Background
၂၀၁၂ ခုနှစ် ဇွန်လလယ်ကစပြီး နယ်စပ်စခန်းများမှ ဂျုံစေ့တင်သွင်းခွင့် ပြုထားပြီးနောက် တမူးနယ်စပ်မှသာ ဂျုံစေ့များအသွင်းရှိနေရာမှ ယခုအပတ် မှာ မူဆယ်နယ်စပ်မှလည်း ဂျုံစေ့တင် သွင်းလာတာ ဖြစ်ပါတယ်။ ယခုအပတ် မှာ တမူးနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၃ သန်းတန်ဖိုးရှိ ဂျုံစေ့ ၄၆၁ တန်ခန့်နဲ့ မူဆယ်နယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၀၁၁ သန်းတန်ဖိုးရှိ ဂျုံစေ့ တန် ၄၀ ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာ အသွင်းရှိခဲ့တာဖြစ်ပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၆ သန်းတန်ဖိုးရှိ အချိုမှုန့် ၁၂၅ တန် ကျော်ကို အောက်တိုဘာ ၃ ရက်မှ ၉ ရက်ထိကာလအတွင်းမှာ အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ် တင်သွင်းမှုထက် တန် ၁၀၀ အသွင်း ပိုမိုခဲ့ပါတယ်။ မိမိဘက် မြေပြင်ဈေးဟာ တစ်ကီလိုကို ၁၃၅၀ ကျပ်ဖြစ်ပြီး တစ်ဖက်နိုင်ငံ မြေပြင်ဈေး က ၉ ဒသမ ၉၄ ယွမ်ဖြစ်ပါတယ်။ MIRT (DOBT)
စက်တင်ဘာ ၃၀ ရက်မှ အောက်တိ ုဘာ ၆ ရက်တာကာလအတွင်း နို့ဆီ ၂၇၅တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းနို့ ဆီတစ်မျိုးသာ အဝင်ရှိခဲ့တယ်လို့ သိရ ပါတယ်။ နို့စိမ်းက ဒီတစ်ပတ်မှာ အဝင် နားခဲ့ပါတယ်။ နု့ိမှုန့်က မလေးရှားနိုင်ငံမှ ၆ ဒသမ ၁၁၅ တန်နဲ့ နယူးဇီလန်မှ ၁၄ တန် မှာယူတင်သွင်းခဲ့ပါတယ်။ MIRT (DOT)
စက်တင်ဘာ ၂၆ ရက်မှ အောက်တို ဘာ ၂ ရက်ထိ ကာလအတွင်းမှာ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးမှ ကန် ဒေါ်လာ သုည ဒသမ ၁၀၄ သန်းတန် ဖိုးရှိ ဂျုံစေ့ ၃၉၆ တန်ကျော် အသွင်း ရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်း တမူးနယ် စပ်မှ ဂျုံစေ့ ၇၈၀ တန် တင်သွင်းခဲ့ပြီး စတင်တင်သွင်းခွင့် ပြုခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လလယ်မှ ယခု စက်တင်ဘာလ ကုန်ထိ တမူးနယ်စပ်မှ ဂျုံစေ့ ၄၉၈၂ တန်ကျော်တင်သွင်းထားပြီးဖြစ်ပါတယ်။ တမူးနယ်စပ်မှာ အပတ်စဉ် ဂျုံစေ့တင် သွင်းတဲ့ ကုမ္ပဏီ ခြောက်ခုခန့်ရှိပြီး ကုမ္ပဏီတစ်ခုလျှင် ပျမ်းမျှခြင်းအားဖြင့် အများဆုံး တန် ၁၅၀ ကျော်နဲ့ အနည်း ဆုံး ၇ တန် ကျော်ဝန်းကျင် အသွင်းရှိ ခဲ့ကြပါတယ်။IRT (DOBT)
ဒွန်း၊ မာရီဂိုး နို့ဆီအဝင်များသလို နို့စိမ်းလည်းဝင်စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်တာ ကာလအတွင်း ဒွန်းနို့ဆီ ၂၆၂ ဒသမ ၃၀ တန်၊ မာရီဂိုးနို့ဆီ ၁၃၁ ဒသမ ၁၅ တန်နဲ့ အခြားတံဆိပ်နို့ဆီ ၅၁၂ ဒသမ ၈၀ တန်ကိုတင်သွင်းခဲ့သလို နို့စိမ်း ၄၂၄ ဒသမ ၅၉၂ တန်ကိုလည်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်း ခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ နို့ဆီနို့စိမ်း စုစုပေါင်း တန်ချိန်က ၁၂၃၀ ဒသမ ၈၄၂ တန်၊ တန်ဖိုးအားဖြင့် ၁၂ သိန်းကျော်ဖိုးဖြစ်ပါတယ်။နို့မှုန့်က စင်ကာပူနိုင်ငံမှ ၈၆ ဒသမ ၃၆ တန်၊ အီရန်နိုင်ငံမှ ၇ ဒသမ ၅၉၉ တန်နဲ့ ဖိလစ်ပိုင်နိုင်ငံမှ ၁ ဒသမ ၅၁၂ တန်တို့ကိုတင်သွင်းခဲ့ပါတယ်။MIRT (DOT)
