Main menu

Background

Wednesday, 14 Oct 2020

အောက်တိုဘာ ၄ ရက်မှ ၁၀ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၆၄၂၈၆၆၀ တန်ဖိုးရှိ ဓာတ်ဆီ ၄၇၉၅၀ ဒသမ ၆၁ တန်နှင့် အမေရိကန်ဒေါ်လာ ၅၇၄၉၆၉၃ တန်ဖိုးရှိ ဒီဇယ် ၁၆၉၄၂ ဒသမ ၉၇ တန် စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၆၄၈၉၃ ဒသမ ၅၈ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဓာတ်ဆီတင်သွင်းမှု မရှိခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က ဒီဇယ် ၄၈၂၉၀ ဒသမ ၈၆ တန်တင်သွင်းခဲ့ခြင်းကြောင့် ၃၁၃၄၇ ဒသမ ၈၉ တန်တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။

သီတာဝင်း (DOT)

 

Wednesday, 14 Oct 2020

အောက်တိုဘာ ၄ ရက်မှ ၁၀ရက်သီတင်းပတ်အတွင်းနနွင်းတန်ချိန် ၅၀ ကို ပင်လယ် ရေကြောင်း လမ်းမှ အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့သည်။ သြဂုတ်လ တတိယပတ်မှစတင်ပြီး အပို့ ပျောက်ခဲ့သည့်နနွင်းက ယခုတစ်ပတ်မှ ပြန်လည်တင်ပို့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခင် လများတွင် နနွင်းတစ်တန်ဈေးမှာအမေရိကန်ဒေါ်လာ ၉၄၀ ကျော်ရရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် အမေရိကန်ဒေါ်လာ ၁၁၈၅ ဒေါ်လာထိရခဲ့ကြောင်းသိရသည်။ နနွင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၉၂၅၀ ဒေါ်လာဝင်ငွေရရှိခဲ့သည်။

သီတာဝင်း (DOT) 

Wednesday, 14 Oct 2020

အောက်တိုဘာ ၄ ရက်မှ ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ ၂၂၄၀၅၅ ဒေါ်လာ တန်ဖိုးရှိနို့ဆီ ၂၂၃ ဒသမ ၂၃၆ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခု တစ်ပတ် မလေးရှားနိုင်ငံမှတင်သွင်းခဲ့ကြောင်းသိရသည်။

တင်သွင်းခဲ့သည့်တံဆိပ်များမှာ (ပက်ပ်)နှင့်(Hawk) တို့ဖြစ်သည်။ ယခင်သီတင်းပတ်က နို့ဆီ တန်ချိန် ၃၆၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန် ချိန် ၁၃၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။

Wednesday, 14 Oct 2020

အောက်တိုဘာ ၄ မှ ၁၀ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၅၈၅၁၃၅ တန်ဖိုးရှိမြေသြဇာ ၈၄၇၇ ဒသမ ၂၇ တန်ကိုပင်လယ်ရေကြောင်းလမ်း မှတင်သွင်းခဲ့သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ ၃၁၁၁ ဒသမ ၉ တန်၊ အီဂျစ်နိုင်ငံ မှ တန်ချိန် ၄၂၀၊ ဂျာမနီ နိုင်ငံမှတန်ချိန် ၅၄၀၊ ကိုရီးယားနိုင်ငံမှ ၄၇၂ ဒသမ ၆၉ တန်၊ လာအိုနိုင်ငံ မှတန်ချိန် ၃၀ဝ၊ နော်ဝေနိုင်ငံမှ ၃၉၆ ဒသမ ၅၅ တန်၊ အိုမန်နိုင်ငံမှ ၁၀၃၂ တန်၊ ရုရှားနိုင်ငံမှ ၇၅၀ ဒသမ ၄၀ တန်၊ စင်ကာပူနိုင်ငံမှ ၇၂ တန်၊ ထိုင်းနိုင်ငံမှ ၂၈၅ ဒသမ ၇၃ တန် နှင့် ဗီယက်နမ်နိုင်ငံမှ ၁၀၉၆ တန်တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် တရုတ်နှင့်ဗီယက်နမ်နိုင်ငံမှ အများဆုံး တင်သွင်းခဲ့သည်။

Tuesday, 13 Oct 2020

၂၀၂၀ အောက်တိုဘာ ၁၂ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ရော်ဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၀၀၊ ၁၀၈ ပေါင် (ဆန်သား၉၀%) ဆန်တစ်အိတ်ဈေးနှုန်းမှာ ဧည့်မထ ကျပ် ၂၉၀၀၀၊ ပေါ်ဆန်း ကျပ် ၄၀၅၀၀၊ ပေါ်ကျွဲ ကျပ် ၃၃၅၀၀၊ ပိဿာ ၂၀ ဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၃၆၀၀၀၊ မတ်ပဲ ကျပ်၃၉၀၀၀၊ ပဲလွမ်းဖြူ ကျပ်၃၄၀၀၀၊ ဗိုလ်ကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၀၀၀၀၊ မြေပဲ ၆၁၀၀၀ ကျပ် ပေါက်ဈေးဖြစ်ပေါ်နေပြီး

