Background
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ရေနံချောင်းမြို့နယ်နှင့်မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ထွက်သြဇာသီးများလှိုင်လှိုင်ပေါ်နေပြီးအရောင်းအဝယ်လိုက်နေ ကြောင်းသစ်သီးဝလံဈေးကွက်မှသိရသည်။
"သြဂုတ်လနောက်ဆုံးရက်သတ္တပတ်ကစတင်ပြီးသြဇာသီးတွေအသစ်ပေါ်နေပြီး ရာသီစာအဖြစ်ရောင်းကြသည်။ သြဇာသီးကို ထုတ်ပိုးရာတွင်လည်း အဆင်ပြေသလို သြဇာသီးကို ဝါးနှီးတောင်း များတွင်အသီး၏ အနေအထား ပေါ်မူတည်ပြီးနှီးတောင်းတစ်လုံးလျင်သြဇာသီးလေးဆယ်ကနေငါးဆယ်ဝန်းကျင်ထည့်ပါသည်"ဟုနတ်မောက်မြို့နယ်မှသြဇာသီးတင်ပို့ရောင်းချသူအမျိူးသမီးတစ်ဦးကပြောသည်။
၂၀၂၀ နိုဝင်ဘာ ၂၃ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ရာဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၅၀၊ ၁၀၈ ပေါင်(ဆန်သား၉၀%) ဆန်(သစ်)တစ်အိတ် ဈေးနှုန်း မှာ ဧည့်မထ ကျပ် ၂၃၀၀၀၊ ပေါ်ဆန်း ကျပ် ၃၀၀၀၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၃၆၀၀၀၊ မတ်ပဲ ကျပ် ၃၃၈၀၀၊ ပဲလွန်းဖြူ ကျပ် ၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၂၀၀၀၊ မြေပဲ ၆၁၀၀၀ ကျပ်၊ သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင်လက္ကားဈေး တစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင် လက္ကားဈေး တစ်လုံး ကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီး တစ်လုံး ကျပ် ၂၀၀၀ မှ ၄၀၀၀၊ မင်းဂွတ်သီး တစ်လုံး ၅၀ မှ ၁၅၀ ကျပ်၊ ရေထွက်ကုန်တစ်ပိ
ယခုအပတ် အောက်တိုဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုမှာ တန်ချိန် ၇၃၄ ဒသမ ၅၉၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၆၉၄၃၆ ဒသမ ၇၉ ဖြစ်ကြောင်းသိရသည်။ တင်ပို့ခဲ့သော နိုင်ငံများမှာ ၆ နိုင်ငံရှိပြီး ထိုင်း၊ စင်္ကာပူ ဂျပန်၊ ကိုရီးယား၊ မလေးရှားနှင့် ထိုင်ဝမ်နိုင်ငံတို့ဖြစ်သည်။
အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ စင်္ကာပူနိုင်ငံဖြစ်ပြီး တန်ချိန် ၃၃၅ ဒသမ ၂၅၅၊ တန်ဖိုး ၄၉၄၁၁၀ ဒသမ ၄၊ အနည်းဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ မလေးရှားဖြစ်ပြီး တန်ချိန် ၅ ဒသမ ၄၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၇၂၀ ဖြစ်ကြောင်းသိရသည်။
အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အတွင်း ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၁၀၈၂၉ ဒသမ ၅၇၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၆၅၁၂၅၉ ဒသမ ၉၅ ဖြစ်သည်။ တင်ပို့ခဲ့သောနိုင်ငံများမှာ ၁၄ နိုင်ငံရှိပြီး ယူနိုက်တက်ကင်းဒမ်း၊ အီရန်၊ နီပေါ၊ နယ်သာလန်၊ စင်္ကာပူ၊ ကနေဒါ၊ သြစတြေးလျ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ပါကစ္စတန်နှင့် မလေးရှားတို့ ဖြစ်သည်။
အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်သီတင်းပတ်အတွင်း နနွင်း ၈၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှတင်ပို့ခဲ့သည်။ ယခုတစ်ပတ် ယီမင်နိုင်ငံသို့ တန်ချိန် ၇၀ နှင့် မလေးရှားနိုင်ငံသို့ ၁၆ တန် တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ယီမင်နိုင်ငံသို့ အများဆုံး တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်က နနွင်းတန်ချိန် ၅၀ တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် နနွင်း၃၆ တန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ နနွင်းတစ်တန်ပျမ်းမျှအမေရိကန်ဒေါ်လာ ၅၅၀ ဒေါ်လာ၀န်းကျင်ရရှိခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် နနွင်းတင်ပို့မှ စုစုပေါင်းအမေရိကန်ဒေါ်လာ၄၇၈၀၀ ဒေါ်လာရရှိခဲ့သည်။
နိုဝင်ဘာ ၁၁ ရက် မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၇၁၇၃၆၅ တန်ဖိုးရှိ မြေသြဇာ ၆၈၈၁ ဒသမ ၇၉၆ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တရုတ်နိုင်ငံမှ ၄၆၅၉ ဒသမ ၉၉၆ တန်၊ ဂျာမနီနိုင်ငံမှ ၁၁၇၅ တန်၊ ဗီယက်နမ်နိုင်ငံမှ ၆၁၅ တန်၊ စင်ကာပူမှ တန် ချိန် ၃၀၀၊ ထိုင်းနိုင်ငံမှ ၅၂ တန်၊ နယ်သာလန်နိုင်ငံမှ ၄၄ တန်၊ ဂျပန်နိုင်ငံမှ ၂၇ တန်၊ ဂရိနိုင်ငံမှ ၇ဒသမ၂၀ တန်နဲ့ တောင်အာဖရိ ကနိုင်ငံမှ ၁ဒသမ ၆၀တန် တင် သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့ အမျိုးအစားများမှာ မဂ္ဂနီဆီယမ်ဆာ လဖိတ်၊ ဇင့်ဆာလဖိတ်၊ အမိုးနီးယမ်းဆာလဖိတ်၊ ရွှေနဂါးတော့(ပ်)ဝမ်းမြေသြဇာ၊ ကွန်ပေါင်း၊ သြဂဲနစ်၊ ပိုတက်၊ ေ ရွှမြ
အတွဲ(၁၅)အမှတ်(၁၀)
အတွဲ(၁၅)အမှတ်(၇)