Main menu

Background

Thursday, 4 Oct 2012

ဒီတစ်ပတ်မှာလည်း ချင်း(ဥမ)က အဝင်နည်းလာပါတယ်။ အရင်လတွေက အောင်ပန်းဈေးကွက်မှာ ၅ ရက်တစ်ဈေးကို ပိဿာချိန်လေးထောင်၊ ငါးထောင်ခန့် အဝင်ရှိပေမယ့် ဒီတစ်လမှာတော့ နှစ်ထောင်၊ သုံးထောင်ခန့်သာအဝင်ရှိပါတော့ တယ်။ အခုချိန်က ချင်းတွေပုပ်တဲ့အချိန်ဖြစ်လာတာကြောင့်လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း ချင်း(ဥမ)ကအဝင်ရှိသလောက်၊ ပြန်ထွက်တယ်လို့ သိရပါတယ်။ အောက်တိုဘာလမှာ ချင်းအသစ် တွေ ပေါ်လာတော့မှာဖြစ်တာကြောင့် အဟောင်း တွေလည်း ဈေးကွက်မှာ သိပ်မကျန်တော့ပါ ဘူး။ အောင်ပန်း ဈေးကွက်မှာ ဒီတစ်ပတ်ချင်းဈေးက (အစို) ၁၆၀၀ ကျပ် - ၁၇၀၀ ကျပ်ရှိပြီး (အခြောက်)က ၁၃၀၀ ကျပ် - ၁၃၅၀ ကျပ် ရှိပါတယ်။

Thursday, 4 Oct 2012

မြဝတီနဲ့မူဆယ်နယ်စပ်များမှ  စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလ အတွင်းမှာကန်ဒေါ်လာသုည ဒသမ ၀၉၅ သန်းတန်ဖိုးရှိချင်းခြောက်များကို မြဝတီမှ ၃၆ တန်ကျော်နဲ့ မူဆယ်မှ ၆ တန်ခန့် အပို့ရှိခဲ့ပါတယ်။ယခင်အပတ်ကထက် နယ်စပ်မှ ချင်းခြောက် ၂၇ တန်ခန့်အပို့ပိုခဲ့တယ်လို့သိရပါတယ်။ MIRT(DOBT)

Thursday, 4 Oct 2012

မန်းပဲဈေးကွက်မှာ အိန္ဒိယလိုင်းက ဝယ်ယူမှုရှိတဲ့ မတ်ပဲနဲ့ ပဲစင်းငုံနီများဟာ ဈေးငြိမ်သက်မှုရှိမနေဘဲ တစ်ရက်တည်းမှာ နံနက်ဈေး၊ ညနေဈေး အပြောင်းအလဲ အနည်းငယ်ရှိပြီး၊ ဈေးကစားလျက်ရှိကြောင်း သိရပါတယ်။ ယခုအပတ်မှာ မတ်ပဲ တစ်ပိဿာ ၇၆၇ ကျပ် မှ ၈၀၀ ကျပ်ကြား (တစ်တန် ၄၆၉၇၀၃ ကျပ်မှ ၄၈၉၉၁၂ ကျပ်ကြား) အရောင်းအဝယ်ဖြစ်လို့ ဈေးငြိမ်သက်မှုမရှိသလို ပဲစင်းငုံနီမှာလည်း တစ်ပိဿာ ၉၇၅ ကျပ်နဲ့ ၉၈၃ ကျပ်ကြား (တစ်တန် ၅၉၇၀၈၀ ကျပ်မှ ၆၀၁၉၇၉ ကျပ်ကြား)အရောင်းအဝယ်ဖြစ်လို့ ဈေးအနည်းငယ်ကစားကြောင်း သိရပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်ရင် အရောင်းအဝယ်ဖြစ်လာသော်လည်း ဈေးကစားနေမှု၊ ပစ္စည်းအရည် အသွေးနဲ့ ဝယ်လိုအားကြောင့် အရောင်းအဝယ်များပြုလုပ်ရာမှာ သတိထားပြီး၊ အရောင်းအဝယ် ပြုလုပ်ရလို့ အရောင်းအဝယ် သွက်လက်မှုမရှိ ကြောင်း၊ ကုန်ပစ္စည်းဈေးငြိမ်သက်မှုရှိနေပါက အရောင်းအဝယ်လည်း ပုံမှန်ဖြစ်နိုင် ကြောင်း ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ ယခင်အပတ်က မတ်ပဲ တစ်ပိဿာ ၇၆၇ ကျပ်ဈေးနဲ့ နေ့စဉ် တန် ၃၀ မှ ၄၀ ခန့်အထိ အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုအပတ်မှာ နေ့စဉ် တန် ၅၀ ခန့် အရောင်းအဝယ်ရှိနေသလို ပဲစင်းငုံနီမှာ ယခင်အပတ် တန် ၆၀ မှ ၇၀ ခန့်ထိ အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုအပတ်မှာ နေ့စဉ် တန် ၈၀ မှ တန် ၁၀၀ ကြားအရောင်းအဝယ် ဖြစ်နေကြောင်း သိရပါတယ်။စိုးအောင်

