Main menu

Background

Sunday, 24 Jun 2012

အိုကေနို့ဆီနဲ့ ဒွန်းနို့စိမ်းဝင်    မေ ၂၇ ရက်မှ ဇွန် ၂ ရက်တာ ကာလအတွင်း နို့ဆီ ၂၅၂ ဒသမ ၈၄ တန်နဲ့ နို့စိမ်း ၁၈၂ ဒသမ ၇၀၇ တန် တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင် သွင်းခဲ့တဲ့ နို့ဆီနဲ့ နို့စိမ်းမှာ တရုတ်နိုင်ငံမှ အိုကေနို့ဆီနဲ့ စင်ကာပူနိုင်ငံမှ ဒွန်း တံဆိပ်နို့စိမ်းတို့ပဲဖြစ်ပါတယ်။ ယခင် သီတင်းပတ်တန်ချိန် တစ်ရာ့ခုနှစ်ဆယ် ကျော်သာ တင်သွင်းခဲ့တဲ့နို့ဆီက ဒီတစ် ပတ်မှာ တန်ခုနစ်ဆယ်ကျော် အဝင် ပိုခဲ့ပြီး ယခင်တစ်ပတ် အဝင်ပျောက်ခဲ့ တဲ့ နု့ိစိမ်းက ဒီတစ်ပတ်မှသာ ပြန်လည် တင်သွင်းလာခြင်းဖြစ်ပါတယ်။

Thursday, 7 Jun 2012

       ၂၀၁၂ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနှစ် အထိမ်းအမှတ်ဈေးရောင်းပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ မုံရွာမြို့ ဇေယျာရွှေမြေအားကစားကွင်းမှာ ၂၀၁၂ ခုနှစ် ဇွန် ၃ ရက်မှ ၇ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ည ၉ နာရီအထိ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

Thursday, 7 Jun 2012

          အချိုမှုန့်ကို တရားဝင်တင်သွင်းခွင့်ပြုလိုက်သည့်အချိန်မှစပြီး အချိုမှုန့် များမှာ ဈေးနှုန်း အဆမတန် ကျဆင်းလာပြီး အချိုမှုန့်အစားထိုး ဟင်း ခတ်မှုန့်များလည်း ပြည်တွင်းရော ပြည်ပပါ အမျိုးအစားစုံလင်စွာနဲ့  ဈေး ကွက်အတွင်း အများအပြား၀ င်နေကြောင်း သိရပါတယ်။

Thursday, 7 Jun 2012

        ကျောက်စိမ်း ဈေးကွက်အတွင်း ပစ္စည်းရှားနေပြီး   အရောင်းအဝယ် လည်း ပါးနေကြောင်း သိရပါတယ်။ ကျောက်မျက်ရတနာဆပ်ကော်မတီ တွဲဖက်အတွင်းရေးမှူး  ဦးတင်ဝင်းက "ဈေးကွက်ပါးပြီး  အရောင်းအဝယ် မဖြစ်ဘူး။ ကုန်ကြမ်းလည်း  ရှားနေ တယ်။ ဝယ်တဲ့ကုန်သည်က ပြည်တွင်း ရော တရုတ်နိုင်ငံက ကုန်သည်တွေပါ ဝယ်ကြတာ။ လုပ်ငန်းေ တွ အေးနေ တော့  ဝယ်တဲ့သူလည်း ပါးတာပေါ့။ ပစ္စည်းရှားတဲ့အတွက် ပစ္စည်းကောင်း ကိုင်ထားတဲ့သူ က ဈေးခေါ်ရောင်းလို့ရ မယ်"လို့ ပြောပါတယ်။

Thursday, 7 Jun 2012

မူဆယ်မှ အချိုမှုန့် အသွင်းလျော့ဖြေလျော့တင်သွင်းခွင့်ပြုပေးထားတဲ့ စားသောက်ကုန် ၅ မျိုးထဲမှ တစ်မျိုး ဖြစ်တဲ့ အချိုမှုန့် ၃၇၃ ဒသမ ၂၇ တန် ကို မေ ၂၃ ရက်မှ ၂၉ ရက်ထိကာလ အတွင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှ တင်သွင်းခဲ့ရာ  ယခင်အပတ် နဲ့နှိုင်းယှဉ်ပါက ၆၉ တန်ခန့် တင်သွင်း မှုလျော့နည်းခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှာတော့ ၉၁ တန်တင်သွင်းခဲ့ရာ ယခင်အပတ်ကထက် ၃၁ တန် တင် သွင်းမှုပိုမိုခဲ့ပါတယ်။ ယခုအပတ် တရုတ် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၆ သန်းတန်ဖိုးရှိ အချိုမှုန့် ၄၆၄ တန် ကျော်တင်သွင်းနိုင်ခဲ့ပြီး မေလမှာ၂၂၉၁ တန်ကျော် တင်သွင်းထားပြီးဖြစ်တယ် လို့ သိရပါတယ်။   MIRT(DOBT)

