Main menu

Background

Sunday, 6 Jan 2013

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နဲ့လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ သုည ဒသမ ၀၉၄ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၂၃၀၀ ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ၁ ရက်နေ့ အတွင်းမှာ တစ်ဘက် နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ အဆိုပါကြံတန်ချိန် ၂၃၀၀ မှာ ချင်းရွှေဟော်မှ တန်ချိန် ၁၇၀၀ နဲ့ လွယ်ဂျယ်မှ တန်ချိန် ၆၀၀ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ ဒီဇင်ဘာလ တစ်လလုံး မှာတော့ ကန်ဒေါ်လာ သုည ဒသမ ၃၀၇ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၂၈၂၀ တန်ကို တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။                                  MIRT (DOBT)

Sunday, 6 Jan 2013

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၈၅၇ သန်းတန်ဖိုးရှိ ရော်ဘာ ၁၀၄၅ တန်ကျော်ကို မလေးရှားနဲ့စင်္ကာပူနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပါတယ်။ နိုင်ငံအလိုက်တင်ပို့ နိုင်မှု တွေကတော့ မလေးရှားသို့ ၅၃၆ တန်နဲ့ စင်္ကာပူနိုင်ငံသို့ ၅၀၉ တန်ကျော ်ဖြစ်ပါတယ်။  ဒီဇင်ဘာလတစ်လလုံးမှာ ကန်ဒေါ်လာ ၉ ဒသမ ၃၄၁ သန်းတန်ဖိုးရှိ ရော်ဘာ ၃၄၄၇ တန်ကျော်တင်ပို့ထားခဲ့ပြီး နိုင်ငံအလိုက်တင်ပို့မှုတွေကတော့ စင်္ကာပူနိုင်ငံသို့ ၁၄၇၃ တန်ကျော်၊ မလေးရှားနိုင်ငံသို့ ၉၃၉ တန်၊ တရုတ်နိုင်ငံသို့ တန် ၁၀၀၀၊ အိန္ဒိယနိုင်ငံသို့ တန် ၂၀ နဲ့ ပါကစ္စတန်နိုင်ငံသို့ ၁၅ တန်ခန့်ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကန်ဒေါ်လာ ၆၂ ဒသမ ၃၇၆ သန်းတန်ဖိုးရှိ ရော်ဘာ ၂၀၉၈၇ တန်ကျော်ကို တင်ပို့ထားပြီးဖြစ်ပါတယ်။ နိုင်ငံတကာရော်ဘာပေါက်ဈေးမှာ ယခင်ပတ်ထက် ဒေါ်လာ ၇၀ ခန့် တက်သွား ပါတယ်။ မိမိတို့ FOB ရော်ဘာပေါက်ဈေးမှာလည်း ယခင်အပတ်ထက် ဒေါ်လာ ၅၀ ခန့် ဈေးတက်သွားပြီး RSS-1 တစ်တန်လျှင် ဒေါ်လာ ၂၉၅၀-၃၀၅၀၊ MSR-10 တစ်တန်လျှင် ၂၉၀၀-၃၀၀၀၊ RSS-3 နဲ့ MSR-20 တစ်တန်လျှင် ၂၈၅၀-၂၉၅၀၊RSS-5 နဲ့ MSR-50 တစ်တန်လျှင် ၂၇၅၀-၂၈၅၀၊ Crepe Rubber  တစ်တန်လျှင် ၂၆၅၀-၂၇၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်းက ထုတ်ပြန်ထားပါတယ်။          MIRT (DOBT)

Sunday, 6 Jan 2013

မြန်မာ-တရုတ်နယ်စပ်စခန်းတစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၂၅၀ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ တန်ချိန် ၁၆၄၉၀ ကျော်ကို တင်ပို့နိုင်ခဲ့သလို ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးမှလည်း ကန်ဒေါ်လာ သုည ဒသမ ၁၂၂ သန်းတန်ဖိုးရှိ ပြောင်း ၃၆၂ တန်ကို တင်ပို့ခဲ့ပါတယ်။ နယ်စပ်စခန်းအသီးသီးမှ ဒီဇင်ဘာလအတွင်း ပြောင်း ဖူးစေ့ တန်ချိန် ၉၈၀၀၀ ကျော်ရှိပြီး ၂၀၁၂ ခုနှစ်တစ်နှစ်လုံးအနေနဲ့ ကန်ဒေါ်လာ ၁၄၄ ဒသမ ၆၈၈ သန်းဖိုးရှိတဲ့ ပြောင်းတန်ချိန် ၅ သိန်းကျော်ကို တင်ပို့ခဲ့ပြီးဖြစ် တယ်လို့ သတင်းရရှိပါတယ်။ ပြောင်းဈေးများသိသိသာသာပြောင်းလဲမှုမရှိတာ တွေ့ ရပါတယ်။ မူဆယ်-ရွှေလီ နှစ်ဖက်မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်-
မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု         ယခင်       ပြောင်းလဲမှု    %        ယခု    ယခင်    ပြောင်းလဲမှု    % ၂၆၁၂၈၈    ၂၆၄၁၇၃             ၁          ၃၁၈     ၃၂၁      ၃            ၁MIRT (DOBT)

