိုးနေဆဲပါ။                                                       T60 

Wednesday, 5 Jan 2011

ဈေးအမြင့်မှာ အရောင်းအဝယ်အေးနေတဲ့ ပြည်မန်ကျည်းမှည့်                               ယခု ဒီဇင်ဘာ နောက်ဆုံးပတ် ပြည်မန်ကျည်းဈေးကွက်အတွင်း၌ ပစ္စည်းလက်ကျန်များ နည်းပါးလာပြီး ဈေးမာလာတာကြောင့် ယခုတစ်ပတ် အတွင်း အရောင်းအဝယ် အေးနေ တာကို တွေ့ရပါတယ်။ ယခင်အပတ် ဈေးအတိုင်း မန်ကျည်းသီးအစေ့မပါ တစ်ပိဿာ လက်ကားဈေး ၁၈ဝဝ ကျပ်၊ လက်လီဈေး ၂ဝဝဝ ကျပ်ဖြင့် ဈေးအမြင့်မှာ အရောင်းအဝယ် အေး နေတာကို တွေ့ရပါတယ်။                                                                                   အိရွှေစင် 

Wednesday, 5 Jan 2011

အလားအလာကောင်းတဲ့ နနွင်းတက်                      မြစ်သားမြို့နယ်မှာ နနွင်းတက်စိုက်တဲ့တောင်သူတွေ ဒီနှစ်မှာ နနွင်းတက် ဈေးကြောင့် တွက်ချေကိုက်ကြလိမ့်မယ်လို့ တောင်သူတွေပြောနေကြပါတယ်။ ယခု လက်ရှိဈေးက နနွင်းအဟောင်းတစ်ပိဿာ ၄ဝဝဝ ကျပ်ဝန်းကျင် ဖြစ်နေပါတယ်။                         ဇန်နဝါရီလဆိုရင် နနွင်းသစ်က ထွက်ပေါ်တော့မှာဖြစ်ပါတယ်။ ''မနှစ်က တစ်ဧကစိုက်ရာမှာ လှည်း ၁၆ စီးတိုက် ပိဿာ ၁၂ဝဝ ထွက်ခဲ့ပါတယ်။ ဒီနှစ်အခြေအနေက မိုးနှောင်းကောင်းခဲ့တော့ လှည်းစီးရေ ၂ဝ ဝန်းကျင် ထွက်မယ်လို့ခန့်မှန်းလို့ရပါတယ်။ ဒီနေ့နနွင်းတက် ပွဲစားတွေက နနွင်းတက်အသစ်ကို တစ်ပိဿာ ၂ဝဝဝ ကျပ်နဲ့ ဈေးဖွင့်မယ်လို့ ပြောသံကြားပါတယ်။ ကျောက်ဆည်ခရိုင်မှာ နနွင်းတက်စိုက် တောင်သူတိုင်း အောင်မြင် ကြမှာပါ။ ပွဲရုံတွေမှာ နနွင်းတက်လက်ကျန်နည်းသွားတော့ အရောင်း အဝယ် ဖြစ်မယ်'' လို့ အထွက်နှုန်းကောင်းခဲ့တဲ့ စပယ်တောကျေးရွာမှ တောင်သူ ဦးစိန်အောင်မင်းက ပြောပါတယ်။                                                                ကျော်မြင့် 

