Background
ပြည်စျေးကွက်တွင် ယခုတစ်ပတ်၌ နှမ်းအ၀င်မှာပါးသွားပြီး ၀ယ်လက်အ၀ယ်လိုက်လာတဲ့အတွက် နှမ်းစျေးမြင့်လာတာတွေ့ရပါတယ်။ မန္တလေး၀ယ်လက်များက စမုံနက်နှမ်းနှင့် နှမ်းနက်ကို အ၀ယ်ရှိလို့ အရောင်းအ၀ယ်ဖြစ်သလို နှမ်းနီကိုမြို့တွင်းဆီစက်သမားများက ဆီကြိတ်ရန်အ၀ယ်ရှိပြီး မလုံလောက်လျှင် အောင်လံမြို့ ကိုတက်ပြီး အ၀ယ်ရှိလို့ စျေးမှာယခင်အပတ်ထက်စာရင် မြင့်လာတာတွေ့ရပါတယ်။ ပြည်စျေးကွက်တွင် ယခုအပတ်ဖြစ်ပေါ်နေသောနှမ်းစျေးများမှာနှမ်းနီ (၃)တင်း၀င် တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ် ၊ နှမ်းနက် (၃)တင်း၀င်တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ် နှင့် စမုံနက်နှမ်း (၃)တင်း၀င် တစ်အိတ်လျှင် ၁၉၀၀၀၀ကျပ်ဖြင့် ယခင်အပတ်ထက် စာရင်စျေးပြန်မြင့်လာတာတွေ့ရပါတယ်။
ယခုအပတ် ပြည်မျိုးစုံစျေးကွက်သို့ ဆောင်းပဲသစ်အချို့၀င်ရောက်လာသလို ပဲဟောင်းလက်ကျန် များလည်း အရောင်းအ၀ယ်ဖြစ်နေခဲ့တာကိုတွေ့ရပါတယ်။ ပဲတီစိမ်းနှင့် ဘိုကိတ်ပဲသစ်များ၀င်ရောက်ခြင်းဖြစ်ပြီး ကျန်ပဲများကတော့ ပဲဟောင်းလက်ကျန်များသာ ၀ယ်လက်အပေါ်မူတည်၍ အရောင်းအ၀ယ်ဖြစ်ခဲ့ပါတယ်။
မတ်ပဲ
၂၀၂၀ နိုဝင်ဘာ ၁၆ ရက်မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာရာဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၇၀၊ ၁၀၈ ပေါင်(ဆန်သား၉၀%)ဆန်(ဟောင်း)တစ်အိတ် ဈေးနှုန်းမှာ ဧည့်မထကျပ် ၂၉၀၀၀၊ ပေါ်ဆန်းကျပ် ၄၂၀၀၀၊ ပေါ်ကျွဲ ကျပ် ၃၅၀၀၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းများမှာပဲတီစိမ်းကျပ် ၃၆၀၀၀၊ မတ်ပဲကျပ်၃၅၄၀၀၊ ပဲလွန်းဖြူကျပ်၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၂၄၀၀၊ မြေပဲ၆၁၀၀၀ ကျပ်၊ သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင်လက္ကားဈေးတစ်လုံးကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင်လက္ကားဈေး တစ်လုံးကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီးတစ်လုံးကျပ် ၂၀၀၀ မှ ၄၀၀၀၊ မင်းဂွတ်သီး တစ်လုံး ၅၀ မှ ၁၅၀ ကျပ်၊ ရေထွက်ကုန်တစ်ပိဿာ(အ
မကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲလုံးဆန်ဖြူများဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအားကြောင့်စျေးများ အနည်းငယ် မြင့်တက်လျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ် (၁၁.၁၁.၂၀၂၀) ရက်တွင် မြေပဲလုံးဆန်ဖြူထိပ်စ တစ်ပိဿာလျှင် ကျပ် ၂၇၅၀၀၊ မြေပဲလုံးဆန်ဖြူ အောက်စတစ်ပိဿာလျှင် ကျပ် ၂၇၂၅၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
နို၀င်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၂၇၅၆၆၈၀၀ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၈၂၃၆၇ ဒသမ ၅၃ တန်နှင့် အမေရိကန်ဒေါ်လာ ၁၄၄၄၆၇၁၀ ဒေါ်လာ တန်ဖိုးရှိ ဓာတ်ဆီ ၄၃၁၆၀ ဒသမ ၃၀ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၁၂၅၅၂၇ ဒသမ ၈၃ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ် ဒီဇယ် ၇၁၄၃ ဒသမ ၉၃ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၇၅၂၂၃ ဒသမ ၆ တန်၊ ယခင်သီတင်းပတ်က ဓာတ်ဆီ ၁၂၉၄၄ ဒသမ ၄၇ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၃၀၂၁၅ ဒသမ ၈၃ တန် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ယခုတစ်ပတ် ဒီဇယ်ရောဓာတ်ဆီပါ အ၀င်ပိုခဲ