ယခင်အပတ်က ချင်းရွှေဟော်နယ် စပ်တစ်ခုတည်းမှ အချိုမှုန့် ၁၅ တန် အသွင်းရှိခဲ့သော်လည်း စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၁၉၁ သန်း တန်ဖိုးရှိ အချိုမှုန့် ၁၂၆ တန်ကို မူဆယ် နဲ့ ၆၅ တန်ကို ချင်းရွှေဟော်မှ အသွင်း ရှိခဲ့ပါတယ်။ မူဆယ်မှာ အချိုမှုန့် ၁ ကီလိုပေါက်ဈေး ၁၄၅၀ ကျပ်ဖြစ်ပြီး ချင်းရွှေဟော်မှာ ၈၄၀ ကျပ် ပေါက် ပါတယ်။ MIRT (DOBT)
ဒီတစ်ပတ်နို့ဆီနဲ့ နို့မှုန့်သာအဝင်ရှိခဲ့ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှနေ၍ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်တာကာလအတွင်း နို့ဆီ ၃၀၉ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ သုံးသိန်းကျော်ဖိုးကို တင်သွင်း ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိုကေနို့ဆီ က ၂၀၆ တန်နဲ့ အခြားတံဆိပ်က ၁၀၃ တန် တင်သွင်းလာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ နို့စိမ်းက အဝင်မ ရှိခဲ့တာ တွေ့ရပါတယ်။
ရေကြောင်းလမ်းမှ ဒွန်း၊ မာရီဂိုးနဲ့ အိုကေနို့ဆီ နို့စိမ်းများဝင်သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှ ၈ ရက်တာကာလအတွင်း နို့ဆီ ၇၁၄ ဒသမ ၀၄၂ တန်နဲ့ နို့စိမ်း ၂၃၇ ဒသမ ၆၁၉ တန်၊ စုစုပေါင်း ၉၅၁ ဒသမ ၆၆၁ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၁၀သိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ နို့ဆီတွေက အိုကေနို့ဆီ ၂၀၆ ဒသမ ၄၀ တန်၊ မာရီဂိုးနို့ဆီ ၁၃၁ ဒသမ ၁၅ တန်နဲ့ ဒွန်းနို့ဆီ ၃၇၆ ဒသမ ၄၉၂ တန်၊ နို့စိမ်းက ဒီတစ်ပတ်မှာ ဒွန်းနို့ စိမ်း ၂၃၇ ဒသမ ၆၁၉ တန် မှာယူတင် သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီ တင်းပတ်မှာ နို့ဆီနဲ့ နို့စိမ်းကို ၁၀ တန် ကျော်သာ တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီ နို့စိမ်း အဝင်ပိုခဲ့ တယ်လို့ ဆိုရပါမယ်။
ဖြေလျော့တင်သွင်းခွင့် ပြုထားတဲ့ စား သောက်ကုန်များအနက် နယ်စပ်မှ အများ ဆုံးတင်သွင်းတဲ့ စားသောက်ကုန်ကတော့ အချိုမှုန့်ပဲ ဖြစ်ပါတယ်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်မှ ပုံမှန် တင်သွင်းခဲ့ရာ သြဂုတ် ၂၉ ရက်မှ စက် တင်ဘာ ၄ ရက်ထိကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ်မှလည်း တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခု အပတ်မှာ နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၄၉ သန်းတန်ဖိုးရှိ အချိုမှုန့် ၁၄၃ တန်ကျော်တင်သွင်းခဲ့ရာ ယခင်အပတ်က ထက် ၇၄ တန်ကျော် ပိုမိုတင်သွင်းခဲ့ပါ တယ်။ နယ်စပ်အလိုက် တင်သွင်းမှုများမှာ ချင်းရွှေဟော်မှ တန် ၈၀၊ မူဆယ်မှ ၃၈ တန်ကျော်နဲ့ မြဝတီမှ ၂၅ တန် အသီး သီးဖြစ်ပါတယ်။ MIRT(DOBT)
ဒီသီတင်းတစ်ပတ်မှာတော့ နို့ဆီ ၁၄ ဒသမ ၄၀ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာသုံးသိန်းကျော်ဖိုးနဲ့ ဒွန်းနို့စိမ်း ၁၂ ဒသမ ၃၇၆ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ နှစ်သိန်းခြောက်သောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်း မှ မှာယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