Thursday, 4 Oct 2012

ပြည်ပဲဈေးကွက်အတွင်း မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲဈေးမှာ ယခင် တစ်ပတ်ထက်အေးနေပြီး၊ ပဲကြီးဈေးနှုန်းကတော့ ယခင်တစ်ပတ်အတိုင်း ဈေး အမြင့်မှာရှိနေခဲ့တာကိုတွေ့ရပါတယ်။ ယခုစက်တင်ဘာ တတိယပတ်မှာ မတ်ပဲသီးနှံ တချို့ တစ်ခါတစ် ရံနယ်စုံမှအနည်းငယ်ဝင်ရောက်လာပြီး၊ အိတ် ၁၅၀-၂၀၀ ခန့်ဝင် လာတယ်လို့သိရပါတယ်။ ပဲဈေးနှုန်းမှာတော့ တစ်တင်း ၁၆၃၀၀ ကျပ်နဲ့ ဈေးအေး နေခဲ့တာကိုတွေ့ရပါတယ်။ ရန်ကုန်ဝယ်လက်ကတော့ ရသလောက်အဝယ်ရှိနေ သော်လည်း ထုတ်ရောင်းသူနည်းနေတဲ့အတွက် ယခုတစ်ပတ် အတွင်း ရန်ကုန်ကို တစ်နေ့အိတ် ၁၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

Thursday, 4 Oct 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သုည ဒသမ ၇၆၈ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၈၉၁ တန်ခန့်ကို စက်တင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင် အပတ်ကထက် ၃၆၃ တန် အပို့ပိုခဲ့ပါတယ်။ ပဲတီစိမ်းလုံးခြမ်းတင်ပို့မှုကတော့ ၁၂၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၀ ဒသမ ၁၂၉ သန်းဖိုးဖြစ်ပြီး ယခင်အပတ်တင်ပို့မှုထက် ၃၂ တန်ခန့်အပို့လျော့နည်းခဲ့ပါတယ်။

Thursday, 4 Oct 2012

စက်တင်ဘာလ တတိယပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ ပဲအများစု ဝယ်လက်အေးနေကာ အရောင်း အဝယ် သိပ်မဖြစ်ဘူးလို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ အဓိကရောင်းကုန်သီးနှံ တစ်မျိုးဖြစ်တဲ့ ကုလားပဲအုပ်စု တွေလည်း ယခုအပတ်မှာ ရန်ကုန်အဝယ်မရှိဘဲ ဒေသခံလုပ်ငန်းသုံးသမားတွေ ပုံမှန်အဝယ်သာရှိ ခဲ့လို့ ကျဈေးအသီးသီးနဲ့သာ အရောင်းအဝယ်အသင့်အတင့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Thursday, 4 Oct 2012

ပြည်ပ ပဲမျိုးစုံတင်ပို့မှုကို လေ့လာရာမှာ စက်တင်ဘာလ ၁၄ ရက်အထိ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ တင်ပို့မှုပြန်လည် တိုးတက်လာခဲ့ပါတယ်။ အရင်တစ်ပတ် တင်ပို့မှုကျဆင်းခဲ့ရာမှ ပြီးခဲ့တဲ့ တစ်ပတ်မှာ မတ်ပဲတင်ပို့မှု သိသိသာသာ ပိုလာခဲ့သလို ပဲစင်းငုံတင်ပို့မှုလည်း အနည်းငယ်ပိုလာခဲ့ပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ပဲတစ်မျိုးချင်း တင်ပို့ပြီးစီးမှုမှာ မတ်ပဲအနေနဲ့ တန်ချိန် ၃၂၀၀၀၀ ခန့်ရှိပြီး၊ ပဲတီစိမ်းမှာ တန်ချိန် ၁၄၀၀၀၀ ကျော်၊ ပဲစင်းငုံ တန်ချိန် ၁၇၁၀၀၀ ကျော်နဲ့ ကုလားပဲဖြူလုံးကြီးမှာ တန်ချိန် ၄ သောင်းကျော်တင်ပို့ထားပြီးကြောင်း သိရပါတယ်။

