Main menu

Background

Monday, 21 Jan 2013

ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၈၇၀ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၄၆၀ ကျော်တင်ပို့ခဲ့ ပါတယ်။ယခင်အပတ်က ပရဆေး ကုန်ကြမ်းတန်ချိန်၃၉၀ ကျော်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခင် အပတ်ကထက် ၆၉ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် မိချောင်းကွမ်းဖတ်စေ့၊ ကြောင်ပန်းစေ့၊ တော ဂျူးမြစ်၊ ကြောင်လျာစေ့၊ နေလဲစေ့၊ စကားပန်းပွင့် ခြောက်တို့ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်က တင်ပို့မှုမရှိ တဲ့ တောဂျူးမြစ်၊ ကြက်ဆူစေ့နဲ့ တောင်လုံးကျော်တို့ကို ယခုအပတ်မှာ တင်ပို့နိုင် ခဲ့ပါတယ်။ ယခုအပတ် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပရဆေး ကုန်ကြမ်းတင်သွင်းမှုမရှိဘူးလို့ သိရပါတယ်။    MIRT (DOBT)

Monday, 21 Jan 2013

နနွင်းတက်သီးသန့်သာ ရောင်းချသောဆိုင်များရဲ့ ဝယ် လိုအားလျော့နည်းနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြ ပါတယ်။ ပြည်ပဝယ်လက်များရဲ့ ကုန်အမှာလွှာလည်း လျော့ကျလျက်ရှိ တယ်လို့သိရပါတယ်။ အိန္ဒိယ ဘာသာရေးပွဲတော် "Pongal" နောက်ပိုင်းမှာ နနွင်းတက်ထွက်ရှိမှုများကလည်း လျော့နည်း လျက် ရှိပါတယ်။ ဇန်နဝါရီလတတိယပတ်မှာ Nizamabad  ဒိုင်သို့ နနွင်းတက် တန် ၇၀၀၀၀ (၇၀ ကီလိုဂရမ်ပါ နနွင်း တက်အိတ် ၁၀၀၀) ရောက်ရှိလာပြီး ၁၀၀ ကီလိုဂရမ်ကို ရူပီး ၅၇၀၀ (၁ တန် ၅၇၀၀၀ ရူပီး) ဒေါ်လာအားဖြင့် ၁ တန်ကို ၁၀၄၀ ဒေါ်လာဈေးပေါက်လျက်ရှိပါတယ်။ ဒိုင်ဈေးက တနင်္လာနေ့မှာဖွင့်ပြီး သောကြာမှာပိတ်ကာ စနေ၊ တနင်္ဂနွေ အရောင်းအဝယ်နားပါတယ်။ ဇန်နဝါရီလ တတိယပတ်ရဲ့ နနွင်းတက်ဈေးကတော့ ၁ တန်ကို ၅၇၀၀၀ ရူပီးနဲ့ဘဲ ဈေးပိတ် သွားခဲ့ပြီး စတုတ္ထပတ်တနင်္လာနေ့မှသာ ဈေးပြောင်းလဲမှုရှိ နိုင်မှာဖြစ်ကြောင်း အင်တာနက် သတင်းအရ သိရပါတယ်။CMK

Monday, 21 Jan 2013

ဒီနှစ်မှာ နနွင်းဈေးတွေ နည်းနည်းပြန်ပြီးလှုပ်လာပါတယ်။ မနှစ်ကတော့ နနွင်းဈေးက အောက်ဆုံးအထိ ကျခဲ့ပါတယ်။ ဒီနှစ်တော့ ပြည်ပဝယ်လက်တွေလည်း အနည်းငယ်ပြန်ဝယ်ယူလာတာကြောင့် ဈေးတက်လာပါတယ်။ နနွင်းအသစ်တွေ ကတော့ မဝင်သေးပါဘူး။ ဈေးကောင်းရင်တော့ တောင်သူတွေက စောစောဖော်ကြမှာ ဖြစ်လို့ ၂ လပိုင်း၊ ၃ လပိုင်းလောက်မှာ ဈေးကွက်ကို ဝင်လာနိုင်တယ်လို့လည်းဆိုပါတယ်။ ယခုလောလောဆယ်တော့ ၂၀၁၂ ခုနှစ်ကကျန်နေတဲ့ နနွင်းတွေကိုသာ အရောင်းအဝယ်ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ အရောင်းအဝယ်ကလည်း အခုတစ်ပတ်မှာ ပုံမှန်ဖြစ်နေတယ်လို့လည်း သိရပါ တယ်။ ဟိုပုံးနနွင်းကလည်း အောင်ပန်းဈေးကွက်ကို ဝင်နေပြီး အရောင်းအဝယ်လည်းဖြစ်နေပါတယ်။

