Main menu

Background

Thursday, 7 Jun 2012

မူဆယ်မှ အချိုမှုန့် အသွင်းလျော့ဖြေလျော့တင်သွင်းခွင့်ပြုပေးထားတဲ့ စားသောက်ကုန် ၅ မျိုးထဲမှ တစ်မျိုး ဖြစ်တဲ့ အချိုမှုန့် ၃၇၃ ဒသမ ၂၇ တန် ကို မေ ၂၃ ရက်မှ ၂၉ ရက်ထိကာလ အတွင်းမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်မှ တင်သွင်းခဲ့ရာ  ယခင်အပတ် နဲ့နှိုင်းယှဉ်ပါက ၆၉ တန်ခန့် တင်သွင်း မှုလျော့နည်းခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှာတော့ ၉၁ တန်တင်သွင်းခဲ့ရာ ယခင်အပတ်ကထက် ၃၁ တန် တင် သွင်းမှုပိုမိုခဲ့ပါတယ်။ ယခုအပတ် တရုတ် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၆ သန်းတန်ဖိုးရှိ အချိုမှုန့် ၄၆၄ တန် ကျော်တင်သွင်းနိုင်ခဲ့ပြီး မေလမှာ၂၂၉၁ တန်ကျော် တင်သွင်းထားပြီးဖြစ်တယ် လို့ သိရပါတယ်။   MIRT(DOBT)

Monday, 28 May 2012

        ၂၀၁၂ ခုနှစ် မေလအတွင်း တရုတ် နယ်စပ်ရှိ မူဆယ်မှ ဖြေလျော့တင်သွင်း ခွင့်ပြုထားတဲ့ စားသောက်ကုန်အမယ် ငါးမျိုးအနက် အချိုမှုန့် တစ်မျိုးတည်း သာတင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ် မှ မေ ၁၆ ရက်မှ ၂၂ ရက်အထိ အချို မှုန့် တင်သွင်းခဲ့မှုမှာ  ၄၄၂ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၄၂၀၀၀ဖြစ်ပါတယ်။ အချိုမှုန့်ဈေးနှုန်း အနေဖြင့် တစ်ဖက်နိုင်ငံဘက် ပေါက် ဈေးမှာ တစ်ကီလိုကို ၈ ဒသမ ၃၅ ယွမ်ဖြစ်ပြီး မိမိနိုင်ငံဘက်ပေါက်ဈေး  မှာ တစ်ကီလိုလျှင် ကျပ် ၁၃၆၀ ဈေး ရှိတယ်လို့ သိရှိရပါတယ်။ အများဆုံး တင်သွင်းတဲ့ Brand  ကတော့ Fufend  ဖြစ်ပြီး 25 KG/Bag  ဖြင့် တင်သွင်းခဲ့ ကြောင်း သိရပါတယ်။Source: နကသ (မူဆယ်) ခင်ရှုကြည်၊ မူဆယ်

Monday, 28 May 2012

နို့ဆီ/နို့စိမ်း အဝင်ပိုခဲ့သီတင်းတစ်ပတ်ဖြစ်တဲ့ မေ ၁၃ ရက် မှ ၁၉ ရက်တာကာလအတွင်း နို့ဆီ နို့ဆီ ၄၇၃ ဒသမ ၈၄ တန်နဲ့ နို့စိမ်း ၂၉၂ ဒသမ ၄၅ တန် မှာယူတင်သွင်းခဲ့ ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ နို့ဆီမှာ မာရီဂိုးနို့ဆီ ၁၁၄ ဒသမ ၁၉ တန်၊ အိုကေနို့ဆီ ၂၀၂ ဒသမ ၂၇ တန်နဲ့ ဒွန်းနို့ဆီ ၁၅၇ ဒသမ ၃၈ တန် ဖြစ်ပြီး နို့စိမ်းက ဒွန်းဖြစ်ကာ တန်ချိန်က ၂၉၂ ဒသမ ၄၅တန်ဖြစ်ပါတယ်။ ယခင် သီတင်းပတ်နို့ဆီတင်သွင်းမှုက တန် ချိန်နှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန် နှစ်ရာကျော် အဝင်ပိုခဲ့ ပြီး နို့စိမ်းက တန် ကိုးဆယ်ကျော် အဝင် ပိုခဲ့ပါတယ်။

Monday, 21 May 2012

            မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၇၈ သန်းတန်ဖိုး ရှိ အချိုမှုန့် ၉၀၁ တန်ကျော်ကို မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် ၄၇၇ တန် ပိုမိုတင်သွင်းထားတာ တွေ့ရပါတယ်။     MIRT(DOBT)

