Background
ဈေးမြင့်လို့အဝယ်အေးလာတဲ့ မုံရွာကုလားပဲ နိုဝင်ဘာလ ၁ဝ ရက်ပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ဈေးဆက်လက်မာနေတဲ့အတွက် အဝယ်အနည်းငယ်အေးသွားခဲ့ကြောင်း သိရပါ တယ်။ အခုရက်ပတ်ထဲမှာ ကုလားပဲရိုးရိုးဈေးမဖွင့်ခဲ့ပေမဲ့ ကုလားပဲတိုင်ပေ တစ်တင်း ၂၄၈ဝဝ ကျပ်၊ ကုလားပဲ ဗွီတူး တစ်တင်း ၂၅၅ဝဝ ကျပ်နဲ့ ၉၂၉ ကုလားပဲတစ်တင်း ၂၅၈ဝဝ ကျပ်အသီးသီးတက်ဈေး ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုအခါ မုံရွာ နယ်ဝန်းကျင်က ဆောင်းသီးနံှစိုက်မဲ့ သူတွေမျိုးအတွက် အဝယ်လိုက်ခဲ့ပြီး အထွက် နှုန်းကောင်း ဈေးပိုရတဲ့၊ ၉၂၉ ကုလားပဲတွေ စိုက်ပျိုးဖို့ အဝယ်များတယ်လို့ ပွဲရုံ ရပ်ကွက်က ကြားသိရပါတယ်။ ယခုရက်ပတ်အတွင်း မန္တလေးအဝယ်အေးခဲ့ကာ မုံရွာကုန်စည်ဒိုင်နယ်မြေမှ တင်း၂ဝဝဝ နီးပါးသာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ထွန်းလှိုင်
ပြည်ဈေးကွက် ဈေးမာ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းရဲ့ ဆောင်းပဲတီစိမ်းကို ယခုနှစ်မှာ ဧက ၂၃ဝဝဝ ကျော်စိုက်ပျိုးဖို့ လျာထားပြီး ယခုနိုဝင်ဘာလဆန်းပိုင်းအထိ ဧက ၁ဝဝဝဝ ကျော် စိုက်ပျိုးပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းဈေးနှုန်းကတော့ ယခင် အပတ်က တစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေး ရှိခဲ့ပြီး ယခုနိုဝင်ဘာ ဒုတိယပတ်အတွင်း တစ်တင်းကို ၂၇၅ဝဝ ကျပ်ထိ ဈေးမြင့် တက်လာခဲ့ပါတယ်။ ပြည်ဈေးကွက်ကို မကွေးတိုင်းဒေသကြီးဖက်မှ အဝင်ရှိသလို ပြည်မြို့အနောက်ဖက်ကမ်း မြို့နယ် များမှလည်း နေ့စဉ်အဝင်ရှိခဲ့တာကြောင့် တစ်ရက်ကို အိတ် ၃ဝဝ ကျော် ဝင်ရောက်မှု ရှိခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးသို့ ယခုတစ်ပတ် အတွင်း အိတ် ၂ဝဝ ခန့် တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
မန္တလေးအဆွဲလျော့လို့ မုံရွာပဲတီစိမ်း ဈေးငြိမ် မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ ၁ဝ ရက်ပတ် ပဲတီစိမ်းကြီးဈေးကွက်အနေနဲ့ နယ်အဝင်ပုံမှန်ရှိခဲ့ကာ မန္တလေး အဆွဲအနည်းငယ် အေးပြီး ဈေးလည်းငြိမ်နေတာတွေ့ရပါတယ်။ ယခုရက်ပတ်အတွင်း ပဲတီစိမ်းအကြီး တစ်တင်းအောက်စ ၂၁ဝဝဝ ကျပ်၊ ထိပ်စ ၂၇ဝဝဝ ကျပ်နဲ့ တစ်ရက်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ မန္တလေး ဈေးကွက်ကို တင်ပို့မှုအနေနဲ့ ယခင်အပတ်ကထက် တင်း ၁ဝဝ ခန့် လျော့နည်းသွားခဲ့ပြီး ယခုလ ၁ဝ ရက်ပတ်အတွင်း တင်း ၂ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ပြည်တွင်းလက်ကျန်နည်းလို့ ပဲတီစိမ်းတင်ပို့မှုလျော့ နိုဝင်ဘာလဆန်း ၃ ရက်မှ ၉ ရက်ထိကာလအတွင်း ပဲတီစိမ်း ၈၃၉ တန်နီးပါးနဲ့ ပဲတီစိမ်းလုံးခြမ်း ၂၇၅ တန် စုစုပေါင်း ကန်ဒေါ်လာ ၁ ဒသမ ၁၃၆ သန်းဖိုးယခုအပတ်မှာတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း တန်ချိန် ၁၈၄၅ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၁ဝဝဝ ကျော်တင်ပို့မှုလျော့နည်း ခဲ့ပါတယ်။ ပြည်တွင်းလက်ကျန်နည်းနေပြီး ဖြစ်တဲ့အတွက် ပဲတီစိမ်း တင်ပို့မှုလျော့ကျခဲ့တာလို့ မူဆယ်နယ်စပ် ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။ စစ်ကိုင်းနဲ့ မန္တလေးတိုင်း ဒေသကြီးထွက် ပဲတီစိမ်းများကို မူဆယ်နယ်စပ်ကနေ တင်ပို့နေတာဖြစ်ပါတယ်။ မူဆယ်မှ ပဲတီစိမ်းလုံးခြမ်း တင်ပို့မှုကတော့ ယခင်အပတ်အတိုင်းပြောင်းလဲမှုမရှိပါဘူး၊ ယခင်အပတ်က စစ်တွေနယ်စပ်ကတင်ပို့နိုင်ပေမဲ့ ယခုအပတ်မှာတော့ တင်ပို့နိုင်ခြင်း မရှိတာတွေ့ရပါတယ်။ပဲတီစိမ်းမိမိဘက်မြေပြင်ပေါက်ဈေးဟာ ယခင်အပတ်ကထက် ကျပ် ၂၃၉ဝဝ ကျော်၊ တစ်ဖက်နိုင်ငံဈေးမှာ ဒေါ်လာ ၈၄၃ ဒေါ်လာမြင့်တက်လျက်ရှိတယ်လို့လည်း ကုန်စည်ဒိုင် ဈေးနှုန်းကြေညာလွှာအရ သိရှိရပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ် နှစ်နိုင်ငံနယ်စပ်ရှိ ပဲတီစိမ်းမြေပြင်ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်းပဲတီစိမ်း ၁ဝ၈၆ဝ၂၇ ၁ဝ၆၂၁၁ဝ ၂၃၉၁၇ ၂ ၂ဝ၁ဝ ၁၁၆၇ ၈၃၄ ၄ MIRT (DOBT)
ပြည်မှာလည်း ဈေးလှုပ် ပဲခူးတိုင်းဒေသကြီးအနောက်မှာ ဆောင်းသီးနံှမတ်ပဲရဲ့ လျာထားဧက ၅ သိန်း ၁ သောင်းကျော် ရှိခဲ့ပြီး လက်ပံတန်း၊ နတ်တလင်း၊ ဇီးကုန်းမြို့နယ်တွေရဲ့ စပါးရိတ်ပြီးတဲ့လယ်မြေတွေမှာဧက ၈ဝဝဝ ခန့် စိုက်ပျိုးပြီးပြီးလို့ သိရပါတယ်။ ပြည်မြို့မှာ မတ်ပဲမျိုး တစ်တင်းကို ၂၇ဝဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ မြို့တွင်း ပဲရောင်းဝယ်သူ တွေကတော့ ယခင်တစ်ပတ်ကထက် ဈေးမြင့်လာပြီး ပဲတစ်တင်းကို ၂၅၅ဝဝ ကျပ်၊ ၂၆ဝဝဝ ကျပ်နဲ့ ဈေးပြန်လှုပ်လာ တာကိုတွေ့ရပါတယ်။ တစ်နေ့ကို တစ်တင်းခွဲအိတ် ၂၅ဝ-၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တိုင်းတွင်းအခြားမြို့နယ်များမှ ရန်ကုန်သို့ ပဲတင်ပို့မှုကတော့ တစ်နေ့ကို အိတ် ၁၅ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ တစ်ချို့ရက်တွေမှာတော့ မကွေးမြို့သို့လည်း မတ်ပဲအိတ် ၄ဝဝ ခန့် တင်ပို့တယ်လို့သိရပါတယ်။ မိမိအေး
ဟင်္သာတမတ်ပဲ ဈေးလှုပ် ဟင်္သာတရဲ့ မတ်ပဲဈေးကွက်ကတော့ အနည်းငယ်မြင့်တက်လာပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၄၆ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအပတ် မတ်ပဲဈေးမှာ ၂၆၂ဝဝ ကျပ်ဈေးသို့ မြင့်တက်လာခဲ့ပါတယ်။ ပဲအရောင်းအဝယ်ဖြစ်မှုအနေနဲ့ ရန်ကုန်ဝယ်လက်လည်း ပုံမှန်ရှိနေပြီး နေ့စဉ်ဖြစ်ပေါ် နေသောဈေးများဖြင့် ဘုရင့်နောင် ဈေးကွက်သို့ ပျမ်းမျှတစ်တင်းခွဲဝင်အိတ် ၅ဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
နယ်စပ်အပို့အနည်းငယ်နှင့် ပုံမှန်ရှိ ယခုအပတ်မှာ မူဆယ်နယ်စပ်မှ မတ်ပဲ တန် ၁၅ဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၆၇၂ဝဝ ဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ယခင်အပတ်က တန်ချိန် ၃ဝဝ ကျော်တင်ပို့ခဲ့တာဖြစ်လို့ နည်းနည်းနဲ့ ပုံမှန်တင်ပို့နေတဲ့ သဘောတွေ့ရပါတယ်။နယ်စပ်စခန်းအနေနဲ့ ဧပြီလနဲ့မေလများမှာ တန်ချိန် ၈ဝဝဝ ကျော်တင်ပို့ခဲ့ပြီး ဇွန်မှ အောက်တိုဘာလထိ ကာလများမှာ တင်ပို့နိုင်ခဲ့ခြင်းမရှိဘဲ အောက်တိုဘာလ နောက်ဆုံးပတ်မှာ ပြန်လည်တင်ပို့လာတာ တွေ့ရပါတယ်။ တင်တင်ထွန်း (MIRT )