Monday, 21 Jan 2013

ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ဒီဇင်ဘာလကုန်အထိ နနွင်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် တစ်ထောင့်ခုနှစ်ရာ လေးဆယ်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်းဖြစ်တဲ့ ဇန်နဝါရီလ ၆ ရက်မှ ၁၂ ရက်အတွင်းမှာ ၃၁ ဒသမ ၅ တန်သာတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၅ တန်နဲ့ မလေးရှားနိုင်ငံကို ၁၅ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်မှာ တင်ပို့မှုက တန်ချိန် တစ်ရာ့နှစ်ဆယ်ေ ကျာ်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုက တန်ချိန် ရှစ်ဆယ်ကျော်လျော့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း နနွင်းတင်ပို့မှု မှရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ တစ်သောင်း လေးထောင်ကျော်ရှိခဲ့ပါတယ်။                  MIRT (DOT)

Monday, 21 Jan 2013

ပြည်ဈေးကွက်အတွင်း မန်ကျည်းမှည့်အသစ်များ အဝင်ရှိပေမယ့် အထွက် မလှိုင်သေးတာကြောင့် အနည်းငယ်သာ အဝင်ရှိတာကို တွေ့ရပါတယ်။ ဇန်နဝါရီလ ပထမပတ်က မန်ကျည်းမှည့်အခွံမပါ၊ အစေ့မပါ တစ်ပိဿာကို ၂၃၀၀ ကျပ်ရှိခဲ့ ပေမယ့် ယခုတတိယပတ်မှာတော့ တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးကို ကျဆင်းခဲ့တာ ကို တွေ့ရပါတယ်။ မန်ကျည်းမှည့်အဟောင်းမှာလည်း လက်ကျန်အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း အဝင်နည်းပြီး၊ ဈေးမြင့်နေ သေးတာကြောင့် လှောင်လက်သမားများရော၊ တစ်နှစ်စာအတွက် ဝယ်ယူစုဆောင်း တဲ့ အိမ်ရှင်မများပါ ဝယ်ယူမှုမရှိသေးတာကြောင့် ဈေးအမြင့်မှာ အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။                    အိဆွေဇင် - ပြည်

Monday, 21 Jan 2013

ဒီတစ်ပတ်တော့ ချင်းဈေးလည်းတက်လာပါတယ်။ ပြည်ပတင်ပို့ဖို့အတွက် စစ်တွေဝယ်လက်တွေ ဝယ်ယူ နေတာရယ်၊ ရန်ကုန်ဝယ်လက်တွေကလည်း ပြန်ပြီး ဝယ်ယူနေတာကြောင့် ဈေးတက်လာတယ်လို့ သိရပါတယ်။ ဈေးကောင်းနေသလို အဝင်ကလည်းများနေပါတယ်။ ပြီးခဲ့တဲ့ရက်တွေက စစ်တွေဝယ်လက်တွေက ပိဿာချိန် တစ်သောင်းနှစ်ထောင်ခန့် ဝယ်ယူခဲ့ပါတယ်။ တစ်ပိဿာ ၃၀၀ ကျပ် ကျော်သွား လို့ ဈေးသိပ်မကိုက်တာကြောင့် အဝယ်လည်းခဏရပ်သွားတယ်လို့ သိရပါတယ်။ အဲဒီရက်တွေမှာတစ်ပိဿာ ၃၀၀ ကျပ်၊၃၅၀ ကျပ်ဈေးရှိခဲ့ပေမဲ့ ယခု ရက်ပိုင်းမှာတော့ တစ်ပိဿာ ၂၅၀ ကျပ်၊ ၃၀၀ ကျပ်ဈေးသာရှိပါတော့တယ်။

Monday, 21 Jan 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၉ ရက်မှ ၁၅ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၂၇ သန်းတန်ဖိုးရှိ ချင်း ခြောက် ၁၃ တန်နီးပါးကို တင်ပို့ခဲ့သလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုးရှိ ချင်းစို ၂ တန် ကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်က မူဆယ်မှ ချင်းခြောက် ၁၀ တန်နဲ့ စစ်တွေမှ ချင်းစို ၂ တန် တင်ပို့ခဲ့တာမို့ ချင်းစို/ ချင်းခြောက် တင်ပို့မှုဟာ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။                                          MIRT (DOBT)

