Main menu

Background

Friday, 28 Sep 2012

ရေကြောင်းလမ်းမှ ဒွန်း၊ မာရီဂိုးနဲ့ အိုကေနို့ဆီ နို့စိမ်းများဝင်သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှ ၈ ရက်တာကာလအတွင်း နို့ဆီ ၇၁၄ ဒသမ ၀၄၂ တန်နဲ့ နို့စိမ်း ၂၃၇ ဒသမ ၆၁၉ တန်၊ စုစုပေါင်း ၉၅၁ ဒသမ ၆၆၁ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၁၀သိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်း  ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ နို့ဆီတွေက အိုကေနို့ဆီ ၂၀၆ ဒသမ ၄၀ တန်၊ မာရီဂိုးနို့ဆီ ၁၃၁ ဒသမ ၁၅ တန်နဲ့ ဒွန်းနို့ဆီ ၃၇၆ ဒသမ ၄၉၂ တန်၊ နို့စိမ်းက ဒီတစ်ပတ်မှာ ဒွန်းနို့ စိမ်း ၂၃၇ ဒသမ ၆၁၉ တန် မှာယူတင် သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီ တင်းပတ်မှာ နို့ဆီနဲ့ နို့စိမ်းကို ၁၀ တန် ကျော်သာ   တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီ နို့စိမ်း အဝင်ပိုခဲ့ တယ်လို့ ဆိုရပါမယ်။

Sunday, 9 Sep 2012

ဖြေလျော့တင်သွင်းခွင့် ပြုထားတဲ့ စား သောက်ကုန်များအနက် နယ်စပ်မှ အများ ဆုံးတင်သွင်းတဲ့ စားသောက်ကုန်ကတော့ အချိုမှုန့်ပဲ ဖြစ်ပါတယ်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်မှ ပုံမှန် တင်သွင်းခဲ့ရာ သြဂုတ် ၂၉ ရက်မှ စက် တင်ဘာ ၄ ရက်ထိကာလအတွင်း မြန်မာ-ထိုင်း နယ်စပ်ရှိ  မြဝတီနယ်စပ်မှလည်း တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခု အပတ်မှာ နယ်စပ်မှ  ကန်ဒေါ်လာ သုည ဒသမ ၁၄၉ သန်းတန်ဖိုးရှိ အချိုမှုန့် ၁၄၃ တန်ကျော်တင်သွင်းခဲ့ရာ ယခင်အပတ်က ထက် ၇၄ တန်ကျော် ပိုမိုတင်သွင်းခဲ့ပါ တယ်။ နယ်စပ်အလိုက် တင်သွင်းမှုများမှာ  ချင်းရွှေဟော်မှ တန် ၈၀၊ မူဆယ်မှ ၃၈ တန်ကျော်နဲ့ မြဝတီမှ ၂၅ တန် အသီး သီးဖြစ်ပါတယ်။                       MIRT(DOBT)

Sunday, 9 Sep 2012

ဒီသီတင်းတစ်ပတ်မှာတော့ နို့ဆီ ၁၄ ဒသမ ၄၀ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာသုံးသိန်းကျော်ဖိုးနဲ့ ဒွန်းနို့စိမ်း ၁၂ ဒသမ ၃၇၆ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ  နှစ်သိန်းခြောက်သောင်းကျော်ဖိုး ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်း မှ မှာယူတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

Monday, 3 Sep 2012

ဒီသီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်တာ  ကာလအတွင်း နို့ဆီ/နို့စိမ်းက  အဝင်နားခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခြောက်ရာ ကျော်အဝင်ရှိခဲ့တဲ့ နို့ဆီက ဒီတစ်ပတ်မှာ အဝင်မရှိခဲ့ပါဘူး။ နို့စိမ်းက သြဂုတ်လ ဆန်းမှစပြီး ဒီတစ်ပတ်ထိ အဝင်မရှိခဲ့ တာတွေ့ရပါတယ်။ဒီတစ်ပတ်မှာ မလိုင် အပြည့်ပါတဲ့ နို့ကိုသာတင်သွင်း ခဲ့တာ တွေ့ရပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံပဲ ဖြစ်ပါတယ်။