နို၀င်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈၀၀၈၂၃၄ တန်ဖိုးရှိ မြေသြဇာ ၃၁၃၁၆ ဒသမ ၈၉၂ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်း ခဲ့သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ ၇၅၈၇ ဒသမ ၅၆ တန်၊ ပြင်သစ်နိုင်ငံမှ ၁၄၀ ဒသမ ၈၇၇ တန်၊ ဂျာမနီနိုင်ငံမှ ၁၂၅၉ ဒသမ ၈၈၅ တန်၊ အီရန်နိုင်ငံမှ ၁၀၇၅ တန်၊ ကိုရီးယားနိုင်ငံမှ ၁၀၇၄ ဒသမ ၉၉၉ တန်၊ မလေးရှားနိုင်ငံမှ ၁၄၃၅၃ ဒသမ ၉၈၊ ကာတာနိုင်ငံမှ တန်ချိန် ၂၅၀၀၊ ရုရှားနိုင်ငံမှ ၁၅၁၂ တန်၊ ထိုင်းနိုင်ငံမှ ၃၃၇ ဒသမ ၅၉ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၁၀၇၅ တန်၊ ဗီယက်နမ်နိုင်ငံမှတန်ချိန် ၄၀၀ တင်သွင်းခဲ့ကြောင်းသိရသည်။
ယခုအပတ် ပြည်စျေးကွက်သို့ ကြက်သွန်နီ၀င်ရောက်မှုနည်းနေကြောင်း သိရပါသည်။ ကြက်သွန်နီ စိုက်ပျိုးထွက်ရှိရာမကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင် ကြက်သွန်နီရာသီကုန်ခါနီးချိန်မို့ ပစ္စည်းလက်ကျန် နည်းနေသဖြင့် ပြည်စျေးကွက်သို့ ပိဿာ ၃၀ ၀င်အိတ် ၁၀၀ ပတ်လည်ခန့်ကို တစ်ရက်ခြား ၀င်ရောက်မှုရှိနေကြောင်းသိရပါသည်။ အရောင်းအ၀ယ်အနေဖြင့် ယခင်လက်ကျန်များဖြင့်သာ အရောင်းအ၀ယ်ရှိနေပြီး စျေးနှုန်းမှာ ပုံမှန်အတိုင်းရှိနေကြောင်းသိရပါသည်။ စျေးနှုန်းများအနေနဲ့ ပွဲရုံလက်ကားစျေးတစ်ပိဿာလျှင် (ကြီး/ လတ်/သေး)ကျပ် ၁၁၀၀/၁၀၀၀-၉၅၀/၉၀၀-၈၅၀ နှုန်းတို့ရှိပြီး လက်လီစျေးအသေးများတွင်ကျပ် ၁၃၀၀/ ၁၂၀၀/၁၁၀၀ နှုန်းတို့ဖြင့် အသီးသ
မော်လမြိုင်မြို့၏ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလပထမပတ်တွင် ဖြစ်ပေါ်နေသောအခြေခံ စားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်း စပါး(အဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ ပေါ်ဆန်း(ဆန်အဟောင်း)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၆၅၀၀၊ ဧည့်မထ(စပါးအဟောင်း) တင်း၁၀၀ လျှင် ကျပ် ၆၈၀၀၀၀၊ ဧည့်မထ (ဆန်)(အဟောင်း) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၂၆၀၀၀၊ စားအုန်းဆီ တစ်ပိဿာ ကျပ် ၂၂၀၀၊ မြေပဲဆီ တစ်ပိဿာ ကျပ် ၉၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၀၀၀၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ ကျပ် ၃၅၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာ ၃၀၀၀၊ မန်ကျည်းမှည့် တစ်ပိဿာ ကျပ် ၅၀၀၀၊ ငရုတ်ခြောက် တစ်ပိဿာ ကျပ် ၅၀၀၀၊ ပဲနီလေး (မြန်မာ) တစ်ပိဿာ ကျပ် ၅၀၀၀၊ ကုလား ပဲခြမ်း တစ်ပိဿာ ကျပ် ၂၂၀၀၊ မြ
မုံရွာမြို့(ပွဲရုံ) ရှိ စားဖိုဆောင်သီးနှံရောင်းဝယ်ရေးတွင် ယခုတစ်ပတ်ကြက်သွန်နီသီးနှံများ အရောင်းအဝယ်အေးနေကြောင်း သိရသည်။ ကြက်သွန်နီများ အရောင်းအဝယ်အေးနေရခြင်းမှာ COVID-19 ကျန်းမာရေးကြောင့် တန်ဆာခစျေး ကြီးနေသဖြင့် အေးနေကြောင်း သိရပါသည်။ မုံရွာ ပွဲရုံသို့ နေ့စဉ်ကြက်သွန်နီဝင်ရောက်မှုမှာ ပိဿာချိန် ၁၅၀၀၀ ခန့်ဝင်ရောက်နေပြီး မန္တလေး၊ ကလေး၊ ဟုမ္မလင်းနှင့် ခန္တီးမြို့များသို့ တင်ပို့လျက်ရှိကြောင်း သိရပါသည်။
ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက်မှ ၃၀ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ သကြား၊ စေ့ထုတ်ပြောင်း၊ ရော်ဘာနှင့် လောင်စာတောင့်မီးသွေးများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။