Background
ပုံမှန်ဈေးနဲ့ အရောင်းအဝယ်အေးတဲ့ ပြည်ချင်းဈေးကွက် ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ အဝင်နည်း လာပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၃ဝ ဝင်အိတ် ၃၅ဝ ခန့် ဝင်ရောက်ခဲ့ သော်လည်း ယခုတစ်ပတ်မှာတော့ အိတ် ၂၈ဝ ခန့်သာ ဝင်ရောက်ကြောင်း သိရပါတယ်။ အဝင်နည်းသော်လည်း တစ်နေ့ကို ပိဿာချိန် ၃ဝဝ ခန့်သာ ပုံမှန်ဈေးဖြင့် အရောင်းအဝယ်အေးနေပါတယ်။ ပြည်ဈေးကွက်ရဲ့ ယခုတစ်ပတ် ရောင်းဈေးမှာ တစ်ပိဿာကို အကြီး ၁၁ဝဝ ကျပ်နဲ့ အသေး ၁ဝဝဝ ကျပ် ရှိတယ်လို့ သိရပါတယ်။ ဝင်းလဲ့ဝါ
ချင်းခြောက်များတင်ပို့ ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း ချင်းခြောက် ၂၈ တန် နီးပါးကို မူဆယ် ၁ဝ၅ မိုင်နဲ့ တောချင်း တန် ၂ဝ ကို ချင်းရွှေဟော်နယ်စပ်တို့မှ ကန်ဒေါ်လာ ၆၃ဝဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်မှာ ချင်းခြောက် တစ်တန်ကို ကျပ် ၁ ဒသမ ၈ သန်းပေါက်ပြီး တစ်ဘက်နိုင်ငံမှာ ကန်ဒေါ်လာ ၂ဝ၃ဝ ခန့် ဈေးပေါက်လျက်ရှိပါတယ်။ MIRT(DOBT)
ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးမှာငြိမ်နေတဲ့ ပဲကြီး ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ဈေးအမြင့်ဆုံးဖြစ်နေတဲ့ ပဲအမျိုးအစား ကတော့ ပဲကြီးအမျိုးအစား ဖြစ်ပါတယ်။ ပဲကြီးဈေးနှုန်းများမှာ ပဲကြီး (ကမ်းနား) က ၃၅ဝဝဝ ကျပ်၊ ရွှေကွျှန်းမှာ ၃၆ဝဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ် လျက်ရှိကာ ပဲကြီး ကမ်းနားမှာ တစ်ရက်အိတ် ၂ဝဝ ခန့်နှင့် ပဲကြီးရွှေကျွန်းမှာအိတ် ၁ဝဝ အထိ အရောင်းအဝယ်ဖြစ်လာတယ်လို့ သိရပါတယ်။ နိုဝင်ဘာလအတွင်း ပဲကြီးကမ်းနားသာ ပဲကြော်၊ ပဲလှော်လုပ်ငန်းသမားများဖြင့် အဝယ်ရှိနေခဲ့ပြီး ယခု ဒီဇင်ဘာလတွင် ပဲကြီး ရွှေကျွန်းပါ အရောင်းအဝယ် သွက်လာတယ်လို့ သိရပါ တယ်။ ခင်ဆွေဝင်း
ယခုတစ်ပတ် မြေထောက်နဲ့ ပဲယင်းအနည်းငယ် ပြန်တင်လာ ယခင်သီတင်းပတ်များက တင်ပို့မှု ရပ်တန့်သွားတဲ့ မြေထောက်ပဲနဲ့ ပဲယင်းလည်း ယခု ဒီဇင်ဘာလ ဒုတိယပတ်မှာ တန်ချိန် ၆ဝ ဝန်းကျင်စီ တင်ပို့မှုရှိ ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ မြေထောက်ပဲကို မလေးရှား၊ ပဲယင်းကို ဖိလစ်ပိုင်နဲ့ ဂျပန်တို့ကို တင်ပို့ခဲ့ပါတယ်။ ရန်ကုန် FOB ဈေးနေနဲ့ မြေထောက်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ ရှိပြီး၊ ပဲယင်းတစ်တန်ကို ကန်ဒေါ်လာ ၆၈ဝ-၇ဝဝ ဈေးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ဝယ်လက်စုံတဲ့ မုံရွာကုလားပဲ မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာလ ဒုတိယပတ် ကုလားပဲဈေးကွက်မှာ ဒေသတွင်း လုပ်ငန်းသုံးသမားများနဲ့ နယ်အဝယ်ပုံမှန်ရှိခဲ့လို့ အရောင်းအဝယ် သွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ယခုရက်ပတ်ထဲမှာ ပဲမှုန့်လိုင်းသမားတွေအနေနဲ့ မရှိမဖြစ် လိုအပ်နေတဲ့ ကုလားပဲရိုးရိုးတစ်တင်းကို ၂ဝဝဝဝ ကျပ်၊ ၂ဝ၅ဝဝ ကျပ်ဈေးများနဲ့ ဝယ်ယူမှုရှိခဲ့ပြီး အခြားကုလားပဲဈေးတွေအနေနဲ့ တိုင်ပေတစ်တင်း ၂၁ဝဝဝ ကျပ်မှ ၂၁၅ဝဝ ကျပ်၊ ဗွီတူး တစ်တင်း ၂၃၅ဝဝ ကျပ်မှ ၂၃၇ဝဝ ကျပ်နဲ့ ၉၂၉ တစ်တင်း ၂၃၅ဝဝ ကျပ်အသီးသီး ဈေးတန့်နေတယ်လို့ သိရပါတယ်။ ဒီ တစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ တစ်ရက်ကို အိတ် ၅ဝဝ မှ ၇ဝဝ ကြား နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မန္တလေးကို တင်း ၂ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၆ဝဝ ခန့်စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
ခွဲစက်သမားသာဆွဲတဲ့ ပြည်ကုလားပဲ ပြည်ကုလားပဲဟာ ယခင်တစ်ပတ်က တစ်တင်းကို ၂၄၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုတစ်ပတ်မှာ ၂၃ဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ် ရှိပါတယ်။ ဒေသတွင်းခွဲစက်သမားများဖြင့်သာ အရောင်းအဝယ်ရှိပြီး အခြားတိုင်းသို့ တင်ပို့မှုမရှိတဲ့အတွက် အဝယ်အေးဈေးအေးခြင်းဖြစ်ပါတယ်။ မျိုးသမားများမှလည်း အဝယ်ရှိကြောင်း သိရပါတယ်။ မျိုးပဲတစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ရောင်းချ ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ တစ်နေ့ကို အိတ် ၂ဝဝ ခန့် သာ ရောင်းဝယ်မှုရှိပါတယ်။ လွင်လွင်ဆန်း
အရည်အသွေးကောင်းရင် ဈေးကောင်းရနေတဲ့ မန်းပဲတီစိမ်း မန်းဈေးကွက်တွင် ရောင်းဝယ်အားအကောင်းဆုံး သီးနံှတစ်ခုဖြစ်တဲ့ ပဲတီစိမ်းကို တရုတ်ဝယ်လက်အပြင် ရန်ကုန် ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များမှပါ ဝယ်ယူနေတာကို တွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ မကွေး၊ အောင်လံ ဒေသများမှ ပဲတီစိမ်းအသစ်များ ဝင်ရောက်မှုရှိသလို ဝင်ရောက်လာတဲ့ ပဲတီစိမ်းအသစ်များဟာ ဈေးကွက်အတွင်း ရောင်းဝယ် နေကြတဲ့ ပဲတီစိမ်းအဟောင်းထက် ပစ္စည်းအရည်အသွေးကောင်းနေတာကြောင့် ဈေးမာနေတာကို တွေ့ရပါတယ်။ ပစ္စည်း အရည်အသွေးကောင်းရင် တရုတ်ဝယ်လက်ဆွဲအားကောင်းသလို ရောင်းဝယ်အားကလည်း ဆက်ပြီး ကောင်းနေမယ်။ ယခု ဆိုရင် အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေရောင်းဝယ်မှုအေးနေတယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များမှ ပြောကြားပါတယ်။ ယခင်တစ်ပတ်မှာ ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၅၁၁ ကျပ်၊ တစ်တန် ၆၂၅၃၂ဝ ကျပ်၊ လတ်စ ၁၃၃၃ ကျပ်၊ တစ်တန် ၈၁၆၃၁ဝ ကျပ်၊ အောက်စ ၁၁၅၆ ကျပ်၊ တစ်တန် ၇ဝ၇၉၂ဝ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ယခုတစ်ပတ်မှာတော့ ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၅၂ဝ ကျပ်၊ တစ်တန် ၉၃ဝ၈ဝဝ ကျပ်၊ လတ်စ တစ်ပိဿာ ၁၂၄၄ ကျပ်၊ တစ်တန် ၇၆၁၈ဝဝ ကျပ်၊ အောက်စ ၉၇၅ ကျပ်၊ တစ်တန် ၅၉၈၉၁ဝ ကျပ်ဈေးတို့ဖြင့် ထိပ်စ ဈေးမြင့်လာပြီး အရောင်းအဝယ်ဖြစ်နေကြပါတယ်။ တင်ပို့မှု အနေဖြင့် တစ်ပတ်အတွင်း တရုတ်သို့ ၈၇ဝ တန်၊ ရန်ကုန်သို့ ၂၉ဝ တန် တင်ပို့မှုရှိခဲ့ကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