Monday, 28 May 2012

        ၂၀၁၂ ခုနှစ် မေလအတွင်း တရုတ် နယ်စပ်ရှိ မူဆယ်မှ ဖြေလျော့တင်သွင်း ခွင့်ပြုထားတဲ့ စားသောက်ကုန်အမယ် ငါးမျိုးအနက် အချိုမှုန့် တစ်မျိုးတည်း သာတင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ် မှ မေ ၁၆ ရက်မှ ၂၂ ရက်အထိ အချို မှုန့် တင်သွင်းခဲ့မှုမှာ  ၄၄၂ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၄၂၀၀၀ဖြစ်ပါတယ်။ အချိုမှုန့်ဈေးနှုန်း အနေဖြင့် တစ်ဖက်နိုင်ငံဘက် ပေါက် ဈေးမှာ တစ်ကီလိုကို ၈ ဒသမ ၃၅ ယွမ်ဖြစ်ပြီး မိမိနိုင်ငံဘက်ပေါက်ဈေး  မှာ တစ်ကီလိုလျှင် ကျပ် ၁၃၆၀ ဈေး ရှိတယ်လို့ သိရှိရပါတယ်။ အများဆုံး တင်သွင်းတဲ့ Brand  ကတော့ Fufend  ဖြစ်ပြီး 25 KG/Bag  ဖြင့် တင်သွင်းခဲ့ ကြောင်း သိရပါတယ်။Source: နကသ (မူဆယ်) ခင်ရှုကြည်၊ မူဆယ်

Monday, 28 May 2012

နို့ဆီ/နို့စိမ်း အဝင်ပိုခဲ့သီတင်းတစ်ပတ်ဖြစ်တဲ့ မေ ၁၃ ရက် မှ ၁၉ ရက်တာကာလအတွင်း နို့ဆီ နို့ဆီ ၄၇၃ ဒသမ ၈၄ တန်နဲ့ နို့စိမ်း ၂၉၂ ဒသမ ၄၅ တန် မှာယူတင်သွင်းခဲ့ ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ နို့ဆီမှာ မာရီဂိုးနို့ဆီ ၁၁၄ ဒသမ ၁၉ တန်၊ အိုကေနို့ဆီ ၂၀၂ ဒသမ ၂၇ တန်နဲ့ ဒွန်းနို့ဆီ ၁၅၇ ဒသမ ၃၈ တန် ဖြစ်ပြီး နို့စိမ်းက ဒွန်းဖြစ်ကာ တန်ချိန်က ၂၉၂ ဒသမ ၄၅တန်ဖြစ်ပါတယ်။ ယခင် သီတင်းပတ်နို့ဆီတင်သွင်းမှုက တန် ချိန်နှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန် နှစ်ရာကျော် အဝင်ပိုခဲ့ ပြီး နို့စိမ်းက တန် ကိုးဆယ်ကျော် အဝင် ပိုခဲ့ပါတယ်။

Monday, 21 May 2012

            မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၇၈ သန်းတန်ဖိုး ရှိ အချိုမှုန့် ၉၀၁ တန်ကျော်ကို မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် ၄၇၇ တန် ပိုမိုတင်သွင်းထားတာ တွေ့ရပါတယ်။     MIRT(DOBT)

Monday, 21 May 2012

တစ်ပတ်အတွင်း ဒေါ်လာ ခြောက်သိန်းဖိုးနီးပါး တင်သွင်းဒုတိယပတ်ဖြစ်တဲ့ မေ ၆ ရက်မှ ၁၂ ရက်တာ ကာလအတွင်း နို့ဆီ ၂၄၃ ဒသမ ၁၉ တန်နဲ့ နို့စိမ်း ၂၀၄ ဒသမ ၃၈ တန်၊ စုစုပေါင်း ၄၄၇ ဒသမ ၅၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းနီးပါးဖိုးကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာတော့ နို့ဆီရော နို့စိမ်းပါ အဝင်ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်နို့ဆီအဝင်ပျောက်ခဲ့ပြီး ဒီတစ်ပတ် မှသာ ပြန်လည်ဝင်ရောက် လာခြင်းဖြစ်ပါတယ်။ နို့စိမ်းက ယခင် သီတင်းပတ်တန်ချိန် သုံးရာ့နှစ်ဆယ် ကျော်ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နု့ိစိမ်းအဝင်နည်းခဲ့ပါတယ်။

Wednesday, 16 May 2012

နယ်စပ်မှ အချိုမှုန့် တန် ၄၀၀ ကျော် တင်သွင်းမြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၄၂၄ သန်းတန်ဖိုးရှိ အချိုမှုန့် ၄၂၄ တန်ကို မေ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်းမှာ တင်သွင်း နိုင်ခဲ့ပါတယ်။ ပထမအဆင့်အနေဖြင့် ဖြေလျော့တင်သွင်းခွင့်ပြုထားတဲ့ စား သောက်ကုန် ငါးမျိုးထဲမှ အချိုမှုန့် တစ် မယ်သာ အသွင်းရှိနေတာဖြစ်ပါတယ်။ မတ်လမှ မေ ၈ ရက်အထိ ကာလ အတွင်း မူဆယ်မှ ၂၆၇၈ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၇၇၅ တန်ကျော် အသီး သီး တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT)

Pages