Background
မကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲတီစိမ်းများဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအားကြောင့်စျေးများ အနည်းငယ်မြင့်တက်လျက်ရှိသည်။ တောင်တွင်းကြီး ကုန်စည်ဒိုင်တွင် ယခုအပတ် (၁၈.၁၁.၂၀၂၀) ရက်နေ့တွင် ပဲတီစိမ်း ၂၀ ပိဿာ(၁)တင်းလျှင် (၄၂၀ဝဝိ/-) ဈေးဖြင့်အရောင်းအဝယ် ဖြစ်လျက် ရှိသည်။
မကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံ တို့ဝင်ရောက် ကာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲစင်းငုံများဝင်ရောက်လာပြီး အရည်အသွေး နှင့် ဝယ်လိုအားကြောင့် စျေးများ ကျဆင်းလျက် ရှိသည်။ တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ယခုအပတ် (၁၈.၁၁.၂၀၂၀) ရက်နေ့တွင် ပဲစဉ်းငုံ ၂၀ပိဿာ(၁)တင်းလျှင်(၂၈၀ဝဝိ/-) ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိသည်။
၂၀၂၀ နိုဝင်ဘာ ၁၆ ရက်မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာရော်ဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၇၀၊ ၁၀၈ ပေါင်(ဆန်သား၉၀%)ဆန်(ဟောင်း)တစ်အိတ် ဈေးနှုန်းမှာ ဧည့်မထကျပ် ၂၉၀၀၀၊ ပေါ်ဆန်းကျပ် ၄၂၀၀၀၊ ပေါ်ကျွဲ ကျပ် ၃၅၀၀၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်းကျပ် ၃၆၀၀၀၊ မတ်ပဲကျပ်၃၅၄၀၀၊ ပဲလွန်းဖြူကျပ်၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၂၄၀၀၊ မြေပဲ ၆၁၀၀၀ ကျပ်၊ သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင်လက္ကားဈေးတစ်လုံးကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင်လက္ကားဈေး တစ်လုံးကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီးတစ်လုံးကျပ် ၂၀၀၀ မ
နို၀င်ဘာ ၈ ရက်မှ ၁၄ ရက်သီတင်းပတ်အတွင်း ချင်း ၇၅ တန်ကို တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ပါကစ္စတန်နိုင်ငံသို့ ၂၅ တန်နှင့် အိန္ဒိယနိုင်ငံသို့ တန်ချိန် ၅၀ တန်တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က အပို့ပျောက်ခဲ့သည့်ချင်းက ယခုတစ်ပတ်မှပြန်လည်တင်ပို့ခဲ့ခြင်းဖြစ်သည်။ ချင်းတစ်တန် အမေရိကန်ဒေါ်လာ ၆၀၀ နီးပါးရရှိခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်ချင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၃၇၀၀၀ ဒေါ်လာရရှိခဲ့သည်။
သီတာဝင်း(DOT)
နို၀င်ဘာ ၈ ရက်မှ ၁၄ ရက်သီတင်းပတ်အတွင်း နနွင်း ၃၅ တန်ကို ပင်လယ် ရေကြောင်းလမ်းမှ ယီမင်နိုင်ငံသို့ တင်ပို့ခဲ့သည်။ ယခင်သီတင်းပတ်က နနွင်း ၄၃ တန်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင်နနွင်း ၈ တန် တင်ပို့မှု လျော့နည်းခဲ့ကြောင်းသိရသည်။ နနွင်းတစ်တန် အမေရိကန်ဒေါ်လာ ၆၀၀ ၀န်းကျင် ရရှိခဲ့သည်။ ယခုတစ်ပတ် နနွင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၁၀၀၀ ဒေါ်လာ ၀င်ငွေရရှိခဲ့ကြောင်းသိရသည်။
သီတာဝင်း (DOT)
နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်တာကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်များမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၃၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၃၆၈၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၂၀၉၅၀ ခန့်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၃၆၀ ကျော်နှင့် လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ ဆန်တန်ချိန် ၃၇၀ ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၂၀၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါသည်။ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၃၉ သန်း တန်ဖိုးရှိ ဆန်မှုန့်တန်ချိန် ၈၇၀ နီးပါး တင်ပို့နိုင်ခဲ့သည်။
