Background
ယခုတစ်ပတ်အတွင်းတွင် အမေ ရိကန်ဒေါ်လာလဲလှယ်နှုန်းတည်ငြိမ်နေ သော်လည်း ကမ္ဘာ့ရွှေဈေးနှုန်းသည် အကျဘက်သို့ ဦးတည်ခဲ့သဖြင့် မြန်မာ့ ရွှေဈေးနှုန်းလည်း အနည်းငယ်ပြန်ကျ လာခဲ့သည်။
ယခုတစ်ပတ်အတွင်းတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းသည် ဆက်လက်တည်ငြိမ်လျက်ရှိကြောင်း သိရသည်။ ငွေလဲနှု န်းငြိမ် သက်နေရခြင်းမှာ ဝယ်လိုအားနှင့်ရောင်းလိုအား မျှခြေတွင်ရှိနေခြင်းကြောင့်ဖြစ်သည် ဟု ငွေလဲစင်တာတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခုတစ်ပတ်ငွေလဲနှုန်းသည်ယခင် တစ်ပတ်ကနှင့်နှိုင်းယှဉ်လျှင် ကွာဟမှုသိပ်မရှိခဲ့ပေ။ ဇူလိုင် ၂၇ ရက်က ရောင်းဈေး ၈၇၅ ကျပ်၊ ဝယ်ဈေး ၈၆၇ ကျပ်ရှိခဲ့သည့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် သြဂုတ် ၃ ရက်အထိ ပြောင်းလဲမှုမရှိဘဲ ဆက်လက် ငြိမ်သက်နေသည်ကို တွေ့ရှိရသည်။ ထို့ပြင်ပြင်ပငွေလဲဈေးကွက်တွင်လည်း သြဂုတ် ၃ ရက်တွင် ရောင်းဈေး ၈၇၀ ကျပ် ဝယ်ဈေး ၈၆၅ ကျပ် ရှိခဲ့သဖြင့် ငွေလဲနှုန်းများကွာဟမှုမရှိခဲ့သည်ကိုတွေ့ရသည်။ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ ငွေလဲ လှယ်သူများသည် ယခင်ကကဲ့သို့ ပြင်ပ ဈေးကွက်ကို အားကိုးအားထားပြုမှု နည်းပါးသွားသည့်အတွက်ကြောင့်ဖြစ်ရကြောင်း ပြင်ပငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။"ဟိုအရင်ရက်တွေတုန်းက ငွေလဲနှုန်းတွေတက်လာတော့ ဒီနေရာမှာငွေလဲတဲ့သူတွေ တော်တော်များတယ်။ ကျွန်တော်တို့ က ငွေလဲစင်တာထက် နည်းနည်းပိုပေးတော့ ကျွန်တော်တို့ဆီမှာပဲ လာလဲကြတယ်။ စင်တာမှာကသွားရင် မသေချာတော့ ဒီကိုပဲလာကြတာ။ ဒါပေမယ့် အခုနှစ်ပတ်လောက်ရှိ ပြီ။ ကျွန်တော်တို့ဆီမှာ အရောင်းအဝယ်ပါးသွားတယ်။ စင်တာဈေးနဲ့ကျွန် တော်တို့အပြင်ဈေးနဲ့က သိပ်မကွာတော့ စင်တာမှာပဲ သွားလဲကြတော့တာ"ဟု ပြင်ပငွေလဲဈေးကွက်အတွင်းမှ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။ မယ်သီတာ
ကမ္ဘာ့ဒုတိယမြောက် ဆန်နဲ့ ဂျုံထုတ်လုပ်မှု အများဆုံးအိန္ဒိယမှာ လက်ရှိ မုတ်သုံရာသီကာလ မိုးရေရရှိမှုက သာမန်အောက်ရောက်နေ တယ်။ ဒါကြောင့် မိုးရေနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ ဆန်အပါအဝင် ပြည်တွင်း ကောက်ပဲသီးနှံအချို့ ထုတ်လုပ်မှုမှာ အစိုးရရဲ့ရည်မှန်း ချက်အောက် ၄ ရာခိုင်နှုန်းဝန်းကျင် လျော့ကျနိုင်ကြောင်း၊
အပြည်ပြည်ဆိုင်ရာ အသိုင်း အဝိုင်းမှ ရင်းနှီးမြှုပ်နှံသူများ အသုံးပြု နိုင်ဖို့အတွက် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို မကြာမီပြဌာန်းတော့မှာ ဖြစ်တဲ့အတွက် သတ္တုတူးဖော်ရာမှာ ပွင့် လင်းမြင်သာမှု၊ တာဝန်ယူမှုနဲ့ လုံခြုံမှု အာမခံချက်ရှိရှိဖြင့် သတ္တုတူးဖော် ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူ တို့ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံက အချက်ပြလျက်ရှိတာကို ဇူလိုင် ၂၅ ရက်က ထုတ်ပြန်တဲ့ မီဒီယာ သတင်းများအရ သိရကြောင်းရှင်ဝှာ သတင်းဌာနတွင်ဖော်ပြထားသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ သုည ဒသမ ၄၅၁ သန်းတန်ဖိုးရှိ အချိုမှုန့်များကို ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၃၅၃ တန်နဲ့ ချင်းရွှေဟော်မှ ၉၈ တန် အသီး သီးတင်သွင်းပါတယ်။ ချင်းရွှေဟော်မှ ယခင်အပတ် တင်သွင်းမှုထက် တန် ၃၀ တင်သွင်းမှု လျော့ခဲ့သော်လည်း မူဆယ်နယ်စပ်မှ ၁၉၆ တန်ခွဲ ပိုမိုတင် သွင်းခဲ့ပါတယ်။ချင်းရွှေဟော်နယ်စပ်မှာ အချို မှုန့် တစ်တန်ကို ၈၄၀၀၀၀ ကျပ်နဲ့ မူဆယ်နယ်စပ်မှာ အချိုမှုန့် တစ်တန်ကို ၁၃၅၀၀၀၀ ကျပ် ဈေးအသီးသီးပေါက် လျက်ရှိပါတယ်။ MIRT(DOBT)