Friday, 28 Sep 2012

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံလယ်ယာစိုက်ပျိုးရေးဝန်ကြီး နိုင်းနန်ထဂွတ်ဆိုင်ကေ က အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စတာဘာယူကစ်စနာမူဟိနှင့် ဆွေးနွေးခဲ့ရာ၌ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ရော်ဘာတင်ပို့မှုအား တန်ချိန် ၃၀၀၀၀၀ လျှော့ချမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံနှင့် အင်ဒို နီးရှားနိုင်ငံ နှစ်နိုင်ငံသဘောတူညီမှု၌ လာမည့် ၄-၉-၂၀၁၂ ရက်နေ့ တွင် ရော်ဘာကိစ္စနှင့် ပတ်သက်ပြီး တစ်သတ်မတ်တည်း ရှိစေရန်အတွက် မလေးရှားနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာ နနှင့် ဆွေးနွေးကြမ ည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဗီယက်နမ်နိုင်ငံမှ ရော်ဘာကိစ္စတာဝန်ရှိ သည့်ပုဂ္ဂိုလ်နှင့်ဆွေးနွေး ခဲ့ရာ ကမ္ဘာပေါ်တွင် ရော်ဘာထုတ်လုပ်ရာတွင် စတုတ္ထနေရာ၌ရှိသော ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟုပြောကြားသည်။ ထို့အပြင် ရော်ဘာများစွာအသုံးပြုသည့်နိုင်ငံများ၏ နည်းလမ်းစဉ်အားလေ့လာရန် အတွက် တရုတ်နိုင်ငံနှင့်ဆွေးနွေးမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သုံးနိုင်ငံပူးပေါင်းပြီး ရော်ဘာတင်ပို့မှုအားလျှော့ချသဖြင့် ယခု အပတ်အတွင်း ရော်ဘာဈေးနှုန်းေ ကာင်းမွန်လာနိုင်သည်ဟု နိုင်းနန်ထဂွတ်မှပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် မတ်တိချွန်း သတင်းစာမှာ ဖော်ပြထားပါသည်။             Source: မတ်တိချွန်းသတင်းစာ၊မင်းသိမ်း

Friday, 28 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၄၁၆ သန်းတန်ဖိုးရှိ ရော်ဘာ  RSS-3  ၁၃၂ တန် ကျော်ကို မူဆယ်နဲ့ချင်းရွှေဟော်မှ ၂၃ တန်၊ စုစုပေါင်း ၁၅၆ တန်ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်တင်သွင်းမှုနဲ့ နှိုင်းယှဉ်လျှင် ၅ တန်ခန့်သာ လျော့နည်းခဲ့ပါတယ်။ နှစ်ဖက်မြေပြင်ပေါက်ဈေးများကိုနှိုင်းယှဉ်ကြည့်ရာမှာ မိမိဘက်ရောတစ်ဘက်နိုင်ငံမြေပြင်ဈေးများမြင့်လျက်ရှိနေပါတယ် -

Friday, 28 Sep 2012

စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ မူဆယ်မှ ကန် ဒေါ်လာ သုည ဒသမ ၃၈၈ သန်းတန်ဖိုးရှိ သကြားညို ၂၇၇ တန်ခန့်နဲ့ သကြားဖြူ ၃၇၄ တန်၊ချင်းရွှေဟော်မှ ကန်ဒေါ်လာသုည ဒသမ ၀၆၇ သန်းတန်ဖိုးရှိ သကြား ၁၁၁ တန်တင်ပို့ခဲ့ကြတာတွေ့ရပါတယ်။MIRT(DOBT)

Pages