Background
မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိသည့် ပြောင်းဆံများကိုဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ "အခုက မြန်မာဘက်ကတော့ ဘာမှမပြင်ဆင်ရသေးဘူး။ သူတို့ဘက်က ဝယ်ဖို့ စိတ်ဝင်စားတယ်။ အဲဒါကြောင့် လာပြီး ကမ်းလှမ်းတာတွေရှိတယ်" ဟု အဆိုပါအသင်းမှ တာဝန်ရှိသူ တစ်ဦးက မတ် ၂၂ ရက်တွင် ပြောသည်။
ယင်းသို့ ကမ်းလှမ်းထားခြင်းမှာ နှစ်နိုင်ငံအစိုးရချင်း နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး ဝယ်ယူရေးအတွက် တရားဝင် ကမ်းလှမ်းထားခြင်းမျိုးတော့မဟုတ်ကြောင်း ၎င်းက ပြောသည်။
ပြည်ကုန်စည်ဒိုင်တွင် ပြည်ပသို့ တင်ပို့မှုရှိသော ပဲများမှာ အရောင်းသွက်လျက်ရှိပြီး ပဲဈေးများမှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။ မတ်လအစမှစ၍ ပြည်ပပို့ကုန်ဈေးများ မြင့်လျက်ရှိကြောင်း သိရှိရသည်။
ပြည်ကုန်စည်ဒိုင်၏ မတ်လဒုတိယပတ်တွင် မတ်ပဲ ဈေးမြင့်လာပြီး ပဲတစ်တင်းကို ကျပ် ၆၄၀ဝ၀-၆၅၀ဝ၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ တတိယပတ်မှာ ထောပတ်ပဲ ဈေး ပိုတက်လာပြီး ပဲတစ်တင်းကို ကျပ် ၆၆၅၀ဝ-၆၇၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၄၀ဝ ခန့် ရန်ကုန်တင်ပို့မှု ရှိခဲ့သည်။
မတ်လ ဒုတိယပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာ ပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ် ပိဿာ ချိန် ၃၀ဝ၀ဝ ကျော် ဝင်ရောက်လျက်ရှိ သည်။ ပွဲရုံသို့ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်၊ မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှောက် တင်ပို့လျက်ရှိ ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပဲတီစိမ်း၊ ပဲစင်းငုံနှင့်မတ်ပဲ စုစုပေါင်းတန်ချိန် ၁၅၆၅၆၀ ကျော် တင်ပို့မှုများအား စုစည်းဖော်ပြပေးလိုက်သည်။
ပဲတီစိမ်း
အခြေခံ စားသောက်ကုန် စားဖိုဆောင် သီးနှံဖြစ်သည့် မြန်မာ့ကြက်သွန်နီကို ဈေးကွက် အလားအလာရှိသည့် ပြည်ပနိုင်ငံများသို့ G to G စနစ်ဖြင့် တိုးမြှင့်တင်ပို့နိုင်ရန် လုပ်ဆောင် နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင် ရေးအဖွဲ့မှ သိရသည်။
ယင်းသို့ တင်ပို့နိုင်ရန်အတွက် ဖိလစ်ပိုင် အပါအဝင် ဈေးကွက်အလားအလာရှိသည့် နိုင်ငံများနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည် ဖြစ်ပြီး လက်ရှိ ဖိလစ်ပိုင်နိုင်ငံတွင် ကြက်သွန်နီ ဈေးအမြင့်ဆုံးရောက်ရှိနေသောကြောင့် အစိုးရ ချင်း ချိတ်ဆက်၍ တင်ပို့ရောင်းချနိုင်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၁နာရီတွင် နွယ်တ မယ်ကျေးရွာရှိ ပံပြောင်းစိုက်ပျိုးသော တောင်သူ ဦးအေးဝင်းထွန်းနှင့် တွေ့ဆုံ၍စိုက်ပျိုးထုတ်လုပ်မှု ရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့သည်။
ကသာခရိုင်တွင် စိုက်ပျိုးသည့် ပဲသီးနှံများတွင် မြေပဲ သည် အများဆုံးစိုက်ပျိုးသော ပဲအမျိုးအစားဖြစ်ပြီး မြေ ထောက်ပဲသီးနှံမှာ ဒုတိယအများဆုံးစိုက်ပျိုးသော သီးနှံဖြစ် သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ခရိုင်အတွင်း မြေထောက်ပဲ စိုက်ဧက ၄၀၅၉၁ ဧကရှိပြီး မြေထောက်ပဲသီးနှံကို အောက် တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းကြောင်း သိရသည်။ ယခုနှစ် မြေထောက်ပဲ စတင်ပေါ်ချိန် ဈေးကောင်းရပြီး ဈေးကွက်များ သို့ စတင်တင်ပို့လျက်ရှိကြောင်း သိရသည်။
ယခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပြောင်းတင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ အများဆုံးတင်ပို့ထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
၂၀၂၂ ခုနှစ် သြဂုတ်လမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ခြောက်လတာ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၇၇၀ဝ၀ဝ ကျော် တင်ပို့ထားကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။
၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးသည့် ကရင်ပြည်နယ်ထွက် လယ် ယာထွက်ကုန်များဖြစ်သည့် မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များ လှိုင်လှိုင်ထွက် ရှိကာ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်လျက် ရှိသော မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်များ၏ အရောင်းအဝယ် ဈေးနှုန်းများမှာ မြေပဲဝယ်ဈေးတစ်တင်းလျှင် ကျပ်၂၁၀ဝ၀၊ ရောင်းဈေးတစ်တင်းလျှင် ကျပ် ၂၃၀ဝ၀၊ ပဲတီစိမ်း ဝယ်ဈေး တစ်တင်းလျှင် ကျပ် ၄၇၀ဝ၀၊ ရောင်းဈေးတစ်တင်းလျှင် ကျပ် ၅၁၀ဝ၀၊ ပဲပုပ် ဝယ်ဈေးတစ်တင်းလျှင် ကျပ် ၄၅၀ဝ၀ ၊ ရောင်းဈေး တစ်တင်းလျှင် ကျပ် ၄၇၆၀ဝ ရှိပြီး ယခင် နှစ်ထက် ဝယ်ဈေး/ ရောင်းဈေး မြင့်တက်ခဲ့ကြောင်းနှင့် ကရင်ပြည် နယ် ဒေသထွက် လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်
ရှမ်းပြည်နယ်(မြောက်ပိုင်း) "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် စီးပွားဖြစ်ပဲသီးများ စိုက်ပျိုးတင်ပို့ရောင်းချလျက် ရှိသည်။ အဆိုပါပဲသီးများကို တစ်နှစ်လျှင် နှစ်ကြိမ် စိုက်ပျိုးလျက်ရှိပြီး စိုက်ခင်းထဲတွင် နေ့စဉ်မပြတ် ရေသွင်း ၍သော်လည်းကောင်း၊ ရေပန်းဖြင့်ဖျန်း၍သော် လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။ ၎င်းပဲသီးများကို ဂုန်နီအိတ်ထဲတွင် စနစ်တကျ ထည့်သွင်းပြီး တစ်အိတ်လျှင် ၁၀ဝ ကီလိုဂရမ်ကို ယွမ် ၁၀ဝ ဖြင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချ လျက်ရှိသည်။