Friday, 9 Oct 2020

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တရုတ်အာလူးနှင့် ရှမ်းပြည်နယ်အောင်ပန်းမြို့မှ အာလူးများ ဝင်ရောက်လျက်ရှိပြီး အောက်တိုဘာ ၈ ရက်တွင်   တရုတ်အာလူး တစ်ပိဿာ ဈေးနှုန်းမှာ   ကျပ် ၁၄၀ဝ ဖြစ်ပြီး အောင်ပန်းမြို့မှ ဝင်ရောက်လာ သော အာလူးတစ်ပိဿာ ဈေးနှုန်းမှာ A-1 ကျပ် ၈၀ဝ၊  အာလူး OK ကျပ်  ၁၁၀ဝ၊အာလူး S-1 ကျပ် ၁၃၀ဝ၊အာလူး S-2 ကျပ်  ၁၃၅၀ ဈေးနှုန်းအသီးသီးဖြစ်သည်။

Friday, 9 Oct 2020

၃.၁၀.၂၀၂၀ ရက်နေ့မှ ၉.၁၀.၂၀၂၀ ရက်နေ့အထိ သီရိင်္ဂလာဈေးသစ်၊ သစ်သီးဝလံကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ မြင်းခြံနှင့်ဝမ်းတွင်းမှ ဖရဲ (၈၅၅) အသေးတစ်လုံး ကျပ် ၁၀ဝ၀၊ ဝမ်းတွင်းနှင့် မြင်းခြံမှဖရဲ (၂၁၁) အသေး တစ်လုံးကျပ် ၅၀ဝ၊ အလတ်ကျပ် ၈၀ဝ၊ အကြီး ကျပ် ၁၅၀ဝ၊ မှ ကျွဲကောသီး အလုံးသေးတစ်လုံး ကျပ် ၈၀ဝ နှင့် ၁၀ဝ၀ကြား၊ အလတ် ကျပ် ၁၂၀ဝနှင့် ၁၅၀ဝ ကြား ၊ အကြီးကျပ် ၁၈၀ဝနှင့် ၂၀ဝ၀ ကြားတို့ရှိပါသည်။ ပြည်နှင့် ပုပ္ပါးမှ သြဇာ သီး အလုံး (၃၀)ပါ တစ်သေတ္တာ လျှင်ကျပ် ၂၅၀ဝ ၊ အလုံး (၆၀)ပါ တစ်သေတ္တာ လျှင်ကျပ် ၇၀ဝ၀၊ အောင်ပန်း(အင်းငယ်) မှလိမ္မော် သီး အလုံးသေး (၂၅) ပိဿာပါတစ်သေတ္တာလျှင် ကျပ် ၃၀ဝ၀ဝ၊ အလတ်အရွယ် (၂၃) ပိ

Friday, 9 Oct 2020

တောင်ကြီးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်အေးဈေးငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ စိန်(ထိုင်း) ကျပ် ၈၀ဝ၀၊ အေသုံးလုံး ကျပ် ၅၂၀ဝ၊ အပါချီ ကျပ် ၄၃၀ဝ၊ ကမ္ဘောဇကျပ် ၄၂၀ဝ၊ ကျားခေါင်းကျပ် ၆၂၀ဝ၊ နဂါးကျပ် ၄၃၀ဝဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရသည်။

Friday, 9 Oct 2020

ပြည်တွင်းဈေးကွက်များဖြစ်သည့်မော်လမြိုင်၊ တောင်ကြီး၊ မကွေးနှင့် မန္တလေးတို့တွင် အရောင်းအေးကြောင်း သိရသည်။

Friday, 9 Oct 2020

မော်လမြိုင်မြို့၏ အောက်တိုဘာလဒုတိယပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၈၇၀၀၀၀ ၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၃၆၅၀၀ ၊ ဧည့်မထ (စပါး) တင်း ၁၀၀ လျှင်ကျပ် ၆၅၀၀၀၀၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ်၂၈၀၀၀၊ စားအုန်းဆီ တစ်ပိဿာ ကျပ် ၂၂၀၀၊ မြေပဲဆီတစ်ပိဿာ ကျပ် ၈၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၄၀၀၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာ ကျပ် ၃၀၀၀ ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ကျပ် ၂၅၀၀၊ မန်ကျည်းမှည့် တစ်ပိဿာ  ကျပ် ၅၀၀၀၊ ငရုတ်ခြောက် တစ်ပိဿာ ကျပ် ၅၀၀၀၊ ပဲနီလေး (မြန်မာ) တစ်ပိဿာ  ကျပ် ၅၀၀၀၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၂၂၀၀၊ မြေပဲဆန် တစ်ပိဿာ ကျပ် ၃၁၅၀၊ ခရမ်

Pages