Monday, 3 Sep 2012

သြဂုတ် ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ် ရှိ ကော့သောင်းနယ်စပ်စခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၀၅၅ သန်းတန် ဖိုးရှိ နို့စိမ်း ၅၆ တန်ခန့် အသွင်းရှိခဲ့ ပါတယ်။ ယခင်အပတ်အတိုင်း တင် သွင်းခဲ့ပြီး ယခုအပတ်မှာ ကော့သောင်း မှ နို့ဆီအသွင်းမရှိသလို မူဆယ်နယ်စပ် မှလည်း နို့မှုန့်အသွင်းမရှိခဲ့ပါဘူး။ သြ ဂုတ်လမှာ နယ်စပ်မှ နို့စိမ်း ၃၈၅ တန် ခန့် တင်သွင်းနိုင်ခဲ့ပြီး ဇူလိုင်လနဲ့နှိုင်း ယှဉ်ပါက ၁၁၁ တန်ကျော် လျော့နည်း တင်သွင်းခဲ့ပါတယ်။ လအလိုက် တင် သွင်းမှုတွေကို  ဖော်ပြပေးလိုက်ရပါ တယ်-

Friday, 31 Aug 2012

ဒွန်းနဲ့အိုကေနို့ဆီခြောက်ရာကျော်ဝင်ဒီသီတင်းပတ်ဖြစ်တဲ့ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း နို့ဆီ ၆၄၁ ဒသမ ၆၇၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းရှစ်သောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့  အိုကေနို့ဆီ ၈၉ ဒသမ ၈၅၆ တန်နဲ့ ဒွန်းနို့ဆီ ၅၅၁ ဒသမ ၈၁၅ တန်ကို မှာယူတင်သွင်းတာ တွေ့ရပါတယ်။

Friday, 31 Aug 2012

ယခုတစ်ပတ်အတွင်းတွင် ပြင်ပငွေလဲဈေးကွက်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ဈေးနှုန်းနှင့် တရားဝင်ငွေလဲစင်တာများရှိ ဈေးနှုန်းများတွင် ရောင်းဈေးမှာ ကွာဟလျက်ရှိကြောင်းသိရ သည်။ ပြင်ပငွေဈေးကွက် တွင် စင်တာများထက် ရောင်းဈေးမှာ ၁၀ ကျပ်ခန့်လျော့နည်း၍ ရောင်းချသော် လည်း ငွေလဲစင်တာများတွင်သာ ဝယ်ယူသူများပြားလျက်ရှိကြောင်း သိရသည်။

Wednesday, 29 Aug 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်  နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၃၂၈ သန်းတန်ဖိုးရှိ  အချိုမှုန့်များကို မူဆယ်မှ ၂၃၄ တန်နဲ့ ချင်းရွှေဟော်မှ ၉၂ တန်ခွဲ သြဂုတ် ၈ ရက်မှ ၁၄ ရက် ထိ  ကာလအတွင်းမှာ အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ်ကထက် မူဆယ်မှ ၃၄ တန်နဲ့ ချင်းရွှေဟော်မှ ၈၃ တန် ကျော် အသွင်းပိုခဲ့တာ ဖြစ်ပါတယ်။MIRT(DOBT)

Wednesday, 29 Aug 2012

ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ သြဂုတ် ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း နို့ဆီ တန် ချိန် ၄၃၂ ဒသမ ၇၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ  လေးသိန်းခုနစ်သောင်း ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ် ပတ်မှာ ဒွန်းနို့ဆီက ၂၆၂ ဒသမ ၃၀ တန်နဲ့ အိုကေနို့ဆီက ၂၀၆ ဒသမ ၄၀ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါ တယ်။

Wednesday, 29 Aug 2012

ယခုတစ်ပတ်အတွင်းတွင် ပြင်ပငွေလဲဈေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသည့် ငွေလဲနှုန်းများနှင့် ပုဂ္ဂလိကဘဏ်များ ၏ ငွေလဲစင်တာများရှိငွေလဲနှုန်းများတွင် ဝယ်ဈေးထက် ရောင်းဈေးတွင် အနည်းငယ်ကွာဟလျက်ရှိကြောင်း သိရသည်။သိမ်ဖြူ ငွေလဲစင်တာတွင် အမေရိကန်တစ်ဒေါ်လာလျင် ရောင်းဈေး ၈၇၆ ကျပ်၊ ဝယ်ဈေး ၈၆၇ ကျပ်ဖြင့် ရောင်းဝယ်နေချိန်တွင် ပြင်ပငွေလဲဈေးကွက်၌ ရောင်းဈေး ၈၆၇ ကျပ်၊ ဝယ်ဈေး ၈၆၅ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

Pages