Main menu

Background

Monday, 20 Nov 2023

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် မိုးမြေပဲကို ဒေသ အခေါ် မိုးဦးနှင့် မိုးလယ်ဟူ၍ နှစ်ပိုင်းခွဲ၍ စိုက်ပျိုးကြရာ မိုးဦးမြေပဲကို နှစ်စဉ်မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးကြပြီး မိုးလယ်မြေပဲကို ဇူလိုင်လနှင့် သြဂုတ်လတို့တွင် စိုက်ပျိုးကြကြောင်း သိရှိရသည်။ ငါန်းဇွန် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာလ ဒုတိယပတ်မှစ၍ မိုးဦးမြေပဲများကို စတင်ရိတ်သိမ်းခဲ့ရာ အောက်တိုဘာလကုန်တွင် အစော စိုက်မိုးဦးမြေပဲ ၃၂၂၂ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်းနှင့် တစ်ဧက ပျမ်းမျှ အထွက်နှုန်းမှာ ၄၇ ဒသမ ၅၂ တင်းနှုန်းခန့်ထွက်ရှိကြောင်း သိရှိရသည်။ 

Monday, 20 Nov 2023

       စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ် သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး ခရိုင်များ အနေဖြင့် ကလေးခရိုင်တွင် စပါး/ဆန်ဈေးနှုန်းများ အနည်း ငယ်ကျ၍  ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်တို့တွင် ဆန်ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး   ကျန်ခရိုင်များတွင်   ဈေးအေးနေ ကြောင်း သိရှိရသည်။

Tuesday, 7 Nov 2023

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ စတုတ္ထပတ်တွင် ဖြစ် ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်  ရွှေဘိုမြို့နယ်တွင် ရွှေဘို ပေါ်ဆန်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၃၇၀ဝ၀ဝ၀၊ ပေါ်ဆန်း(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊ ဧရာ မင်း(ဆန်) ၂၄ ပြည်ပါ  တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ ၊ နွေစပါး(ရွှေဝါထွန်း) စပါး တင်း(၁၀ဝ)လျှင် ကျပ် ၁၈၀ဝ၀ဝ၀၊ နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင်    ကျပ် ၇၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ရေဦး ခရိုင်   ရေဦးမြို့နယ်တွင်   ပေါ်ဆန်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၃၇၀ဝ၀ဝ၀၊ ပေါ်ဆန်း(ဆန်) တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊  ဧရာမင်း (ဆန်) ၂၄ ပြည်ပါ

Monday, 23 Oct 2023

ယခုအောက်တိုဘာလ တတိယပတ် ၁၆ ရက်မှ ၂၂ရက်ထိ ပြည်ကြက်သွန်နီ ဈေးကွက်သို့ တစ်ပတ်လျှင် ပိဿာချိန်ပေါင်း ငါးသောင်းခန့် ဝင်ရောက်မှုရှိနေကာ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူနှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းဘက် တို့မှ အများဆုံးဝင်ရောက်မှုရှိနေကြောင်း သိရသည်။ 
ပြည်ဈေးကွက် အရောင်းအဝယ်အနေဖြင့် ပန်းတောင်း(ဥသျှစ်ပင်)၊ ဧရာဝတီ (ကြံခင်း) နှင့် ရခိုင်(တောင်ကုတ်)ဘက်တို့သို့ စီးဆင်းမှုရှိနေပြီး ဒေသတွင်းဝယ် လက်များ၊ နယ်အိတ်ဆွဲ ဝယ်ရောင်းသမားများနှင့် အရောင်းအဝယ်မှာ ပုံမှန်ရှိ နေသည်။

Monday, 23 Oct 2023

စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ် သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များ အနေဖြင့် ကသာခရိုင်တွင် ဈေးအနည်းငယ် တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအနည်းငယ် ကျဆင်းနေကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောက်တိုဘာ လ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀ဝ လျှင် ကျပ် ၃၇၀ဝ၀ဝ၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ နွေစပါး(ရွှေဝါထွန်း) စပါး တင်း ၁၀ဝ  လျှင် ကျပ် ၁၈၀ဝ၀ဝ၀၊  နွေစပါး(ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိ

Tuesday, 10 Oct 2023

မကွေးတိုင်းဒေသကြီးသည်  စက်တင်ဘာ ၂၈ ရက်မှ အောက် တိုဘာ ၄ ရက်အတွင်း သရက်ခရိုင်တွင် ဆန် (ဧရာပဒေသာနှင့်မနော သုခ) မှာ  ဈေးအနည်းငယ်တက်နေပြီး   ကျန်ခရိုင်များဖြစ်သော အောင်လံခရိုင်တွင်(ပေါ်ဆန်းမွှေး၊ ဧရာပဒေသာနှင့် မနောသုခ)၊ ချောက်ခရိုင်တွင်(ဧရာပဒေသာ)၊ ပခုက္ကူခရိုင်တွင် (ဧရာပဒေသာ)ဈေးနှုန်းများမှာ ကျဆင်းနေကြောင်းသိရသည်။

Tuesday, 26 Sep 2023

ကမ္ဘာပေါ်တွင် စားသုံးရန် ဆီထုတ်လုပ်သော ဆီထွက် သီးနှံ အမျိုးမျိုးရှိသော်လည်း အဓိကစားသုံးဆီမှာ လေးမျိုးရှိ သည်။ အဆိုပါ ဆီထွက်သီးနှံလေးမျိုးမှာ ပဲပုပ်ဆီ၊ နေကြာဆီ၊ မုန်ညင်းဆီနှင့် စားအုန်းဆီတို့ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် နိုင်ငံခြားက မှာယူတင်သွင်း သော စားအုန်းဆီများကို အဓိကထား၍ စားသုံးကြသည်။ 
ပဲပုပ်ဆီ

Tuesday, 26 Sep 2023

မကွေးတိုင်းဒေသကြီးသည်  မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားရလောက်အောင် ဆီထွက်သီးနှံ နှမ်း၊ မြေပဲတို့အား အဓိက စိုက်ပျိုးကြသော်လည်း  စပါးကို ဆည်ရေရရှိသည့် တောင်တွင်း၊ မြို့သစ်နှင့်  မြစ်နောက်ဘက်ရှိ   ပွင့်ဖြူနှင့်  စလင်းမြို့များတွင်သာ အများအပြားစိုက်ပျိုးကြသဖြင့် ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါး အဓိက စိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရ သည်။

Monday, 25 Sep 2023

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် ပြောင်းအမျိုးမျိုးကိုလည်း စိုက်ပျိုးလျက်ရှိရာ နှံစားပြောင်း သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိသည်။  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နှံစား ပြောင်းစိုက်ဧက ၃၁၇၇ ဧကကို  အောင်မြင်စွာ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ 

Monday, 11 Sep 2023

ပြည်ပဲဈေးကွက်အတွင်း ယခုနှစ်တွင် ပဲဈေးများ ဈေးမြင့်တက်လာခဲ့ခြင်းကြောင့် ပြည်ပဝယ်လိုအား များသော ပဲများနှင့် ပြည်တွင်းအဓိက အဝယ်ရှိသော ပဲများပါ ဈေးကောင်းရလျက်ရှိနေသည်။ လက်လီပဲဈေးကွက်၌လည်း နေ့စဉ် လက်လီရောင်းဝယ်မှု အိတ် ၂၀၊ ၃၀ ခန့်ဖြစ်လျက်ရှိသော စားတော်ပဲသီးနှံဈေးသည် တစ်တင်း (ပိဿာ ၂၀) ကို ကျပ် ၁၃၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ 

Pages