Sunday, 6 Jan 2013

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာတော့ ပြောင်းတင်ပို့မှုမရှိပါဘူး။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်မှ ၂၉ ရက်ထိကာလ အတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၄၉၄ သန်းဖိုးရှိ ပြောင်းတန်ချိန် ၁၇၀၇ တန်ကို တင်ပို့ထားပြီးဖြစ်ပါတယ်။ နိုင်ငံအလိုက်တင်ပို့မှု တွေကတော့ စင်္ကာပူနိုင်ငံသို့ ၂၀၇ တန်နဲ့ ဖိလစ်ပိုင်နိုင်ငံသို့ တန် ၁၅၀၀ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကာလအတွင်းမှာတော့ ကန်ဒေါ်လာ ၈ ဒသမ ၄၆၉ သန်းတန်ဖိုးရှိ ပြောင်း ၂၈၁၆၅ တန်ကို တင်ပို့ထားပြီး ဖြစ်ပါတယ်။MIRT (DOBT)

Sunday, 6 Jan 2013

ကြံဝယ်ဈေးနှုန်း ၂၀၁၂ ခုနှစ်မှာ ဝယ်ယူခဲ့တဲ့နှုန်းထက် မလျော့ကျပါက ၂၀၁၃ ခုနှစ်အတွက် စိုက်ဧကတိုးချဲ့မယ်လို့ သိရပါတယ်။

Sunday, 6 Jan 2013

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်န ဝါရီလ ၁ ရက်နေ့ထိကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေးစခန်းမှကန်ဒေါ်လာ ၁ ဒသမ၄၆၄ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၇၀၀ ကျော်တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ်က ပရဆေးကုန်ကြမ်းတန် ၆၂၀ ကျော်သာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ကထက် တန် ၈၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ ်ကထက် မိ ကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ ချဉ်ပေါင်ဖာလာ (အခွံ ပါ/အခွံမပါ)၊ ဆီးဆံနဲ့ ကြက်ဆူစေ့ တို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး ယခင် အပတ်က တင်ပို့မှုမရှိတဲ့ ရွေးစေ့၊ ဒရင်ကောက်မြစ်၊ ဆေးမြင်း ခွာ၊ ခပေါင်းစေ့နဲ့ ဖန်ခါးသီးခြောက်တို့ကိုလည်း ယခုအပတ် မှာတင်ပို့မှုရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ တစ်လလုံး မှာတော့ နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ်မှ ကန်ဒေါ်လာ ၅ ဒသမ ၇၇၀ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းတန် ၃၀၀၀ ကျော်တင်ပို့ခဲ့ပြီး တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၂၃ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆ တန်ကျော်တင်သွင်း နိုင်ခဲ့ပါတယ်။            ခင်ကလျာဦး၊ MIRT (DOBT)

Sunday, 6 Jan 2013

ဈေးကွက်တွင်းသို့ နနွင်းအဝင်အနည်းငယ်သာ ရှိပါ တယ်။ ဟိုပုံးဈေးကွက်မှာတော့ နနွင်း (စို) တစ်ပိဿာ ၂၀၀ ကျပ်၊ နနွင်းခြောက်တစ်ပိဿာ ၅၂၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်း နနွင်း ခြောက် တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပြီး၊ အင်းနနွင်းခြောက်တစ်ပိဿာ ၇၀၀ကျပ်၊ ၈၀၀ ကျပ်ဈေးရှိနေ ပါတယ်။ နနွင်းမှာဈေးသာ ရှိနေပြီး အရောင်းအေးနေပါတယ်။

Sunday, 6 Jan 2013

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေစခန်းမှ မန်ကျည်းစေ့များ ပြန်လည် တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းကျော်တန်ဖိုးရှိ မန်ကျည်းစေ့ ၂၃ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီဇင်ဘာလ အတွင်း မန်ကျည်းစေ့ ၈၇ တန်တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။  စစ်တွေနယ်စပ် အနေနဲ့ မန်ကျည်းသီးမှည့်အစေ့ပါနဲ့ မန်ကျည်းစေ့များတင်ပို့လေ့ရှိတာ ဖြစ်ပါတယ်။မြင့်မြင့်မာ၊MIRT (DOBT)

Sunday, 6 Jan 2013

ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းအရောင်းအဝယ်သွက်နေပါတယ်။ ကလောမြို့နယ်တစ်ဝိုက်၊ ပင်လောင်း၊ နန်းတိုင်း၊ ပင်းတယစတဲ့ ဒေသထွက်ချင်းများ ဈေးကွက်မှာပုံမှန်အဝင်ရှိနေပါတယ်။ ချင်းစို တစ်ပိဿာ ၂၅၀ ကျပ်၊ ၃၀၀ ကျပ်ဈေး ရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၁၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ပြည်၊ စစ်တွေ၊ မန္တလေး၊ ပဲခူးဘက်မှ အဆွဲများတာကြောင့် အရောင်းသွက် နေတယ်လို့သိရှိရပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန် ၁၅၀၀၀ ခန့် အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

Sunday, 6 Jan 2013

ယခုတစ်ပတ်ပြည်ဈေးကွက်ရဲ့ ချင်းအရောင်းအဝယ်မှာ ပစ္စည်း အရည်အသွေး ပိုကောင်းလာတဲ့အတွက် အရောင်းအဝယ်ပိုဖြစ်နေပါတယ်။ အောင်ပန်းဘက်မှ ပိဿာ ၃၀ ဝင်အိတ် ၄၀၀ ခန့်ရှိပြီး၊ လက်လီ၊လက်ကားရောင်းဝယ်သူများနဲ့ ဧရာ ဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်ဘက်ကို စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၁၂၀၀ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၄၅၀ ကျပ်တို့နဲ့ အရောင်းအဝယ်သွက်လျက် ရှိ နေပါတယ်။                                          ဝင်းဝင်းခိုင် - ပြည်

Pages