ပြည်နယ်အတွင်း ကြက်သွန်(နီ)များကို မိတ္ထီလာနယ်ဘက်မှ အများဆုံးဝင်ရောက်ပြီး ကြက်သွန် (ဖြူ)ကို အောင်ပန်း၊ကလောဒေသတို့မှ သယ်ယူကာရောင်းချလျက်ရှိသော်လည်း ပြည်နယ်အတွင်း ၌လည်း စိုက်ပျိုးလျက်ရှိပါသည်။ လွိုင်ကော်မြို့ပေါ်တွင် ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ နိုဝင်ဘာလ တတိယပတ်တွင် ကြက်သွန်( နီ )တစ်ပိဿာလျှင် ကျပ် (၁၂၀၀) ၊ မှ ကျပ်(၁၃၀၀)ထိဈေးနှုန်းပေါက်လျက် ရှိရာ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၂၈၀၀)၊ ရှမ်းစ တစ်ပိဿာလျှင် ကျပ်(၃၀၀၀) ဖြင့်ရောင်းချလျက် ရှိသည်။ ဒေသတွင်းမှထွက်ရှိသော ကြက်သွန်(ဖြူ)ရှမ်းစ တစ်ပိဿာလျှင် ( သေး ) ကျပ် ၁၅၀၀ ၊ (လတ်) ကျပ် ၂၀၀၀ ၊ ( ကြီး) ကျပ် ၂၅၀၀ ဖြင့် ဈေးနှုန်းပေါက်လျက် ရှိကြောင်း
လွိုင်ကော်မြို့တွင် စပါးဈေးနှုန်းမှာ နိုဝင်ဘာလ ပထမပတ်တွင် ဧည့်မထ စပါး ၄၆ ပေါင် တင်း(၁၀၀)လျှင် ကျပ် (၇၆၆၀၀၀) ဖြစ်ပြီး တတိယပတ်တွင် ဧည့်မထ ၄၆ ပေါင် တင်း (၁၀၀)လျှင် ကျပ်(၇၀၃၀၀၀) ၊ (၆၃၀၀၀)ကျော်လောက်ကျဆင်းပြီး ပြည်နယ်အတွင်းအရောင်း အဝယ်အေးနေ ကြောင်း စက်ပိုင်ရှင်တစ်ဦးထံမှသိရပြီးရွှေရင်အေး(၂)ဆန်ဈေးနှုန်းမှာ နိုဝင်ဘာလ ပထမပတ်တွင် တစ်အိတ်လျှင်ကျပ် (၃၇၀၀၀) ၊ တစ်ပြည်လျှင်ကျပ်(၁၇၀၀)ဖြစ်၍ တတိယပတ်တွင် ဆန်တစ်အိတ် လျှင်ကျပ် ( ၃၆၀၀၀ ) ၊ တစ်ပြည် လျှင် ကျပ်(၁၆၀၀) ထိကျဆင်းလာကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရသည်။
အေးအေးမော် (ကယား)
ပြည်ကြက်သွန်နီစျေးကွက်အတွင်း ယခုနို၀င်ဘာ တတိယပတ်တွင် ကြက်သွန်နီပွဲရုံလက်ကားစျေးများ တစ်ပိဿာလျှင် ကျပ် ၁၅၀ ခန့် ကျဆင်းသွားခဲ့ပြီး လက်ကားစျေးအသေးများတွင်တော့ ယခင်စျေးအမြင့်နှင့် ၀ယ်ယူထားခြင်းကြောင့် ယခင်အပတ်စျေးနှုန်းများအတိုင်း ရောင်း၀ယ်လျက်ရှိသည်။ ၀င်ရောက်မှုအနေနဲ့ ပြည်ပွဲရုံစျေးကွက်သို့ ဆိပ်ဖြူ၊ တောင်တွင်း၊ ကံမဘက်မှ ကြက်သွန်နီများပိဿာ(၃၀) ၀င်အိတ် ၂၀၀-၃၀၀ခန့် ၀င်ရောက်မှုရှိနေပြီး အရောင်းအ၀ယ်မှာ အေးနေကြောင်းသိရပါသည်။ ကြက်သွန်နီအဓိက စိုက်ပျိုးထွက်ရှိရာ ဒေသများ၊ ပြည်ပ၀ယ်လက်များ ၀ယ်ယူမှုနည်းသွားခြင်းကြောင့် စျေးနှုန်းအနည်းငယ်ကျဆင်းသွားသည့်အတွက် ပြည်ပွဲရုံများ၌ပင် လက်ကားစျေးနှုန်းများကျဆင်းရခြင်
ယခုအပတ် ပြည်စျေးကွက်တွင် မြေပဲဆန်စျေးပြန်မြင့်လာတာတွေ့ရပါတယ်။ ရန်ကုန်၊ မန္တလေး၀ယ်လက်များက အ၀ယ်လိုက်လာတဲ့အတွက် စျေးမြင့်လာတယ်လို့လည်းသိရပါတယ်။ မိုးပဲဆန်များကိုလည်း ယခင်၀င်ရောက်လျက်ရှိတဲ့ ဒေသများဖြစ်သောပြည်-အောင်လံကြားကျေးရွာများနှင့် ရွှေတောင်၊ မြန်အောင်၊ ကြံခင်းဘက်မှ တစ်ပတ်လျှင် မြေပဲဆန်အိတ် (၂၅)ပိဿာ၀င် (၁၅၀၀-၂၀၀၀)ခန့် ၀င်ရောက်လျက်ရှိပြီးဆီဆန် (ရွေးဆန်)ကိုဆီစက်သမားများကနေ့စဉ် အိတ် (၅၀၀)ခန့် အ၀ယ်ရှိပြီး လုံးဆန် (အဖြူ)ကို ရန်ကုန်၊ မန္တလေး ၀ယ်လက်များက တစ်နေ့လျှင်အိတ် (၄၀၀)ခန့် အ၀ယ်ရသလိုလုံးဆန် (အနီ)ကိုပဲလှော်ဖိုသမားများက အ၀ယ်ရှိလို့ ၀င်သလောက် အရောင်းအ၀ယ်ဖြစ်တာလည်း တွေ့ရပါတယ်။ ယခုအပတ် မြေပဲဆန်