Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၂၉၄ သန်းတန်ဖိုးရှိ အချိုမှုန့် ၂၅၇ တန်ကျော်ကို အောက်တို ဘာ ၂၄ ရက်မှ ၃၀ ရက်ထိကာလ အတွင်းမှာ အသွင်းရှိခဲ့ပါတယ်။ ယခင် အပတ်က တန် ၂၆၀ ခန့် အသွင်းရှိခဲ့ တဲ့အတွက် အချိုမှုန့်တင်သွင်းမှုပုံမှန်ရှိ နေတယ်လို့ ဆိုရပါမယ်။ မူဆယ်မှ ၁၅၇ တန်နဲ့ချင်းရွှေဟော်မှ တန် ၁၀၀ ကျော် တင်သွင်းခဲ့တာဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ၁ ကီလိုမြေပြင်ဈေးများ ကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်။
သီတင်းတစ်ပတ်ဖြစ်တဲ့ အောက် တိုဘာ ၂၁ ရက်မှ ၂၇ ရက်တာ ကာလ အတွင်း နို့ဆီ ၁၁၂ ဒသမ ၃၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်း တစ်သောင်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီ အဝင်က တန်ချိန် ခြောက်ရာကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီအဝင် လျော့ခဲ့ပါတယ်။ နို့စိမ်းက ဒီတစ်ပတ်မှာ အဝင်နားခဲ့တယ် လို့သိရပါတယ်။
လွန်ခဲ့သော မျိုးဆက်တစ်ဆက်က အမေရိ ကန်နိုင်ငံမှ သွင်းကုန်များ ဝင်ရောက်မလာစေရန် အတွက် မက္ကစီကိုနို င်ငံက နယ်စပ်တစ်လျှောက်ကို ကာကွယ်ထားခဲ့ရသည်။ အားလပ်ရက်ခရီးထွက် ကြလျှင် မက္ကစီကိုနိုင်ငံသား မိသားစုတို့သည် များ သောအားဖြင့် အမေရိကန်နိုင်ငံထဲမှ အနီးဆုံးဖြစ် သည့် တက္ကဆက်ပြည်နယ် သို့ မော်တော်ကားဖြင့် သွားကြသည်။ အပြန်တွင် အီလက်ထရွန်းနစ် ပစ္စည်း၊ အစားအေ သာက်၊ အဝတ်အထည်နှင့် လူသုံးပစ္စည်းအမျိုးမျိုးကို လျှို့ဝှက်စွာဖြင့် မှောင်ခို သယ်ဆောင်ခဲ့ကြသည်။ တံခါးပိတ်ထား ၏သည့် ပြည်တွင်းဈေးကွက်မှာတော့ ရွေးချယ်စရာ များ များမရှိပေ။ ဈေးကွက် ထဲမှာ ခေတ်လွန်ပုံဟောင်း ရုပ်မြင်သံကြားစက်၊ ဆီချေးနံ့နံသည့် မြေပဲထော ပတ်၊ မီးလောင်လွယ်သည့် ဂျာကင်အင်္ကျီတို့ကို သာ တွေ့နိုင်သည်။ ယခုတော့ နက်ဖ်တာခေါ် မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်မှု စာချုပ် (North American Free-Trade Agreement, NAFTA) ကျေးဇူးကြောင့် မက္ကစီ ကိုနိုင်ငံသည် ကမ္ဘာတွင် အကြီးဆုံးစာရင်းဝင် တံခါးဖွင့်ဈေးကွက်ကြီး ဖြစ်လာသည်။
နို့ဆီ၊ နို့စိမ်းသာမက နို့မှုန့်ပါ အဝင်ပိုအောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက် တာ ကာလအတွင်းမှာ နို့ဆီ ၆၀၄ ဒသမ ၅၈ တန်၊ နို့စိမ်း ၂၇၄ ဒသမ ၁၇၆ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ် မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ် နို့ဆီအဝင်ပျောက်ခဲ့ ပေမယ့် ဒီတစ်ပတ်မှာတော့ ဝင်အား ကောင်းကောင်းနဲ့ ဝင်လာတာ တွေ့ရ ပါတယ်။
မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးနယ် စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၈၁ သန်းတန်ဖိုးရှိ ဂျုံစေ့ ၃၀၇ တန်ကို အောက်တိုဘာလ ၁၀ ရက်မှ ၁၆ ရက် ထိကာလအတွင်းမှာ အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ်က မူဆယ်နဲ့ တမူး နယ်စပ်စခန်းများမှ တန် ၅၀၀ ဝန်းကျင် အသွင်းရှိခဲ့ပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ အောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ ကန်ဒေါ် လာ သုည ဒသမ ၃၀၂ သန်း တန်ဖိုးရှိ အချိုမှုန့် တန် ၃၀၀ ဝန်းကျင် အသွင်း ရှိခဲ့ပါတယ်။ယခင်အပတ်ကထက် ၁၇၅ တန် အသွင်းပိုမိုခဲ့ပါတယ်။ ယခုအပတ် မှာ ချင်းရွှေဟော်မှအသွင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ MIRT(DOBT)
မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၇ သန်းတန်ဖိုးရှိ နို့စိမ်း ၃၇ တန်ခန့်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ Falcon တံဆိပ် Non Dairy Creamer များကို အောက်တိုဘာ ၁၀ ရက်မှ ၁၆ ရက် အတွင်းမှာ အသွင်းရှိခဲ့ပါတယ်။MIRT (DOBT)
သီတင်းတစ်ပတ်ဖြစ်တဲ့ အောက် တိုဘာ ၇ ရက်မှ ၁၃ ရက်တာ ကာလ အတွင်းမှာ နို့ဆီက အဝင်ပျောက်ခဲ့ပါ တယ်။ နို့စိမ်းက ဒွန်းတံဆိပ်နို့စိမ်း ၄၂၄ တန်နဲ့ အခြားတံဆိပ်နို့စိမ်း ၃၈၂ တန် တင်သွင်းခဲ့ပါတယ်။ စုစုပေါင်း တင် သွင်းခဲ့တဲ့ တန်ချိန်က ၈၀၆တန်ဖြစ်ခဲ့ပြီး တန်ဖိုးက ကန်ဒေါ်လာခုနစ်သိန်းကျော် ဖိုး ဖြစ်ပါတယ်။ နို့မှုန့်က ဂျပန်နိုင်ငံမှ တင်သွင်းခဲ့တာဖြစ်ပြီး ၁၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ လေးသောင်းကျော်ဖိုးဖြစ် ပါတယ်။ MIRT (DOT)
၂၀၁၂ ခုနှစ် ဇွန်လလယ်ကစပြီး နယ်စပ်စခန်းများမှ ဂျုံစေ့တင်သွင်းခွင့် ပြုထားပြီးနောက် တမူးနယ်စပ်မှသာ ဂျုံစေ့များအသွင်းရှိနေရာမှ ယခုအပတ် မှာ မူဆယ်နယ်စပ်မှလည်း ဂျုံစေ့တင် သွင်းလာတာ ဖြစ်ပါတယ်။ ယခုအပတ် မှာ တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၃ သန်းတန်ဖိုးရှိ ဂျုံစေ့ ၄၆၁ တန်ခန့်နဲ့ မူဆယ်နယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၀၁၁ သန်းတန်ဖိုးရှိ ဂျုံစေ့ တန် ၄၀ ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာ အသွင်းရှိခဲ့တာဖြစ်ပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၆ သန်းတန်ဖိုးရှိ အချိုမှုန့် ၁၂၅ တန် ကျော်ကို အောက်တိုဘာ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ် တင်သွင်းမှုထက် တန် ၁၀၀ အသွင်း ပိုမိုခဲ့ပါတယ်။ မိမိဘက် မြေပြင်ဈေးဟာ တစ်ကီလိုကို ၁၃၅၀ ကျပ်ဖြစ်ပြီး တစ်ဖက်နိုင်ငံ မြေပြင်ဈေး က ၉ ဒသမ ၉၄ ယွမ်ဖြစ်ပါတယ်။ MIRT (DOBT)