ဒီတစ်ပတ် နို့ဆီ/စိမ်း အဝင်နည်းဒီသီတင်းပတ်ဖြစ်တဲ့ ဇူလိုင် ၁၅ ရက် မှ ၂၃ ရက်တာ ကာလအတွင်း နို့ဆီ ၇၃ ဒသမ ၄၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းကျော်၊ နို့စိမ်း ၁၈၂ ဒသမ ၇၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းရှစ်သောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒွန်းတံဆိပ်နို့ဆီနဲ့ လပ်ကီးကောင်းနို့စိမ်းတို့ကို တင်သွင်းခဲ့ တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုက တန်ချိန်နှစ်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် နို့ဆီအဝင် တန်ချိန်နဲ့ယှဉ်ရင် တန်ချိန် ၁၅၀ ကျော်နဲ့ နု့ိစိမ်းက တန်ချိန် တစ်ရာကျော် အဝင် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်များက တင်သွင်းမှု ဆက်တိုက်ရှိခဲ့တဲ့ နို့မှုန့်က ဒီတစ်ပတ်မှာ တင်သွင်းမှုမရှိခဲ့ဘူးလို့ သိရပါတယ်။MIRT(DOT)
ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၄၄ သန်းတန်ဖိုးရှိ အချိုမှုန့် ၂၈၄ တန်ကျော်ကို မူဆယ်နဲ့ ချင်းရွှေ ဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် ၃၉၅တန်တင်သွင်းမှု လျော့နည်းခဲ့တယ် လို့ သိရပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှအသွင်းလျော့ပြီး ချင်းရွှေဟော် မှအသွင်းပိုခဲ့တာ ဖြစ်ပါတယ်။ ဖေဖော် ဝါရီလမှ စတင်တင်သွင်းလျက်ရှိရာ ဖေ ဖော်ဝါရီလမှာ ၂၀၂ တန်၊ မတ်လမှာ ၁၉၂၈ တန်ကျော်၊ ဧပြီလမှာ တန် ၅၀၀ ကျော်၊ မေလမှာ တန် ၂၃၀၀ နီးပါးနဲ့ ဇွန်လမှာ ၁၃၂၄တန်ခန့် တင်သွင်းထား ပြီးဖြစ်ရာ ဇူလိုင်လဝက်ထိ တရုတ်နယ် စပ်စခန်းများမှ အချိုမှုန့် တန် ၇၂၀၀ ကျော်တင်သွင်းထားပြီးဖြစ်တာ တွေ့ရ ပါတယ်။ MIRT(DOBT)
နို့ဆီ၊ နို့စိမ်းအသွင်းလျော့ပေမဲ့ နို့မှုန့်အသွင်းရှိမြန်မာ-ထိုင်းနယ်စပ် ကော့သောင်း မှ နို့ဆီနဲ့ နို့စိမ်းတင်သွင်းမှု ယခင် အပတ်ကထက် လျော့နည်းတင်သွင်း ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ် လာ သုည ဒသမ ၀၃၄ သန်းတန်ဖိုးရှိ နို့စိမ်း ၃၄ ဒသမ ၂၅၄ တန်နဲ့ ကန်ဒေါ် လာ သုည ဒသမ ၀၁၉ သန်း တန်ဖိုးရှိ တဲ့ နို့ဆီ တန် ၂၀ ကျော်ကို ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်းမှာ အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် နို့စိမ်း ၁၄၆တန်နဲ့ နို့ဆီ ၁၆၂တန် အသွင်း လျော့နည်းခဲ့ပါတယ်။
နို့ဆီတန်ချိန်သုံးရာ့ရှစ်ဆယ်ကျော်ဝင်ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန် ၁ ရက်မှ ၇ ရက်တာကာလအတွင်း စင်ကာပူနိုင်ငံမှ ဒွန်းနို့ဆီ ၁၃၁ ဒသမ ၁၅ တန်နဲ့ အိုကေတံဆိပ်နို့ဆီ ၂၅၃ ဒသမ ၀၁ တန် စုစုပေါင်း ၃၈၄ ဒသမ ၁၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းခြောက်ေ သာင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ယခင်တစ်ပတ် နို့ဆီ တင်သွင်းမှုက တန်ချိန် ခုနစ်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးရာ့ကိုးဆယ်ကျော် လျော့နည်းပြီး ဝင်ခဲ့ပါတယ်။ နို့စိမ်းက ဒီတစ်ပတ်နဲ့ ဆိုရင် နှစ်ပတ်ဆက်တိုက် အဝင်ပျောက် ခဲ့ပါတယ်။
မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၆၉၈ သန်းတန်ဖိုးရှိ အချိုမှုန့် တန် ၆၈၀ ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလ အတွင်းမှာအသွင်းရှိခဲ့ပါတယ်။ မူဆယ်မှ ၆၁၁ တန်နဲ့ ချင်းရွှေဟော်မှ ၆၉ တန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်လက ချင်းရွှေဟော်မှ အသွင်းမရှိဘဲ မူဆယ် နယ်စပ်မှသာ ၂၃၉ တန်အသွင်းရှိခဲ့တာ ကြောင့် ယခုအပတ်မှ ၄၄၁ တန် တင် သွင်းမှုပိုမိုခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)