အဝင်လှိုင်ပေမဲ့ မန်းအဆွဲရှိလို့ ပဲတီဈေးမာနေ မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာလ ဒုတိယပတ် ပဲတီစိမ်း ဈေးကွက်အနေနဲ့ နယ်စုံ ပဲသစ်တွေ လှိုင်လှိုင်ဝင်ခဲ့ပြီး ဒေသတွင်း ပဲခွဲစက်နဲ့ နယ်ဝယ်လက် သွက်ခဲ့လို့ အရောင်းအဝယ်နေ့စဉ် ကောင်းမွန်နေတယ်လို့ သိရပါတယ်။ မုံရွာဝန်းကျင်ဒေသများက သာမက ကလေး၊ ဂန့်ဂေါ၊ ယော၊ ဆောနယ်ဘက်က ပဲသစ်တွေ ဈေးကွက်ထဲ စီးဝင်လာလျက်ရှိပြီး ဒီရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်တင်း ၅ဝဝ ဝန်းကျင် နေ့စဉ်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲသစ်အရည်အသွေး အသင့်အတင့်ကောင်းမွန်ပြီး ပဲတီစိမ်းကြီးတစ်တင်း ၂၄၅ဝဝ ကျပ်မှ ၂၅ဝဝဝ ကျပ်၊ စိမ်းသေးတစ်တင်း ၂ဝ၅ဝဝ ကျပ်ဈေး အသီးသီးမာနေကာ ယခုရက်ပတ်အတွင်း မုံရွာ ကုန်စည်ဒိုင်ကနေ မန္တလေးကို တင်း ၂၅ဝဝ ခန့် စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
ပြည်ပဲတီစိမ်းအဝင်များသလို အရောင်းအဝယ်သွက်နေ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းအတွင်း ပဲတီစိမ်းစိုက်ဧက ၂၃၄၇၃ ဧကလျာထားပြီး ယခုဒီဇင်ဘာ လလယ်အထိ ၂၁၈၃ဝ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ ပဲတီစိမ်းဈေးနှုန်းကတော့ တစ်တင်းကို ၂၅၅ဝဝ ကျပ်ဈေးရှိခဲ့ပြီး ယခင်အပတ်ကထက် ၅ဝဝ ကျပ်ခန့် ဈေးမြင့်လာခဲ့ပါတယ်။ ပြည်ဈေးကွက်အတွင်းသို့ အောင်လံဖက်မှ အဝင်ရှိသလို တိုင်းဒေသကြီးအတွင်း ပေါက်ခေါင်း၊ ပန်းတောင်း၊ ပေါင်းတလည်တို့မှလည်း နေ့စဉ်အဝင်ရှိခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း အိတ် ၂ဝဝဝ ကျော် အဝင်ရှိခဲ့ပြီး ရန်ကုန်သို့ ၂၈၅ဝ အိတ်တင်ပို့နိုင်ခဲ့ကာ မြို့တွင်းရောင်းဝယ်မှုမှာတစ်ရက်ကို အိတ် ၁၅ဝဝ ခန့် အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
လက်ကျန်နည်းလို့ အပို့လျော့တဲ့ ပဲတီစိမ်း ဒီဇင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက် နိုင်ငံသို့ ပဲတီစိမ်းလုံး ၇၉၃ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၇၅၆ သန်းဖိုးနဲ့ ပဲတီစိမ်းအခြမ်း ၁၁၇ တန် ကန်ဒေါ်လာ ဝ ဒသမ ၁၄၄ သန်းဖိုးသာ တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းဈေးမြင့်တက်ခြင်းနဲ့ လက်ကျန်နည်းပါးတဲ့အတွက် ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် အလုံး ၃၈၇ တန်နဲ့ အခြမ်း တန် ၂ဝဝ ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီးကထွက်ရှိတဲ့ ပဲတီစိမ်းများကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်က တင်ပို့နေခြင်း ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံမြေပြင်ပေါက်ဈေးများ ယခင်အပတ်ကထက် မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်းပဲတီစိမ်း ၁ဝ၅ဝ၅၁၆ ၁ဝ၄ဝ၇၅၆ ၉၇၆ဝ ၁ ၁၁၈၇ ၁၁၂၂ ၆၅ ၆MIRT (DOBT)