Wednesday, 5 Jan 2011

ပြည်ချင်းဈေးကွက်               ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်တွင် ပိဿာ ၃ဝ ဝင်အိတ် ၂ဝဝ ခန့်အဝင်ရှိလာပါတယ်။ ယခင်တစ်ပတ်ကထက် အဝင်ပိုလာကာ ဈေးနှုန်းမှာ ပုံမှန်ပဲရှိနေပြီး ချင်း(ကြီး) တစ်ပိဿာ ၁၃ဝဝ ကျပ်၊ (သေး) ၁၁ဝဝ ကျပ်နဲ့ တစ်နေ့ကို ပိဿာချိန် ၁၈ဝ ခန့်သာရှိပြီး အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ဝင်းလဲ့ဝါရှမ်းချင်းသစ် ဈေးကွက်ဝင်                    ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဈေးကွက်ထဲကို ချင်းအသစ်များဝင်ရောက်လျက်ရှိပါတယ်။ ကလော၊ အောင်ပန်းတစ်ဝိုက်က ချင်းများအဝင်များပြီး ဟိုပုံး၊ ပင်းပက်၊ ပင်လောင်းဘက်ကတော့ အနည်းငယ်စဝင်နေတယ်လို့ သိရပါတယ်။ဟိုပုံးချင်း တစ်ပိဿာ ၄၅ဝ ကျပ်-၅ဝဝ ကျပ်ဈေးရှိပါတယ်။ နမ့်စန်ချင်းကတော့ အခုမှ ထွက်ကာစဖြစ်လို့ ဈေးကွက်ထဲကို ၁ လပိုင်းလောက်မှ ဝင်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ ဈေးကတော့ တစ်ပိဿာ ၄၅ဝ ကျပ်- ၅ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                        အောင်ပန်းဈေးကွက်မှာတော့ ချင်းစို (မြေနီ) အခက်လှတစ်ပိဿာ ၇ဝဝ ကျပ်-၇၅ဝ ကျပ်၊ မြေဝါ (အကြီး) တစ်ပိဿာ ၆၅ဝ ကျပ်-၇ဝဝ ကျပ်၊ မြေဖြူ(အကြီး) တစ်ပိဿာ ၆ဝဝ ကျပ်-၆၅ဝ ကျပ်၊ ချင်းအလတ်တန်းစား တစ်ပိဿာ ၅၅ဝ ကျပ်၊ မျိုးနှုတ်ပြီး ချင်း(အသေး) တစ်ပိဿာ ၄၅ဝ ကျပ်-၅ဝဝ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ ပုံမှန်အဝင်ရှိပြီး ပြည်တွင်းစားသုံးရန်အတွက် ရန်ကုန်၊ မန္တလေးသို့ တစ်ပတ်အတွင်း ချင်းပိဿာချိန် ၂ သိန်းခွဲ၊ ၃ သိန်းခန့် အရောင်းအဝယ်ဖြစ်တယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။                                                            စောယုထွေး 

Sunday, 2 Jan 2011

 ငွေချည် (၆) ချည်မျှင် ရှည်ဝါများ အဝယ်ဒိုင်ဖွင့်၍ ဝယ်ယူနေ                 ပဲခူးတိုင်းဒေသကြီးအနောက်မှာ ဒီဇင်ဘာလမှစပြီး ဝါများခူးဆွတ် နေပြီဖြစ်တဲ့အတွက် အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့အထည်အလိပ် လုပ်ငန်းက ပြည်မြို့ဝါကြိတ်ဖတ်စက်ရုံမှာ ဝါအဝယ်ဒိုင်ဖွင့်ပြီး ငွေချည် (၆) ချည်မျှင် ရှည်ဝါတစ်ပိဿာကို ၁ဝဝဝ ကျပ်နဲ့ ဈေးဖွင့်ဝယ်ယူနေကြောင်းသိရပါတယ်။ အိရွှေစင်