Monday, 21 Jan 2013

ဒီဇင်ဘာ ဒုတိယပတ်မှ စပြီး အပို့ပျောက်ခဲ့တဲ့ချင်းက ဒီတစ်ပတ်မှ ပြန်လည် တင်ပို့ခဲ့တာဖြစ်ပါတယ်။ တစ်ပတ်အတွင်း ချင်းတင်ပို့မှုက ပါကစ္စတန်နိုင်ငံကို ၅၆ ဒသမ ၃၂ တန်၊ အိန္ဒိယနိုင်ငံကို ၂၅ ဒသမ ၅ တန်နဲ့ ဂျပန်နိုင်ငံကို သုည ဒသမ ၅ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန် ဒေါ် လာ နှစ်သောင်း ရှစ်ထောင်ကျော်ရှိခဲ့ပါတယ်။                MIRT (DOT)

Monday, 21 Jan 2013

ယခုဇန်နဝါရီလဝက်အတွင်း ပြည်ပဲဈေးကွက်မှာ မတ်ပဲအသစ်များ စတင် ဝင်ရောက်လာသလို ပဲတီစိမ်းသီးနှံကလည်း နေ့စဉ်ဝင်ရောက်လျက်ရှိပါတယ်။ ပဲစင်း ငုံနဲ့ ပဲပုပ်သစ်များလည်း ဆက်တိုက်ဝင်ရောက် ခဲ့ပါတယ်။ မတ်ပဲ သစ်များစတင် ဝင်ရောက်လာသော်လည်း အိတ်အနည်းငယ်ခန့်သာ ဝင်ရောက်မှုရှိသေးတဲ့အတွက် ပဲဟောင်းများ နဲ့သာ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲဈေးမှာ တစ်တင်း ၁၄၀၀၀ ကျပ်နဲ့ အဟောင်းရောအသစ်ပါ ၎င်းဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်မှ တစ်ခါတစ်ရံ အိတ် ၂၀၀-၃၀၀ ဝယ်ယူခဲ့ပြီး နေ့စဉ်အရောင်း အဝယ်မဖြစ်ဘဲ ဈေးအေးနေသလို အရောင်းအဝယ်လည်း အေးခဲ့ပါတယ်။

Monday, 21 Jan 2013

နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက် ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ရွှေဘို၊ ဒီပဲယင်းဒေသများမှ ဝယ်ယူရရှိတဲ့ ပဲစင်းငုံနီများဟာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း မန္တလေး ကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ကို ပုံမှန်ဝင် ရောက်လျက် အရောင်းအဝယ်ပြုလုပ်နေ ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှာ ပဲစင်းငုံနီ တစ်ပိဿာ ၈၆၇ ကျပ်မှ ၈၇၅ ကျပ်ကြားမှာ အရောင်း အဝယ်ပြုလုပ်လျက်ရှိ ပါတယ်။ အိန္ဒိယဝယ်လက်အပေါ်မှာ မူတည်ပြီး အရောင်း အဝယ်ဖြစ်ပါတယ်။ မန်းကုန်စည်ဒိုင် မှာ ပဲစင်းငုံနီ တစ်ရက်နဲ့ တစ်ရက် ဈေးငြိမ်သက်မှု မရှိပေမယ့် လွန်စွာကွာခြားမှုတော့ မရှိပါ။ ရန်ကုန်မှတစ်ဆင့် ပင်လယ်ရေကြောင်းက တင်ပို့နေတဲ့ ပဲစင်းငုံနီဟာ အိန္ဒိယဝယ်လက်အပေါ်မှာ မူတည်ပြီး၊ ဈေးနှုန်း ပြောင်းလဲ မှုဖြစ်ပေါ်ကြောင်း တွေ့ရပါတယ်။ ဝယ်လိုအား ကောင်းနေတဲ့အချိန်မှာ ဈေးနှုန်း အနည်းငယ်မာသော် လည်း လှောင်လက်များအနေနဲ့ ဈေးနှုန်းကွာဟမှုကျဉ်းမြောင်းစွာနဲ့ ဝယ်ယူသိုလှောင်ထားကြောင်း သိရပါတယ်။

Pages