တစ်ပတ်အတွင်း တန် ၃ဝဝဝကျော်သာ ပင်လယ်ရေကြောင်းက တင်ပို့ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းကနေ မတ်ပဲတန်ချိန် ၇ဝဝဝ ကျော်ထိ တင်ပို့မှုရှိခဲ့ပေမဲ့ ယခုတစ်ပတ် (နိုဝင်ဘာလ ၄ ရက်မှ ၁ဝ ရက်)အတွင်းမှာတော့တန်ချိန် ၃ဝဝဝကျော်ကို ဆက်လက်လျော့ကျခဲ့ပါတယ်။ ပြည်ပ အဝယ် အသင့်အတင့်ရှိပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အပြောင်းအလဲကြောင့် ကုန်သည်များ ရောင်းချမှုနည်းတာကြောင့် တင်ပို့မှု လျော့ကျခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ယခုသီတင်းပတ်အတွင်းမှာတော့ ဈေးကွက်တွေမှာ အရောင်းအဝယ် ပြန်သွက်လာတာကြောင့်လာမယ့် သီတင်းပတ်မှာတော့ တင်ပို့မှု ပိုလာနိုင်တယ်လို့ ကုန်သည်တချို့က ခန့်မှန်းကြပါတယ်။ အရောင်းအဝယ် သွက်လာတာကြောင့် ရန်ကုန် FOB ဈေးမှာလည်း မြင့်တက်လာတာကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၂-၁၁-၁ဝ ၉၈ဝ-၉၉ဝ ၁၁၈ဝ-၁၁၉ဝ၄-၁၁-၁ဝ ၉၃ဝ-၉၄ဝ ၁၁၁ဝ-၁၁၂ဝ MIRT(MAPT)
အဝယ်ရှိလို့ ဈေးလှုပ်လာတဲ့ မန်းပဲစင်းငုံဈေးကွက် မန်းဈေးကွက်အတွင်းမှာ ပဲစင်းငုံကို ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲစက် လုပ်ငန်းရှင်များ အဝယ်ရှိတာကြောင့် ယခုတစ်ပတ်အတွင်းမှာ ဈေးအနည်းငယ် မြင့်လာ တာ တွေ့ရပါတယ်။ နိုဝင်ဘာလ ပထမပတ်မှာ ပဲစင်းငုံနီ တစ်ပိဿာ ၈၁၇ ကျပ်၊ တစ်တန် ၅ဝ၃၂၃ ကျပ်၊ ပဲစင်းငုံဖြူ တစ်ပိဿာ ၇၅၈ ကျပ်၊ တစ်တန် ၄၆၄၁၉၂ ကျပ် ဈေးတို့ဖြင့်သာ အရောင်းအဝယ်ရှိခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ပဲစင်းငုံနီ တစ်ပိဿာ ၈၈၂ ကျပ်၊ တစ်တန် ၅၄ဝ၁၂၈ ကျပ်၊ ပဲစင်းငုံဖြူ တစ်ပိဿာ ၈ဝ၃ ကျပ်၊ တစ်တန် ၄၉၁၇၄၉ ကျပ်သို့ ဈေးမြင့်လာပြီး ရောင်းဝယ်နေကြပါတယ်။ အောက်တိုဘာလအတွင်းက အရောင်းအဝယ်အေးနေတဲ့ ပဲစင်းငုံဟာ ယခုနိုဝင်ဘာ လမှာတော့ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များအပြင် ရန်ကုန်ဝယ်လက်တို့ပါ ဝယ်ယူမှု ရှိလာတာကြောင့် အရောင်းအဝယ်လှုပ်လာပြီး ဈေးအနည်းငယ်မာလာတာ ဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များက ပြောကြကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
ပြည်ပဲစင်းငုံဈေးငြိမ် အရောင်းအဝယ်မဖြစ် ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ဈေးထက် ပိဿာ ၂ဝ တစ်တင်းကို ၁ဝဝဝ ကျပ်ဈေးလျော့နည်းတယ်လို့ သိရပါတယ်။ ယခုနိုဝင်ဘာလ ဒုတိယပတ်မှာတော့ အခြားတိုင်းမှ အဝင်မရှိသလို အခြားတိုင်းသို့လည်း တင်ပို့မှု မရှိသေးကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၇ဝဝဝ ကျပ်ဈေးရှိကာ ဝယ်လိုအားရှိသော်လည်း အရောင်းအဝယ်မဖြစ်ဘူးလို့ သိရပါတယ်။ ဆုမွန်ဆွေ