Sunday, 2 Jan 2011

ပြောင်းအလားအလာ ဈေးနှုန်းကျဖွယ်ရှိ               ပြောင်းဈေးနှုန်းတွေဟာ ၂၈ လမြင့်တက်ခဲ့ပြီးနောက် ရှေ့အလားအလာ အတွက်ကတော့ ဈေးကျဖွယ်ရှိ ကြောင်းမှန်းဆနေကြပါတယ်။ဂံျုနဲ့ပဲပုပ်လည်း အလားတူစွာ ဈေးကျဖွယ်ရှိကြောင်းသိရပါတယ်။ ချီကာဂို ကုန်သွယ်ရေးအသင်းမှာ မတ်လအတွက် ပြောင်းဈေးနှုန်းက ဝ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဘူရှယ် ကို ၆ ဒသမ ၁၉ ဒေါ်လာဖြစ်ခဲ့ပါတယ်။ ၂ဝဝ၈ ကတည်းက အာဂျင်တီးနားနဲ့ ဘရာဇီးမှာ ခြောက်သွေ့တဲ့ ရာသီဥတုကြောင့်စိုးရိမ်ဖွယ်ရာအခြေအနေများရှိခဲ့ပြီး အကြီးဆုံး သီးနံှတင်ပို့သူဖြစ်တဲ့ အမေရိကန်ရဲ့ သီးနံှအထွက် လည်းကျနိုင်ခဲ့တာ ကြောင့် အစောပိုင်းက ပြောင်းဈေးနှုန်း တစ်ဘူရှယ်ကို ၆ ဒသမ ၂၄ ဒေါ်လာရှိခဲ့ ကြောင်း သိရပါတယ်။ နှစ်သစ်ကူးပိတ်ရက်တွေမှာ ချီကာဂိုကုန်သွယ်ရေးအသင်းရဲ့ ပြောင်းဈေးနှုန်းတွေကျဖွယ်ရှိပြီး လာမည့် နှစ်သစ်မှာတော့ လုပ်ငန်းရှင်တွေက ကျဈေးနဲ့ဈေးကွက်ကို ဖွင့်နိုင်ဖွယ်ရှိကြောင်း ဖိလစ်ဖျူးချား ကုမ္ပဏီရဲ့သုတေသီက ပြောကြားခဲ့ပါတယ်။                    အာဂျင်တီးနားက ပြောင်းနဲ့ပဲပုပ်စိုက်ပျိုးတဲ့ ဒေသတွေမှာ ပူပြင်း ခြောက်သွေ့ဆဲဖြစ်ပြီး သီးနံှအထွက်နှုန်းကို ဖိအားဖြစ်စေကာ ဘရာဇီးနိုင်ငံ တောင်ပိုင်းရဲ့ စိုက်ပျိုးရေးဧရိယာတွေမှာ လာမည့်ရက်သတ္တပတ်မှာပိုပြီး ခြောက် သွေ့ဖွယ် ရှိပြီး မြေဆီလွှာစိုထိုင်းမှုကို ထိခိုက်နိုင်ကြောင်း သုတေသီများက ခန့်မှန်းခဲ့ကြပါတယ်။ ဒီလိုဆိုးရွားတဲ့အခြေအနေကြောင့် ပြောင်းသီးနံှတွေပျက်စီးမှာတော့ သံသယ ဖြစ်စရာ မလိုကြောင်းနဲ့ အာဂျင်တီးနားမှာ ပြင်းထန်တဲ့ရာသီဥတု အခြေအနေရှိနေပေမဲ့လည်း မိုးရွာမဲ့ အရိပ်လက္ခဏာကို မကြာမီ အချိန်အတွင်းမှာ မြင်တွေ့ရမယ်လို့ ယုံကြည်မျှော်လင့်ကြောင်း သုတေသီများက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါ တယ်။ Source: Bloomberg .com,KZW

Sunday, 2 Jan 2011

နံှစားပြောင်းတင်ပို့မှုပိုမို               ဒီဇင်ဘာလ ၂၂ မှ ၂၈ ရက်အထိ ကာလအတွင်းနံှစားပြောင်း ၅ဝ၆ တန်ကျော် ကန်ဒေါ်လာ ဝ ဒသမ ၁၃၉ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်က တင်ပို့မှုထက် ၁၈၃ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ နံှစားပြောင်း ၅ဝ၆ တန်နဲ့ ပြောင်းဖူးစေ့ ၁၂၆၃ဝ တန်၊ လွယ်ဂျယ် မှ ၄၇ တန်ကျော် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဧပြီလမှဒီဇင်ဘာလ ၂၈ ရက်အထိပြောင်းဖူးစေ့တင်ပို့နိုင်မှုက တန်ချိန် ၄၁၇ဝဝ ကျော် ရှိပြီ ဖြစ်ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်။                                  မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု          ယခင်     ပြောင်းလဲမှု     %         ယခု         ယခင်   ပြောင်းလဲမှု      %ပြောင်းဖူးစေ့   ၂၄ဝ၃၈၅      ၂၄၃၆၉၅      ၃၃၁ဝ        ၁ .၄        ၂၈၁        ၂၈ဝ           ၁           ဝ .၄နံှစားပြောင်း   ၂၆၃၉၈၉       ၂၆၁၅၃၉      ၂၄၅ဝ         ၁          ၃၃၁        ၃၂၉          ၂            ဝ .၆MIRT (DOBT)

Sunday, 2 Jan 2011

ဒီတစ်ပတ် ပင်လယ်ရေကြောင်း အတင်လျော့                ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၇၅ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၂၈ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၈၃၇ တန်တင်ပို့ခဲ့တာကြောင့် တင်ပို့မှုသိသိ သာသာ လျော့နည်းခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကို ၃၃ တန်၊ စင်ကာပူ ကို ၈၂ တန် အသီးသီး ဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW

Sunday, 2 Jan 2011

ရော်ဘာဈေးနှုန်း လက်ရှိပေါက်ဈေးထက် တက်ရန်အလားအလာရှိ                 ရော်ဘာဈေးကွက်အတွင်းဖြစ်ပေါ်နေသော လက်ရှိပေါက်ဈေးများထက် တက်ရန်အလားအလာရှိနေကြောင်း ရော်ဘာ လုပ်ငန်းရှင်များထံမှ သိရသည်။                ''လက်ရှိရော်ဘာ ၁ တစ်ပေါင် ပေါက်ဈေးက (RSS-5) ၁၅ဝဝ ကျပ်၊ (RSS-3) ၁၅၅ဝ ကျပ်၊ (RSS-1) ၁၆ဝဝ ကျပ်အထိရှိနေပါတယ်။ ပြည်တွင်းဈေးကွက်မှာ မရဘူးတဲ့ဈေးတွေ ဖြစ်ပြီး စံချိန်ချိုးဖြစ်ပေါ်တာပါ။ ပြည်ပ ကမ္ဘာ့ရော်ဘာ ဈေးကွက်မှာလည်း မဖြစ်ပေါ်ဖူးတဲ့ဈေးကွက်တွေဖြစ်ပေါ်နေ တာဖြစ်ပါတယ်။ ရော်ဘာဈေးနှုန်းတွေက ဒီထက်တက်ဖို့ရှိပါတယ်။ အဓိက ကမ္ဘာ့ရော်ဘာလိုအပ်ချက်မြင့်တက်လာတယ်။ ဒီနှစ်မှာ ရာသီဥတုဖောက်ပြန်တဲ့ အတွက် ရော်ဘာအဓိကစိုက်ပျိုးတဲ့ နိုင်ငံတွေမှာ မိုးကရွာသင့်တဲ့အချိန်ထက် တစ်လလောက်ပိုရွာတဲ့အတွက် အစေး ထုတ်ရက် တစ်လလောက်နောက်ကျ သွားတယ်။ အဲဒီအတွက် ရော်ဘောစေးမထုတ်လိုက်ရတဲ့အတွက်အထွက်နည်းတယ်။ ဒါကြောင့် ဈေးတွေ ထပ်မြင့်ဖို့ရှိ တယ်''ဟု ရော်ဘာအသင်းမှ အတွင်းရေးမှူးက ပြောပြသည်။ မြန်မာနိုင်ငံတွင် ရော်ဘာပင်များကို တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးပြီး အများဆုံးစိုက်ပိုျးသည့်ဒေသမှာ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ဖြစ်သည်။ ခင်မျိုးသွယ်

Sunday, 2 Jan 2011

သီရိလင်္ကာရော်ဘာဈေးမှတ်တမ်းတင်                သီရိလင်္ကာရော်ဘာအသင်းဖွံ့ဖြိုးရေးအသင်းရဲ့ အစီရင်ခံစာမှာရော်ဘာပြားဈေးနှုန်းတွေ မှတ်တမ်းတင်လောက် အောင်တက်သွားကြောင်း ဖော်ပြထားပါတယ်။ ပထမတန်းစားရော်ဘာပြားတစ်ကီလိုကို ရူပီး ၅၂၁၊ (၁၁ ဒသမ ၅ ဒေါ်လာ) နဲ့လေလံဈေး ရရှိနေကြောင်းရော်ဘာအသင်းရဲ့ ညွှန်ခုျပ်ကပြောကြားခဲ့ပါတယ်။ ၂ဝ၁ဝ နှစ်ဦးပိုင်းမှာ ပထမတန်းစား ရော်ဘာတစ်ကီလိုဂရမ်ကို ရူပီး ၂၃ဝ ( ၅ ဒသမ ၁၁ ဒေါ်လာ ) သာရှိခဲ့ကြောင်းသိရပါ တယ်။ အခြားအဆင့်နိမ့် ရော်ဘာ တွေကိုလည်း အမြင့်ဈေးနဲ့အပြိုင်အဆိုင်ရောင်းချနေကြောင်း ညွှန်ခုျပ်ကဆက် လက်ပြောကြားခဲ့ပါတယ်။ ရော်ဘာ အပိုင်းအစ တွေရဲ့ ဈေးကပင် တစ်ကီလိုဂရမ်ကို ၅၉၈ ရူပီးရရှိကြောင်း သိရပါတယ်။ ယခုလက်ရှိကာလမှာ သီရိလင်္ကာက သဘာဝ ရော်ဘာဝယ်လိုအားတွေ လက်ခံရရှိနေကြောင်း သိရပါတယ်။ ဒီလိုဝယ်လိုအားတွေ ရရှိနေတာယာ အဓိက ရော်ဘာတင်ပို့တဲ့ နိုင်ငံများမှာ အထွက်နှုန်း ကျဆင်းတာကြောင့် ဖြစ်တယ်လို့ရော်ဘာအသင်းရဲ့ ညွှန်ချုပ်က ပြောကြားခဲ့ပါတယ်။                                                                                   Source: Colambo .com,KZW

Pages