Background
သြဂုတ် ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ် ရှိ ကော့သောင်းနယ်စပ်စခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန် ဖိုးရှိ နို့စိမ်း ၅၆ တန်ခန့် အသွင်းရှိခဲ့ ပါတယ်။ ယခင်အပတ်အတိုင်း တင် သွင်းခဲ့ပြီး ယခုအပတ်မှာ ကော့သောင်း မှ နို့ဆီအသွင်းမရှိသလို မူဆယ်နယ်စပ် မှလည်း နို့မှုန့်အသွင်းမရှိခဲ့ပါဘူး။ သြ ဂုတ်လမှာ နယ်စပ်မှ နို့စိမ်း ၃၈၅ တန် ခန့် တင်သွင်းနိုင်ခဲ့ပြီး ဇူလိုင်လနဲ့နှိုင်း ယှဉ်ပါက ၁၁၁ တန်ကျော် လျော့နည်း တင်သွင်းခဲ့ပါတယ်။ လအလိုက် တင် သွင်းမှုတွေကို ဖော်ပြပေးလိုက်ရပါ တယ်-
ဒွန်းနဲ့အိုကေနို့ဆီခြောက်ရာကျော်ဝင်ဒီသီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နို့ဆီ ၆၄၁ ဒသမ ၆၇၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းရှစ်သောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ အိုကေနို့ဆီ ၈၉ ဒသမ ၈၅၆ တန်နဲ့ ဒွန်းနို့ဆီ ၅၅၁ ဒသမ ၈၁၅ တန်ကို မှာယူတင်သွင်းတာ တွေ့ရပါတယ်။
ယခုတစ်ပတ်အတွင်းတွင် ပြင်ပငွေလဲဈေးကွက်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ဈေးနှုန်းနှင့် တရားဝင်ငွေလဲစင်တာများရှိ ဈေးနှုန်းများတွင် ရောင်းဈေးမှာ ကွာဟလျက်ရှိကြောင်းသိရ သည်။ ပြင်ပငွေဈေးကွက် တွင် စင်တာများထက် ရောင်းဈေးမှာ ၁၀ ကျပ်ခန့်လျော့နည်း၍ ရောင်းချသော် လည်း ငွေလဲစင်တာများတွင်သာ ဝယ်ယူသူများပြားလျက်ရှိကြောင်း သိရသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၃၂၈ သန်းတန်ဖိုးရှိ အချိုမှုန့်များကို မူဆယ်မှ ၂၃၄ တန်နဲ့ ချင်းရွှေဟော်မှ ၉၂ တန်ခွဲ သြဂုတ် ၈ ရက်မှ ၁၄ ရက် ထိ ကာလအတွင်းမှာ အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ်ကထက် မူဆယ်မှ ၃၄ တန်နဲ့ ချင်းရွှေဟော်မှ ၈၃ တန် ကျော် အသွင်းပိုခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)
ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ သြဂုတ် ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း နို့ဆီ တန် ချိန် ၄၃၂ ဒသမ ၇၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးသိန်းခုနစ်သောင်း ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ် ပတ်မှာ ဒွန်းနို့ဆီက ၂၆၂ ဒသမ ၃၀ တန်နဲ့ အိုကေနို့ဆီက ၂၀၆ ဒသမ ၄၀ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါ တယ်။
ယခုတစ်ပတ်အတွင်းတွင် ပြင်ပငွေလဲဈေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသည့် ငွေလဲနှုန်းများနှင့် ပုဂ္ဂလိကဘဏ်များ ၏ ငွေလဲစင်တာများရှိငွေလဲနှုန်းများတွင် ဝယ်ဈေးထက် ရောင်းဈေးတွင် အနည်းငယ်ကွာဟလျက်ရှိကြောင်း သိရသည်။သိမ်ဖြူ ငွေလဲစင်တာတွင် အမေရိကန်တစ်ဒေါ်လာလျင် ရောင်းဈေး ၈၇၆ ကျပ်၊ ဝယ်ဈေး ၈၆၇ ကျပ်ဖြင့် ရောင်းဝယ်နေချိန်တွင် ပြင်ပငွေလဲဈေးကွက်၌ ရောင်းဈေး ၈၆၇ ကျပ်၊ ဝယ်ဈေး ၈၆၅ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
မြန်မာ-ထိုင်းနယ်စပ်ရှိကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၁ သန်း တန်ဖိုးရှိ နို့စိမ်း ၅၁ ဒသမ ၇၄၄ တန်ကို သြဂုတ် ၁ ရက်မှ ၇ ရက် အတွင်းမှာ အသွင်းရှိခဲ့သော်လည်း နို့ဆီ တော့ ယခုအပတ်မှာ အသွင်းမရှိခဲ့ပါဘူး။ ကော့သောင်းနယ်စပ် နို့စိမ်းပေါက်ဈေး ကတော့ ၁ တာကို ၂၇၈၄၀ ကျပ်၊ တစ်ဖက်နယ်စပ်ဈေး ဘတ် ၆၂၀ (ဒေါ် လာ ၂၀ ကျော် ခန့်) ဖြစ်ပါတယ်။ မူ ဆယ်နယ်စပ်မှ ယခုအပတ်မှာ ကန် ဒေါ်လာ သုည ဒသမ ၀၃၅ သန်း တန် ဖိုးရှိ နို့မှုန့် ၁၂ တန်ကျော် အသွင်းရှိခဲ့ ပါတယ်။ မူဆယ်နယ်စပ်မှာ နို့မှုန့်တစ် တန်ကို ၄၁၆၄ ဒေါ်လာဝန်းကျင် ဈေး ပေါက်လျက်ရှိပါတယ်။ MIRT(DOBT)
ဖြေလျော့ တင်သွင်းခွင့်ပြုထားတဲ့ စားသောက်ကုန် ငါးမျိုးအနက် အများ ဆုံးတင်သွင်းနေတဲ့ စားသောက်ကုန်က တော့ အချိုမှုန့်ဖြစ်ပြီး တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများက တင်သွင်းနေတာ ဖြစ်ပါ တယ်။ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်းမှာ မူဆယ်မှ ၆၅၇ တန် ကျော်နဲ့ ချင်းရွှေဟော်မှ ၁၀ တန် တန် ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၆၆၄ သန်းဖိုး တင်သွင်းခဲ့တာ ဖြစ်ပါ တယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် ၂၁၆ တန် အသွင်းပိုခဲ့ပါတယ်။ ဇူလိုင်လ တစ်လလုံးမှာ အချိုမှုန့် တန် ၂၀၈၀ ကျော်ကို တရုတ်နယ်စပ်စခန်းများမှ တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။ ဧပြီလမှ ဇူလိုင်လကုန်ထိ အချိုမှုန့်တင်သွင်းထား မှုကတော့ ၄၁၄၈ တန်ကျော်ရှိပြီး ဇူလိုင် လတင်သွင်းမှုက ပမာဏအများဆုံးဖြစ် ပါတယ်။ MIRT(DOBT)
ဒီသီတင်းပတ်ဖြစ်တဲ့ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း နို့ဆီ ၇၅၅ ဒသမ ၃၇၆ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ရှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။
ယခုတစ်ပတ်အတွင်းတွင် အမေ ရိကန်ဒေါ်လာလဲလှယ်နှုန်းတည်ငြိမ်နေ သော်လည်း ကမ္ဘာ့ရွှေဈေးနှုန်းသည် အကျဘက်သို့ ဦးတည်ခဲ့သဖြင့် မြန်မာ့ ရွှေဈေးနှုန်းလည်း အနည်းငယ်ပြန်ကျ လာခဲ့သည်။