Monday, 21 May 2012

တစ်ပတ်အတွင်း ဒေါ်လာ ခြောက်သိန်းဖိုးနီးပါး တင်သွင်းဒုတိယပတ်ဖြစ်တဲ့ မေ ၆ ရက်မှ ၁၂ ရက်တာ ကာလအတွင်း နို့ဆီ ၂၄၃ ဒသမ ၁၉ တန်နဲ့ နို့စိမ်း ၂၀၄ ဒသမ ၃၈ တန်၊ စုစုပေါင်း ၄၄၇ ဒသမ ၅၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းနီးပါးဖိုးကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာတော့ နို့ဆီရော နို့စိမ်းပါ အဝင်ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်နို့ဆီအဝင်ပျောက်ခဲ့ပြီး ဒီတစ်ပတ် မှသာ ပြန်လည်ဝင်ရောက် လာခြင်းဖြစ်ပါတယ်။ နို့စိမ်းက ယခင် သီတင်းပတ်တန်ချိန် သုံးရာ့နှစ်ဆယ် ကျော်ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နု့ိစိမ်းအဝင်နည်းခဲ့ပါတယ်။

Wednesday, 16 May 2012

နယ်စပ်မှ အချိုမှုန့် တန် ၄၀၀ ကျော် တင်သွင်းမြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၄၂၄ သန်းတန်ဖိုးရှိ အချိုမှုန့် ၄၂၄ တန်ကို မေ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်းမှာ တင်သွင်း နိုင်ခဲ့ပါတယ်။ ပထမအဆင့်အနေဖြင့် ဖြေလျော့တင်သွင်းခွင့်ပြုထားတဲ့ စား သောက်ကုန် ငါးမျိုးထဲမှ အချိုမှုန့် တစ် မယ်သာ အသွင်းရှိနေတာဖြစ်ပါတယ်။ မတ်လမှ မေ ၈ ရက်အထိ ကာလ အတွင်း မူဆယ်မှ ၂၆၇၈ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၇၇၅ တန်ကျော် အသီး သီး တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT)

Wednesday, 16 May 2012

ဒီတစ်ပတ် နို့စိမ်းတစ်မျိုးသာဝင်ခဲ့ဧပြီ ၂၉ရက်မှ မေ ၅ ရက်တာကာလ အတွင်း နို့စိမ်း ၃၂၄ ဒသမ ၀၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်း လေးသောင်းကျော်ဖိုးကို မှာယူ တင် သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာတော့ နို့ိစိမ်းတစ်မျိုးသာတင်သွင်းခဲ့ပြီး နို့ဆီက အဝင်နားခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နို့စိမ်း က ဒွန်းနို့စိမ်း ၂၀၉ ဒသမ ၈၄ တန်နဲ့ အခြားတံဆိပ်နို့စိမ်းက တန်ချိန် ၁၁၄ ဒသမ ၉၂ တန်ဖြစ်ပါတယ်။

Tuesday, 15 May 2012

မန္တလေး    ကားဈေးကွက်တွင် သြင်္ကန်ပြီး  ကာလမှစပြီး  အရောင်း အဝယ်အေးလျက်ရှိကြောင်း  သိရပါ တယ်။ကားဈေးနှုန်းကလည်း  အေးနေ တယ်။ ကျောင်းတွေဖွင့်ကာနီး ဇွန်လ ထဲမှာပဲ အရောင်းအဝယ် ပြန်ကောင်း နိုင်တယ်။  ဈေးကွက်မှာ  အရောင်း အဝယ်အေးနေတော့ ရောင်းချရင် ဈေး လျှော့ရောင်းမှ မြန်မြန်ထွက်နိုင်တယ်။ ဈေးနှုန်းပုံသေတွက်လို့   မရဘူးပေါ့။

Tuesday, 15 May 2012

အိန္ဒိယအစိုးရက ဝါဂွမ်းတင်ပို့ဖို့အတွက် စိတ်ဝင်စားတဲ့ တင်ပို့သူများမှ မှတ်ပုံတင်အသစ်များ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြည်ပတင်ပို့ဖို့ ကိုတာကိုတော့ သတ်မှတ်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ပြည်ပတင်ပို့နိုင်ရေး မှတ်ပုံတင်အသစ်လုပ်ဖို့ ရပ်ဆိုင်းတာကို ပြန်ခွင့်ပြုခဲ့ပြီး၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ်(DGPT)  မှ လိုအပ်တဲ့လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမယ်လို့ ကူးသန်းရောင်း ဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီး Mr Anand  Sharma  မှ ပြောကြားပါတယ်။

Tuesday, 15 May 2012

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်    ယခု    ပြောင်းလဲမှု     ၁    တောင်ကြီး    ၁ ပိဿာ              ၃၀၅     ၃၁၀                ၂    လားရှိုး          ၁ ပိဿာ              ၃၉၀     ၄၀၀                 ၃    မူဆယ်          ၁ တန်         ၂၈၅၅၃၉     ၂၈၂၀၄၆         ၄    မန္တလေး         ၁ ပိဿာ            ၃၄၈       ၃၅၂   

Pages